Thursday, January 28, 2010

အလွမ်းတိမ်တိုက်

ချစ်သူဘာလို့ ငိုနေတာလဲ
အမှန်တကယ်ဘာတွေ ဖြစ်ခဲ့လဲ
ဘယ်သုမှ မစားချင်တဲ့ ပြသဒါး ဟင်းလျာတွေက
ငါ့အိမ်မက်ညစာစားပွဲမှာ အငွေ့ တထောင်းထောင်းနဲ့လေ

လကွယ်ညလို့ မပြောပါနဲ့
တိမ်တွင်းခိုအောင်းသွားတဲ့ လမင်းအပျိုစင် အလိမ္မာလေးပါ
မယုံချင်လို့တော့ မဟုတ်ဘူး
ပုံပြင်တစ်ပုဒ်ကို သွေးမစုတ်ချင်တာ ငါ့ အကျင့်ပဲ
ဖြစ်နိုင်ရင် ဒီနေရာကနေ ရေခိုးရေငွေ့ တွေလို
ငွေ့ရည်ဖွဲ့ တည်ပီး အချစ်ခရီးသွားမိုးတိမ်တွေ
တည်ဆောက်ချင်သေးတယ်
ပြီးမှ ချစ်သူရှိတဲ့ ရပ်ဝန်းမှာ
အလွမ်းမိုးတွေ အဖြစ် ရွာသွန်းလိုက်ချင် ပါတယ်ကွာ

No comments:

Post a Comment