Thursday, January 28, 2010

အိမ်မက်ကိုအဆုံးသတ်ခြင်း.....

ခက်ဆစ်ရဲ့အဓိပါယ်ကိုသေချာမသိပဲ...အနက်ကိုဘာသာပြန်မိခဲ့တယ်
အချစ်ဆိုတာကိုနားလည်နိုင်စွမ်းမရှိသေးပဲရင်ခွင်တံခါးကို ဖွင့်လှစ်ခဲ့မိတယ်..........

နောင်တဆိုတာ မစားကောင်းမှန်းသိရက်နဲ့ အချစ်ကိုထိုးကျွေးခဲ့တယ်.....
မျက်ရည်ဆိုတာ မကျသင့်မှန်းသိပေမဲ့ ပါးပြင်ပေါ်ကိုစီးဆင်းစေခဲ့တယ်.......

နားလည်ချင်းဟာမင်းနဲ့မထိုက်တန်မှန်းသိလိုက်တဲ့အချိန်မှာမင်းဟာရရှိနေခဲ့ပြီးပြီ..
ငါပေးသမျှ များလွန်းလို့ မင်းမခံယူနိုင်လို့ငါ့ဆီပြန်ရောက်တဲ့အချိန်မှာပဲ
ပေးဆပ်ခြင်းတွေရဲ့ များပြားမှုကိုငါသိခဲ့ရတယ်..

နားမလည်မှုတွေနဲ့ သိမ်ငယ်မှုကို ခံစားလိုက်ရတဲ့အခိုက်
ရှက်ခြင်းတရားတွေနဲ့ တစ်စုံတစ်ရာကို...
ခပ်ဝါးဝါးသိလိုက်သလိုလို..

ငါမသိခဲ့တဲ့ ငါ့ရင်ထဲကိုဝင်ခဲ့တဲ့အလင်းတန်းဟာ
နွေးထွေးမှုမဖြစ်ပဲ လောင်ကျွမ်းစေခဲ့ပြီ
ဝမ်းနည်းခြင်းကိုထာဝစဉ်ပေးခဲ့တဲ့ အလင်းတန်းလေးကို
တစ်သက်တာထာဝရနှုတ်ဆက်လိုက်ပါတယ်
မင်းဟာငါ့ရဲ့သတိရခြင်း..တမ်းတခြင်း...အားလုံး
အရာအားလုံးကို မထိုက်သူမို့............

မပြီးဆုံးသေးသောအရာအားလုံးခုတော့ပြီးပြီထင်ပါတယ်

No comments:

Post a Comment