Friday, January 29, 2010

လမ်းမှာတွေ့ရင်ခေါ်မှာလား......

ဝေးခဲ့တာလဲ
ကြာခဲ့ပြီ
မင်းဘယ်လိုနေ
ဘယ်ကိုသွား
ဘာတွေလုပ်နေသလဲ
ကိုယ်မသိချင်တော့ဘူး
သိလည်းမသိသင့်တော့ဘူးလေ။

ဘဝဆိုတာ
ရရစ် ရပင့် အထိုး အသတ်
အနှောင့်အငင်တွေမပါဘဲနဲ့
စာလုံးပေါင်းရခက်လွန်းတဲ့
စကားလုံးနှစ်လုံးဆိုတာ
မင်းနဲ့ဆုံခဲ့ဖူးမှ
ကိုယ်ရူးနေအောင်
သိခဲ့ရပါတယ်။

ဒါပေမဲ့
ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့လေ
တစ်ခါတစ်လေတော့လဲ
ရင်ထဲမှာသည်မေးခွန်းလေးကို
မင်းအတွက်
မေးကြည့်မိတယ်
“လမ်းမှာတွေ့ရင်ခေါ်မှာလား” လို့လေ။

No comments:

Post a Comment