ထွက်သက်လေအေး
နွေးထွေးစွာထိ
မင်းရှိနေမှန်းသိပေမယ့်
မျက်လွှာကို ဖွင့်ပင့်မကြည့်ရဲ
အသည်းပုံရိပ်
တိတ်ဆိတ်ခွဲခွာ
မင်း ငိုနေမှာစိုး
ပျိုးခဲ့သည့် မီး
အပြီးအထိ
လောင်ငြိပါစေ
တွေဝေမရဲ
ငရဲ ကိုယ်သာ
ခံရစေတော့
ပြန်ပါရစေတော့ကွယ်......လို့
ကျောခိုင်းနှုတ်ဆက်
ပြန်လှည့်ထွက်စဉ်
မင်း ငိုမှာလား
မကြားနာရဲ
ခွဲသွားပြီနော်။
သြော်
အဝေးဆုံးမှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment