Wednesday, January 27, 2010

မာယာမဲ့ နှောင်ကြိုး

ရယူလိုတာထက်
ပေးဆပ်တာကို ပိုစေမယ်။
အပြစ်မြင်တာထက်
ချစ်ချင်တာကို ပိုစေမယ်။
အနိုင်ယူတာထက်
အရှုံးပေးရေးကို ခုံမင်တယ်။
သ၀န်တိုတာထက်
ကြည်ဖြူတာကို ပိုခင်တွယ်။
ကဲ........
ဘာလိုသေးလဲချစ်သူ
မောင် လိုချင် စိတ်တိုင်းကျ
လိုတရပေးဆပ်ချင်
မျက်မမြင်ဒီအချစ်
ဘာဖြစ်ဖြစ် ချိုမြိန်ရဲ့
မာယာမဲ့ ချစ်ခြင်းကြောင့်
မောင် တစ်ယောက်
အလွမ်းနဲ့ကင်း
ယုံကြည်ခြင်းကို အဖော်ပြု
ဒါ..........
တို့ အတွက်တော့
ရာစုနှစ် အားလုံးအတွက်ပေါ့ ချစ်သူရယ်။

No comments:

Post a Comment