Tuesday, January 19, 2010

ခွဲမသွားပါနဲ့နော်

...တန်ဖိုးထားရမဲ့ အချစ်တခုကို ငါတွေ့ရှိခဲ့တယ်....

...ဘယ်လိုချစ်ခြင်းမျိုးကမှ ဒီအချစ်ကိုမမှီနီုင်ဘူး ထင်ပါရဲ့....

....ဒီလိုသံယောဇဉ်တွေ ပျောက်ပျက်သွားမှာ ငါတို့နှစ်ယောက်လုံး အရမ်းစိုးရိမ်ခဲ့ရတယ်နော်.....

....ငါကမင်းလက်ကိုမလွှတ်သရွေ့ မင်းကလဲငါ့လက်ကိုမလွှတ်ဘူးလို့ ကတိတွေပေးဘူးကြတယ်နော်....

.....လူတယောက်ရဲ့ချစ်ခြင်းကို သူ့ရဲ့သစ္ဂာရှိမှု့ အပေါ်မှာပဲတိုင်းတာရမယ်လို့ ငါတို့ယုံကြည်ထားခဲ့ကြတယ်.....

.....တကယ်လို့မင်းနဲ့ငါနဲ့ဝေးသွားနိုင်မယ်ဆိုရင်တောင် ငါတို့ချစ်ခြင်းတွေဘယ်တော့မှ အဆုံးမသတ်ဘူးနော် ချစ်သူ....

.....ငါ့ထက်ပိုချစ်ရမဲ့သူ.. ငါ့ထက်ပိုချစ်နိုင်မဲ့သူ ဒါမှမဟုတ် မင်းထက်ပိုချစ်ရမဲ့သူ.. မင်းထက်ပိုချစ်နိုင်မဲ့သူ ဆိုတာငါတို့နှစ်ယောက်မှာ ဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်ဘူး အဟုတ်လား ချစ်သူ....

.....မင်းပျော်ရွင်နိုင်မယ်ဆိုရင် ငါ့နှလုံးသားတွေ ကြွေပြီးလွင့်သွားပါစေ မင်းဆန္ဋတွေကို ငါအချစ်တွေနဲ့ရင်းပြီး လိုက်လျောပေးဖို့ ဆုံးဖြတ်ထားတယ် ချစ်သူ...

.....မင်းကထားခဲ့မယ်ဆိုရင်လဲ ငါ့အချစ်တွေတစစီဖြစ်ပါစေ မင်းရက်စက်မှု့တွေကို ငါ့ရဲ့ချစ်ခြင်းတွေနဲ့ ခွင့်လွှတ်ပေးပါ့မယ်....

.....ရက်ပေါင်းများစွာချစ်ခဲ့တဲ့ အချစ်တွေအတွက် ငါကိုဘယ်တော့မှ တယောက်တည်းချန်မထားခဲ့ပါနဲ့နော်.....

......ငါချစ်သလို၊ ငါယုံကြည်သလို၊ ငါမျော်လင့်သလို မင်းဘက်မှာရှိနေတယ်ဆိုရင် ငါဘ၀မှာကျေနပ်ပါပြီ......

......ငါတို့နှစ်ယောက်မဆုံးတမ်းချစ်ကြမယ်လို့ ကတိတွေပေးလို့ ငါဘ၀မှာလဲ အရမ်းကိုပျော်ရွင်ခဲ့ရပါတယ်.....

......ငါ့တယောက်တည်းထားခဲ့မယ်လို့ ဆုံးဖြတ်ထားခဲ့ရင်လဲ ငါနှလုံးသားလေးတော့ အမှတ်တရအဖြစ် ယူသွားပါနော်.......

......မင်းကိုငါသိပ်ချစ်ခဲ့တာ သိပ်မြတ်နိုးခဲ့တာ ဘယ်တော့မှမခွဲနိုင်တော့တာ လက်လွှတ်မဆုံးချင်တော့တာ သေချာသွားတဲ့အချိန်ကျမှ မင်းနဲ့ဝေးရတော့မယ်ဆိုတာသိခွင့်ရလိုက်တယ်.......

.....ဖြစ်နိုင်ရင်မင်းကိုသိပ်ချစ်တဲ့ ချစ်သူနားကနေ မင်းထွက်မသွားဖို့ ငါမှာတောင်းဆိုခွင့်ရှိလား ချစ်သူ.....

.....မင်းကိုအဆုံးစွန်ထိယုံကြည်ထားမယ်နော်...ဘာလို့လဲဆိုတော့ မင်းကငါကိုသိပ်ချစ်ခဲ့လို့ပါ.......

.....မင်းမထားခဲ့ဘူးဆိုတဲ့ အသိနဲ့ ငါတို့နှစ်ယောက်ရဲ့ ဆုံဆည်းချိန်လေးကို မင်းရော ငါရော မျော်လင့်စောင့်စားရအောင်နော် ချစ်သူ....

No comments:

Post a Comment