မာ န ကြီး တာ မ ဟု တ် ပါ ဘူး
အချစ်ဆိုတာကို မယုံတော့တာပါ
မျက်စိအောက်က အပျောက်မခံနိုင် တွယ်တာကြပြီး
အမှားတစ်ခု ကျူးလွန်ရုံနှင့် စိတ်ကွက်သွားခဲ့တာ
“ အ ချစ် ဆို တဲ့ အ ရာ ”
မာ န ကြီး တာ မ ဟု တ် ရ ပါ ဘူး
တစ်သက်မှာတစ်ယောက်
သစ္စာစကားဆိုကြပြီးမှ
အလှအပ ပြုစုယုယမှုတွေနှင့်
လက်သာမှုတွေနောက် လိုက်သွားတတ်တာ
“ ထို အ ချစ် ပါ ”
မာ န မ ကြီး ပါ ဘူး ကွယ်
နှင်းဆီပန်းမှာ ဆူးရှိမှ တင့်တယ်သလို
ပန်းတွေနဲ့ တင်စားတတ်တဲ့
မိန်းကလေးတစ်ယောက်ရဲ့ ဘ၀မှာလည်း
လုံခြုံမှုအတွက် မာနဆူးတော့
( ကာရံသင့်တာပေါ့ )
အ ချစ် ကို
ဟိုတယ်တစ်ခုလို သတ်မှတ်
ပါးစပ်ဖျားက စကားလုံးကို ဒေါ်လာနဲ့ဖုံး
လှည့်စားတတ်တဲ့လူတွေကြောင့်
ယိမ်းယိုင်လွယ်တဲ့ နှလုံးသားတွေ
ဘယ်နှစ်စုံတောင်
“ ပဲ့ ေ ၾက ြေ န ၾက ၿပီ လဲ ”
ပြောင်းလဲတတ်တဲ့စိတ်ဝိညာဉ်ကြောင့်
ကိုယ့်ကိုကိုယ်တောင်မယုံရဲတာ
တစ်ပါးသူရင်ခွင်
မျက်လုံးစုံမှိတ်ဝင်ဖို့စိတ်မကူးရဲပါ
ဒီလိုနှင့်ပဲ
အချစ်နဲ့မထိုက်တန်သူ
ဒဏ်ခတ်ခံရသူလို့
အမျိုးမျိုးခေါ်ဝေါ်သမုတ်ကြပါစေ
ကိုယ့်အားကိုယ်ကိုးယုံကြည်ချက်စွဲကိုင်လို့
သံသရာတစ်လျှောက်
ပျော်ရွှင်စွာပဲလျှောက်လှမ်းရဲတယ်
“ အစွန်းအထင်းမရှိ ”
အပျိုကြီးဘ၀နဲ့ပြုံးပြုံးလေးပဲလာရာလမ်းပဲပြန်လိုက်မယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment