Friday, January 29, 2010

အလွမ်း ခရီးသည်

ခွဲခွာခြင်းဆိုတဲ့
ခြံစည်းရိုးရဲ့ တစ်ဖက်မှာ
အသည်းတစ်ခြမ်းက
ကြေမွ အက်ကွဲ။
သတိရတယ် ချစ်သူရယ်
မဆုံနိုင်တဲ့ မျဉ်းပြိုင် နှစ်ခုကြားမှာ
ဆန့်ကျင် ကျောခိုင်းနေတဲ့
ဘ၀ နှစ်ခုက
မျက်ရည်ဆိုတဲ့
အလွမ်းမြစ် တစ်စင်းကို
ဖန်တီးနိုင်တာကလွဲလို့
စက်ဝိုင်းတစ်ခု ဖြစ်မလာခဲ့ဘူး။
ရူးသွပ်ခြင်းတွေကို
ခံစားချက် ဆိုပြီး
ပုံဖော် မပြခဲ့ပေမယ့်
ခံစားတတ်တဲ့
နှလုံးသားကတော့
ဆုတ်ဖြဲ ပြက္ခဒိန်တွေ တစ်နှစ်ကုန်တိုင်း
အမှတ်တရ ရထားတစ်စင်းလို
အရှိန်အဟုန်နှင့် မောင်းနှင်နေတုန်း။

No comments:

Post a Comment