Sunday, November 29, 2009

“မြတ်နိုးခွင့်”

လူတကာထက်
ဘာမှတော့ပိုမထူးဆန်းခဲ့ပါဘူး
အဖြူထည် မြတ်နိုးနေရုံသက်သက်နဲ့ 
တစ်ဘဝလုံးရင်းပြီးချစ်ခွင့်ရရုံလေး။။

ရှင်သန်ခဲ့ တဲ့ ငါ့ဘဝတလျှောက်
နင့်ဆီက တကယ့်ကိုဘာမှမမျှော်လင့်ခဲ့တာပါ
တကယ်လို့ များ
အဆုံးသတ်ခက်ခက်ဇာတ်သိမ်းအတွက်
နာကျင်ရမယ်ဆိုရင်လဲ
အဲ့ ဒီနာကျင်ရမဲ့ သူ
ငါပဲဖြစ်လိုက်ချင်ပါတယ်။။


ဒီဘဝကြီးထဲ ငါဟာနင့်အတွက်
ပေးဆပ်ဖို့ သက်သက်
မွေးဖွားလာတဲ့ ကောင်ပါ
နင်စေလိုရာစေဖို့ 
လိုအပ်ရင်
င့ါဘဝကိုတောင်ခင်းပေးထားခဲ့ မယ်
ဒါပေမယ့်
နောက်ဆုံးထွက်သက်ထိမြတ်နိုးခွင့်လေးတော့
ငါ့ကိုပေးပါ။။

နင်နဲ့ ပက်သက်လာရင်
အရာရာတိုင်းကိုအချစ်နဲ့ စပြီး
အချစ်နဲ့ပဲ အဆုံးသက်ချင်တယ်
လူ တကာကဩချရလောက်အောင်
မတောက်ပလည်း နင့်အတွက်ဆို
ငါကထာဝရထွန်းလင်းချင်တဲ့ 
ပိုးစုန်းကြူးတစ်ကောင်ပါ။။


ကြွေဆင်းခွင့်ရလို့ ကမ္ဘာမြေကို
သက်ဆင်းကြတာချင်းအတူတူ
ငါ့မိုးစက်လေးကနင့်အတွက်
ပိုအေးချမ်းချင်တယ်
နင့်အတွက်ဆိုရင်
ငါကအဲ့ လိုအတ္တနဲ့ ကောင်ပါ။။

ကမ္ဘာမြေနဲ့ မိုင်ပေါင်းမက
လရောင်အလင်းနှစ်တွေထဲ
ဒီတစ်ညတော့ငါ့ နတ်သမီးလေးဖတ်ဖို့ 
လှလှပပကဗျာတပုဒ်
နှလုံးသားနဲ့ ထုဆစ်ရဦးမယ်။။

အိုဘယ်...ငါ့အိမ်မက်နတ်သမီးလေးရယ်
နှလုံးသားနဲ့ ထုဆစ်ထားတဲ့ ငါ့ကဗျာကို
နင်နားလည်ခံစားနိုင်ပါစေသားကွယ်...။။

အွန်လိုင်းအချစ်........

တယောက်နဲ့ တယောက်မမြင်ရပေမဲ့
ချစ်ကျွမ်းတွေ ၀င်လာကြတဲ့
အွန်လိုင်းက ယူဆာတွေ
လူတကာ ကြွေနိုင်လောက်တဲ့
မူရာမာယာတွေကြားမှာ
နစ်မျောနေကြ။


ဟဲလို!
ယူ့ကို တို့မမုန်းပါဘူး
ချစ်နေတုန်းပါပဲ ရယ်လို့
အထီး အမ မသေချာ
မရေရာ စမ်းတ၀ါးဝါးနဲ့
ပြောကြတဲ့ သူ့စကားတွေ
မုသား ခြွေနေပေမယ့်
မြွေမြွေချင်းပဲဗျာ
ခြေမြင်ကြတာပေါ့။


တချို့က ပြောကြတယ်ဗျာ
နင် မမိုက်ပါဘူး
အင်ဗိုက် (Invite) လုပ်နေတာကိုတောင်
ဘ၀င်ခိုက်ပြီး အဖက်မတန်လို့
အဆက် (Accept) ပြန်မလုပ်တာလား တဲ့ဗျာ။


တချို့ က ဒီလိုဗျာ
ရယ်ငိုကာ အပလီပိုတတ်ကြ
ချစ်သူက ပစ်ကာထားလို့
လစ်ဟာသွားတဲ့ နှလုံးသားနေရာမှာ
အမုန်းတရားတွေ ပစ်ကာပယ်လို့
ချစ်ပါတယ်ဆိုတဲ့ စကားလေး
ယူ့ဆီက ကြားချင်တယ်တဲ့
မိုက်တယ်ဗျာ။


အင်း နောက်တချို့ ဆိုသူတွေက
ဟောင်း အာယူ
ဟောင်း အဘော့တ်ယူဟာ ဂျော့ဘ်တဲ့
တော်တော့်ကို တော့ခ် (Talk) တတ်သူတွေ ရှိသလို
တစ်ဦးကို တစ်ဦး ချစ်ကျွမ်းဝင်နေစဉ်
ကွန်နက်ရှင် ကောင်းပါစေကြောင်း
ဆုမွန်ကောင်း တောင်းတဲ့သူတွေလည်း
ရှိတတ်ကြပါသတဲ့။


ရှုပ်ပါတယ်ကွာ
လုပ်စရာတွေ ကျန်သေးလို့
မြန်မြန်လေး ဂိုးတော့မယ်
တမျိုးတော့ မထင်ပါနဲ့
တမင်တကာ မရက်စက်ပါဘူး
အင်တာနက်က သူငယ်ချင်းတွေကို
နုတ်ဆက်လို့ ဒိုးတော့မယ်ဗျာ။
ဆီးယူ တူမောရိုး။....

လက်ကျန်မရှိတော့ ပါ

ဟော ကြည့် စမ်း ကြည့် စမ်း
ဖြတ်သန်းခဲ့ မှတ်တိုင်တွေတိုင်းမှာ
တချစ်ပြီး တချစ် ဝေလိုက်၇တာ
၇င်ထဲမှာလဲ တစစ်စစ်နာလို့။

နောက်ဆုံး မင်းနဲ့ တွေ့ မှ
ယုံကြည်လို့ ပုံအောလိုက်တာ
နောက်တစ်ယောက် အတွက်တောင်
လက်ကျန်မရှိတော့ ဘူး။

အမှား

နင်ရက်စက်တာမဟုတ်ပါဘူး
ငါကိုကမိုက်မဲ ခဲ့တာပါ
နင်ထားခဲ့တာမဟုတ်ပါဘူး
ငါကိုကရှောင်လွှဲခဲ့တာပါ
အမြင်မှားခဲ့တာမဟုတ်ပါဘူး
နင်ထားခဲ့တာပါ....
မိုက်မဲခဲ့တာမဟုတ်ပါဘူး
နင်ရက်စက်တာပါ...
မင်းမှန်ပါတယ်ချစ်သူ
ငါမမှားခဲ့ပါဘူး...။ ။

Saturday, November 28, 2009

အမုန်းသင်ခန်းစာ

ငါ….
မုန်းတတ်ချင်လိုက်တာ
အပြုံးမပျက်ခင်လေး….
ဆုံးဖြတ်ချက် ချခွင့်ပေးပါ
အရာရာ ပျက်သုန်း….
အရှုံးတွေနဲ့ ရင်ဆိုင်ရတောင်
မမုန်းရက်ခဲ့တဲ့ ငါ…..

လွမ်းခွင့်မှမရှိတာဟာ…
အတိတ်ကိုသာ တမ်းတ
မျက်ရည်တွေ နွမ်းလျလွန်းလို့ပါ
အချစ်တွေ ခမ်းခြောက်သွားပြီထင်လဲ
အနမ်းတွေ သတိရတိုင်း
လှိုင်းထန်ဆဲ ရင်မှာ….

နင်ကတော့ပျော်နေမှာပါ
မှော်ဆရာ ပဉ္စလက်တွေနဲ့
ပြုစားပြီး သွားတဲ့အခါ…
ငါ့မှာသာ ရင်ကွဲပက်လက်…
သွေးစက်စက်ယို….
ငိုတောင် မငိုနိုင်တော့တဲ့ဘ၀ပါ….

မုန်းတတ်တဲ့သင်ခန်းစာ
အလွမ်းတွေကို ပြင်ပေးနိုင်ပါ့မလား
ငါ………
မခံစားနိုင်တော့လို့ ပါဟာ……

ခက်တယ်ကွယ်

မျှော်လင့်ချက်တွေ မင်းမပေးခဲ့ပါဘူး
ဒါပေမယ့် ငါစောင့်နေမိတယ်
မင်းဂတိတွေ မပေးခဲ့ပါဘူး
ဒါပေမယ့် မင်းကို ယုံကြည်တတ်တဲ့ ငါ့စိတ်
မင်းအနားက စွန့်ခွာမယ်ဆိုတဲ့
အတွေးလေးတွေးမိရင်တောင်
ငါ့အသည်းတွေ ကြွေလုလု
မင်းကို မေ့လိုက်တော့မယ်လို့
စဉ်းစားလိုက်ချန်မှာတောင်မှ
မင်းကို မခွဲနိုင်တာ ငါ့စိတ္တဇ
ကြာတော့လည်း.........
ငါ့အခန်းကျဉ်းလေးထဲမှာ
မမေ့နိုင်တဲ့ မင်းပုံရိပ်တွေ
အထပ်ထပ်ပါ............ချစ်သူ

ရိုးသွားပြီ

မင်းသိရဲ့လား အကြင်နာ
တစ်ချိန်ကလို ငါ့မပျော့ညံတော့ဘူး
မျက်ရည်မလွယ်တတ်တော့ဘူးဆိုတာကိုလေ
မင်းလှည့်စားဦးမယ် ဆိုရင်တောင်
မင်းပေးခဲ့တဲ့ သင်ခန်းစာတွေနဲ့
ငါ.....................
တကယ်ကို ရင့်ကျက်နေခဲ့ပါပြီ အကြင်နာ

မျှော်လင်.ချက်

ချစ်သူရေ

ငါ့ရဲ့ခံစားချက်တွေနဲ.မျှော်လင်.ချက်တွေကိုမင်းနားလည်အောင် မင်း ယုံကြည်လာအောင် ဘယ်လိုပြောပြရမလဲ။
မမျှော်လင်.ပဲတွေ.ခဲ့ကြပြီး ဖော်မပြတတ်အောင်ချစ်မိသွားတဲ. ငါ့ရဲ့အချစ်တွေကိုမင်းသိရဲ.လား။
မင်းယုံကြည်လာအောင်ငါမပြောပြတတ်ပေမဲ. တနေ.နေ.တချိန်ချိန်မှာတော.
မင်းသိလာလိမ်.မယ်လို.ငါယုံကြည်နေမိတယ်။ ငါ့ အတွက်တော.မင်းဟာတစ်ဦးတည်းသောချစ်သူပါ။
မင်းလဲငါ.ကိုချစ်နေတယ်လို.ငါ ယုံကြည်ပါရစေ။ အဲ.ဒါကလဲ ငါ့ရဲ.အသက်ရှင်ခွင်.လေးကိုငါထိန်းသိမ်းတာပါ။
ငါတို.ဆုံနိုင်မဲ.နေကိုလဲ ယုံကြည်ရင်ခုန်စွာနဲ. ထပ်ပြီးမျှော်လင့်ပါရစေ..............။
အချစ်ဆိုတာအမြဲပဲပျော်စရာတွေမပေးမှန်းသိပေမဲ့ ငါကအတ္တကြီးကြီးနဲ. ပျော်စရာတွေပဲမျှော်လင်.မိပါလား။
အဆုံးကျတော. ကြေကွဲစရာတွေနဲ.ဇာတ်မသိမ်းချင်သလို ကလေးဆန်တယ်ပဲပြောပြော
အတူတူလက်တွဲပြီး ဘယ်တော့မှမပြိုကွဲမဲ့ အိမ်ကလေးတလုံးတည်ဆောက်ချင်တာ ငါ.ဆန္ဒနဲ.မျှော်လင်.ချက်ပါ...........။
တချိန်ချိန်မှာတော့ မင်းနားလည်လာမှာပါ ငါ့မျှော်လင့်ချက်တွေကို...................
ဒါပေမဲ့ မင်းသိလာတဲ.တနေ.ဟာနောက်မကျပါစေနဲ.လို.မျှော်လင့်မိပါတယ် ချစ်သူလေးရယ်...........။

“ချစ်သူငယ်ချင်း”

သတိရကြောင်း
စာလွှာပေါင်းကို
ထပ်လောင်းခါခါ
ပို့သသော်လဲ
ဘ၀ရေးတွက်
ကြိုးစားလျှက်မို့
နေရက်နိုင်တာကိုတော့
ခွင့်လွှတ်ပါ သူငယ်ချင်း...။

ကောင်လေး

စက္ကန့်နဲ့အမျှ
သတိရတယ်
စကားသစ္စာ
ယုံကြည်ပါ။

တမ်းတမ်းတတ
သိပ်လွမ်းရတယ်
အိပ်မက်တွေထဲ
တစ်ယောက်တည်း

ရင်ထဲအချစ်
အပြစ်ပြောခက်
မမုန်းရက်တာ
ခွင့်လွှတ်ပါ။

အသည်းပေါက်မတတ်
ရင်လှုပ်ခတ်အောင်
မြတ်နိးတွယ်ရစ်
သိပ်ချစ်တယ်
ကောင်လေးရယ်။

လွမ်းတယ်ဆိုတာ…

လွမ်းတယ်ဆိုတာ
ပန်းတွေကြွေသလိုပဲတဲ့
လေထဲမှာ ၀ဲခနဲ ၀ဲခနဲ
မစဲပဲ မစဲအောင် ဆင့်
တစ်ပွင့်ချင်းကွာ
တစ်လွှာချင်းဝေ
မြေပြင်ရောက်မှ နား
ခါးသီးစွာ အနင်းခံ
ပွင့်ကြွေစံ ဘဝ
မလှမပ တဲ့လေ….

တမ်းတသူရင်မှာ
တစ်လွှာချင်းကြွေ
ကျေနေရတာကတော့
ဖျော့တော့တော့ဝိဥာဉ်
ရှင်သန်ဖို့ ကြိုးစား
ခွန်အားမဲ့ နှလုံးသားရယ်ပါ
ကယ်သူက ဝေးကွာ
မေးသာငေါ့မယ့်လူတွေနဲ့
ကြွေခဲ့ပြီပဲကွယ်
အသည်းဝယ်ကွဲအက်
မျက်ရည်စက်တွေသွေးစက်တွေ
ကြွေပြီးရင်ကြွေ
ဝေပြီးရင်ဝေ
ကြာလေလေခမ်းတော့မယ်
လွမ်းတယ်ဆိုတာ
ပန်းတွေ ကြွေသလိုပဲတဲ့…

GMAIL မှာ သင်တို့ပို့မဲ့ အီးမေးလေးတွေကိုနောက်ခံပုံလေးတွေနဲ့လှနေစေဖို့ရာ

GMAIL သုံးနေကြတဲ့ သူငယ်ချင်းအပေါင်းတို့ .. ပို့လိုက်တဲ့ အီးမေးလေးတွေရဲ့ အဆင်အပြင်ကို လှပစေမဲ့ နောက်ခံပုံလှလှလေးတွေ ထည့်ချင်တယ်ဆိုရင် ဒီဝက်ဆိုက်ကနေပြီး လိုရာကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်

http://zuplo.com/

ထဲကိုဝင်ပြီး မိမိနှစ်သက်ရာ ခေါင်းစဉ်အောက်ကိုသွားပြီး မိမိကြိုက်နှစ်သက်ရာပုံလေးကို ကလစ်နှိပ်လိုက်ပါ။ ပုံအကြီးပေါ်လာတဲ့အခါ... စာမျက်နှာရဲ့ အောက်နားမရောက်ခင်လေးမှာ USE THIS STATIONAERY ပေါ်လာပါလိမ့်မယ်။ အဲဒါပြီးရင်တော့ မိမိဖွင့်ထားတဲ့ ဂျီမေးရဲ့ Compose Mail ရဲ့ Text Box နေရာမှာ Paste လုပ်လိုက်ရင် မိမိရွေးချယ်ထားတဲ့ နောက်ခံပုံလေးတွေ ပေါ်လာပါလိမ့်မယ်။ ပေါ်လာရင်တော့ အဲဒီပုံလေးပေါ် ကလစ်ထောက်ပြီး မိမိရိုက်လိုရာ စာလေးကိုရိုက်လို့ရပါပြီ။
ကိုယ်ပို့လိုက်တဲ့အီးမေးကိုဖွင်ကြည့်လိုက်တဲ့အခါမှာ Plain ဖြစ်နေတာထက် ပုံလေးတွေပါ ပါတော့ ပိုပြီး ရင်ခုန်စရာကောင်းမယ်လို့ထင်ပါတယ်။
ဒီဝက်(ဘ်)ဆိုက်လေးကို ရှာဖွေတွေ့ရှိထားတာမဟုတ်ပါဘူး။ မော်ဒန်ဂျာနယ်ထဲကတွေ့ပြီး အရင်စမ်းသပ်ပြီးမှ အားလုံးသိအောင် တင်ပေးလိုက်တာပါ။

ထာဝရချစ်သူ

မေ့ဖျောက်၍ မရအောင်ချစ်သည်
မေ့ဖျောက်ဖို့ ကြိုးစားချင်လောက်အောင်
မက်မောတွယ်တာသည်။
နာကြည်းမုန်းတီး၍ မရအောင်
မြတ်နိးတမ်းတသည် ဆိုတာ
ထာဝချစ်သူ
ကောင်လေး ယုံကြည်စေချင်တယ်။

ချစ်သူ့သ၀ဏ်လွှာ

ဝေးကွာနေချိန် တွေ
မင်းလေးရဲ့ အရိပ်
မင်းရဲ့စိတ်တွေက ဘယ်ဆီမှာလို့
သ၀န်တို နေရတာ.....
ဒီအချိန်တွေ
ဒီအချိန် မှာဆိုပြီး
တမ်းတမ်းတတ မင်းလေးကို
သတိရနေမိတာ.....
တစ်ယောက်ယောက်နဲ့
စကားပြောနေရင်း ကလည်း
တွေ့မြင်လိုစိတ် ပြင်းပြစွာ
လှိုက်မော လာတတ်တာ.....
တစ်ကယ်ပါ
အလွမ်းတွေ ရင်မဆန့်အောင်
လွမ်းနေခဲ့ရတာပါ။ ။
ကိုယ်တို့ရဲ့
ဆုံဆည်းခွင့်ရတဲ့ အချိန်ကြတော့
အိပ်မက်ထဲမှာ ပဲလား...........ချစ်သူ။ ။ ။

ကွဲအက်သံ

ရင်တခု ကွဲအက်သွားလို့ တဲ့

ဘယ်သူမှ မသိလိုက်ကြဘူး လေ

အင်းလေ တိုးတိတ်ညင်သာလွန်းတာကိုး

စိုးစိတ်အရင်ပါခဲ့စဉ်တုန်းက ဘာတဲ့ တွေးပူမနေပါနဲ့ 

နှစ်သိမ့်ခဲ့ အချစ်အဆိမ့်မှာ နစ်မျောနေခဲ့တာ

သက္ကရာဇ်တွေ ပြောင်းသွားတာ အမူမဲ့ အမှတ်မဲ့ပဲ

ရေရေလည်လည်ကျွမ်ကျင်တဲ့ စုတ်ခြတ်တွေနဲ့ 

ငါ့ဘ၀ကိုသူ့ ဆေးခြယ် နောက်ကွယ်မှာတော့ ဟားမယ်ကလေးပဲ

သူ့ ရဲ့ ရွှေ့ ကွက်တွေ ငါဥာဏ်မမီ ကွာဝေးခဲ့ အရမ်းချစ်တာပဲယုံပါနော်

အမြဲတမ်းဒါလေးနဲ့  ကျန်တဲ့ကိစ္စငါမတွေး ခဲ့ ငါ့အတွေးထဲ

သူ က ခမ်းနားမူရဲ့ ပြယုဂ် အရောင်တွေဖြာထွက်နေတာ င့ါဘ၀ကြီးစင်စင်လင်းလို့ 

အဲဒါ က တံလျှပ်တွေ ဆိုတာကို ဥာဏ် ပု တဲ့ ငါ မစဉ်းစားမိခဲ့လို့ 

လှလှ ပ ပကြီးကို ဒဏ်သင့်ခဲ့ ပြီလေ

အလွမ်းပြေတောင်စိတ်ချင်း ပွတ်သပ်ခွင့်မရှိတော့ဘူးတဲ့


ကမ္ဘာပျက်တာမဟုတ်ဘူး မရှိတော့တာ

လောက ဟာလာ ပြင်ကြီးမှာ
မှီတွယ်ရာ မဲ့  မျော နေရသလို ပါပဲ


ဘယ်ရောက်ဘယ်ပေါက်မှန်းမသိ လွင့်ပျံ

ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အမြင့်မှာ


ထားပြီး သီကုံးခဲ့ တဲ့မင်းနာမည် တွေတောင် ကြယ်နဲ့ အတူ

ကြွေခဲ့ပြီ ပဲ


နာတယ်ကွာ ဆုမတောင်းလိုက်ရဘူး မှင်သက် အံသြနေခဲ့တာနဲ့ 

Friday, November 27, 2009

မင်းကြောငု့်

ရင်ကိုခွဲလျက်
အသည်းအက်ရာ
ကဗျာလေးတွေ
ဖြစ်လာတယ်။

လွမ်းတဲ့မျက်ရည်
စိမ့်စမ်းတွေဆင်း
သီချင်းလေးတွေ
ဖြစ်လာတယ်။

အချစ်မဲ့ဘဝ
အမှောင်ချလျက်
သက်မဲ့စက်ရုပ်
ဖြစ်လာတယ်

အသက်ထက်ဆုံးချစ်နေမယ်

ရက်စက်တတ်တဲ့
နှလုံးသားနဲ့
သက်သက်မဲ့
မုန်းမသွားဘူး။

ကြင်နာတတ်တဲ့
နှလုံးသားနဲ့
အသက်ထက်ဆုံး
ချစ်နေမယ်။

၁၅၀၀ error

ခေါင်းစားတယ်...
ပတ်သက်ဖူးသမျှ၁၅၀၀တွေလဲ
error တွေပဲပြပြနေတယ်
၅၂၈ ကလည်းအနားမှာမရှိဘူး၊
ကိုယ်စောင့်နတ်ကလည်းအိပ်ယာမထသေးဘူး
နှလုံးသား folder လည်း virus ကိုက်သွားပြီ
သက်ပျင်းတွေပဲချချနေရတယ်...
ကဗျာကောင်းကောင်းတစ်ပုဒ်ရေးဖို့
ဦးနှောက်နဲ့ရင်ဘတ်ကို
Network မချိတ်ရသေးဘူး
ဒိတ်အောက်နေတဲ့ငါ့ရင်ဘတ်ကြီးကိုလည်း
update ပြန်လုပ်ရအုန်းမယ်...
သိုးရေခြုံတဲ့ဝံပုလွေတွေငါ့နားမလာနဲ့
အနာဂတ်ကိုကြည့်ဖို့
ပစ္စုပန်ကိုမျက်မှန်တတ်ပေးလိုက်ပြီ
ဒီကဗျာ ဒီမှာပဲ ပုဒ်မချလိုက်ပြီ ။ ။

မျှော်လင်.ချက်...............

ချစ်သူရေ

ငါ့ရဲ့ခံစားချက်တွေနဲ.မျှော်လင်.ချက်တွေကိုမင်းနားလည်အောင် မင်း ယုံကြည်လာအောင် ဘယ်လိုပြောပြရမလဲ။
မမျှော်လင်.ပဲတွေ.ခဲ့ကြပြီး ဖော်မပြတတ်အောင်ချစ်မိသွားတဲ. ငါ့ရဲ့အချစ်တွေကိုမင်းသိရဲ.လား။
မင်းယုံကြည်လာအောင်ငါမပြောပြတတ်ပေမဲ. တနေ.နေ.တချိန်ချိန်မှာတော.
မင်းသိလာလိမ်.မယ်လို.ငါယုံကြည်နေမိတယ်။ ငါ့ အတွက်တော.မင်းဟာတစ်ဦးတည်းသောချစ်သူပါ။
မင်းလဲငါ.ကိုချစ်နေတယ်လို.ငါ ယုံကြည်ပါရစေ။ အဲ.ဒါကလဲ ငါ့ရဲ.အသက်ရှင်ခွင်.လေးကိုငါထိန်းသိမ်းတာပါ။
ငါတို.ဆုံနိုင်မဲ.နေကိုလဲ ယုံကြည်ရင်ခုန်စွာနဲ. ထပ်ပြီးမျှော်လင့်ပါရစေ..............။
အချစ်ဆိုတာအမြဲပဲပျော်စရာတွေမပေးမှန်းသိပေမဲ့ ငါကအတ္တကြီးကြီးနဲ. ပျော်စရာတွေပဲမျှော်လင်.မိပါလား။
အဆုံးကျတော. ကြေကွဲစရာတွေနဲ.ဇာတ်မသိမ်းချင်သလို ကလေးဆန်တယ်ပဲပြောပြော
အတူတူလက်တွဲပြီး ဘယ်တော့မှမပြိုကွဲမဲ့ အိမ်ကလေးတလုံးတည်ဆောက်ချင်တာ ငါ.ဆန္ဒနဲ.မျှော်လင်.ချက်
ပါ...........။ တချိန်ချိန်မှာတော့ မင်းနားလည်လာမှာပါ ငါ့မျှော်လင့်ချက်တွေကို...................
ဒါပေမဲ့ မင်းသိလာတဲ.တနေ.ဟာနောက်မကျပါစေနဲ.လို.မျှော်လင့်မိပါတယ် ချစ်သူလေးရယ်...........။

အလွမ်းစာမျက်နှာ

အလွမ်းစာမျက်နှာများ
¸.•♥´¨`♥•.¸ •.¸¸.•. •.¸¸.•♥´¨`♥•.¸¸.•

လွမ်းတဲ့အကြောင်း စာဖွဲ့ရမှာလား
တော်ပြီကွယ်
ဒီလိုတွေ ပြောမနေတော့ပဲ
လွမ်းနေလိုက်တာ ကောင်းပါတယ်...။
¸.•♥´¨`♥•.¸ •.¸¸.•. •.¸¸.•♥´¨`♥•.¸¸.•

ကိုယ့်မြို့မျက်နှာစာမှာ
ရင်တွင်းဖြစ်
အလွမ်းတွေကို
ဟန်ပါပါ ချိတ်ဆွဲထားချင်ရဲ့...၊
ဒါပေမယ့်.....
ကိုယ်ဟာ.....
အလွမ်းတွေကို
မှောင်ခိုသွင်းနေတဲ့
နယ်စပ်မြို့လေးပါ...။
¸.•♥´¨`♥•.¸ •.¸¸.•. •.¸¸.•♥´¨`♥•.¸¸.•

ပန်းဥပဒေမှာ
ဝတ်ရည်လွမ်းတဲ့လိပ်ပြာကို
သေဒဏ်ပေးသတဲ့....၊
ဘာထူးမှာမို့လဲ
ဒီက
လွမ်းလို့ပဲ သေရတော့မယ်။
¸.•♥´¨`♥•.¸ •.¸¸.•. •.¸¸.•♥´¨`♥•.¸¸.•

သိစေချင်တဲ့အကြောင်းအရာ

ချစ်လို့မရတဲ့ဘဝ
ချစ်ခွင့်မရှိတဲ့ဘဝ
နင်နားလည်ပါ့မလား…

လှည့်စားခဲ့တာမဟုတ်ဘူး….ယုံ
ပုံပြောကောင်းခဲ့တာသက်သက်ပါ
ရက်စက်ဖို့ စိတ်ကူး လုံးဝမရှိ
မိုးသိ မြေသိ….
ပြန်တွေးကြည့်….ခံစားကြည့်…

ငါပြောခဲ့တဲ့စကားတွေ
လျှာဖျားကိုမကြည့်ပါနဲ့
မသိနိုင်တဲ့တစ်စုံတစ်ရာ
မျက်ဝန်းနောက်မှာ ပုန်းကွယ်နေတာ
နင်ဘာလို့ မမြင်နိုင်တာလဲ….

အကြည့်တွေကိုနားလည်တယ်ဆို
အသိဝေေ၀၀ါးခဲ့တာလား
အမှားတွေတော့ရှိခဲ့ပါရဲ့….
ဒါပေမယ့်…
တိုးသဲ့သဲ့ ရှိုက်သံတစ်ခု
နင် သတိပြုလိုက်မိရဲ့လား
မကြားလိုက်ရင်ပြောပြမယ်
ငါ့ နှလုံးသားကလေ…

ဘ၀ချင်းကတစ်ခြားဆီပါ
ဇာတ်ဆရာအလိုကျ
ကြိုးဆွဲရာကနေရတဲ့ငါ့မှာ
နင်လိုချင်တာမပေးနိုင်ခဲ့ဘူး
ယဲ့ယဲ့လေး ပြုံးနေတာ…
ငါ သိပ်ပျော်လို့ မဟုတ်ရပါဘူး…

နာကျင်စေခဲ့ရင်တောင်းပန်တယ်…
တမင်တကာတော့ မဟုတ်ခဲ့တာသေချာတယ်နော်…….

(သြော်….ပျော်သလိုမဖြစ်ရင်….ဖြစ်သလိုပဲပျော်အောင်နေရတော့မယ်…..ဘယ်သူ့ကိုမှတော့ မနာကျင်စေချင်တာ အမှန်ပါ)

မှော်ဆရာသို့

Online ပေါ်မှာလေ
နင်ရှိရင် ၀မ်းသာ
နင် busy ဖြစ်ရင်စိတ်တို >_<
နင် Idle ပြထားရင် ရင်မော
နင်မရှိတဲ့ရက်တွေအောက်
Offline messages တွေတတောက်တောက်ခေါက်
အသက်ပျောက်မတတ်လွမ်းဖူးတဲ့ငါပါ…

………………

အိပ်မက်ဆိုတာမျှော်လင့်ချက်ပါလို့ပြောဖူးတဲ့
နင့်စကားကိုယုံမှတ်
ဦးနှောက်ရဲ့ အမိန့်ကိုငြင်း
နှလုံးသားကိုရင်းပြီး
သိပ်အ လွန်းတဲ့ငါ
နင့်အတွက်ဆိုအိပ်ရေးဘယ်လောက်ပျက်ပျက်
အိပ်မက်ထဲတောင် chat ချင်လိုက်တာလို့ ရူးခဲ့တာပါ…………….

ဝါသနာက cHaTtIng
ကျွမ်းကျင်တာက အသဲခွဲဖို့
ဒီလိုဂုဏ်ထူးတွေနဲ့
Scrollbar ဆွဲမကုန်တဲ့
နင့်ရဲ့ friendlist ထဲမှာ
င့ါ nick ကနောက်ဆုံးကရေတောင်
နံပါတ်ဘယ်လောက်လဲလို့မသိချင်တော့ပါဘူး……………

နင်ဆွဲခဲ့တဲ့ ကကြိုးတွေအောက်
နင်ပျော်ရင်လိုက်ပျော်
နင်ငိုရင်ကြေကွဲ :’(
နင်မဲ့ရင် ၀မ်းနည်းနေမိတဲ့ငါ
ဒါနဲ့များတောင် နင်က ၁၂ကြိုးမတတ်ဘူးနော်တဲ့………………..

တဖျောက်ဖျောက်နဲ့ နင်ရိုက်လိုက်တဲ့
အသံမပါတဲ့စကားလုံးတွေအောက် တလှပ်လှပ်ရင်ခုန်ရင်း
Computer ရှေ့မိုးလင်းခဲ့တဲ့နေ့တွေ
မျှော်လိုက်ရတဲ့SaT/ SuN dAy ညတွေ
ရင်ကွဲလို့ကျတဲ့မျက်ရည်တွေ (T_T)
ဟက်တက်ကွဲ အသည်းနှလုံးတွေ <3 <3 <3
ဒါတွေဟာ
ငါတစ်ယောက်ထဲတော့မဟုတ်ခဲ့ဘူးတဲ့………………………..

ဒီလိုနဲ့ပဲ
နင်ရဲ့ ပြုစားမှုအောက်မှာ အလူးလူးအလှိမ့်လှိမ့်နဲ့
အရူးလုပ်ခံခဲ့ရပြီးတဲ့နောက်
အသည်းခွဲမခံရသေးခင် ကိုယ့်နှလုံးသားကိုယ်
နေမှကောင်းသေးရဲ့လားလို့ အလန့်တကြားပြန်မေး
နှလုံးသားကတိုးတိုးလေးညည်းတယ်
အသည်းနှလုံးတွေကို နှိပ်စက်
အိပ်ပျက်ရက်တွေ များအောင်
ရက်စက်တတ်တဲ့ နင့်အတွက်
ပေါ့ပျက်မယ့်သူ ဖြစ်မယ့်အတူတူ
The End ဆိုတဲ့စာလေးရေး
ခပ်မြန်မြန်လေး ဇာတ်သိမ်းလိုက်ပါတော့တဲ့………………….

ပြီးခါကျမှ
ကျွမ်းနေတဲ့ရင်ဘတ်ထဲက
အလွမ်းပိနေတဲ့နှလုံးသားကလေ
သေအံ့မူးမူးရူးမတတ်ခံရတာတောင်မမှတ်သေး
နင့်အတွက် ဆုတောင်းပေးချင်လို့တဲ့
နင်တစ်ယောက်…
အိပ်မက်လှလှမက်ပါစေ တဲ့လေ

Thursday, November 26, 2009

my FRIEND!

♥I promise you my heart♥
♥I promise you my life♥
♥I promise we’ll never be apart♥
♥I promise not to hurt you♥
♥I promise to never make you cry♥
♥I promise to always trust you♥
♥I promise not to lie♥
♥I promise you forever♥
♥I promise you tonight♥
♥I promise you my respect♥
♥I promise to do things right♥
♥I promise to always be there♥
♥I promise until the end♥
♥I promise to always love you♥
♥I promise to be your best friend♥
♥I promise you my love♥
♥I promise you my life♥
♥I promise this forever♥
♥I promise our friendship is my life♥
♥your the PEANUT to my BUTTER ,♥
♥your the STAR to my BURST,♥
♥your the T to my T,♥
♥your the POP to my TART,♥
♥your the MILKY to my WAY,♥
♥your the FRUIT to my LOOP,♥
♥your the MILK to my DUDS,♥
♥your the LUCKY to my CHARMS,♥
♥your the ICE to my CREAM,♥
but mostly….
♥your the BEST to my FRIEND!

ဧည့်သည်

ကောင်လေးရေ
မ ဆီလာတုန်းက
အချစ်တွေနဲ့ပဲလို့
ထင်ခဲ့မိတယ်။

အခုကျတော့
မင်း တိတ်တိတ်လေး
ခေါ်လာခဲ့တဲ့
အလွမ်းတွေ အတွက်
မ ဘယ်လိုဧည့်ခံရမှာလဲ
ကောင်လေးရယ်။

ကိုယ့်ဘက် နဲ့ သူ့ဘက်

ကိုယ့်ဘက်က First Love
သူ့ဘက်က Red Card

ကိုယ့်ဘက်က Ever
သူ့ဘက်က Never

ကိုယ့်ဘက်က Wanted
သူ့ဘက်က Hopeless

ကိုယ့်ဘက်က Cry
သူ့ဘက်က Smile

တိတ်တခိုး...

ချစ်သူ ..
ဝင်မလာချင်ရင် မကြိုဆိုဘူး..
တံခါးအကွယ်က .. ငိုကြွေးနေမယ်..
မချစ်ရဲရင်.. မမျှော်လင့်ဘူး ..
တိတ်တခိုးပဲ .. နားလည်ပေးမယ်..
မတွေ့ချင်ရင် မဆုံမိအောင်..
ကြည်ဖြူစွာလမ်းရှောင်ပေးမယ်..
မာယာနှလုံးသားနဲ့ ..
ရင်ထဲက .... ချစ်ရသူရယ်..
ချစ်ခွင့်မရှိတဲ့ ဝဠ်ကြွေးတွေကို..
အနိုင်းမဲ့ ပေးဆပ်ခံရင်း....
သံသရာ အလီလီကျေနပ်လှည့်ပါတော့..
ချစ်သူရယ်..........

Wednesday, November 25, 2009

လွမ်းသူ့ရင်ခွင်

ချစ်သူရေ.....
လွမ်တယ်ဆိုတာ ..
ပြဇာတ်တစ်ပုဒ်လို စာဖွဲ့လို့ရရင် ...
ရှိတ်စပီးယားတောင် ငိုချင်သွားအောင် ..
ဖွဲ့ဆိုပြချင်ပါတယ်....
တမ်းတတယ်ဆိုတာ .....
ရေတွက်လို့ရရင် ....
ကိန်းကဏန်းလေးတွေ ငိုချင်သွားအောင်
ဖွဲ့ဆိုပြချင်ပါတယ်....
ပြီးတော့ ....
သတိရတယ်ဆိုတာ ...
မကြာခဏပြောမိလွန်းလို့ ...
ကြယ်လေးတွေတောင် .. နားငြီးလာပြီတဲ့..
တစ်ကယ်ပါချစ်သူရယ် ..
ကံဆိုတာ မပါခဲ့လို့.........
တစ်သက်တာအတွက်ဝေးခဲ့ကြပြီဆိုရင်တောင်....
နောင်တကင်းမဲ့စွာနဲ့ ...
ငါထာဝရ လွမ်းနေဦးမှာပါ....
ချစ်သူရယ်.........

ရင်ကွဲနာ

သိပ်ချစ်တဲ့အခါ
မြတ်နိုးစုံမက်
ပိုင်ဆိုင်ချင်စိတ်
တားဆီမရအောင်
သောကတွေဝေခဲ့...။

အချစ်လွန်တဲ့အခါ
အပြစ်ရှာမရ
နေရာတကာစိုးမိုး
မရှိမဖြစ်အောင်
အချစ်တွေပိုခဲ့...။

အနားမှမခွဲ
တူယှဉ်တွဲနွှဲ
ချစ်ခြင်းတွေနဲ့
အတ္တတစ်ချို့ရှိနေခဲ့...။

နှုတ်ဖျားက ချစ်တယ်
ရင်ထဲကမပါ နင့်ရဲ့ ချစ်ခြင်း
ဟန်ဆောင်မှုနဲ့ နင့်စိတ်အစာ
ဟန်ဆောင်ချစ်တော့
ငါရင်ကွဲနာကျခဲ့...။

ငါ့ဘဝ

တစ်ယောက်ပြောင်းပြီ
မင်းချစ်ခဲ့လည်း
ဥပက္ခာပြု
နှလုံးသားစုမှာ
မင်းကိုသာပဲ
ချစ်နေမှာ။

အချိန်ရှိတိုင်း
မင်းအကြောင်းပဲတွေး
မင်းကိုပဲသတိရ
ဒါဟာငါ့ဘ၀။

ရည်းစားစကား

ကဗျာဆန်ဆန်ပြောမယ်လေ
ခေါင်းလေးငဲ့နားထောင်
“……………….”

မိုးစက်လေးတွေထဲမှာ
သက်တံ့ရောင်စဉ်တွေဝှက်ထားတယ်
နေရာင်လေးရှိရင်မြင်နိုင်တယ်။

ပန်းပွင့်လေးထဲမှာ
ရနံ.လေးတွေပုန်းနေတယ်
လေပြည်လေးရှိရင်သိနိုင်တယ်။

သိလား
အခါအခွင့်လေးတိုက်ဆိုင်မှ
ပေါ်ထွက်လာတတ်တဲ့အလှတရားတွေပေါ့
သူတို.ကသဘာဝလက်ဆောင်တွေလေ။

အဆင်သင့်လေးဖြစ်ပီလား
ခေါင်းလေးငဲ့
နှလုံးသားလေးဖွင့်ထားလိုက်
ပြီး………..ငါ့မျက်လုံးထဲလှမ်းကြည့်
တွေ.လား
ပြောစရာတောင်မလိုတော့ဘူး။

တမ်းချင်း

အလုပ်တွေပျော်ရွှင်ချိန်မှာ
အားအင်တွေမောလို့ပန်းနေ
ဝေးလွင့်သွားတဲ့အတွေးတွေနောက်
သောကတွေရယ်မောချိန်
သတိရခြင်းတွေရိုးတံကျဲခဲ့ပေမယ့်
နွေရာသီမဟုတ်ခဲ့။

ချစ်သူပါးပြင်ကနှင်းဆီလား ဘိန်းပန်းလား
ဆွဲလမ်းမှုမှာအမြဲတပ်မက်ခဲ့
အပြုံးတစ်ခုရဲ့ဝင်္ကပါဟာ
စပါးကြီးချက်ညှိတာထက်ပိုဆိုးတယ်
နေ၀င်ချိန်တွေငါ့ရှေ့ကထွက်ခွါသွားတော့
အလွမ်းဧည့်သည်လာရောက်လည်ပတ်
အတ်တမ်တွေမခမ်းသရွေ့
အားလုံးစုပြီးနှလုံးသားကဘာသာပြန်
ချစ်တယ်ဆိုတဲ့စကားသံဘယ်မှာကွယ်ပျောက်မယ်။

အိုင်းရစ်ကော်ဖီနဲ့ အရသာတူတဲ့မိန်းကလေး
လေချိုလေးသွေးပြီးအိပ်ငွေ့ချခဲ့တယ်
ချစ်ချင်းတွေရဲ့လှောင်အိမ်ထဲမယ်

နောင်တမရပါဘူးဆို

ငါ့ကိုယ်ငါ နောင်တခါမှ မရခဲ့မိဘူး
ငါလုပ်ခဲ့တဲ့ အပစ်တစ်ခုဆိုလည်း
ဘယ်တော့မှ မင်းမမြင်ဖူးတဲ့
စွဲမက်စရာအပြုံးတစ်ခုပေးပြီး
ငါကျရှုံးခဲ့ပါတယ်
ငါ့ကျရှုံးခန်းဖြစ်ပေမယ့် မင်းအတွက်
အချစ်သစ်ရှာပုံတော်ဖြစ်နေခဲ့ရတာ
ငါ့အဲ့လောက်ထိ တုံးအခဲ့ရလားချစ်သူ
ယုန်ငယ်လောက် မဖြူစင်ခဲ့တဲ့
ငါ့နှလုံးသား က မြေခွေးလိုတော့
မကောက်ကျစ်ခဲ့တာ နင်အသိဆုံးပါ
မာယာတွေ မပါခဲ့လို့ ဇာတ်သိမ်းမြန်ခဲ့ရသလား?
ငါပေးခဲ့တဲ့ အချစ်စစ်တွေကို နင်ဘယ်ဂျောင်ထိုးခဲ့လည်း
ငါ့ချစ်သူ
နင်နဲ့ တွေ့ဆုံခဲ့ရတဲ့နေ့ရက်တိုင်းဟာ
ငါ့အတွက် ရက်ရာဇာတွေဆိုပြီး
လူဖြစ်ရကျိုးနပ်ခဲ့တယ် ချစ်သူရယ်
နင့်ထားခဲ့တော့လည်း ချစ်တတ်ခဲ့တာ နင့်ကြောင့်လို့
ငါကိုယ်တိုင်က သတ်မှတ်လိုက်ပြန်ရော ချစ်သူ
ဒါကြောင့် ငါပြောတာပေါ့ ငါနောင်တမရပါဘူးဆို

ကျေးဇူးတင်ပါတယ် ချစ်သူ...

မမေ့ရက်ဘူး...အသည်းဦးမှာ
သူသာလျှင်သခင်...သူသာလျှင်ဘုရင်ဖြစ်နေတော့
ခေါင်းငုံ့ပြီး...ရှောင်ပေးရအောင်လည်း
တို့မဝေးဘူး...ထင်တာပဲချစ်သူ...။

ကျန်ခဲ့ပြီဆိုတာ...
ခွဲခွာသွားသူက ပြောတဲ့စကားပါ
မမေ့ရက်ဘူး ဆိုပေမယ့်...
တွေ့မြင်ပါများတော့ တွယ်ငြိရင်မှာ
နှောင်းခဲ့အချစ်ဆိုတာ
ဘယ်လာ..ရှိလာအုံးမလဲ ချစ်သူ...။

အကြောင်းကံမပေးလို့
ပေါင်းရန်ဝေးခဲ့ကြပေမယ့်...
မတွေ့ရရင်နေပါစေ
မမေ့ပါရစေနဲ့...ချစ်သူရယ်...။

ဒါပေမယ့်...
မင်းအသည်းနှလုံးက လာတဲ့စကားမှာ..
(မုန်းပါတယ်လို့...)
ပြောမသွားတာကိုပဲ....
ဘာပဲဖြစ်ဖြစ်ပေါ့လေ....
ကျေးဇူးတင်ပါတယ်....ချစ်သူရယ်.....။

G.mail တခုမကဖွင့်နိုင်အောင်ပြုလုပ်ချင်ရင်…

1. Mfb ရဲ့ address bar မှာ https://addons.mozilla.org/en-us/firefox/addon/1320
2. Enter
3. G.mail manager 0.5.5 box ပေါ်လာမည်။ Add to firefox ကို click ပေးပါ။
4. Software Installation Box ပေါ်လာရင် Install Now ကို click ပေးပါ။
5. Mfb ကို Reset လုပ်ခိုင်းတဲ့ box ပေါ်လာရင် restart firebox ကို click ပေးပါ။
6. Click ပေးပြီးရင် Mfb ဟာခဏပျောက်ပြီးပြန်ပေါ်လာပါမည်။
7. Mfb ပြန်ပေါ်လာရင် G.mail Manager 0.5.5. အောက်က options ကို click ပေးပါ။
8. G.mail manager preferences box ကျလာရင် add ကို click ပေးပါ။
9. ပေါင်းထည့်ချင်တဲ့ E.mail နဲ့ Passward ကိုဖြည့်ပါ။Login to the account ဘေးက box ကို click ပေးပါ။ ပြီးရင် ok
10. E.mail လိပ်စာပေါင်းထည့်ချင်ရင် no.8/9 အတိုင်းလုပ်ပါ။
11. အားလုံးထည့်လို့ပြီးရင် Apply ok
12. G.mail account ဖွင့်ချင်ရင် Mfb ကိုဖွင့်ပါ။ Browser window ရဲ့ အောက်ခြေညာထောင့်မှာ စာအိပ်ပုံနဲ့ G.mail လိပ်စာတခုတွေရပါမည်။
13. G.mail manager ကိုသုံးချင်ရင် စာအိပ်ပုံးလေးမှာ R.click ပေးပြီး Account တခုရွေးပါ။ passward တောင်းရင်passward ပေးပြီး ok နှိပ်ပါ။
14. Mail ထဲဝင်ချင်ရင် စာအိတ်ပုံလေးကို click ပေးပြီး brower မှာ အသစ်တစ်ခုနဲ့ G.mail account ပွင့်လာပါမည်။
15. ခုဏကထည့်လိုက်တဲ့ accountကိုဖြုတ်ချင်တယ်/ထည့်ချင်တယ်ဆိုရင် R.click ပေးပြီး preferences ထဲမှာလုပ်နိုင်ပါသည်။
16. MFB = Mozilar Firefox Browser

I'm not dare to challenge you

Whatever i say
Whatever i discuss
The ears on the wall..........
Wherever i go
Wherever i stay
The eyes on the ceiling ...........
Whenever i do
Whenever i make mistakes
The mouth on the floor ...........

The ears are always listen to me
What i say .........
The eyes are always look at to me
Where i go ...........
The mouths are always ready to say
When i do mistake ..........
So what ...........?

Are you always listening to me ..... ?
Are you always looking to me .....?
Are you always finding my mistakes ......?
If ......... What are you ......?
Before you listen my words,
Before you looking my behaviors,
Before you finding my mistakes,
Hello friend ......
Please watch your back, first .......
Do you know yourself that,
What you are .............?

If you get the answer
I'm always well come to you
I'm ready to face with you
I'm ready to listen to you
I'm ready to responses your words
Because
You know .........?
“I'm not dare to challenge you ”
Memorize it, until you die .......
Until you die.......

Tuesday, November 24, 2009

ငါ..... ကျေနပ်ပါတယ်

ချစ်သူ ......

ငါ့လိုသာမန်မိန်းကလေးတစ်ယောက်က

နင့်လို ရာထူးဂုဏ်တွေနဲ့ကြီးကျယ်မြင့်မြတ်တဲ့သူနဲ့

မထိုက်တန်သလို.....

နင့်လိုလူလည်း

ငါ့လိုသာမန်မိန်းကလေးတစ်ယောက်ရဲ့

အချစ်နဲ့လည်း မထိုက်တန်ပါဘူး

ချစ်သူ...

ဒါပေမယ့် .....

နင့်ကိုချစ်ခွင့်ရခဲ့တဲ့အတွက်

ငါကျေနပ်ပါတယ် .....

နင့်ရဲ့အကြောင်းတွေကို ကြည်နူးစွာပြောခွင့်ရခဲ့တယ်

ငါ့ရဲ့အချစ်တွေနဲ့

နင့်ကိုပျော်ရွှင်ခွင့်ပေးခဲ့ရတယ်...

ငါ့ရဲ့အချစ်တွေကို နင့်ရှေ့မှာထုတ်ပြခွင့်ရခဲ့တယ်....

ငါကျေနပ်ပါတယ် ......... ချစ်သူရယ် ....

ဖဲလိမ်ရိုက်နည်း

.................အရင်ဦးဆုံး 21 လိမ်နည်းလေးပြောပြပါမယ်..............

ဒီနည်းလမ်းက သိပ်တော့အသုံးမ၀င်လှပါဘူး။ဖဲထုပ်ကိုပြင်ရလို့ပဲ။နောက်နည်းတွေက

တော့ ပြင်စရာမလိုဘူး။

ဒီနည်းလမ်းကိုသိတဲ့လူဟာ အနည်းငယ်တော့ရှိပါတယ်။အသိအချင်းချင်း အပျော်သဘောမျိုး

ဆော့ရင်းကနေ ပထမပိုင်းဒိုင်ကအရှုံးပေးထားပြီး နောက်မှပြန်ယူတာမျိုးလုပ်တတ်ကြပါတယ်။

ထိုးသားတွေကလည်း ပထမနိုင်ထားတဲ့ဟာတွေ ပြန်ပါကုန်တော့ အတင်းပြန်လိုက်ရာကနေ

ပါသမျှ အကုန်ကုန်တဲ့အဖြစ်ရောက်ပါတယ်။တစ်ချို့တွေဆိုရင် အိမ်ပြန်ပြီး ပိုက်ဆံထုပ်သွား

သယ်တဲ့အထိဖြစ်ကုန်ကြပါတယ်။ဒီနည်းမှာ ဒိုင်ကဘယ်လိုလိမ်လဲဆိုတော့ ဖဲထုပ်ဟာ

သူပြင်ထားပြီးသား ဖဲထုပ်ဖြစ်ပါတယ်။ပြင်ထားတယ်ဆိုပေမယ့် ဘယ်လိုရှာရှာ မတွေ့ရမယ့်

နေရာကို ပြင်ထားတာပါ။10,J,Q,K,A ဖဲတွေအကုန်လုံးကိုပြင်ရပါတယ်။ဒါကလွယ်ပါတယ်။

အဲဒီ 10,J,Q,K,A ဖဲတွေအားလုံးရဲ့ ဘေးသားကို ဘရိတ်ထားနဲ့ တစ်ချက်စီ အသာလေး

ပွတ်ဆွဲထားလိုက်ရုံဖြစ်ပါတယ်။အရမ်းလုပ် လို့တော့မရဘူး။တစ်ချက်ပဲ အသာလေးဆွဲလိုက်ရင်

ရပါပြီ။ဒါမှ သူများလည်းမရိပ်မိမှာ။

ဖဲစဝေပြီဆိုတာနဲ့ဖဲရဲ့ဘေးသားကကြမ်းနေတယ်ဆိုရင်တစ်ဖဲ၊ကုလားဖဲ၊ဆယ်ဖဲ၊တစ်ခုခုပဲဆိုတာသေချာပြီလေ။

(ဖဲထုပ်ကို လက်နဲ့အုပ်ကိုင်ပြီး လက်ညှိုးနဲ့ လက်မနဲ့ ညှပ်ပြီးကိုင်ပါ။ဖဲဝေနေတဲ့အချိန်မှာ လက်ညှိုးနဲ့လက်မကို

အာရုံစိုက်ထားပါ။)

အဲဒီဖဲကိုဝေရမဲ့လူဆီမဝေပဲ အထဲကိုနည်းနည်းထိုးထည့်ပြီး အပေါ်ကတစ်ချက်ကိုကျော်ဝေ လိုက်ပါ။သူငယ်ချင်း

အလှည့်ရောက်တော့မှ စောစောက အထဲကိုနည်းနည်းထိုးထည့်ထားတဲ့ဖဲကို ချလိုက်ပါ။နောက်ဖဲတစ်ချပ်

ထပ်ဝေတဲ့အခါမှာလည်း အဲဒီလိုပဲလုပ်လိုက်ပါ။ဒါဆို သူငယ်ချင်းဟာ 20,21 ကျမှာကျိန်းသေသွားပါပြီ။

ကုလားဖဲတွေ၊ဆယ်ဖဲတွေက ငါးချပ်မှာ တစ်ချပ်တော့အမြဲပါပါတယ်။ကုလားဖန် နှံအောင်သာထိုးထား

လိုက်ပါ။

(မှတ်ချက်။ ။ဖဲဝေတဲ့အခါ ပုံမှန်ဆိုရင် ဝေရမယ့်အောက်ကဖဲကို ဒီတိုင်းထုပ်ပြီးဝေရပါတယ်။အဲဒီအခါမှာ

တစ်ချို့လူတွေက ကုလားဖဲမှန်းလဲသိရော ထုပ်ပြီးမှ ထိုးနေတဲ့လူတွေကို အကြောင်းတစ်ခုခုရှာ ပြောပြီး

ဝေရမယ့်ဖဲကို ပြန်ထည့်သွားတတ်ပါတယ်။ဒါဟာ ကြာရင်တော့မလွယ်ပါဘူး။ကျွန်တော်ကတော့

ဒီလိုလုပ်ပါတယ်။ဖဲချပ်တိုင်းကို စဝေထဲက ဒီတိုင်းဆွဲမထုတ်ပဲ နောက်ကိုအရင်ထိုးသွင်းလိုက်ပါတယ်။

လက်နဲ့အာရုံခံပါတယ်။ကုလားဖဲ၊ဆယ်ဖဲ၊တစ်ဖဲဖြစ်လို့ ဖဲချပ်ဘေးကကြမ်းနေတယ်ဆိုတာနဲ့ အဲဒီဖဲကို

ပြန်မထုတ်တော့ပဲ အပေါ်ဖဲကိုကျော်ဝေလိုက်ပါတယ်။တစ်ကယ်လို့ ကုလားဖဲမဟုတ်ဘူးဆိုရင်တော့

အဲဒီဟာကိုပဲပြန်ထုတ်ပြီးဝေပါတယ်။နောက်ကိုထိုးသွင်းတယ်ဆိုတာ အရမ်းသွားပြီးထိုးသွင်းလို့တော့

မရပါဘူး။နည်းနည်း မသိမသာလေးပေါ့။ကိုယ့်ဖဲဟုတ်ရင် ပြန်မထုတ်ပဲချန်ခဲ့ပြီးကျော်ဝေ။ကိုယ့်ဖဲ

မဟုတ်ဘူးဆိုရင်တော့ အဲဒီဖဲကိုပဲပြန်ထုတ်ပြီးဝေလိုက်ပေါ့။လက်ကတော့ လုံးဝမြန်နေမှရမယ်။

အလေ့အကျင့်ပါ။ဘယ်အရာမဆို လွယ်လွယ်တော့ မရပါဘူး)




နောက်တစ်နည်းထပ်ပြောပါမယ်...........

ရှမ်းကိုးမှီး....

တစ်ချို့က ရှမ်းကိုးမှီးလိမ်လို့ရတယ်ပြောတာ မယုံချင်ဘူး...။ကျွန်တော်ကိုယ်တိုင်လည်း အစကမယုံဘူး။

အပေါ်က ဝေတဲ့ဖဲကို ဘယ်လိုမှလိမ်လို့မရဘူးထင်တာပေါ့။

သူ့လိမ်နည်းက ဒီလိုဗျ။တော်ရုံတန်ရုံဆရာကျတဲ့ ဖဲဆရာကြီးတွေတောင် ဒီနည်းကို မသိကြတဲ့လူတွေ

ရှိပါတယ်။ဒီနည်းက တော်တော်ခက်ခက်ခဲခဲလေ့ကျင့်ထားမှ ရပါတယ်။တစ်လလောက်တောင်

ထိုင်ပြီး လေ့ကျင့်မှ ကျွမ်းကျင်သွားပါတယ်။သူကျတော့ လက်လှည့်ပညာဖြစ်သွားပြီ။ဘယ်ဖဲထုပ်ပဲ

လာလာ လိမ်လို့ရပါတယ်။ကျွန်တော့်တုန်းကဆိုရင် ပြောတဲ့လူက လူခြောက်ယောက်လောက်ရှေ့မှာ

သူ ရှမ်းကိုးမှီးကို ငါးပွဲတိတိရိုက်ပြမယ်။လိမ်မယ်ဆိုပြီးပြောရိုက်တာ။ငါးပွဲလုံး ၈(သို့မဟုတ်)၉ ပဲကျရမယ်ဆို

ပြီး ပြောရိုက်တာ။တစ်ကယ်ကို ငါးပွဲလုံး၉ပဲကျတယ်။အဲဒါဘယ်လိုလုပ်တာလဲဆိုတော့...........

ပထမဦးဆုံးပွဲ ကတော့ ကျချင်ရာကျဆိုပြီးဝေလိုက်ပါတယ်။လူငါးယောက်အတွက်ဆယ်ချပ်ပေါ့။

ဆွဲတဲ့လူကဆွဲတာနဲ့ဆို ဆယ့်သုံးချပ်၊ဆယ့်လေးချပ်လောက်ပေါ့။အဲဒီအထိ လိမ်တာမပါသေးဘူး။

လိမ်တာက အခုမှစတာ။စောစောက ဝေထားတဲ့ဖဲတွေကို ပြန်သိမ်းတဲ့နေရာမှာ ဖဲကို အစီအစဉ်လိုက်

ကောက်လိုက်တယ်။ဥပမာ...လူငါးယောက်ဆော့နေတယ်ဗျာ။အဲဒီမှာ ဖဲပြန်သိမ်းတော့ ပထမဖဲလေး

ချပ်ကို သူမလိုချင်တဲ့ဖဲတွေ အရင်ကောက်သိမ်းပြီး ငါးချပ်မြောက်မှာ(ဝေရင်သူ့အိမ်ပြန်ကျမယ့်ဖဲ)

၉ဖဲကို ထည့်လိုက်တယ်။နောက်လေးချပ်ထပ်ကောက်ပြီး ဆယ်ချပ်မြောက်မှာ ကုလားဖဲထည့်လိုက်

တော့ အဲဒီအတိုင်းပြန်ဝေရင် သူက၉ကျသွားရောလေ။ဟုတ်တယ်မလား။ဒါပေမယ့် ကုလားဖန်ထိုး

တဲ့နေရာမှာ အပေါ်ဆယ်ချပ်ကိုလွှတ်ထိုးပေးရပါတယ်။ဒါမှကိုယ့်ဖဲအစီအစဉ်ပျက်မသွားမှာ။

ကုလားဖန်ထိုးပြီးတာနဲ့ ဖဲချပ်တွေကို အပေါ်ကိုကော့သွားအောင်လက်နဲ့တစ်ချက်ဆွဲပစ်လိုက်ပါ။

ဒါအရေးကြီးတယ်။မေ့လို့မရဘူး။အဲလိုလုပ်မှ ဖဲချိုးတဲ့လူက ချိုးလိုက်တဲ့အခါမှာ ဖဲချိုးထားတဲ့နေရာက

နေ ကြားထဲမှာ အပေါက်လေးနဲနဲဟနေပါတယ်။ကိုယ်စီထားတဲ့ဖဲကအောက်ရောက်သွားနေပြီနော်...

အဲဒါကိုအပေါ်ရောက်အောင် ပြန်လုပ်ကမှာ။ဒါမှ ကိုစောစောက စီထားတဲ့ဖဲကျမှာလေ။အဲဒီ အပေါက်

ကနေပြီး အပေါ်ကဖဲကို အလွှာလိုက်ဘေးကို တွန်းပစ်ပြီး အောက်ကဖဲလွှာကိုကျတော့ လက်မအောက်က

လက်ဖနောင့်နဲ့ ညှပ်ပြီး အပေါ်ကိုနဲနဲကားပေးရပါတယ်။အဲဒီကျတော့မှာ စောစောက ဘေးကိုတွန်းထားတဲ့

ဟာကို အောက်ကိုဆွဲချပြီး အောက်ကဟာကိုအပေါ်တင်လိုက်ပြီး နေရာတစ်ကျ တစ်ခါတည်းပြန်ထားလိုက်

ရတာပါ။

ဒီနည်းက လေ့ကျင့်ရတာ တော်တော်ခက်သလို၊ရှမ်းကိုးမှီးလိမ်ပြီဆိုတာနဲ့ ကြည့်လိုက်၊

ဒီနည်းပါပဲ။တစ်ခုတည်းသော ရှမ်းကိုမှီးလိမ်နည်း လို့တောင်ပြောလို့ရပါတယ်။

(မှတ်ချက်။ ။မလုပ်မဖြစ်လုပ်ကမယ့်ဟာကတော့ ကုလားဖန်ထိုးပြီးပြီးခြင်း ဖဲထုပ်ကို အပေါ်ကို ကော့သွားအောင်

လက်နဲ့ တစ်ချက်လှန်ဆွဲပေးရတာပဲ။သူငယ်ချင်းဆော့နေတဲ့ ၀ိုင်းကဒိုင်ဟာ အဲဒီလိုလုပ်နေတယ်ဆိုရင်

ဒါဟာ လိမ်နေတာဖြစ်ဖို့ “၉၉ရာခိုင်နှုန်း” သေချာသွားပါပြီ။)

နောက်ထပ်နည်းတွေကတော့ နောက်မှအသေးစိတ်ထပ်ပြောတော့မယ်ဗျာ...အခုတော့ ကျန်တဲ့ အကောင်း

ဆုံး လိမ်နည်းတွေကို အကျဉ်းချုံးပြီးတော့ ပဲပြောပြာတော့မယ်။



.....ပိုကာဒေါင်းတဲ့နေရာမှာ ဂျိုကာလေးကောင် ပါအောင် လုပ်လို့ရပါတယ်။လက်လှည့်ပါပဲ။စောစောက ရှမ်းကိုး

မှီးလိမ်နည်းနဲ့ သွားဆင်ပါတယ်။သူက ဖဲထုပ်ကြီးတဲ့အတွက် စောစောကလို မလုပ်ပဲနဲ့ ဝေဖို့ဖဲကုန်သွားလို့

နောက်ထပ် ဖဲထပ်ယူတဲ့အချိန်မှာ ကိုယ့်လက်ထဲကကျန်တဲ့ ဖဲနဲ့ ထပ်ယူတဲ့ဖဲကို လက်ချင်းcross လုပ်ပြီး

လည်းသွားတာပါ။ဒါလည်း ကြည့်နေရင်းနဲ့ကိုဘာမှန်းတောင်မသိလိုက်ပါဘူး။ငါ ဖဲလဲ လိုက်ပြီးပြီ ဆိုတော့

မှ ဗျာ...ဆိုပြီးမေးရတော့တယ်။အဲဒီတော့ ပိုကာဒေါင်းပြီဆိုရင် ဖဲကိုတစ်ခါတည်း အကုန်မယူပဲနဲ့

ပြီးမှ ဖဲထပ်ယူပြီး ဆက်ဝေတယ်ဆိုရင် နဲနဲတော့သတိထားသင့်ပါတယ်။လူတော်တော်များများကအဲလို

မျိုး ဖဲကိုအကုန်ကိုင်မဝေပဲ ကုန်မှ ထပ်ယူပြီးဝေတာများပါတယ်။လိမ်မလိမ်သိချင်ရင် မျက်စိရှင်ရှင်နဲ့

ကြည့်မှပဲသိနိုင်ပါမယ်။စောစောကလိုဝေတိုင်းလည်း လိမ်တဲ့လူလို့တော့ တွက်လို့မရသေးပါဘူး။

.....နောက်တစ်နည်း...သူက တော့ 21 ထိုးသားတွေအတွက်ပါ။ဖဲကိုလက်နဲ့ကပ်ပြီးပြန်ချသွား

တာပါ။တစ်ချို့ဒိုင်တွေလည်း အဲလိုလုပ်တတ်ပါတယ်။အိမ်တစ်အိမ်ကို ဖမ်းလိုက်ရင်းနဲ့ လက်က ဖဲထုပ်ပန်းကန်

ပေါ်ဖြတ်အသွားမှာ တစ်ခါတည်း အဲဒီ သေနေတဲ့ဖဲက ပန်းကန်အပေါ်ရောက်သွားတာပါပဲ။တစ်ချပ်လျှော့လိုက်

တာပေါ့။21 ကျော်နေလို့လေ။


...နောက်တစ်နည်း....ဖဲဆွဲတဲ့နေရာမှာလည်း အလိမ်ခံရနိုင်ပါသေးတယ်။ကိုယ်လိုချင်တဲ့ဖဲကို ရွေးပြီးဆွဲလို့ရ

ပါတယ်။ဒီလိုမျိုးဗျာ... အခုသူငယ်ချင်းဖဲထုပ်အပေါ်ဆုံးမှာ တစ်ဖဲနဲ့ နှစ်ဖဲရှိတယ်။အဲဒီဟာကို အပေါ်ဆုံးက အချပ်

ကို လှန်သလိုလိုနဲ့ အောက်က နှစ်ဖဲကိုကျော်ပြီးလှန်လိုက်တဲ့ သဘောပါပဲ။လက်အနေအထားကတော့ လိုပါတယ်။

အဲဒီမှာ ထားရမယ့်လက်အနေအထားက တော်တော်ရှုပ်ပါတယ်။စောစောက အပေါ်ဆုံးက အချပ်

ကိုလှန်တယ်ဆိုတာ ဥပမာပေးတာပါ။အမှန်ဆိုရင် အောက်ကဆွဲရတဲ့ ဖဲမျိုးမှ အဆင်ပြေပါတယ်။21 လိုမျိုးပေါ့။

......နောက်တစ်နည်း......ရှိုးကိုလည်းလိမ်လို့ရပါတယ်ခင်ဗျာ...။တစ်ခြားနိုင်ငံတွေမှာကတော့ ခေတ်မှီနည်း

တွေနဲ့ ရှိုးကို လိမ်ကြတယ်။အဓိကကတော့ ဖဲချပ်တွေကို ဘယ်ဖဲက ဘာလည်းဆိုတာကို သိရအောင်လုပ်

ကြပါတယ်။ဒီမှာကတော့ခေတ်မှီနည်းမရှိတော့ အပေါ်က 21 လိမ်နည်း လိုနည်းမျိုးသုံးပြီးလိမ်ကြပါတယ်။

အခုတစ်ခါတော့ ဒီလောက်နဲ့ပဲနားလိုက်ဦးမယ်။မနက် ငါးနာရီလည်းထိုးနေပြီ။အိပ်လည်းမအိပ်ကသေးဘူး။

ခေါင်းတင်မကဘူး၊မျက်စိတွေပါမူးနေပြီ။ညတုန်းက အရှိန်ကလည်း အကင်းမသေသေးဘူး။



(((အခုပြောခဲ့တဲ့ နည်းလမ်းတွေနဲ့ ဘ၀ပျက်သွားသောသူများ မရေမတွက်နိုင်အောင်ရှိခဲ့သောကြောင့်

နောက်လူတွေ အဲဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံရလေအောင် ဖြန့်ဝေပေးလိုက်ခြင်းဖြစ်ပါတယ်။ကျွန်

တော်တောင် အဲဒီနည်းတွေနဲ့ တော်တော်ခံလိုက်ရသေးတယ်။သိသွားတဲ့ အချိန်ကြတော့ ဘာမှသွား

ပြောလို့မရတော့ဘူး)))

အဖြူေ၇ာင်မာယာ

ငါမင်းကိုခင်မင်ခဲ့တာ
ဘာမာယာမှမပါခဲ့ဘူး..
ဖြူစင်စွာနဲ့ဘဲ ခင်လာခဲ့တာ
မင်းဘက်ကငါ့ခင်တာ
မာယာပါခဲ့မယ်လို့
မထင်ထားခဲ့ဘူး....
ငါညံ့လို့ ငါခံရတာ
ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး...
ကျေးဇူးပြု၍ အွန်လိုင်းကသူငယ်ချင်းများကို
တခုတောင်းဆိုချင်ပါတယ်
အဖြူရောင်သံယောဉ်ဇဉ်မှာ
မာယာမသုံးပါနဲ့...
ငါကလူကဲခတ်ညံ့လို့ပါ.....

သိစေချင်လိုက်တာ

ချစ်သူရေ...........
ငါ့အိပ်မက်
ငါ့ကမ္ဘာမှာ
မင်းလေးဟာ
ထာဝရ
နတ်သားလေးပါ။

ချစ်သူရေ.............
ိချစ်တတ်ခြင်း
သီအိုရီတွေ
သင်ကြားပေးပြီး
အခုတော့
ဘယ်လိုများ
ဖြစ်သွားတာလဲကွာ။

ချစ်သူရေ............
သတိရခြင်းတွေဟာ
ကဗျာတစ်ပုဒ်ကို
ဖန်ဆင်းနိင်စွမ်းတယ်ဆိုရင်
ငါ့ရင်ထဲမှာ
ကဗျာများစွာဟာ
နှလုံးသားနဲ့
မဆန့်အောင်
ဖြစ်တည်နေပြီဆိုတာ
မင်းလေးကို
သိစေချင်လိုက်တာ

လေလွင့် ကြမ္မာလှိုင်း

ဟန်ဆောင်ကောင်းခဲ့တဲ့အတိတ်တွေထဲမှာ
တိတ်တိတ်လေးပဲနေခဲ့မယ်…
ဝေးကွာခြင်းအသံ တစွန်းတစကြောင့်တော့
မင်းမဖျားနာပါနဲ့ ကွယ်…

ဒါဟာ သေဒဏ်လား…
ဒဏ်ရာ ရထားတဲ့ ကျားနာ တကောင်လို
အမှောင်ခန်း တခုထဲမှာ ခပ်မဆိတ်နေရင်း
မင်းအကြောင်း ကဗျာတပိုဒ် ရေးချင်ခဲ့တယ်…

အခန်းပြင်ပ မှာ လွင့်ပျံ့ နေတဲ့
မင်းဂီတ တွေက မှတ်မှတ်ရရ
ငါ့ကိုကျန်ဆဲတယ်…

ငါက သေလူပါ…
သုညတလုံးလို ဘယ်ကိန်းဂဏန်းနဲ့ မြှောက်မြှောက်
တန်ဖိုး မရောက်တဲ့ အဖြစ်ဆိုးတခုနဲ့ ပေါ့…

ဘယ်ခရီးသွားသွား ငါ့ကိုထားခဲ့ပါ
မဟုတ်ရင် ကံကြမ္မာက မင်းကို
တိတိကျကျ ရန်ပွဲဖွဲ့ လိမ့်မယ်..

ပြန်ဆုံဖြစ်ခဲ့ရင်…
အတ္တတွေစီးချင်းထိုးနေကြမယ့်အစား…
ငါတို့ ဒြပ်မဲ့တခုအဖြစ် ပဲတည်ရှိနေကြရအောင်လားကွယ်…
ဒါဟာကဗျာတပိုဒ်လား…
ဘယ်လိုပဲဖြစ်ဖြစ်..
မင်းအတွက်တော့
ပီပီသသ မခါးရင် တော်ပါပြီ…။ ။

ကြိုလင့်လျက်ပါ။။။

ဘယ်လိုမှမေ့လို့ရမှာမဟုတ်တာကို
မင်းယုံအောင်ငါဘယ်လိုလုပ်ရမလဲ
ဘယ်လိုမှမုန်းလို့ရမှာမဟုတ်တာကို
မင်းသိအောင်ငါဘယ်လိုပြောရမလဲ
ဘယ်လိုပဲဖြစ်ဖြစ်ချစ်နေမယ်ဆိုတာကို
မင်းနားလည်အောင်ငါဘယ်လိုလုပ်ရမလဲ
မျက်ရည်တွေနဲ့တူတူအိပ်စက်ခဲ့ရတဲ့ညလေးတွေ.......
လွမ်းဆွတ်ခြင်းနဲ့တူတူဖြတ်သန်းခဲ့ရတဲ့နေ့တွေ
ငါဘယ်လိုဆက်ပြီးရင်ဆိုင်ရမလဲကွာ.........
အဖြစ်ပျက်တွေကအိပ်မက်လိုဖြစ်နေတယ်ဆို
ငါဆက်ပြီးအိပ်စက်ခြင်နေသေးတယ်ကွာ..
ဒီအိပ်မက်တွေကနေနိုးထလာတဲ့နေ့က
ငါ့ရင်ထဲကနှလုံးသားသွေးတွေ
ပွတ်ပွတ်ဆူမဲ့နေဆိုတာမင်းသိလားချစ်သူ
မင်းပေးခဲ့ဖူးတဲ့အနမ်းတစ်ချက်ကြောင့်
ငါ့ရင်ခုန်သံတွေရပ်တန့်ပြီးအသက်ရှု့သံတွေမှားခဲ့ဖူးတယ်
တော်ရာမှာပျော်အောင်နေတက်တဲ့မင်းလေးကို
ပျော်ရာမှာပျော်သထက်ပျော်နိုင်အောင်
ငါ...ကြေကွဲမှု့များစွာ....
ဆို့နင့်မှု့များစွာ.......
မျက်ရည်စက်တွေများစွာနဲ့.....ယိုင်နဲ့နေတဲ့ငါ့လက်လေးကို
အားပြုပြီးနုတ်ဆက်လိုက်ပါတယ်ကွာ.........
အထီးကျန်အဖော်မဲ့လို့မင်းငိုနေရင်ငါ့ရင်ခွင်ဟာမင်းအတွက်ဆိုတာ.....................

Gmail ကို password မသုံးပဲ ၀င်နည်း

ဒီ text ကို notepad ထဲမှာ copy ကူးပါ။
USERNAME နဲ့ PASSWORD နေရာမှာ ကိုယ့် username နဲ့ password ထည့်ပါ။ username
မှာ @gmail ထည့်စရာမလိုပါ။
ပြီးရင် gmail.html အမည်နဲ့သိမ်းပါ။ ကိုယ်ကြိုက်တဲ့နာမည် သုံးနိုင်ပါတယ်။ file
extension က .html (သို့မဟုတ်) .htm ဖြစ်ရပါမယ်။
သိမ်းထားတဲ့ဖိုင်ကို ဖွင့်လိုက်ရင် ကိုယ့် account ကို တစ်ခါတည်း sign in
လုပ်ပေးပါလိမ့်မယ်။
Right Click -> Open With... ကနေ ကိုယ်ကြိုက်တဲ့ browser နဲ့ဖွင့်နိုင်ပါတယ်။
Key Logger ရန်ကလွတ်တာပေါ့ဗျာ။
မယုံရတဲ့ဆိုင်သွားသုံးမယ်ဆိုရင် stick ထဲ ထည့်သွားပေါ့။
G-talk တော့ မဝင်နဲ့ပေါ့။
နို့မို့ဘာမှမထူးဘူး။
ပြီးတော့ ကိုယ့် stick ကို သူများကိုငှားတာမျိုးလည်း မလုပ်နဲ့ပေါ့။
နည်းတယ်အပြောခံရဦးမယ်။
အဆင်ပြေကြပါစေဗျာ။

မောင့် အရိပ်လေးဖြစ်ချင်တယ်

လပြည့်အောင်.........
ကြည့်လို့မဝတဲ့ "မောင့်"မျက်နှာ
စောင့်မျှော်ကာတမ်းတ
လွမ်းရတာလဲ ရင်ကွဲလု
ပုလဲဥတွေတောင်"မ" ပါးပြင်မှာ
အခါခါဖြတ်လျှောက်
တစ်ယောက်သောမောင့်ကိုချစ်ခဲ့
ဝေးရမဲ့ရက်တွေကုန်စေချင်ပြီ
ရင်တုန်လှိုက်မော
မောင်ပြောခဲ့တဲ့စကားတွေ
ရွှင်ပြကြည်သာ
မောင့်မျက်နှာလေးမြင်ခွင့်ရတဲ့အချိန်တွေ
အကြိမ်ကြိမ်.......တမ်းတ
အကြိမ်ကြိမ် ......ကြည့်မဝ
အဝေးကချစ်နေရတဲ့"မ"အဖြစ်
မောင့် အချစ်ထက်ပိုပါတယ်........မောင်

ရော်ရမ်းမှန်းဆလို့
်Gtalk..ကမောင့်မျက်နှာ
ထက်အာကာက လမင်း
တိမ်ကင်းတဲ့ည
အေးမြခြင်းအလင်းရောင်နဲ့
အပြစ်ကင်းလှတယ်...........မောင် ။

မောင်ရေ...........
တစ်မြေတစ်နယ်ဆီခြားနေပေမဲ့
နှလုံးသားချင်းနီးတယ်နော်
ဘဝရထားကြီးပေါ်မှာ
ခရီးဆုးံသည်အထိ
အမုန်းမရှိတဲ့အချစ်စိတ်နဲ့
မောင့် အရိပ်လေးဖြစ်ချင်တယ် ။

မောင့်အတွက်............."မ"

ဂျင်းစိမ်းနဲ့ မိသလင်

မချစ်ရင်နေ
ချစ်ရင်စေ
ချစ်လိုက်မုန်းလိုက်
ဒို့မကြိုက်
မကျေနပ်ရင်လဲသေလိုက်
နောက်တစ်ပွေက
မင်းထက်မိုက်
ချင်းစိမ်းနဲ့ မိသလင်
သူကြင်မှ ကိုယ်ကြင်
သူမကြင်လို့
သစ္စာဖောက်
လာစမ်းနောက်တစ်ယောက်။

ချစ်ရသူ

ချစ်ရသူ
နင်ဟာဒီရင်ရဲ.
အရှင်သခင်
နင်ပိုင်စိုးထားတဲ့ ငါ့အသည်းနှလုံး
နင်ခွဲလို. ကွဲခဲ့ပြီ......
ချစ်ရသူ
ပေါင်းစပ်ဖို. အလှမ်းဝေး
ဘာသာရေး
တူညီအောင် ဖြည့်တွေးလို.မရတဲ့အခါ
ဝေးခဲ့ကြပြီလေ....
ချစ်ရသူ
မြတ်နိုးမှုကို ဦးထိပ်ပန်ဆင်
တစ်ဘ၀စာ ရည်စူးပြီးတော့
ရူးမတတ် ချစ်ခဲ့မိတာ
ယုံကြည်ပါ.....
ချစ်ရသူ
အနာဂတ်ဆိုတာ
ငါ့ဘ၀အတွက် ဘယ်လိုဖြစ်နေပါစေ
ဘာကိုမှမမြင်
နင့်အနားမှာ ကလေးလေးတစ်ယောက်လို
ပျော်ရွှင်နေခဲ့မိတယ်.....
ချစ်ရသူ
လမ်းခွဲကာ ပြတ်စဲ
ကျောခိုင်းကာ ဝေးခဲ့ရ
ဒီဘ၀တော့ ဒီမျှနဲ.တင်
ဇာတ်သိမ်းခဲ့ပြီ.....
ချစ်ရသူ
နောင်ဘ၀မှာ လူပြန်ဖြစ်ရင်
ဆုံချင်သေးပါရဲ.
သို.သော်
ယခုလို ဘာသာမတူတဲ့
လူတွေအဖြစ်
မဆုံတွေ.ပါရစေနဲ. ........။ ။

g-talk ချစ်ခြင်း

တစ်နေ့လုံး Q ပါလို့
လူတွေ့ရင် လွမ်းအောင်ချွဲတယ်
online က ကိုလူလည် ၊
ူကျွန်မကို password ပေးပါလို့
သူကတော့ တစ်ခြား nick သုံးတယ်
g-talk ချစ်ခြင်း ။

Monday, November 23, 2009

မင်းထားခဲ့လည်း

မိုးကိုလည်းမြင်ပါရဲ့..
လေကိုလည်းမြင်ပါရဲ့..
ခွဲရမှာကိုကြိုသိခဲ့..
လွမ်းရမှာကိုလည်းကြိုသိခဲ့..
အနာဂတ်ကိုသိသလို..ပစ္စုပန်ကိုလည်းသိရဲ့..
ဒါပေမဲ့..
မင်းရင်ထဲကချစ်ခြင်းကိုတော့ငါမသိခဲ့ပါဘူး..
လွမ်းရဖို့ချစ်တာ..မဟုတ်ပေမဲ့
မင်းထားခဲ့တော့လည်း...
လွမ်းတတ်ဖို့..ချစ်လာခဲ့သလိုပါပဲ..
ကွဲလွဲနေတဲ့..မာနတွေခြားမှာ..
မင်းနဲ့ငါလည်း..အပြိုင်အဆိုင်..
အနိုင်လုခဲ့ကြတာပဲ..
မင်းနိုင်ပါတယ်...
မင်းကိုချစ်တဲ့..အချစ်တွေနဲ့..
ငါအရှုံးပေး..မင်းအတွက်..
ငါနှလုံးသားတစ်ခုလုံးကို..
စတေးပေးခဲ့ရတာ..တကယ်ဆို..
ငါကျေနပ်နေလျက်ပါ...ချစ်သူ

Sunday, November 22, 2009

ချစ်သူ............

ချစ်သူ..............
ပေးခဲ့တဲ့ကြင်နာခြင်းတွေအတွက်
ငါကျေးဇူးတင်ပါတယ်...။
ငါဝမ်းနည်းတဲ့အချိန်တိုင်းမှာ
မင်းဆီကနှစ်သိမ့်မှုတွေကို
ငါတမ်းတနေမိတယ်။
ငါတစ်ယောက်ထဲအမှောင်ထဲမှာ
ေ၀၀ါးလို့ လမ်းပျောက်နေချိန်
လက်တွဲခေါ်မယ့်ချစ်သူလက်ကို
ယောင်ယမ်းတမ်းတမိတယ်။
ချစ်သူ......................
ငါ့မျက်ဝန်းမှာမျက်ရည်တွေစိုစွတ်တိုင်း
ငါ့ကိုဖေးမနှစ်သိမ့်ပေးမယ့်
ချစ်သူမင်းကိုလွမ်းမိတယ်
နွေဥသြရဲ့ တွန်သံကြားတိုင်းလွမ်းမိတဲ့
ရင်ခွင်တစ်စုံကတော့
မင်းရှိရာကိုတမ်းတလို့ 
အချိန်တိုင်းလွမ်းနေဆဲပါ။
ချစ်သူ.............
ငါ့ဘေးနားမှာထာဝရရပ်တည်ပေးပါနော်

တိတ်တဆိတ်......

သတိရတယ်..
တိတ်တဆိတ် မျက်ရည်ကျမိတော့မလို့
သူ....သူ့ အကြောင်းတွေပဲပေါ့
်ရင်မနာပါဘူး......တိတ်တခိုးလေးပါပဲ
တိတ်တိတ်လေး သတိရနေခွင့်ပေးခဲတာ
တကယ်ကို ကျေးဇူးတင်ပါတယ်....
အခွင့်ရှိသေးတယ်ဆိုရင်
ဆုံနိုင်ခွင့်လေး တမ်းတမိတယ်.....
ဒါပေမဲ့.....အကျည်းတန်လို့
မတွေးရဲဘူး.....ဒါပေမဲ့
တိတ်တဆိတ်ချစ်ချင်ပါသေးတယ်...

တိတ်တဆိတ်........ကြေကွဲ.....

တိတ်ဆိတ်တဲ.အချစ်မျီုး.....ဘယ်တော.မှမခွဲဘူးတဲဆိုတဲ.အချစ်မျီုးနဲ. ငါမင်းကိုချစ်ခဲ.ပေမယ်. .....
မင်းရဲ.လက်ကလေးကို.... ငါကြင်နာစွာနဲ. ထိတွေ.နေရချိန်မှာ........
မင်းရဲ.နှလုံးသားနဲ.တော.ငါအဝေးကြီးမှာဘဲလို.ထင်မိတယ်........ ချစ်သူ...

ငါမင်းလေးကို..အနက်ရှိင်း ဖြတ်တောက်လို.မရတဲ.သံယောဇဉ်တစ်ခုနဲ.ငါချစ်ခဲ.ပေမယ့်.......
ငါဘယ်လောက်ခံစားနေရတယ်ဆိုတဲ.အကြောင်း.မင်းကိုပြောဖို.စိုးထိတ်နေမိတယ်........ချစ်သူ......
တကယ်တော.ဒီအရာအားလုံးကိုငါ့ရင်ထဲသိမ်းဆည်းထားချင်နေမိတာပါ.........

ငါနာကျင်ကြေကွဲစွာနဲ. ဘ၀ကိုဖြတ်သန်းနေရပေမယ်....
ငါရဲငိုကြွေးနေတဲ့နှလုံးသားကို မင်းမသိအောင် အပြုံးတွေနဲ.ငါခုံမင်စွာ....... ဖုန်းကွယ်ထားဆဲပါ.....ချစ်သူ.....


မှန်ကန်သောသစ္စာတရားနဲ. မင်းရဲ.လက်ကလေးကို ငါဆုပ်ကိုင်ထားပေမယ့်.....
အချိန်တိုင်း မင်းရဲ.နှလုံးသားကလာတဲ့ မင်းရဲ.အပြုံးလေးအောက်မှာ.....ငါနားခိုနေရဆဲပါ...ချစ်သူ.....


တစ်နေ.တော.မင်းရဲ.sweet voice အသံလေးကို ကြားချင်မိတယ်......ချစ်သူ.........
အဲဒီနေ.လေးတစ်နေ.ကိုမျှော်လင်.ရင်း.........
ကံကောင်းခြင်းများစွာကို စောင်.စာရင်း.........
ရောင်နီပျိုးမဲ. မင်းရင်ခွင်လေးကို ငါထာဝရထွေးပွေ.ဖက်ထားချင်မိတယ်.....ချစ်သူ.ရယ်.........

ချစ်သူရယ်

မေတ္တာဆိုတာ............
နှုတ်မှမပြော ရင်မှာပြောလည်း
အသည်းကသိ စိတ်ကသိတယ်
လွမ်းမိတော့လည်း မျက်ရည်ဝဲတယ်
အသည်းငယ်တယ် ချစ်သူရယ်။

ဖွင့်ဟ ၀န်ခံခြင်း....

သံစဉ်တွေကို ထုခွဲ
ဒဏ်ရာတွေကို ရေတွက်
တမ်းတခြင်း သက်သက်နဲ့
သူ့အတွက် ကဗျာတွေကို
ရေးနေခဲ့…….

ကြယ်ကြွေတာ ကို ငေးမော
ညလေအေးမှာ တွေးတောရင်း
နှလုံးသား က ယိုစီးတဲ့
စကားကို မတားဆီးဘဲ
ကဗျာတွေ ပေါ်ထွက်လာပြီပဲ…..

ဪ….သူသိပါစေ…သိပါစေ..
ဒီကဗျာတွေကို သူဖတ်ပါစေ
ဒါမှ လည်း စကားအဖြစ်
ပြောဖို့ တစ်ဆို့နေတဲ့
‘ မ ’ နှလုံးသား က
အချစ်ကို နားလည်နိုင်မှာ ……..

နွေ

အချိန်တွေကို မီးရှို့ပြာချပြီး
အရည်ပျော်ကျ သွားတဲ့ နှင်းပွင့်တွေကို
တစ်ဖတ်ခြင်း လိုက်ကောင်ရင်း
သစ်ရွက်ခြောက် တွေကြားမှာ
မြှုပ်နှံ သင်္ဂြိုဟ်လိုက်ပြီ…
သာယာလှပပြီး
တိမ်ကင်စင်တဲ့ အပြာရောင်ကောင်းကင်မှာ
ဒေါသ မျက်ဝန်း နဲ့ကြည့်နေတဲ့
နေမင်းကြီး ရင်ထဲမှာ မီးလေင်နေတယ်….
E=mc (square ) ကို လိုက်နာ နေတဲ့သူကို
သနားသလို ကြည့်လိုက်စဉ်…
သနား စရာလူတွေလို ကိုစဉ်းစားရင်း..
အလွမ်း ၊အဆွေး တွေကို
အရွဲ့တိုက် ခဲ့တဲ့ ငါ…..
အဆုံးမဲ့ ခြေလှမ်း တွေကို
စတင်လိမ့်မယ် မထင်မိဘူး…
ဒီအချိန်ဟာ
တယောသံချွဲချွဲ နွဲ့နွဲ့ ထွက်မလာ
ဂစ်တာ သံပြင်းပြင်း တစ်ချက်နဲ့
စင်ငယ် တစ်ခုထက်မှာ….
ဆူညံစွာ ကခုန်နေတဲ့
မီးဖိနပ် နှင့် Venus
Phoenix ကိုတောင် ဖမ်းယူပြီး
လှောင်အိမ်ထဲ ထည့်နိုင်တဲ့
Aphrodite ရဲ့ လက်တွေက
နူးညံ့ ပါ့မလား လေ………

အဆုံသတ်ချစ်ခြင်း၌ ဖြစ်တည်ပေါ်ပေါက်လာသော............ကွက်လပ်ငယ်တစ်ခု.....

ချစ်သူနဲ့လမ်းခွဲခြင်းဆိုတာရဲ့နောက်မှာ

ရင်မှာပြေ့နှတ်နေတာက နာကျင်ခြင်းပေါ့ကွယ်

မင်းကိုတမ်းတမှူအပြေ့နဲ့..ကိုယ့်ရဲ့

နှလုံးသွေးတွေဟာ လည်ပတ်နေတယ် ...........

အမြင်လွှာကိုပိတ်လိုက်ရင်ပဲဖြစ်ဖွင့်လိုက်ရင်ဖြစ်ဖြစ်

မင်းပုံရိပ်တို့အစဉ်စိုးမိုးလျှက်ပေါ့ကွယ်..

အချစ်သစ်နဲ့မင်းပျော်နေမှာပဲလို့တွေးမိတဲ့အခိုက်

ကိုယ်မျက်ရည်တို့ကအဆီးတားမဲ့စွာစီးဆင်းဆဲပဲ..............

ကိုတို့ရဲ့ဇတ်လမ်းအဆုံးသတ်ပြီဆိုတဲ့မင်းစကားသံကြားယောင်မိပေမဲ့

ဆောက်တည်ရာမရ စိတ်ဝိညဉ်တို့ကမင်းရှိရာခရီးနှင်ဆဲပေါ့ကွယ်

ဦးတည်ရာပျောက် မျှော်လင့်ချတ်တွေမရှိတော့တဲ့

လမ်းမှာစမ်းတဝါးဝါးနဲ့မင်းကိုရှာနေဆဲပဲ.............

မင်းပေးခဲ့တဲ့ဘယ်လိုအချေအနေရောက်ရောက်ကို..မင်းကိုချစ်နေမယ်ဆိုတဲ့

ကတိစကားကို ယောင်ရမ်း ယုံနေချင်ဆဲပဲ............

မင်းရဲ့ရက်စက်မှူကိုသနားစရာငါ့နှလုံးသားက လက်မခံနိုင်ဘူးကွယ်..

ငါ့ရဲ့အနာဂတ် မျှော်လင့်ချက်တွေကို ယူပြီးမင်းထွက်သွားတဲ့နောက်မှာ

ပျော်ရွှင်ချင်းဆိုတာတွေပါဆိတ်သုန်းခဲ့ပြီချစ်သူ...

အချိန်ကာလတစ်ခုရဲ့ ရွှေ့လျားမှု့နောက်မှာတော့...........

လျို့ဝှက်ခြင်းဆိုတာကိုမိတ်ဆွေဖွဲ့...မျိုသိပ်ခြင်းကိုအခြေခံလို့

ဟန်ဆောင်ခြင်းတွေကိုသင်ယူတတ်မြောက်ခဲ့ပြီး....

ငါ့ကိုချစ်တဲ့........ငါကမုန်းတဲ့ ယောက်ျားတွေကို............

အပြုံးတုတစ်ခုတော့ပေးတတ်နေပြီ.....ချစ်သူ..

တနေ့ နေ့ တစ်ချိန်ချိန်........မင်းနဲ့ အမှတ်တမဲ့ တွေ့ဖြစ်ရင်တော့......

တစ်ခုပဲမေးချင်ပါတယ်........... သစ္စာဆိုတဲ့ စကား စာလုံးလေးကို

ပေါင်းတတ်အောင် သင်ပေးခဲ့ပါလို့.................

နိယာမ

အသက်ရှင်ခြင်း၏
နိယာမကို
ရှာဖွေတွေ့ရှိချိန်မှာ
ကိုယ်ဟာ................
လွမ်းဆွတ်ခြင်း
သီအိုရီတွေကိုလည်း
တစ်ဖက်ကမ်းခပ်အောင်
တတ်ကျွမ်းခဲ့ပြီလေ

မောင့်ကို ချစ်တဲ့စိတ်ကြောင့်ပါ ..... ချစ်သူ....

ငါ့ကို ... ဘယ်လိုအကြောင်းနဲ့မှ

ဘယ်တော့မှ လက်မလွှတ်ပါနဲ့လို့

တောင်းဆိုခဲ့ပေမယ့် ...

ခုတော့ .....

နင့်ရဲ့ အတွေးတွေကို

နင် မှန်တယ်ထင်ပြီး

ငါ့ကို ..... စွန့်ပစ်ခဲ့ပြီပေါ့..

ချစ်သူ ......

ငါ့ရဲ့ နင့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့

ငါ့ရဲ့ အချစ်တွေကို နင့်မှာဝန်ခံခဲ့တာပါချစ်သူ...

နင့်မှာ ငါမကြိုက်တဲ့ပုံစံတွေရှိခဲ့ပေမယ့်

ငါသဘောကျနေတတ်တာ

နင့်ကို ချစ်တဲ့ စိတ်တွေကြောင့်ပါချစ်သူ ....

မာနဆိုတဲ့အရာက

နင့်အတွက်မို့ ငါ့မှာ မရှိတော့တာ

နင့်ကို ချစ်တဲ့စိတ်ကြောင့်ပါ ချစ်သူ.....

နင့်ကိုချစ်တဲ့ ငါ့ရဲ့ချစ်ခြင်းက

အရာအားလုံးကို သီးခံနိုင်တယ်လို့

ငါ့ရဲ့အချစ်ကို ငါယုံကြည်ခဲ့သလို

နင့်ရဲ့ အချစ်ကိုလည်း

ငါနဲ့ထပ်တူဖြစ်လိမ့်မယ်လို့

ငါယုံကြည်ခဲ့တာ

နင့်ကို ချစ်တဲ့စိတ်ကြောင့်ပါချစ်သူ ......

ဒဏ်ရာများနှင့် သစ်ပင် ...

ငါ့ရင်ထဲမှာ နင်ကိုယ်တိုင်မျိုးစေ့ချပေးခဲ့တဲ့

အချစ်သစ်ပင်လေး .....

အကောင်ဆုံးရှင်သန်ကြီးထွားအောင် ငါကြိုးစား

ပျိုးထောင်ခဲ့ပေမယ့်

ခုတော့ နင်ကိုယ်တိုင်

ဖျက်ဆီးခဲ့တယ်နော်....

ဒါပေမယ့် ....

အဲဒီသစ်ပင်လေးက ခုထိမသေသေးဘူး

ချစ်သူ .....

အမြစ်ပါ ပါအောင် ဘာကြောင့်ဆွဲမနုတ်ခဲ့တာလဲ

ချစ်သူရယ် ......

ဘာကြောင့်လဲ ... ချစ်သူ ..

တချိန်ကတော့ ငါက နင့်ရဲ့အ၇မ်းချစ်၇တဲ့သူဖြစ်ခဲ့ပေမယ့်
ခုတော့မဖြစ်နိုင်တော့ဘူး .......

တချိန်က နင် ပြန်လာရင်အတွေ့ချင်ဆုံးလူက ငါဖြစ်ပေမယ့်
ခုတော့ငါမဖြစ်နိုင်တော့ဘူး .....

တချိန်က နင့်အတွက်ဆိုရင် မာနမရှိ နင့်အတွက်မို့ ပေးဆပ်ခြင်ခဲ့ပေမယ့်
ခုတော့ ငါမဖြစ်နိုင်တော့ဘူး ....

တချိန်က နင့်အတွက် ငါဆိုပြချင်ခဲ့တဲ့သီချင်းလေးတွေရှိခဲ့ပေမယ့်
ခုတော့မဖြစ်နိုင်တော့ဘူး .....

တချိန်က အခက်ခဲတွေရှိခဲ့၇င်အတူတူ ၇င်ဆိုင်ဖြေရှင်းကြမယ်လို့ပြောခဲ့ကြပေမယ့်
ခုတော့ မဖြစ်နိုင်တော့ဘူး .....

ချစ်သူ ...........
ဘာကြောင့်နင် ... ဒီလောက်အစောကြီး လမ်းခွဲခဲ့တာလဲ .

“သက်သေပြချက်“

ထစ်ချုန်းသံတွေနဲ့ 
အော်ဟစ်ပြီး
မျက်ရည်တွေကို
ရွာကျစေမှ
ငါချစ်တာကို
သိမယ်ဆို၇င်
ကန္တာရကြီးတွေပေါ်
ရေလွှမ်းသွားပြီ

ပိုတယ်လို့  ဆိုချင်ဆို
ငိုနေအုံးမှာပဲ
စကြာဝဋ္ဋာထဲ ရေပြည့်မှ
ယုံလိုက်ပေါ့.. ချစ်သူ။

တမ်းခြင်းတစ်ခု

ရင်ထဲလှမ်းကြည့်လိုက်ချစ်သူ
လူမသိသူမသိနဲ့ငါငိုနေတယ်။
ဘာကြောင့်လဲ....
ဘာ့အတွက်ကြောင့်
ကိုယ့်အပေါ်အညှိုးတွေ
ကြီးနေရတာလဲကွာ။
ကံကြမ္မာကမင်းရဲ့နှလုံးသားကို
မာကြောခွင့်ပေးပြီး
ကိုယ့်ရဲ့နှလုံးသားကိုတော.
မာကြောခွင့်မပေးပါလား..........

ဆောင်းအိမ်မက်

နိုးတစ်ဝက်နဲ့အိပ်စက်
အိမ်မက်ထဲတမ်းတမ်းတ
လှမ်းမရတဲ့ငါ့ခြေလှမ်းတွေ
မင်းဆီကို ဦးတည်ပေမဲ့
ခရီးမပေါက် ငါမရောက်ခဲ့ဘူး
နမ်းမ၀တဲ့ ပန်းတစ်ပွင့်လို
မင်းကိုငါမြတ်နိုး
တစ်ထောင့်ငါးရာဖိုး မြှားတွေဝယ်
မင်းကိုပြစ်မယ်လို့စိတ်ကူးကာမှ
ပျောက်လေသူ မြှားနတ်မောင်
ဘယ်ချောင်မှာ သဝေထိုးနေတယ်မသိ
အနားကြည့်တော့
ငါ့ရင်ခွင်ထဲတိုးဝင်နေတဲ့သူမှ
ဘယ်ကနေဘယ်လိုရောက်နေတယ်မသိ
ချစ်ခြင်းနောက် ကောက်ကောက်ပါလို့
ပြန်ပြီးတော့ကြင်နာမယ်လို့
ငါ့လက်အလှမ်း
ကယောင်ကတမ်းနဲ့
ကုတင်ပေါ်ကပြုတ်ကျ
နိုးထခဲ့တဲ့
ငါ့ အိမ်မက်ထူး

နှောင်ကြိုး

မတည်မြဲတဲ့လေါကကြီးလို့
မှတ်ယူခဲ့တါပါပဲ
ဒါပေမယ့်
ဘ၀နဲ့ရင်းပြီး
မျှော်လင့်ချက်တွေထါးမိတယ် -။

အမုန်းတွေလည်း
ရချင်ရနိုင်တါပဲလို့
ခံနိုင်ရည်တွေမွေးခဲ့တါပဲ
ဒါပေမယ့်
တစ်ခါတစ်ရံရတဲ့
ဥပက္ခါတရားကိုတေါင်
ဝမ်းနည်းလှိုက်ခါနေအေါင်
ခံစါးရတယ်
ဒါဟါ
ချစ်ခြင်းတရား တဲ့လါးဟါ -။

နင့်အကြောင်း
အိမ်မက်တွေလည်း
ညစဉ် ... ညတိုင်း
မက်ခဲ့ပါရဲ့ -။

ရင်ထဲနွေးသွါးအေါင်လည်း
မဆုံတဲ့အချိန်တိုင်း
နင့်ကို
တမ်းတခဲ့ရပါရဲ့ -။

မမြင်ကွယ်ရာပေမယ့်
မေ့ထါးလို့မရအေါင်
နင့်ကို
စွဲလမ်းခဲ့ပါရဲ့ -။

မရှိပေမယ့်
မမိုက်မိအေါင်
နင့်ကြောင့်
နေထိုင်ခဲ့ပါရဲ့ -။

နင်ရယ်
ဒါဟါ
ဘ၀အဆက်ဆက်က
ချစ်ခြင်းတရားကို
ဒီဘ၀မှါ
နင့်အတွက်
ပုံအေါပေးဆပ်ရခြင်းများလါး -။

ဒါဟါ
ဝတ်ကြွေးဆိုပါတေါ့
ဘ၀များစွါအတွက်
နင့်အပေါ်
ဝတ်ကြွေးတွေ
ရှိချင်တယ် ........................................ ။

ကိုယ့် Gmail ကို သူများသုံးနေသလား စစ်ဆေးချင်လျှင်

ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး အရင်က သံသယရှိသူ၊ စစ်ချင်သူများ ၀မ်းမြောက်ဖွယ် ...။ Google မှ Gmail တွင် ၀င်ရောက်အသုံးပြုသွားသူ၏ IP Address အားဖေါ်ပြပေးထားပါပြီ။
Gmail ၏ ပထမစာမျက်နှာ အောက်ဆုံးနားသို့ သတိထားကာသွားကြည့်လျှင် ..
ယခုကဲ့သို့ This account is open in 1 other location (xxx.xxx.xxx.xxx) Last account activity 5 Hours ago. ဆိုပြီး စာသားလေးမြင်ရလိမ့်မည်။ ပြည့်ပြည့်စုံစုံ ကြည့်ချင်ပါက ဘေးနားရှိ Detail ဆိုသော လင့်ကလေးနှိပ်ပါက ..
ယခုကဲ့သို့ IP Address များကို မြင်ရမည်ဖြစ်ပြီး ကိုယ့်အကောင့်ကို သူများ သုံးခဲ့ဘူးသလား၊ ဘယ်နေရာကလဲ စသဖြင့် သိနိုင်ပါပြီ။
အကယ်လို့များ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကြည့်နေတုန်းမှာ တဘက်မှာလဲ ကိုယ်မသိအောင် ၀င်သုံးနေပါက Concurrent Session Information တွင် IP များ တစ်ခုထက်ပိုတွေ့နေရမည်ဖြစ်ပြီး သူတို့ကိုပါ Logout လုပ်ပြစ်ချင်ပါက အောက်နားရှိ Sign Out all other sessions ခလုပ်ကလေးနှိပ်ပါက ရှိသမျှ တပြိုင်နက်သုံးနေသော ယူဆာများကို Logout လုပ်နိုင်ပါတယ်၊ ပြီးလျှင်တော့ ကိုယ်က Password ပြောင်းလိုက်ပေတော့ဗျာ..။

Gtalk မှာပတ်စဝေါမေ့နေရင်ဒီနည်းလေးကအသုံးဝင်ပါတယ

သူငယ်ချင်းတွေပြောသံကိုခဏခဏကြားနေရတယ်ခင်ဗျ သူတို့အကောင့်ဖွင့်လို့မရတော့လို့တဲ့ အဲဒီလိုမျိုးဖြစ်နေရင် ပြန်ရအောင်လုပ်တဲ့နည်းလေးပြောပြချင်ပါတယ်ခင်ဗျာ... အခုနည်းက ကိုယ် လူတစ်ယောက်ရဲ့အကြောင်း ကိုတော်တော်လေးသိနေရင် အဲဒီလူရဲ့အကောင့်ကို တောင်ရအောင်လုပ်လို့ရပါတယ်ခင်ဗျာ..

ပထမဦးဆုံး ဂျီတော့ဘောက်က Forgot your password? ဆိုတဲ့ လင့်လေးကို ကလစ်ခေါက်လိုက်ပါခင်ဗျ ..
အဲဒီအခါကျရင် အနောက်က နေ ဝင်းဒိုးတစ်ခုကျလာပါလိမ့်မယ် အဲဒီမှာ Password Assistance ဆိုတဲ့ခေါင်းစဉ်အောက်မှာ မိမိပတ်ဝေါမေ့နေတဲ့ အကောင့်ကိုရိုက်ထည့်ပါခင်ဗျ.. အဲဒီအခါကျရင် အင်္ဂလိပ်စာလုံးမညီမညာတွေနဲ့ ဘောက်ကျလာလိမ့်မယ် အဲဒီ စာလုံးတွေကို အောက်က သူ့ဘောက်ထဲမှာပဲပြန်ထည့်ပေးလိုက်ပါ ... အဲဒီအခါကျရင် ကိုယ့်အကောင့်စဖွင့်တုန်းက ထားခဲ့တဲ့ security မေးခွန်းကိုမေးလိမ့်မယ် အဲဒီမေးခွန်းကို ဖြေပေးလိုက်ပေါ့ အဲဒီအခါဆို မှန်သွားရင် သူက ကိုယ့်ကို ပတ်ဝေါအသစ်ထည့်ခိုင်းပါတယ် အဲဒီအခါဆိုရင် အကောင့်ကိုပြန်ရပါပြီ .. အဲဒီလိုမှမဟုတ် အကောင့်ကိုလူများဖွင့်ပေးလို့ security မေးခွန်းကို ဘာထားထားလဲဆိုတာကိုယ်ကမသိဘူးဆိုရင် ဂူးဂဲက ကိုယ်အကောင့်ဖွင့်တုန်းက ပေးတဲ့ secondary email အီးမေလ်းဆီကို စာပို့ပေးပါလိမ့်မယ် ကိုယ်က အဲဒီ secondary email အကောင့်မေလ်းကိုဖွင့်ပြီး အဲဒီမှာပါတဲ့လင့်လေးကိုဝင်လိုက်တာနဲ့ သူက ပတ်ဝေါအသစ်ထားခိုင်းပါလိမ့်မယ် အဲဒီလိုမှမဟုတ် ကိုယ်က အဲဒီအကောင့်ကိုဖွင့်ထားတာ မဟုတ်လို့ ဒါမှမဟုတ်သိပ်ပြီး နားမလည်လို့ security မေးခွန်းရော secondary email မသိဘူးဘူးဆိုရင်တော့ ဂူးဂဲက ကိုယ်မေ့သွားတဲ့အကောင့်ကို Reset Password ကျအောင်လုပ်ပေးလိုက်ပါ အဲဒီ Reset Password ကျအောင်လို့လည်း အရင်အကောင့်ဖွင့်တုန်းကထားခဲ့တဲ့ security မေးခွန်းကို တတ်နိုင်သမျှ အနီးစပ်ဆုံးဖြည့်ပေးပါ အဲဒီအခါကျရင် အင်္ဂလိပ်စာလုံး မညီမညာတွေကိုဖြည့်ခိုင်းပါလိမ့်မယ် အဲဒီအင်္ဂလိပ်စာလုံးတွေကို အတတ်နိုင်ဆုံးဖြည့်ပေးပါ နောက်ဆုံးမှာ အဲဒီအကောင့်ကို ဂုးဂဲက Reset Password ဆိုပြီးလုပ်လိုက်ပါလိမ့်မယ် .. အဲဒီ အကောင့် Reset Password ကျသွားပြီဆိုတာနဲ့တစ်ပြိုင်တည်း အဲဒီမှာစာတွေကျလာပါလိမ့်မယ် ..
To initiate the password reset process, please follow the instructions sent to your ******@gmail.com email address............................................
ဆိုပြီး အင်္ဂလိပ်စာကြောင်းတွေအများကြီး ကျလာပါလိမ့်မယ် အဲဒီမှာ This Form ဆိုတဲ့ လင့်လေးကိုတွေ့ရပါလိမ့်မယ် အပြာရောင်လေးနဲ့ပါ အဲဒါလေးကို ကလစ်လိုက်ပါ မရ ရင် http://www.google.com/support/accounts/bin/request.py?ara=1 အဲဒါကိုကလစ်လိုက်ပါ အဲဒီအခါကျရင်တော့ သူမေးခွန်းတွေကျလာပါလိမ့်မယ် အဲဒီမေးခွန်းတွေမှာကြည့်လိုက်ပါ အောက်လေးကိုနဲနဲဆင်းလိုက်ပါ An email address we can use to contact you ဆိုတဲ့မေးခွန်းကိုတွေ့လိမ့်မယ် အဲဒီ မှာ ကိုယ်လက်ရှိ သုံးလို့ရနေတဲ့ အကောင့် ကို ရိုက်လိုက်ပါ ဥပမာ example@gmail.com ဆိုပြီးတော့ ရိုက်လိုက်ပါ ပြီးရင် အောက်ကိုထပ်ဆင်းလိုက်ပါ Describe the problem you're experiencing ဆိုတဲ့မေးခွန်းကိုတွေ့လိမ့်ရလိ့မ်မယ် ကျွန်တော်ကတော့ I believe someone has taken over my account ဆိုတဲ့ မေးခွန်းကိုရွေးချယ်ပါတယ် နောက်ပြီးတော့ အောက်ကိုထပ်ဆင်းလိုက်ရင် Product information ဆိုတဲ့ခေါင်းစဉ်အောက်မှာ Do you use Gmail with this account? ဆိုတာကိုတော့မဖြစ်မနေ ရွေးပေးရပါလိမ့်မယ် အဲဒါကိုရွေးလိုက်ရင် ဘောက်တွေကျလာလိမ့်မယ် အဲဒီအခါကျရင် Gmail username နေရာမှာကိုယ် လိုချင်တဲ့အကောင့်ကို ( ပတ်ဝေါ မေ့နေတဲ့အကောင့်) ကိုရိုက်ထည့်ပေးလိုက်ပါ နောက်ပြီးတော့အောက်ဘက်မှာ Most recent secondary email address နဲ့ Do you have a verification code ဆိုတာကိုတွေ့လိမ့်မယ် အဲဒီအဆင့်ကိုကျော်သွားလို့ရပါတယ် ပြီးရင် အောက်မှာ Email addresses of up to five frequently emailed contacts ဆိုတာတွေ့လိမ့်မယ် အဲဒီမှာ ကိုယ်နဲ့ အရင်ချက်ခဲ့တဲ့ ဂျီမေလ်းယူဇာ ၅ ယောက် သုံးယောက်လောက်လည်းရတယ် အဲဒါကိုရိုက်ထည့်ပေးလိုက်ပါ ယူဇာနိမ်းတွေကိုရိုက်ထည့်ရမှာနော် ( ကိုယ်က လူများအကောင့်ကိုခိုးချင်ရင်လည်း ဒါတွေသိထားမှရမှာနော် ) အဲဒီလိုရိုက်ပြီးတာနဲ့ အောက်မှာ အဆင့် ၄ ဆင့်ရှိသေးတယ် အဲဒါတွေကိုကျော်လို့ရပါတယ် အောက်ကိုထပ်ပြီးဆင်းလိုက်ရင် Other account information ဆိုတာတွေ့လိမ့်မယ် အဲဒီမှာ Account creation date ဆိုတဲ့နေရာမှာ အကောင့်စဖွင့်တုန်းက လ ရယ် ခုနှစ်ရယ်ကို ဖြည့်ရပါမယ် (တစ်ကယ်လို့ ကိုယ်က ကိုယ်စိတ်ဝင်စားတဲ့လူရဲ့အကောင့်ကိုခိုးချင်တယ်ဆိုရင်တော့ သူ့ကို နဂိုတည်းက ဒီအကောင့်ကိုစသုံးတာ ကြာပြီလား ဘယ်တုန်းက စသုံးတာလဲဆိုပြီး နဲနဲမသိမသာမေးထားသင့်တယ် ဟီး ကျွန်တော့်အကျင့်တွေပြောပြနေတာ ) ပြီးရင်အောက်မှာ Last successful login date ဆိုတာကိုတွေ့လိမ့်မယ် အဲဒါက အကောင့်ကိုနောက်ဆုံးသုံးခဲ့တဲ့နေ့ရက်ပါ အဲဒါက တော့လွယ်မယ်ထင်တယ်နော် အဲဒါလေးဖြည့်ပြီးရင်တော့ အောက်မှာ Last password you remember ဆိုတဲ့ စာတန်းလေးကိုတွေ့ရပါလိမ့်မယ် အဲဒါလေးကတော့ အကောင့်ကိုသုံးခဲ့တုန်းက မှတ်မိသမျှထဲက ပတ်ဝေါ တစ်ခုခု ပါ ဟိုအရင်တုန်းက သုံးနေတဲ့ ပတ်ဝေါဆိုရင်လည်းလက်ခံပေးပါတယ် အရေးကြီးတာက အဲဒီ ကိုယ်ထည့်တဲ့ပတ်ဝေါကို အကောင့်မှာ တစ်ခါတစ်လေသုံးဖူးရင်တောင်ရပါတယ် အဲဒါလေးကိုဘေးကဘောက်လေးထဲမှာဖြည့်ပေးလိုက်ပါ (မိန်းကလေးတွေက များသောအားဖြင့် သူတို့ရဲ့မွေးနေ့ဒိတ် ဒါမှမဟုတ် ဖုန်းနံပါတ်တွေကို ပတ်ဝေါအဖြစ်ထားတတ်ကြပါတယ် ) အဲဒါလေးကလည်း အကောင့်ကိုခိုးချင်တယ်ဆိုရင်တောင် အရေးကြီးတဲ့အချက်ထဲမှာထည့်ပြီးစဉ်းစားသင့်တယ်နော် ပြီးရင်တော့ အောက်ဆုံးမှာ Submit ဆိုတဲ့ခလုပ်ကိုပျော်ပျော်ကြီးနှိပ်လိုက်ပေတော့ ဘော်ဘော်တို့ရေ ပြီးရင်ကိုယ်ခုနဖြည့်ထားတဲ့ An email address we can use to contact you ဆိုတဲ့ ခေါင်းစဉ်မှာ ဖြည့်ထားတဲ့ မေလ်းကိုဖွင့်ပြီးထိုင်စောင့်နေပေတော့ ကိုယ့်ဆီကို သိပ်မကြာခင်အချိန်တွင်းမှာ အများဆုံးနာရီဝက်အတွင်းမှာ ဂူးဂဲကနေ အီးမေလ်းတစ်စောင်ပြန်ဝင်လာပါလိမ့်မယ် Subjcet က တော့
Re: [#????????] I can't access my account ဆိုပြီးကိုယ့်ဆီကို အီးလ်မေး ပြန်ဝင်လာပါလိမ့်မယ် အဲဒီအီးလ်မေးလေး ကိုဖွင့်လိုက်ရင် ပထမဆုံး အကြောင်းမှာပဲ https://www.google.com/accounts/ForgotPasswd ဆိုတဲ့လင့်လေးကိုတွေ့ရပါလိမ့်မယ် ( အဲဒါလေးကိုမတွေ့ရင် တော့ လုံးဝမရပါဘူး ထပ်ပြီးမေးခွန်းတွေမှန်အောင်ကြိုးစားလိုက်ဦးပေါ့ )အဲဒါလေးကို ကလစ်ပေးလိုက်ရင် Password Assistance ဆိုတဲ့ခေါင်းစဉ်နဲ့ ဘောက်တစ်ခုကျလာပါလိမ့်မယ် အဲဒီဘောက်မှာ ကိုယ်ခုန ပတ်ဝေါလိုချင်တဲ့ အကောင့်ယူဇာနိမ်းကိုပြန်ရိုက်ပေးလိုက်ပါ အဲဒီအခါကျရင် အင်္ဂလိပ်စာလုံး မညီမညာနဲ့ ကုဒ်တွေပြန်ရိုက်ခိုင်းပါလိမ့်မယ် အဲဒါကိုပြန်ရိုက်ပေးလိုက်ပါ သူမြင်ရတဲ့အတိုင်း ပြန်ရိုက်ပေးလိုက်ပါ ပြီးရင် အဲဒါရိုက်ပြီးတာနဲ့ temporary question? ဆိုတာ ကျလာပါလိမ့်မယ် အဲဒီ temporary question? အောက်မှာတွေ့လား Change your password by sending an email to your secondary address အဲဒီလင့်လေး အဲဒါလေးကို ကလစ်ပေးလိုက်ရင် ခုန က ကိုယ်ဖွင့်လို့ရတဲ့ မေးလ်ထဲကို ဂူးဂဲကနေ နောက်ထပ်တစ်စောင်ထပ်ပြီးပို့ပေးပါလိမ့်မယ် .. အဲဒီမေလ်းကိုဖောက်ဖတ်လိုက်ပါ Google Password Assistance
ဆိုတဲ့ခေါင်းစဉ်နဲ့ ဝင်လာမှာပါ အဲဒီအောက်မှာလင့်လေးတစ်ခုပါ ပါတယ် အဲဒါလေးကို ကလစ်လိုက်တာနဲ့ အိုကေပြီ ကိုယ်ကြိုက်တဲ့ ပတ်ဝေါ ကိုထည့်လိုက် ပေတော့ ဒါပေမယ့် ဒီနည်းက တစ်ခုတော့ရှိတယ်နော် သူ့ပတ်ဝေါ အဟောင်းကိုမသိရပါဘူး ကိုယ်က သူ့အကောင့်ကို အပြောက်ရိုက်လိုက် သလိုဖြစ်နေမှာပါ ဒီလိုနည်းနဲ့ ကိုယ့်အကောင့်မေ့နေရင်လဲပြန်လည် ဖော်ယူလို့ရပါတယ် …..ဒါပေမယ့် လူများအကောင့်ကို ခိုးတာတော့မကောင်းပါဘူး (ကျွန်တော့်ကိုယ်တွေ့ပေါ့ ) ဟဲဟဲ….. အတတ်နိုင်ဆုံး မလွှဲသာမှသာလုပ်ကြပါ .. တစ်ကယ်လို့မ ရ ရင် ကိုယ်လုပ်တာတစ်ခုခုမှားနေလို့ပါ မေးခွန်းတွေကို အတတ်နိုင်ဆုံးမှန်အောင်ပြန်ဖြေကြည့်လိုက်ပေါ့ ကျွန်တော်က တော့ဒီနည်းလေးပဲသုံးတယ် …ပြီးမှ အကောင့်ပိုင်ရှင်ကိုတစ်နည်းနည်းနဲ့ပြန်ဆက်သွယ်ပြီး ပတ်ဝေါပြန်ပေးလိုက်ပေါ့ ……. ကိုယ့်အကောင့်ကိုဘယ်လိုကာကွယ်ရမလဲဆိုတာ နောက်အချိန်ရ ရင်ထပ်ပြီးပြောပြပါ့မယ်....။

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲ မိမိပိုတဲ့စာကိုဖတ်ပြီးပြီလား သိနိုင်တယ်

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲ
မိမိပိုတဲ့စာကိုဖတ်ပြီးပြီလား သိနိုင်တယ်

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။
ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား
မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး
လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

1. Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/
ကိုသွားလိုက်ပါ။
2. နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။
Compose Mail ကိုနှိပ်ထားပါ။
3. Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ
Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။
Step4 မှာ 3 ကိုရွေးပါ။
4. ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို
နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ
ပေါ်လာပါလိမ့်မယ်။
5. အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
6. ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send
ကိုနှိပ်လိုက်ပါ။

ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့http://
www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို
ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။
အင်တာနက်မှာ ဆိတ်ကွယ်ရာမရှိပါဘူး

Friday, November 20, 2009

ဘလော့လုပ်တက်သူသို့.....

အချစ်ဆိုတာဟာ
စချစ်မိတဲ့သူဘက်က
အမြဲတမ်းအရှုံးတဲ့
ဒါဆို...
ငါ့ဘက်ကစချစ်မိတာ
ငါ့ဘက်ကပဲရှုံးနိမ့်သွားတာလား.....။
တကယ်လို့ ငါ့ဘက်က
ရှုံးနိမ့်သွားတာဆိုရင်တောင်
ဒီအရှုံးကိုငါခံနိုင်အောင်
ကြိုးစားမှာပါ.....။
ဒါပေမဲ့...
မင်း online မှာရှိနေချိန်တော့
ငါ့ကို block မလုပ်ဖို့ 
တောင်းဆိုပါတယ်.....။

ကြိုတင်အရှုံးပေးထားတယ်.........

ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို
ဦးစားပေးချင်တယ်.....။
ပိုင်ဆိုင်ခွင့်ထက်
စွန့် လွှတ်ခြင်းနဲ့ 
အနစ်နာခံချင်တယ်.....။
ရယူမှာထက်
ပေးဆပ်မှာကို
တန်ဖိုးထားချင်တယ်.....။
မှတ်ထားလိုက်ပါ
ချစ်သူရယ်...
အချစ်စစ်နဲ့ ချစ်သူတိုင်းဟာ
နေရာတိုင်းမှာ
အမြဲအရှုံးပေးနေတဲ့သူတွေပါပဲ.....။

ချစ်တက်ခဲ့လေသောကြောင့်

နေရစ်ခဲ့တော့
ထားခဲ့လေလည်း
မငြင်းရက်ပါ
ချစ်တတ်ခဲ့လေသောကြောင့်.....

မသွားတတ်လို့
လိုက်ခဲ့ဖေါ်ခေါ်
ဝမ်းမနည်းတမ်း
လိုက်ခဲ့စမ်းမယ်
ချစ်တတ်ခဲ့လေသောကြောင့်......

မလွမ်းရဲလို့
ကူစမ်းပါဦး
လွမ်းပေးပါ့မယ်
ဘယ်သူကြောင့်လဲ
မမေးပဲနဲ့
ဝိုင်းလို့ဆွေးမယ်
တစ်ကယ်ပါဆို
ချစ်တတ်ခဲ့လေသောကြောင့်...........

ချန်လှပ်ထားခဲ့
ငါ့ဘ၀နဲ့
ငါ့ကိုမေ့လည်း
သိက္ခာကျတယ်
မထင်ပဲနဲ့
ရင်ကိုကော့ပေး
ကြောပြင်ကို
နင်းချင်သပဆိုလည်း
ခေါင်းငုံ့ခံမယ်
တစ်ကယ်ပါဆို
ချစ်တတ်ခဲ့လေသောကြောင့်

ဘာဆိုဘာမှမဟပဲနဲ့
အသည်းခွဲယူယူ
အသွေးတူလို့
စတေးချင်သေးသပဆိုလည်း
ရင်ကရတယ်
တစ်ကယ်ပါဆို
ချစ်တတ်ခဲ့လေသောကြောင့်.........

အသွေးအသား
လိုချင်သေးလား
နှလုံးသွေးနဲ့
ခြေဆေးချင်သလား
လိုချင်သမျှ
ဖြစ်ရစေမယ်
တစ်ကယ်ပါကွယ်
ချစ်တတ်ခဲ့လေသောကြောင့်........

အချစ်မေဂျာ....

ချစ်ခဲ့ဖူးသူတွေရဲ့လမ်းမှာ
ကမန်းကတန်းအလွမ်းတွေနဲ့
အရမ်းအရမ်းလွမ်းနေတယ်
မျက်ရည်တွေကငှက်တစ်အုပ်ဖြစ်လို့
မင်းရှိရာပို့ဆက်သခွင့်ရှိရင်
ငါသင်ပေးတဲ့သတိရခြင်းကျမ်းစာကို
သူတို့ရွတ်ပြလိမ့်မယ်...
ပြီးဆုံးသွားတဲ့ပြက္ခတိန်ထဲက
နေ့ရက်တွေကိုလည်းကြက်ခြေမခတ်ချင်ဘူး
အချစ်ကိုမေဂျာယူကာမှ
မိုင်နာအလွမ်းကပဲဂုဏ်ထူးတွေထွက်ထွက်နေတယ်
တော်ပြီ...
ကျောင်းဆက်မတက်ချင်တော့ဘူး....

မချစ်တော့ဘူး.......

ငါရင်ဘက်ထဲမှာ အလွမ်းတွေနဲ့
မွန်းကျပ်နေတာက လွဲရင်
နင်ကို မချစ်တော့ဘူး...........
နှိုးစက်တစ်လုံးနဲ့ တူတဲ့
သတိရစိတ်ကို လွှတ်ပစ်လိုက်ပြီး
နင်ကို မချစ်တော့ဘူး..........
အလေးအနက်မထားတက်လို့
မချစ်တော့ဘူး...
ဥပက္ခာပြုတက်လွန်းလို့
မချစ်တော့ဘူး.......
ဂရုမစိုက်တက်လွန်းလို့
မချစ်တော့ဘူး.......
မင်းကိုချစ်မိတဲ့ ငါ့ကိုယ်ငါလည်း
မချစ်တော့ဘူး..............

ခွဲခွာခြင်းတေးသွား

သေခြင်းတရားကလွဲရင်ဘယ်သူမ
င်ါတို့နှစ်ယောက်ကိုဘယ်သူမှမခွဲနိုင်ဘူးလို့ငါထင်ထားခဲ့ပေမဲ့
နောက်ဆုံးမှာတော့ .........
သေခြင်းတရားကမခွဲခဲ့ပေမဲ့
နင်ကတော့ငါကိုခွဲခဲ့တယ်
ငါ့ကို ငါနွားတစ်ကောင်လိုခိုင်းနှိုင်းလိုက်ပါမယ်
လယ်ထွန်သွားနွားမေ့ဆိုသလို
နောက်တစ်ယောက်ဆိသွားတော့နင်ငါ့ကိုမေ့ခဲ့ပြိလေ...........
နင်ဟာငါရဲ့ကမ္ဘာဆိုလဲမမှားပါဘူး
ငါ့နားခိုရာကမ္ဘာတော့မဟုတ်ပါဘူး
နင်ဟာကမ္ဘာနဲ့တူလို့ပါ
နေ့မှာဆိုနင်ဟာ နေနဲ့ပျော်ရွှင်တယ် ။
ညမှာဆိုနင်ဟာ လ နဲ့ပျော်ရွှင်တယ် ။
လမရှိတဲ့အခါ ကြယ်နဲ့ပျော်ရွှင်တယ် ။
နင်မှာအထိးကျန်တယ် ဆိုတာ
ဘ၀မှာပထမဥိးဆုံးသင်ယူရမယ် အရာလိုဖြစ်နေပြိ
နင်ဟာငယ်စဉ်တုန်းက
ကျောင်းသင်ခန်းစာ တွေသာမက
မာယာသင်ခန်းစာတွေ ကိုပါတိတ်တဆိတ် သင်ယူခဲ့သူပါလား။..................။

ထာဝရ

ငါ့ဘဝရဲ့
ကြယ်စင်လေးရေ
မျက်တောင်တစ်ခတ်စာ
ကာလငယ်မှာတောင်
ငါ မင်းကိုအခါခါ
လွမ်းတယ်
ဘဝဆက်တိုင်းမဟုတ်တောင်
အခုဘဝအပိုင်းအခြားမှာ
ငါ မင်းနဲ့မခွဲနိုင်ဘူး
မင်းရဲ့ ဆံပင်လေးကိုချစ်တယ်
မင်းစိတ်ကောက်တာကိုချစ်တယ်
မင်းလမ်းလျှောက်တာကိုချစ်တယ်
.................
................
................
မင်းနဲ့ပတ်သတ်သမျှ
အရာအားလုံးကို......ချစ်တယ်

Wednesday, November 18, 2009

Hi beautiful,

Blood rushes thru my veins,

Anxiety runs thru my brains!

Thoughts run miles in vain,

Dreams pacify my wild mane!

This horse needs to be tamed!

Have a nice day. .
Hi Pretty lady,

One swallow doesn't make summer,
One tiny cloud doesn't bring rain!
One Hello doesn't win a friend,
One soul can't live all alone!
Hope you sharing your life with nice souls!
Have a chill day.

ဘာလဲ ...အချစ်ဆိုတာ

ရင်ခုန်သံတွေကို အသက်သွင်း

အကြင်နာမြစ်တစ်စင်းကို ဖန်ဆင်းပြီး

ချိုမြိန်ပျော်ရွင်.....ရင်ခုန်ခြင်းနေ့ ရက်တွေကို

ဖန်ဆင်းအသက်သွင်းပေးတာကပဲ..

အချစ်လား....

ဒါမှမဟုတ်...

နု့ ညံ့တဲ့ ..အပြုံးတွေမှာ ခိုဝင်

နွေးထွေးတဲ့..အနမ်းတွေမှာ..နစ်မြော

စိတ်ကူးယဉ် အိမ်မက်တွေမှာ သာယာ

နှစ်လုံးသား..နှစ်ခု ကာရံ ညှိဖို့ ကြိုးစားနေရတာကပဲ

အချစ်လား....

ဒါမှမဟုတ်....

ယုံကြည်ခြင်းတွေ...တည်ဆောက်

မျှော်လင့်ခြင်းတွေ..လက်ဆက်ပြီး..

ရာဇ၀င်တွင်မဲ့..ဇာတ်လမ်းတစ်ပုဒ်မှာ..

ကခုန်နေရသလို...ပျော်ရွင်နေရတာကပဲ

အချစ်လား...

ဒါမှမဟုတ်....

ရင်ခုန်သံတွေကို ....ချနင်း

ကြင်နာခြင်းတွေ...တခန်းရပ်ပြီး..

နာကြင်ခြင်းတွေသာ ဖန်းဆင်းပေးတဲ့

ဟက်တက်ကွဲ..အသည်းတစ်စုံနဲ့ ..

မျက်ရည်မြစ်တစ်စင်းကပဲ

အချစ်လား...

ဒါမှမဟုတ်....

ရက်စက်တဲ့..အသည်းနှလုံးတစ်စုံရဲ့ 

ခါးသီးတဲ့....ဥပေက္ခာအောက်မှာ.

လည်စင်းပေးလိုက်ရတဲ့...

ပြင်းရှရှ...အလွမ်းညတွေကပဲ

အချစ်လား....

ဒါမှမဟုတ်....

ယုံကြည်မှု့ တွေ ရိုက်ချိုး...

မျှော်လင့်ခြင်းတွေအမြစ်ပြတ်သွားတဲ့...

တစ်ခန်းရပ်ဇာတ်လမ်းမှာ...

ကြိုးပြတ်သွားတဲ့..ရုပ်သေးရုပ်လို.

အရာအားလုံးဟာ အမှောင်အတိကျ..

အဲ့ဒါကပဲ....အချစ်လား..

ဒါမှမဟုတ်........
...........................

............................

..........................။

ချစ်သူသိပါရဲ့လားလေ????

မထင်မှတ်တဲ့အချိန်မှာ
မမျှော်လင့်ဘဲချစ်ခွင့်ရခဲ့တာ
ငါရဲ့တစ်ခုတည်းသောကံကောင်းခြင်းပါ.......
လောကမှာအရာရာကနိယာမအတိုင်း
တက်လိုက်ကျလိုက်ဖြစ်နေတယ်
ငါ့အချစ်ကတော့ကျပဲကျနေတယ်
ဒါကရောနိယာမတစ်ခုပဲလားးးးး
ရင်ခွင်တစ်ခုလုံးစုတ်ပြတ်သက်နေလဲ
မုန်းလို့မရတာငါကခွင့်လွတ်ခြင်းတရားကိုအောင်နိုင်သူလားးးးး
သံသရာဆိုတာသာရှိခဲ့ရင်
မင်းနဲ့ပဲချစ်ခွင့်ရချင်တာငါသိပ်အတ္တကြီးနေလားးးးး
ပြောင်းလဲခြင်းတကာတွေကထဲကနေ
မပြောင်းလဲမှာကတော့မင်းကိုချစ်တဲ့ငါ့အချစ်ပဲ
နောက်တစ်ခါထပ်ချစ်ဖို့မဖြစ်နိုင်သလို
ချစ်ခဲ့မိတဲ့မင်းကိုလဲမေ့လို့ရမှာမဟုတ်ဘူး
ငါရဲ့အဝေးတနေရာမှာပျော်နေတဲ့မင်းကို
အရှုံးတွေ..မျက်ရည်တွေကြားကနေ
ငါစောင့်နေပါတယ်ချစ်သူရယ်။။။။။။။။။။
ဘ၀တစ်ကွေစိတ်ပင်ပန်းလို့.သွားစရာမရှိရင်
ငါ့နှလုံးသားတစ်ခုလုံးမင်းအတွက်ပဲဆိုတာ
မိုးနဲ့မြေကိုတိုင်တည်ပြီးသစ္စာဆိုရဲပါတယ်ချစ်သူရယ်........

Tuesday, November 17, 2009

လူ.....

လူ
ဖြူစင်ပါတယ် ပြောတဲ့
လူတွေရဲ့ စိတ်ထဲမှာ
အစွန်းအထင်းတွေ ရှိတယ်
သိပ်တော်ပါတယ် ပြောတဲ့
လူတွေ စိတ်ထဲမှာ
မနာလိုခြင်းတွေ ရှိတယ်…
မလိုခြင်ပါဘူးပြောတဲ့
လူတွေရဲ့စိတ်ထဲမှာ
လောဘ မီးတွေရှိတယ်…
ခွင့်လွတ်ပါတယ်ပြောတဲ့
လူတွေ ရဲ့စိတ်ထဲမှာ
ဒေါသမီး တောက်လောင်နေတယ်…
မင်းသမီး မျက်နှာဖုံးစွပ်ထားတဲ့
လူတွေရဲ့ မျက်နှာမှာ
ကြောက်စရာ ကောင်းတဲ့ ဘီလူးရုပ်
ရှုံမဲ့နေတယ်….
တကယ်တော့ လူဆိုတာ
ဟန်ဆောင်မှု အပြည့်သိပ်ထားတဲ့
စုဗူး တစ်ဗူးပါ
ဟန်ဆောင်မှု စုဗူးကို
မ၀ယ်မိဘူးဆိုရင်တော့
မင်းဘဝ
အေးချမ်းသာယာ နေမှာ
ဧကန်ပဲပေါ့ သူငယ်ချင်းရယ်……

ချစ်သူအတွက်........

စိတ်ချင်းဆက်လို့
အာရုံတွယ်ငြိ
အင့်ရဲ့အဝေး
ကိုယ်ထွက်ပြေးလို့
စိတ်တစ်ဒေသမှာ
မင့်ရှိလို့သာ
ကျေနပ်ပီတီ
ဝေဖြာလို့မဆုံး
အဆုံးတစ်နေရာကို
မင့်ထွက်သွားလို့
ပျော်အောင်နေပါ
ချစ်သူရာ........

လမင်း ရဲ့ သတို့ သမီး ....

ချစ်သူရယ်
နှလုံးအိမ်ထဲမှာ ဆူးချက်များစွာနဲ့
ထားခဲ့တဲ့ မင်းကို …
င့ါ နှလုံးသားက အရိပ်တစ်ခု အဖြစ်
ငြိတွယ်နေဆဲလေ…
ချစ်သူရယ်..
မင်းဟာ ငါ့ဘ၀ ကြယ်ကြွေညတွေ နဲ့
ဂီတသံစဉ်လေးတစ်ခုပေါ့
အရိုးသား အဖြူစင်ဆုံးနဲ့
တစ်ဘ၀လုံးအတွက် ရည်စူးပြီး ချစ်ခဲ့တာပါ…
တစ်ပိုင်းတစ်စ ရင်ခုန်သံတွေနဲ့ ငါဟာ
မိုးကုပ်စက်ဝိုင်း တစ်နေရာက
ဝေးကွာလှ တဲ့ လ တစ်စင်းကို
တမ်းတနေတဲ့ အဖြစ်မျိုးပေါ့လေ….
လရောင် ဆမ်း တဲ့ ငါ တို့ အနာဂတ်မှာ
ကြယ်ကြွေခဲ့ရင် ငါဟာလေ
မင်းဘ0 အထီးကျန်လမင်းကို
မြတ်နိုးမှု အစုံနဲ့ ပေးဆပ်မယ့်
လမင်းရဲ့ ချစ်ခြင်း သတို့သမီး ပေါ့….

နှောင်ကြိုးမိသူရဲ့ ညဉ်းသံ

အချစ်တဲ့လား..
သ၀န်တိုမှု့ တွေနှင့် ပူလောင်
အချိန်တိုင်း လွှမ်းမိုးခံနေရပြီး
လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်တယ်..
သံယောဇဉ်တဲ့လား
ရှုပ်ထွေးလှတဲ့ နှောင်ကြိုးတွေကြား
ဝေဒနာတွေ တစ်ပွေ့ တစ်ပိုက်နှင့်
ပင့်ကူ အိမ်ထဲ ၀င်မိတဲ့သားကောင်လို
ဦးနှောက်ကို ဖောက်စားခံရပြီး
လူတစ်ယောက်ကိုသေသွားစေနိုင်တယ်...
ကိုးကွယ်မိတဲ့ အချစ်
ဖြတ်ဖို့ ခက်တဲ့ သံယောဇဉ်
အမည်ချင်းမတူပေမယ့်
ခံစားရတာချင်းတော့ ထပ်တူပါပဲ။
လွတ်မြောက်ဖို့ လမ်း မရှာနိုင်တဲ့ ဘ၀မှာ..
ရုန်းထွက်ဖို့ လည်း ကိုယ်မကြိုးစားတော့ပါဘူး..
ကိုယ့်ဦးနှောက်ကို ဖောက်စားလို့ 
ကိုယ်ရူးသွားစေနိုင်ပေမယ့်..
ဖြတ်မရတဲ့ သံယောဇဉ်နှင့်
ကိုးကွယ်မိတဲ့ အချစ်တွေကြောင့်
အသက်ဆက်နေရသမျှ
ကိုယ်ကျေနပ်နေရမှာဘဲပေါ့.....။

ချစ်စိတ်ကူး

အိပ်မရပါဘူး
မျက်လုံးတွေပိတ်
မှေးစက်မယ်ကြံတိုင်း
အာရုံတွေထဲ
နင်နှောင့် ယှက်တတ်လို့ ပေါ့ ..............
မေ့ မရပါဘူး
တစ်စုံတစ်ခုက
တိုက်ဆိုင်လွန်းတိုင်း
တမ်းတတတ်တဲ့ စိတ်တွေကြောင့် ပေါ့ .............
တမ်းတသတိရခြင်းတွေကသာ
ကူညီပေးတတ်လို့ 
နီးစပ်ကြမယ်ဆိုခဲ့ ရင်
ဘယ်လောက်များကောင်းလိုက်မလဲ..........
ချစ်တတ်ကြတဲ့ ချစ်သူတွေအတွက်
်ဝေးကွာခြင်းဆိုတာရှိမယ်မထင်ဘူးနော်...........

ညတညရဲ့  ဆုတောင်းပုံ

သတိရခြင်းတွေ ထုပ်ပိုးလို့  မင်းဆီ အရောက်ပို့ လိုက်တယ်
ကြယ်လေးတွေ လင်းလက် လမင်းရဲ့  အလင်းရောင်တဝတ်နဲ့ တူ
အိပ်ပျက်ညတွေက သိပ်များ မင်းကို တအားချစ်ခဲ့ပါတယ်
အပိုလို့ များဆိုနေလေမလား

အများတကာ အိပ်မောကျ ညရဲ့  အလှ မသိနိုင်ဘူး
အထီးကျန်တကိုယ်တည်း ထိုင်ကာတွေး
မင်းနဲ့ ငါ့ရဲ့  အနာဂတ်ရှေ့ ရေး တွက်လေ
ပိုင်ဆိုင်ပါရစေကြောင်း ဆုတောင်းတိုင်းသာပြည့်ခဲ့ရင်
လွမ်းရတဲ့ ညတွေ လွန်မြောက် စိတ်ကို ထွက်ပေါက်တခုပေးလိုက်ချင်တယ်
တကယ်ပါမင်းလေး အဝေးကြီးကိုမျှော်မှန်းလို့  မင်းကို အရမ်းလွမ်းခဲ့ပါတယ်

ကံကြမ္မာရယ် တောင်းခွင့်သာရှိမယ်ဆိုရင် ဒီဘဝနဲ့  နှောင်ဘဝ
ဆုတဆုပေးပါ နှစ်လိုစွာ ဆန္ဒပြုရင်း
မင်းနဲ့ ငါ့တွက် လှပတဲ့ အနာဂတ်တခု
ပိုင်ဆိုင်ပါရစေလို့ လေ.........................

ပုံရိပ်

အသည်း တ၀က်
မင်း အတွက် ကြွေပျက်ခဲ့ပြီကွယ်။

အသည်းတစ်ခြမ်း
မင်း ကို လွမ်းလို့
တမ်းတဖို့ရာ ချန်ထားပါရစေ။

အားလုံးကိုကျောခိုင်း
မျက်ရည်ရိုင်းနှင့်
ဒုန်းစိုင်းနေတဲ့ အသည်း
မင်း မြင်ရဲရင်
ရင်ခွဲလို့ကြည့်စမ်း........
မင်း ပုံရိပ်တွေ ရှိနေဆဲပါ။

ရူးပြီ

သိပ်သတိရတဲ့ အခါ ဘာလုပ်ရမလဲ
ခလေးလေးတွေလို ခြေထောက်ဆောင့်ပြီးအော်ငိုရအောင်ကလဲ
ခလေးမဟုတ်တော့ ခက်တယ်
အားလုံးက၀ိုင်းမေးရင် ဘယ်လိုဖြေမလဲ
ရူးပြီလို့ ပဲ ပြောကြမှာ
အချစ်အတွက်ဆို ရူးချင်ရူးပါစေပေါ့နော်.....

ချစ်ရသူသို့…

မြင်မြင်ချင်း မူးရစ်ရီဝေ
သူ့ကွန်ယက်မှာ ရုန်းလေနစ်လေ ရှိနေပြီ…

အကြည့်ဆုံတိုင်း လှိုက်ဖိုရင်မော
ရင်ခုန်သံတို့ ဟစ်ကြွေးအသံ ပြုလေပြီ…

စကားသံချို ဆည်းလည်းသံကို
နားဝင်ပီတိ ဂွမ်းဆီထိသို့
မပြတ်ခံစား တတ်လေပြီ…

မူယာနွဲ့နှောင်း ရင့်ကျက်တည်ငြိမ်
သူ့ဟန်ပန်တို့ နှလုံးသွေးမှာ ထင်လေပြီ…

တုနှိုင်းမမှီ နှလုံးအိမ်မှ
ပွင့်အံလာသည့် မေတ္တာသံစဉ်
သူယုံကြည်အောင် မည်သို့သက်သေပြရမည်နည်း….

တူညီတဲ့ ဒဏ်ရာ…

တစ်ချက်ကလေးလှည့် ကြည့်လိုက်တိုင်းမှာ
ရင်တလှပ်လှပ်နဲ့ အကြည့်တစ်ချက်က
ပြာကျသွားနိုင်လောက်တယ်…

ကြွေတိုင်းမွှေးတဲ့ ခရေလိုပဲ
အတိတ်ဆိုတာကို မြင်ယောင်မိတယ်…

ယုံကြည်မယ်ဆိုရင် မင်းရဲ့တကယ့်အချစ်ကိုပေးပါ…
ချစ်နေတာလေးကိုလဲ အသိအမှတ်ပြုပေးပါ ချစ်သူ….

တစ်နေ့နေ့ တစ်ချိန်ချိန် မင်းရင်ထဲမှာ
ခံစားတတ်တဲ့ ဒဏ်ရာဖြစ်ပေါ်လာခဲ့ရင်…

တစ်ချိန်က မင်းထားခဲ့တဲ့ ကောင်မလေးတစ်ယောက်မှာလဲ
မင်းလောက်မလျော့တဲ့ ဒဏ်ရာ
ခံစားမှုမျိုး ရှိမှာပဲလို့ မင်းပြန်တွေးကြည့်ပါ…

အဲဒီအခါကျရင် တူညီတဲ့ တုန့်ပြန်မှုတစ်ခုကို
ရလိမ့်မယ်လို့ ကိုယ် ထင်တယ်…

တခဏလေး သတိရပေးပါ…

ဝေးရမှာပဲလား ဆိုတဲ့အတွေး
ခေါင်းထဲကို ၀င်လာတိုင်း
ဟိုးတုန်းက ကြင်နာခဲ့တာတွေ
သတိရလို့ ပြန်လိုချင်မိတယ်…

မဖြစ်နိုင်ပါဘူးလို့ ဖြေသိမ့်ရင်း
မင်းပေးခဲ့တဲ့ အနမ်း
နွေးနွေးလေးပဲ ရှိသေးတယ်…

ဝေးရလို့ သွေးအေးသွားခဲ့ရင်
မင်းရင်ထဲမှာ သိပ်ချစ်ခဲ့ဖူးတဲ့
ကောင်လေး အကြောင်းကို…

တိုက်ဆိုင်မှုရှိတိုင်း
ထာဝရ မဟုတ်တောင်
တခဏလေး သတိရပေးပါ …
ချစ်သူရယ်…..

ဖြောင့်ချက်…

ချစ်သူ…

တကယ်တော့ ငါဟာ…
နင့် ဂရုစိုက်မှုတွေကြားမှာ
ပျော်မွေ့ နေချင်တဲ့ သူပါ…

နင့် အကြင်နာတွေကြားမှာ
နစ်မွန်း ချင်နေတဲ့ သူပါ…

နင့် အပြုံးတွေကြားမှာ
ကျရှုံး ချင်နေတဲ့ သူပါ…

တနေ့ နင်မေ့သွားမှာ စိုးမိနေတဲ့ သူပါ…

နင် မကြိုက်တဲ့ သ၀န်တိုခြင်းတွေ ကြားမှာ
အသားကျနေ သူပါ…

နင်မချော့ချင်တဲ့ စိတ်ကောက်ခြင်းတွေ ကြားမှာ
ရုန်းမထွက် နိုင်တဲ့ သူပါ…

တခါတလေ..

နားလည်ရ သိပ်ခက်လွန်းတဲ့ နင့်ကို…
နားမလည်နိုင်ခြင်းတွေ ကြားမှာ…
အဝေးကို ထွက်မသွားနိုင်တဲ့ သူပါ…

ဆွေးမြေ့ ရင်ခုန်သံ…

ကောင်းကင်ကို မော့ကြည့်တော့
မင်းမျက်နှာကို တွေ့တယ်…

ခေါင်းခါပြီး မျက်စိမှိတ်လိုက်တော့
မင်းအပြုံးကို မြင်တယ်…

ရင်ထဲမှာ ဟာတာတာနဲ့
မွန်းကျပ်တဲ့ အသက်ရှူသံကြားမှာ…

မင်းနဲ့ ပက်သက်ခဲ့ဘူးတဲ့ အတိတ်…
မင်းနဲ့ ပက်သက်ခဲ့ဘူးတဲ့ အရိပ်…

အားလုံးကို ကြက်ခြေခတ်ချင်ပေမဲ့
ဖြတ်မရ နိုင်တဲ့ သံယောဇဉ်ကြိုး တစ်ချောင်းက
ငါ့နှလုံးသားကို ချည်နှောင်ထားတုန်းလေ…

ပက်သက်ခဲ့ပေမဲ့
ဆက်စပ်လို့မရတဲ့ ဘ၀နှစ်ခုကြားမှာ…

ထွက်ပေါက်တစ်ခု အဖြစ်သာ
ငါ့ကို လွတ်မြောက်ခွင့်ပေးခဲ့ပါ…

တချက်လောက် ပြုံးခဲ့မိရင်တောင်…

အဲ့ဒါ…
ငါ့ရဲ့ ငိုကြွေးခြင်း တခုပါ….

မေ့လို့မရပါ...

မဖြစ်နိုင်တဲ့ နှလုံးသားနှစ်ခုဟာ
ဦးနှောက်ထက် နှလုံးသားကိုလိုက်လျောစွာ
ချစ်မိခဲ့...
သိပ်ချစ်တာ နှလုံးသားနှစ်ခုပဲ
အသိဆုံးပေါ့...
နားလည်မှုနဲ့ ထပ်တူပျော်ရွှင်ခဲ့...။

ဝေးရမှာ သိရက်နဲ့
ချစ်ခြင်းတွေ ချည်နှောင်မိခဲ့
ကိုလွမ်းတာ ယုံပါ့မလား...။

ချစ်တဲ့ ငါ့အချစ်ပေးဆပ်ခဲ့
မင်းကိုနားလည်ပေးခဲ့
ရင်ခွင်သစ်မှာ ပျော်ပါ့မလား...??

စိုးရိမ်းစိတ်များ တစ်သသလွမ်းတာ
ိကိုသာအသိဆုံး ကြာရင် မင်း
မေ့သွားမယ်ဆိုတာ သိပေမဲ့
ကိုယ်ချစ်တဲ့ အချစ်ဟာ
မေ့လို့မရပါ...။

ဖွင့်ဟ၀န်ခံခြင်း

မချစ်လို့ မဟုတ်ဘူး..
မုန်းလို့ လဲမဟုတ်ဘူး..
ဒါပေမယ့်
မင်းဆန္ဒနဲ့ ငါ့ဆန္ဒ
ငါ့လိုအင်နဲ့ မင်းရဲ့ ပေးဆပ်မှု့ တွေ
မမျှတတဲ့အပေးအယူတွေကြားမှာ
ခံစားချက်တွေတူနေတာတောင်
ထပ်တူပြုဖို့ ခဲယဉ်းလိမ့်မယ်......။
အပြစ်ရှိခဲ့မိပါတယ်ဆိုရင်တောင်...........
အေးစက်တဲ့ တုန့် ပြန်မှု့ တွေ
ပြင်းထန်တဲ့ စွပ်စွဲချက်တွေအောက်မှာ
မင်းကိုယ်တိုင်ပဲစွဲချက်တင်ပြီး
မင်းကိုယ်တိုင်ပဲ အပြစ်ပေးခဲ့တာ
မေ့ခွင့် ဆိုတာ မပါခဲ့ဘူးလေ........။
ငါ့ဘ၀မှာ
အကြောက်ဆုံးအရာဟာ
မင်းမရှိတဲ့ နေရက်တွေပါလို့ 
ဒူးထောက်အရှုံးပေး..
ဖွင့်ဟ ၀န်ခံခဲ့တာတောင်
ထားရက်ခဲ့တယ်လား............။
ငါကတော့
ဟက်တက်ကွဲ ဒဏ်ရာတွေနဲ့ 
မင်းရဲ့ စွန့် ပြစ်ခြင်းမှာ
စစ်မှန်တဲ့ ချစ်ခြင်းတွေ အပြစ်ကင်းဖို့ သက်သက်နှင့်ဘဲ
မျှော်လင့်ခြင်းလမ်းကျဉ်းလေးထဲမှာ
အေးခဲစွာရှင်သန်နေရဦးမှာပါ.......။
ရက်စက်လိုက်တာလို့ .....
ပြောမထွက်ခဲ့ပါဘူး.....ချစ်သူ
မင်းထင်ခဲ့တဲ့ အမှန်တရားအတွက်
မင်းထားခဲ့တဲ့ နေရာမှာပဲ
ကျေနပ်စွာ နုတ်ဆိတ်နေပါ့မယ်...
နဂိုတည်းက အဖြည့်ခံလေ............။
ရှင်းပြခွင့်မရှိတဲ့ ဘ၀မှာ
ဖွင့်ဟ၀န်ခံခြင်းတွေနဲ့ မိုးလင်းခဲ့တဲ့ ညတွေဟာ
ဘယ်ကာလ အထိရှည်ကြာနေရဦးမှာလဲ။
ချိန်ခွင်ဆိုတာ
ချိန်ကြည့်သူဖက်မှာ အလေးသာတာ
ဘာများဆန်းလို့ လဲ ချစ်သူရယ်....
တကယ်တော့ ပြင်ခွင့်မရှိတဲ့ အတိတ်တွေနဲ့ 
ဖန်တီးခွင့်မရတဲ့ အနာဂတ်တွေကြားမှာ
နင်နဲ့ ငါကမ္ဘာခြားခဲ့ပြီးသားပါ....။
ပျော်ရွင်နိုင်ပါစေချစ်သူရယ်.........
မင်းကျေနပ်ခဲ့မယ်ဆိုရင်
ငါ့နှလုံးသားကိုနင်းခြေလို့ 
ငါ့မျက်ရည်တွေကို ကျောခိုင်းသွားပါ....
တယောက်ထဲနေရစ်ခဲ့ပါ့မယ်......။
ဒါပေမယ့်
ဘယ်တော့မှပျောက်ပျက်မသွားတဲ့..
ငါ့ရဲ့ သစ္စာတရားတွေနဲ့ 
ဆက်ချစ်ခွင့်လေးတော့ ပေးခဲ့ပါ ....။

Sunday, November 15, 2009

*****ကျေးဇူးပြုပြီး ငါ့ကို.....*****

ကျေးဇူးပြုပြီး ငါ့ကိုမေ့ပြစ်လိုက်ဖို့ မပြောခဲ့ပါနဲ့
င့ါအနာဂတ်တွေမှာ မင်းမ၇ှိပေမဲ့ မင်းကိုချစ်ခဲ့ဖူးတဲ့
နှလုံးသားတစ်ခုနဲ့ ၇ှင်သန်နေချင်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုစာနာမူ့တွေမပေးခဲ့ပါနဲ့
ငါနောက်ဘ၀တွေထိ မင်းကို သတိ၇
တမ်းတ မျှော်လင့်မိနေမှာကြောက်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုမင်းနဲ့၇ှိခဲ့ဖူးတဲ့
အတိတ်မှာပဲ ရှင်သန်ခွင့်ပေးပါ မင်းမရှိတဲ့
အနာဂါတ်တစ်ခုကို ငါမလျှောက်လှမ်းချင်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုပြုံးပြခဲ့ပေးပါ
မင်းအပြုံးက ငါ့ကြေကွဲမူ့အတွက်ပေးတဲ့နှစ်သိမ့်ဆု
ဖြစ်ပေမဲ့ ငါ့အတွက်တော့ အလိုချင်ဆုံးဆုတစ်ခုဖြစ်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုနူုတ်ဆက်မသွားပါနဲ့
ငါ့ကိုမင်းချန်ထားခဲ့တယ်လို့ မခံစားနိုင်လို့ပါ….. ။ ။

Saturday, November 14, 2009

“နှလုံးသား မိုက်”

မင်းငါ့ကို ထားသွားခဲ့တာကြာပေမဲ့
ငါ့အချစ်တွေက အသက်ဝင်၇ှင်သန်နေသေးတယ်…..

ငါမင်း ကိုမေ့ပြစ်သင့်တာ ကြာပေမဲ့
အမှတ်တ၇များစွာက ပြန်တမ်းတမိနေသေးတယ်…..

ငါမင်းကို နာကျည်း မုန်းမေ့သင့်ပေမဲ့
စာနာ နားလည် ခွင့်လွတ်မိနေသေးတယ် …..

မင်းအကြောင်းဒိုင်ယာရီ
အဆုံးသတ်သင့်တာကြာပေမဲ့၇င်ထဲက
ခံစားချက်များစွာဖြင့် အသက်သွင်းမိနေသေးတယ်…..

ငါမင်းကိုမချစ်သင့်တာသိပေမဲ့
င့ါနှလုံးသားမိုက်က ဇွတ်မိုက်မိနေသေးတယ်
သြော် ……ဇွတ်မိုက်မိနေသေးတယ်…… ။ ။

တကယ်ဆို.....

ချစ်ခဲ့မိပါတယ် ချစ်သူ…
အတူကြည်နူး ပျော်ဖူးခဲ့ကြတယ်လေ…

ကုန်ဆုံးသွားတဲ့ အချိန်တွေ ပြန်မရနိုင်တော့လို့
လွမ်းစရာကို နာစရာနဲ့ပဲ ဖြေပါ့မယ်…

လျှောက်ခဲ့ဖူးတဲ့ လမ်းတွေဟာလဲ
အခုတော့…
အထီးကျန် ဆန်လွန်းလှပါတယ်…

ကံကြမ္မာကိုလဲ ရိုးမယ်မဖွဲ့တော့ပါဘူး…
ကိုယ်ကိုတိုင်က သတ္တိနဲခဲ့လေတော့
လှည့်မကြည့်နိုင်အောင် မင်းမုန်းသွားပြီပေါ့…

ရင်မှာ မင်းတစ်ယောက်ပဲ ရှိခဲ့ပေမဲ့
မလွန်ဆန်နိုင်တဲ့ မိဘ အသိုင်းအ၀ိုင်းကြားမှာ
ကို့ ကိုနားလည်ပေးပါချစ်သူ…

မင်းကတော့…နောက်အသစ်ပြောင်းချစ်
အဟောင်းဖြစ်တဲ့ ကို့ ကို
စွန့်ခွာသွားခဲ့ပြီပေါ့…

မင်းကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ကို့အတွက်
အကြင်နာအကြည့်လေး တစ်ချက်ပဲရှိစေချင်တာပါ…

ကို့ ကိုတွေ့တိုင်း မဲ့ပြုံးပြုံးနေတဲ့မင်းကို
ချိုသာတဲ့ အပြုံးလေးတွေနဲ့ပဲ မြင်ပါရစေနော်…

လမ်းတွေ့ရင်ရှောင်…
မမြင်ချင်ယောင်ဆောင်နေတဲ့ မင်းဟာ

တကယ်ဆို…
ချစ်ခဲ့ဖူးတဲ့ ကို့ချစ်သူ ပါပဲကွာ…..

ဆိုင်သူမသိတဲ့ ဒိုင်ယာရီ...

မောင်...
မျက်နှာမြင်ခွင့်မရပေမဲ့ အလွမ်းရင့်ရင့်
ဒဏ်ရာတွေ ဖြေသာပါတယ်ရင်ထဲ...
ထင်ဟပ်ဆဲပုံရိပ် တိတ်တိတ်ကလေး
ကြည်နူး မောင့်အပြုံးတွေရဖူးတယ်...
မောင်...
စကားသံချို ကြားခွင့်မရပေမဲ့
တမ်းတတဲ့ ဝေဒနာ ဖြေသာပါတယ် နားထဲ...
ကြားယောင်ဆဲ သံစဉ်တချို့ ရင်ခုန်ဖို့
ကျန်ရစ် မောင်ထားပစ်ခဲ့တယ်...
မောင်...
ရှေ့ဆက်ရေစက်ဆုံဖို့ ကံကြမ္မာ မရေရာပေမဲ့
မျိုသိပ်ပစ်လိုက်တဲ့ ကြေကွဲရိပ်တွေ ဖြေသာပါတယ်...
ကြည်နူးခဲ့ရတဲ့ အတိတ်ထဲ ဆုံခဲ့ဖူးတဲ့ အကြည့်
အပြုံးတွေနဲ့ ရင်ခုန်ခဲ့ဖူးတဲ့ အကြင်နာတွေကြား
တားထားတဲ့ စည်းတဖက်မှာ...
မောင့်
ရင်ထဲ အရိပ်တစ်ခုတော့ ထင်နေပါစေလို့နော်....

ချစ်သူ



ကိုယ့်ဘ၀ထဲကို
မထင်မှတ်ဘဲ ရောက်လာခဲ့သူရေ….
ဘယ်သူ့ဆီကမှ မရခဲ့ဘူးတဲ့
ပျော်ရွှင်မှုတွေ မင်းဆီက ရခဲ့တယ်..
ကိုယ့် အတိုင်းမသိ ပျော်ပါတယ် ချစ်သူ….
ကိုယ့်ဘ၀မှာ
တခါမှ မကြားဖူးခဲ့တဲ့
အကြင်နာစကားတွေကို
မင်းပြောခဲ့တယ်
ကိုယ်အတိုင်းမသိ ကြည့်နူးမိတယ် ချစ်သူ..
ကိုယ့် ဘ၀မှာ
ဘယ်သူမှ ဖြည့်ဆည်းမပေးနိုင်တဲ့
လိုအပ်ချက်တွေကို မင်းဖြည့်ဆည်းပေးခဲ့တယ်
ကိုယ်အတိုင်းမသိ ၀မ်းမြောက်မိတယ် ချစ်သူ…
မင်းဟာ..
ကိုယ်ဘ၀ရဲ့ ပျော်ရွှင်မှုပေးတဲ့
အလင်းရောင်ပါ…
အေးချမ်းမှုပေးတဲ့ အရိပ် အာဝါသကောင်းတဲ့
သစ်ပင်ကြီးဆိုလည်း မမှားပါဘူး…
အချစ်ဆိုတာကို ကြောက်တဲ့ ကိုယ့်ကို
ချစ်တတ်အောင် သင်ပေးတဲ့ မင်းကို
အရမ်းချစ်တာဘဲ ကောင်လေးရယ်….

သူပြန်သွားသော်

နွေပြန်သွားသော်
ကြွေရွက်ဝါများ ထားခဲ့သည်။

မိုးပြန်သွားသော်
မိုးပုလဲများ ထားခဲ့သည်။

ဆောင်းပြန်သွားသော်
နှင်းပွင့်ဖြူများ ထားခဲ့သည်။

သူပြန်သွားသော်
ဘာများကျန်ခဲ့
စောင်းငဲ့ကြည့်ရာ
လွမ်းအားသာသည့်
ကဗျာလေးများ ထားခဲ့သည်

Friday, November 13, 2009

မေမေ..သို့................

မေမေ

မေမေရေ…မေမေ
ထမင်းဆီဆမ်းပြီးရင် သမီးကို
မေမေ့ လင်ဗန်းလေးနဲ့ပဲပေးပါ။

အဲဒါက……ဘာလဲဟင် မေမေ
အဲဒါက……ဖြစ်မယ်ထင်တယ်နော် မေမေ
အဲဒါက…… မဟုတ်ဘူး မေမေရဲ့ 
ဘာပဲဖြစ်ဖြစ် မေမေကတော့ခေါင်းငြိမ့်နေတက်ပါတယ်
မေမေ…ရယ်………………

လမင်းကြီးလို သမီးမော့ကြည့်ခဲ့ရတဲ့ မေမေ
အခု… လက်ပတ်နာရီလေးလို ငုံ့ကြည့်နေရတဲ့ မေမေ
သမီးကြီးထွားလာဖို့ မေမေကသေးနုံ့သွားတာမဟုတ်ပေမယ့်
ဆံစတွေကို ပွတ်သပ်ပေးတဲ့ မေမေ့လက်တွေကတော့
သမီးဦးခေါင်းပေါ်ရှိတုန်းပါပဲ……။

သမီးအိပ်မက်တွေမကောင်းတဲ့အခါ
ရေတစ်ခွက်မတိုက်ပါနဲ့ .. မေမေ
အိပ်ရာဝင်ပုံပြင်လေးကိုပဲ
ငယ်ငယ်ကလို တစ်ခေါက်ပြန်ပြောပြပါ….

ငှက်ကလေးတစ်ကောင်အတွေးနဲ့
ကျွန်တော်က သစ်သီးတစ်လုံးကိုက်ချီဖို့ စဉ်းစားချိန်မှာ
မေမေကတော့ သူ့သမီးအတွက် အတောင်ပံဖြစ်ပေးချင်ပုံရ
လေဟာနယ်ဖြစ်ပေးချင်ပုံရ..
သစ်ကိုင်းတစ်ကိုင်းဖြစ်ပေးချင်ပုံရခဲ့တယ်……..

တစ်ကယ်တော့…မေမေရယ်
သမီးရော မေမေရော မြူမှုန်လေးတွေပါ
မေမေက သမီးကိုချစ်တာ၊ သားကမေမေကို ချစ်တာ
ဒါကပဲ….. သမီးတို့အတွက်
စၾကာဝဠာ အနႏ ၱကမ ၻာၿဖစ္သြားတာပါ။

ကျောင်းတံခါးတွေနဲ့ ဝေါ်ရာသွားတဲ့နေ့တုန်းက
သမီးကိုခေါင်းလောင်းသံလို ဆူညံခဲ့တဲ့..မေမေ..

သမီးက.. နှင်းဆီပွင့်လေးပေးတော့
သူ ရယ်တယ်မေမေ…. ဆိုတုန်းကလည်း
သမီးရယ်….. လို့ ရေရွတ်ခဲ့တဲ့ မေမေ…..

ဘဝဆိုတာ…….
မေမေဖျော်ပေးခဲ့တဲ့ ကော်ဖီခွက်လိုမှ မဟုတ်တာကွယ်.. ဆိုတော့လည်း မေမေ….

သမီးလေ… အိမ်ကလေးကို မမြင်နိုင်တဲ့ညတွေတုန်းက
ကြယ်တွေကိုမြင်တိုင်း မေမေ့ကိုသတိရ
မေမေ့ အပြုံးလည်း အဲဒီလို တဖျတ်ဖျတ်လက်တယ်…
သမီး ရဲ့  လမ်းကဆူးတွေကို သမီး ထွင်တာတောင်
မေမေက သမီးကိုယ်စားနာကျင်နေခဲ့မှာ…….
မေမေရယ်……..

အဲဒီတုန်းက
မေမေ့ဆီ သမီးစာထည့်ဖြစ်ဘူး
မေမေ့ဆီ သမီးအသံတွေ မပို့ဖြစ်ဘူး
ဒါပေမယ့်…….. အရင်ကအတိုင်း
မေမေရေ…. မေမေ လို့တော့အမြဲသတိရ
သမီး……. ဖွဖွလေး ” တ” ပါရဲ့  မေမေ။ ။

မေမေရေ……. မေမေ
သမီးကို အိပ်ရာဝင်ပုံပြင်လေး ပြန်ပြောပြပါ။
ပြီးရင်……
ထမင်းဆီဆမ်းကို မေမေ့လင်ဗန်းနဲ့ပဲပေးပါ မေမေ။

မချစ်နိုင်သူသို့ ......

သူငယ်ချင်း
မင်းက အရမ်းချစ်တတ်ခဲ့ပေမယ့်
ကိုယ်ကတော့ ရင်ခွင်ဗလာဘဲပေါ့
ဘယ်သူနဲ့မှ မတူတဲ့
ဘယ်သူ့အတွက်မှ မဟုတ်တဲ့
မင်းရဲ့ အချစ်တွေကို
ကိုယ် ပက်ပက်စက်စက် လစ်လျူရှုလို့ပေါ့…
ဝမ်းနည်း ကြေကွဲခြင်းတွေပဲ
ပေးနိုင်ခဲ့တဲ့ ကိုယ့်ကို
မင်းမမုန်းရက်ခဲ့တဲ့ အပြင်
အချစ်တွေ ပိုတိုးလို့ပေါ့
ဘယ်သူ့ကိုမှ မချစ်နိုင်တော့တဲ့
မင်းရဲ့အချစ်တွေအတွက်
ကိုယ်ပြန်ပေးနိုင်တာ
သံယောဇဉ်ပေါ့……
ပြန်မချစ်နိုင်တာ မဟုတ်ဘဲ
ချစ်တတ်တဲ့ အသည်းနှလုံးကို မရှိတဲ့
သမဏိ နှလုံးသား ပိုင်ရှင်ကြီးကို
မင်းဘ၀ထဲက
အပြီးအပိုင် ထုတ်လိုက်ပါလား
သူငယ်ချင်းရယ်………….။

ဂတိ

ကတိ........
မင်းမေတ္တာမပျောက်သရွေ့
ငါ့ဘက်က ဘယ်တော့မှ
သစ္စာမဖောက်ဘူး….
မင်းဆုပ်ကိုင်ထားသရွေ့
ငါ့ဘက်က ဘယ်တော့မှ
လက်တွဲမဖြုတ်ဘူး…..
ငါ့ရဲ့ နှလုံးခုန်သံတိုင်းဟာ
မင်းအချစ်နဲ့မှ အသက်ရှင်ခွင့်မှာပါ တကယ်
မတောင်းဘဲနဲ့ ကတိအထပ်ထပ်ပေးခဲ့တာဘဲ
အခုတော့လည်း
နွေခေါင်ခေါင် ကြီးမှာတောင်
င့ါအသည်း တစ်ခြမ်း
မိုးကြိုးပစ်ခံလိုက်ရ သတဲ့….

သင့်အတွက် တိုက်ဆိုင်တဲ့ တစ်ကြောင်းတော့ရှိလိမ့်မယ်..

သင့်အတွက် တိုက်ဆိုင်တဲ့ တစ်ကြောင်းတော့ရှိလိမ့်မယ်

၁။ မင်းငါ့ရင်ထဲကို ၀င်ကြည့်လို့ရမယ် ဆိုရင် မင်းငိုမယ် ဘာလို့လဲဆိုတော့ ငါရင်ထဲမှာ မင်းနဲ့ ပြည့်ကြပ်နေလို့။ ငါမင်းရင်ထဲကို ၀င်ကြည့်လို့ရမယ် ဆိုရင် ငါငိုမယ် ဘာလို့လဲဆို မင်းရင်ထဲမှာ ငါမရှိလို့။

၂။ တရက် ငါတို့တွေ မထင်မှတ်ပဲ ဆုံကြရင် ငါ့ခြေလှမ်းတွေကို ရပ်လိုက်မယ်။ တဖြေးဖြေး ဝေးသွားတဲ့ ကျောပြင်ကိုကြည့်ပြီး ငါကိုယ့်ကို ပြောမယ် “အဲဒီလူကို ငါချစ်ခဲ့ဖူးတယ်” လို့။

၃။ ဘာလို့ ဒီလောက် အေးစက်ရတာလဲလို့ ငါခံစားနေရတယ်။ ငါနွေးထွေးဖူးတော့ ဒီအအေးဓါတ်ကို မခံနိုင်တာ။

၎။ မင်းငါ့ကို ခွဲခွါမယ်ဆိုရင်လဲ ငါမတားပါဘူး မင်းမှာမင်းရဲ့အကြောင်းတွေရှိလို့နေမှာပေါ့။ မင်းငါကို ချစ်နေသေးတယ်လို့ပြောရင် ငါမင်းကိုပြောမယ် ငါအခုထိစောင့်နေသေးတယ်။

၅။ မပြောရင် ပြောင်းလဲသွားမှာမဟုတ်လို့ ထာဝရမပြောရင် ထာဝရပြောင်းလဲမှာမဟုတ်ဘူး။

၆။ မင်းဒီလောကကိုရောက်လာတုန်းက ငိုတယ် မင်းငိုတာကိုကြည့်ပြီး အားလုံးပြုံးကြတယ်။ မင်းဒီလောကကနေထွက်သွားတော့ မင်းပြုံးတယ် အားလုံးငိုကြတယ်။

၇။ မင်းကို ငိုစေတဲ့ အကြောင်း တစ်သောင်းလောက်ရှိမယ်ဆိုရင် မင်းကို ရီစေတဲ့ အကြောင်း တစ်သောင်းနဲ့ တစ်ခု ရှိမယ်။

၈။ ကြံ့ခိုင်အောင်လုပ်တယ်ဆိုတာက ကိုယ့်ကို လိမ်နေတာမဟုတ်ပါဘူး။ လိမ်ခံရတာကို ခံနိုင်ရည်ရှိအောင်လုပ်တာပါ။

၉။ ဘာလို့ ငါ့အချစ်တွေကို ပေးနေတဲ့အချိန်မှာ ငါချစ်တာမှားသွားပြီး။ သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့သူနဲ့ မတွေ့တာဘာကြောင့်လဲ။

၁၀။ လေတံခွန်လွတ်တာ ချစ်နေရတဲ့ခံစားချက်ပါပဲ။ ဘယ်လိုဝေးကွာနေပါစေ လွယ်လွယ်နဲ့ မပြောင်းလဲဘူး။ ဘာလို့လဲဆိုတော့ မင်းလက်ထဲက ကြိုးကိုမင်းကိုင်ထားလို့ မင်းတို့ရဲ့ သံယောဇဉ်ကြိုးလေးပါ။

၁၁။ လူတွေအကြားမှာ ငါကဘယ်သူလဲ။ ငါဘယ်ဘက်ကိုသွားလိုက် ညာဘက်ကိုသွားလိုက်နဲ့။ ငါမျက်စိတွေလည်နေတယ်။ မိုးရွာတယ်။ ကောင်းကင်ကြီးငိုနေပြီ လို့ ငါပြောတယ်။

၁၂။ Believe ဆိုတဲ့ စကားလုံးမှာတောင် lie လေးကပါနေတယ်။ lie နေရင်တောင် ငါယုံပါ့မယ်။

၁၃။ မင်းငါ့ကို ထွက်သွားတော့လို့ပြောတယ်။ ငါထွက်သွားခဲ့ပါတယ်။ ငါထွက်သွားပြီးတော့ မင်းက ငါ့ကို ပြန်လာဖို့ တောင်းပန်တယ်။ sorry ပါ ငါထွက်သွားတာ အဝေးတနေရာကိုရောက်နေပြီ။

၁၄။ ချစ်တဲ့သူနဲ့ ရန်ဖြစ်ပြီး သူစိမ်းလူတယောက်ကို ငါရင်ဖွင့်နေရတယ်။

၁၅။ မင်းရဲ့ ဂရုစိုက်တာတွေကို ငါမျှော်ရင်း ငါကိုယ့်ကိုဂရုစိုက်တတ်လာပြီ။

၁၆။ မင်းထွက်သွားတဲ့ နေ့က ငါမျက်ရည်မကျဘူး ငါမျက်တောင်မခက်မိအောင်ငါကြိုးစားခဲ့တယ်။

၁၇။ အချစ်ဆိုတာ နာကျင်စေပါတယ်။ ရက်စက်တဲ့သူတွေကတော့ သူ့ချစ်သူကို နာကျင်စေတယ်။ သဘောထားပြည့်ပြီးမြတ်နိုးတဲ့သူတွေကတော့ သူတို့ကိုသူတို့ နာကျင်စေတယ်။

၁၈။ နှမျောဖို့ကောင်းတာကတော့ လက်မလွတ်ရမှာကို လွယ်လွယ်နဲ့ လက်လွတ်ပြီး ခေါင်းမမာသင့်တဲ့ နေရာမှာ ခေါင်းမာနေကြတယ်။

၁၉။ လူတစ်ယောက်ကိုလွမ်းတာ ရေအေးတစ်ခွက်သောက်ရသလိုပဲ ကြာရင် မျက်ရည်ဖြစ်သွားတယ်။

၂၀။ မသိလိုက်တဲ့အချိန်မှာ စတင်ခဲ့တယ်။ တားဆီးလို့မရတဲ့အချိန်မှာ ပြီးဆုံးသွားတယ်။

၂၁။ စောင့်မျှော်တယ်….မလွယ်ကူပါဘူး။ နာကျင်စေတယ်…..မသိလိုက်တဲ့အချိန်မှာတောင်နာကျင်စေခဲ့ပါတယ်

နင်မမြင်နိုင်ပေမယ့်

နင်မမြင်နိုင်ပေမယ့်
နင်မြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်
နင့်ကိုပြောမပြနိုင်တဲ့
ငါမက်တဲ့အိပ်မက်တိုင်းမှာ
နင်အမြဲပါတယ်
နင်မကြားနိုင်တဲ့
ငါဆိုတဲ့သီချင်းတိုင်း
နင့်ကိုရည်ရွယ်တယ်
နင်မဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာ တိုင်းနင်ကိုခံစားတယ်
နင်မဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
နင့်ကြောင့်သေဆုံးကုန်တယ်
ဒါပေမယ့်
နင်မလိုချင်တဲ့
ငါ့နှလုံးသားပွင့်တဲ့ပန်း
နင်ခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေမယ်.....

အမှောင်ထဲကငါ....

တခြာလူတွေ အတွက်တော့
တမိုးလင်းခဲ့ ပြန်ပြီးချစ်သူ.........
ငါနားမှာမင်းမရှိတဲ့ နေ့တွေညတွေကို
ငါဘယ်လိုရင်ဆိုင် ဖြတ်သန်းရအုံးမှာလည်း
အမှန်တကယ်ဆို...........
မင်းမရှိတဲ့နေ့ ကစပြီး
ငါကမ္ဘာကြီးတစ်ခုလုံး....
အမှောင်ကျသွားလိုက်တာ
အခုထိပဲ ငါမှာမိုးမလင်းနိုင်တော့ဘူး.

နယ်လွန်အတွေး

ဒီအာရုံ တစ်မိုးသောက်...
ငါရော သူရော စိတ်ခြောက်ခံရတယ်...
ငါလေ တလွဲအတွေးနဲ့...
တစ်ပွဲတစ်လမ်း နွှဲပြန်တယ်...
မရည်ရွယ်မှန်း သူသိစွမ်းလေ...
ငါ ရင်ထဲ ပိုထိလေပါပဲ...
သူ့ခံစားချက်တွေကို ဖြေသိမ့်ဖို့အရေး...
ငါ့ဆွေးနွေးမှုက ဆိုးရွားစေလို့...
ငါ ကိုယ်ငါလည်း ထိန့်လန့်မိတယ်...

ငါ နှစ်သိမ့်နေတာလား...
နှစ်မြုပ်နေတာလား...
ငါ လက်တွဲခေါ်နေတာလား...
လက်တွဲဖြုတ်နေတာလား...
ငါ အားပေးနေတာလား...
အထာပေးနေတာလား...
သေချာတာက ငါ့ကိုယ်ငါဘာမှန်း...
ငါ မဆန်းစစ်ရဲသေးဘူး...

သူ ကြောက်တာကို...
ငါ ခြောက်မိနေသလို...
ဒီမီးတောက်ကလည်း...
မလောက်လေးမလောက်စားနဲ့...
ငါတို့စိတ်ကို ဆောက်တည်ရာမဲ့စေတယ်...
တကြော်ကြော်နဲ့ ငါမအော်ပါဘူး...
တမျှော်မျှော်နဲ့လည်း ငါမခေါ်ပါဘူး...
တကယ်ဆို ငါက သူ့ကို...
တော်ရာမှာ နေပြီး...
ပျော်စရာတွေနဲ့သာ ကြုံစေချင်တာ...

နားလည်မှုကို ကြားခံ...
ငါတို့ အပြန်အလှန်...
ရင်းနှီးမှုကို တံတားထိုးတယ်...
သူက ယုံကြည်မှုနဲ့ ရှေ့ကိုလှမ်း...
ငါက ကြမ်းတမ်းမယ့် လမ်းကိုတွေးကြောက်...
ခြောက်ခြားမှုနဲ့ ကမ်းလှမ်းချက်တွေကို
အကြိမ်ကြိမ် ခေါင်းရမ်းမိနေတယ်...
မျှော်လင့်ခြင်းတွေ ထုံကျဉ်လို့...
ဆုံဆည်းခြင်းကိုလည်း ငါ မက်မောတယ်...
အတွေးတစ်စနဲ့ ငါ့စိတ်တွေ ရှုပ်ထွေးရင်း...
နွေးထွေးတဲ့သူ့အသံမှာလည်း ငါ နစ်မြောတယ်...
မရေမရာ မသေမချာနဲ့ ငါ့စိတ်တွေထွေပြား...
ခါးခါးသီးသီး ငြင်းဖို့ရန်လည်း ငါ ရင်မောတယ်...

ငါ့စိတ်တွေက တိမ်တွေလို...
လေယူရာ ယိမ်းနွဲ့နေတယ်...
ထိန်းနေရင်းနဲ့လည်း ၂၃ ၁/၂ ဒီဂရီမက...
ဟိုဒီဘယ်ဝယ် တိမ်းစောင်းနေတယ်...
ငါ့အတွေးတွေလည်း ကန်ရေပြင်လို...
ကြည်လင်သယောင်ယောင်နဲ့...
ခဲတစ်လုံးကျ,လိုက်တိုင်း...
လှိုင်းဂယက်တွေ အဆက်မပြတ်...
ဖြာထွက်နေကြတယ်...

နယ်လွန်အတွေးနဲ့...
ငါ လှည့်မကြည့်ဘဲ...
ချဲ့ကားတွေးတယ်...
အတွေးကွန်ရက်မှာ...
အထပ်ထပ် ငေးရင်း...
အဖြေတွေလည်း နီးရက်နဲ့ဝေးတယ်...
နှစ်ဦးပိုင် အိပ်မက်တွေကိုလည်း...
ငါ အဆိပ်ကျွေးမိတယ်...
ဖြစ်နိုင်ရင် ငါ့အတွေးတွေကို စုပေါင်း...
အဟောင်းဆိုင်မှာ...
ငါ ချရောင်းပစ်ချင်ကြောင်း...
တောင်းပန်မှုကို မလိုလားတဲ့ သူ့ကို...
ကောင်းကောင်းသိစေချင်တယ်...

လျှောက်လဲချက်

ဖွင့်ပြောမှ သိမှာလား
လွင့်မျောခဲ့တာ ကိုယ်ပါကွာ
မင်းရှေ့ကိုရောက်လာတဲ့
သစ်ရွက်ခြောက်လေးပါ
ဖွဖွလေးကောက်ပြီး
ရေကြည်တစ်ပေါက်လောက်
တိုက်လှည့်ပါ.....

ဖွင့်ပြောမှ သိမှာလား
လောင်ကျွမ်းခဲ့တာ ကိုယ်ပါကွာ
မင်းရှေ့ကို ရောက်လာတဲ့
မီးတောင်အောက်က
ပြာမှုန်လေး တစ်မှုန်ပါ
ဖွဖွလေးကောက်ပြီး
လေပြည်အေးနဲ့
နွေးထွေးပါ....

မင်းကောက်ယူလိုက်တာနဲ့
နှစ်ယောက်အတူအေးမြပါရစေ ...

သခင်သိစေ ..........

သခင် .........................................
သခင်နဲ့ ကျွန်မ စသိစဉ်အခါက ...
မျက်ဝန်းအတွေ့မှာ ... ရင်ခုန်ခြင်းနဲ့ပြည့်ခဲ့ဘူးတာ
သခင့် သံယောဇဉ်ကြိုး ... သခင့် မြတ်နိုးမှု ပျိုးခင်းထဲ...
ကျွန်မပီတိ ... ရင်ထဲငြိခဲ့ဘူးတာ
အာရုံထဲမှာ အမှတ်ရနေဆဲပါ။

သခင် .........................................
သခင်နဲ့ ကျွန်မ ချစ်သူဖြစ်စဉ်အခါက
မေတ္တာထုထည်ပြိုင် ... သစ္စာတွေတိုင်ခဲ့ဘူးတာ
သခင့် ရင်ခွင်ရိပ်ကိုခိုလှုံ ... သခင့်မေတ္တာအဟုန်နဲ့
ကျွန်မ ကြည်နူး ... အထူးပျော်ခဲ့ဘူးတာ
ပြန်တွေးတိုင်းမှာ ရင်ထဲနွေးထွေးနေဆဲပါ။

သခင် ...........................................
ထိုစဉ်အဝေး သခင်ထွက်ပြေးစဉ်အခါက ...
ရင်မှာမငြိုငြင် ... လွမ်းစိတ်တွင်ခဲ့ဘူးတာ
သခင့်အရိပ် တမ်းတစိတ်ဖြင့် ... အိပ်ပျက်မှုတွေနဲ့
ကျွန်မ စိုးထိတ် ... တိတ်တိတ်ကြေကွဲခဲ့ဘူးတာ ...
ခံစားမိခိုက်မှာ ထိခိုက်နာကြင်နေဆဲပါ။

သခင်ရေ ..........................................
သခင်ထားခဲ့တဲ့ ကိုးနှစ်ဆိုတဲ့ အချိန်ကာလ
ကျွန်မစောင့်ဆိုင်းခဲ့ရဘူးတာ ...
တစ်ရက် ... တစ်လ ... တစ်နှစ်ဟာ
တစ်သက် .... တစ်ဘ၀ ... တစ်ကမ္ဘာ မကခဲ့လည်း
ကျွန်မရင်ထဲက ... စစ်မှန်တဲ့ ချစ်ခြင်းတစ်ခုကို
ပြောင်းလဲစေလိုခြင်းငှာ ... မစွမ်းသာခဲ့ပါဘူး
ကျွန်မ ချစ်မြဲ ... မေတ္တာရှိဆဲပါ။

ဒါပေမဲ့ .... ဒါပေမဲ့ပေါ့ သခင်
နာကြင်စေတာလည်း ဒီကိုးနှစ်တာ
အနည်ထိုင်စေတာလည်း ကိုးနှစ်တာပါ
နာကြင်မှုကို အနိုင်ယူဖို့ မာနကိုစစ်ကူတောင်း
ဘ၀ကို မနည်းပြောင်းလဲခဲ့ရတာ ခုချိန်ခါမှ
ကျွန်မရင်ခွင်ကို ပြန်လာချင်လို့ သခင်ကမ်းလှမ်းလည်း
ရှိလက်စနဲ့ ရှိပါစေတော့ သခင်
ကျွန်မနှလုံးသား ရေပြင် ... လှိုင်းမထစေချင်တော့လို့
သခင့်ဆီမှာ ကျွန်မအတွက်
ချစ်မေတ္တာ သစ္စာတရားတွေ
ကျန်ရှိနေခဲ့ဦးမယ် ဆိုရင်တောင်
သံယောဇဉ် ဒီနှောင်ကြိုးကို ခပ်ပြတ်ပြတ်လေးဖြတ်
ဂရုဏာ ထားတဲ့အနေနဲ့ အချစ်ဥပက္ခာတရားလေးသာ
သခင် ပေးအနားပါ။

လွန်ဆွဲတဲ့ပွဲ

ဝမ်းနည်းစရာကောင်းတဲ့
နင်နဲ့ငါကြားက ချစ်ခြင်းတရား
အတ္တနဲ့ မာနသာများခဲ့
နင့်အတ္တရဲ့ ... အလုံးစုံပိုင်ဆိုင်လိုခြင်းနဲ့
အထိခိုက်မခံနိုင်ခဲ့တဲ့ ငါ့မာန
ရင်ဆိုင်ဆုံတွေ့ကြတော့
လွန်ဆွဲတဲ့ ပွဲတစ်ပွဲ
နင်နဲ့ငါ နွဲမိတယ်နော်
အတ္တနဲ့ မာန
အားပြိုင်ဆွဲတဲ့ပွဲမှာ
အတ္တလဲစိတ်ဆိုး
မာနလဲစိတ်ဆိုး
ရှေ့ဆက်မတိုးနိုင်လို့
အတ္တလည်း ကိုယ့်ကိုကိုယ်သတ်
မာနလည်း ခပ်ပြတ်ပြတ်ပဲဆုံးဖြတ်
နောက်ဆုံးရလဒ်က
နင်တစ်နေရာ ... ငါတစ်နေရာ
အဝေးဆုံးမှာ ..............။

စကား စကား ပြောပါများ

အပြစ်တင်တဲ့စကား ... ပြောပါများ
အငြိုးအတေးထား ....................

ချီးကျူးတဲ့စကား ... ပြောပါများ
နားလည်မှုတိုးပွား ....................

ရိသဲ့သဲ့ ခနဲ့စကား ... ပြောပါများ
အထင်သေးရန်ပွား ...................

အရေးပေးတဲ့စကား ... ပြောပါများ
ဆက်ဆံရေး တစ်လေးတစ်စား ........

ဲငြင်းဆန်မှုစကား ... ပြောပါများ
ရင်နှီးမှုကပျက်ပြား .......................

အလေးထားတဲ့စကား ... ပြောပါများ
လူနဲ့လူကြား ခင်မင်မှုတိုးပွား ............

အမိန့်ပေးစကား ... ပြောပါများ
မတတ်သာ လက်လံငြား
ကျေနပ်မှု မရှိပါလား .......................

ညှိနှိုင်းတိုင်ပင်တဲ့စကား ... ပြောပါများ
အုပ်ချုပ်နေလင့်ကစား
ပြောစကားအလေးထား ...................

ဝေဖန်ကဲ့ရဲ့စကား .... ပြောပါများ
တိုးတက်မှုတွေ နှောင့်နှေးသွား ...........

အားပေးလမ်းပြစကား ... ပြောပါများ
စွမ်းရည်တိုးပွား .............................
လုပ်ကိုင်ရည် မြင့်တတ်သွား ..............

လိမ်ညာဖုန်းကွယ်စကား ... ပြောပါများ
တစ်ဦးနဲ့တစ်ဦးကြား ........................
ယုံကြည်မှု မရှိတော့ပါလား ................

အချစ်ငရဲ

အချစ်ငရဲ
ချစ်ခြင်းက အေးမြတယ်တဲ့
ငါအတွက် ပူလောင်တယ်
ချစ်ခြင်းက ကြည်နူးစရာတဲ့
ငါအတွက် ကြေကွဲစရာပဲ
ချစ်ခြင်းက နူးညံ့တယ်တဲ့
ငါအတွက် ကြမ်းတမ်းတယ်
ချစ်ခြင်းက ပျော်ရွှင်စရာတဲ့
ငါအတွက် ဝမ်းနည်းစရာပဲ
တကယ်ကို ငရဲ ကြနေတာလား...
မမြင်နိုင် မေတ္တာတွေရော
ငါမှာမရှိတာကြာပါပြီ
ဖြတ်မရတဲ့ သံယောဇဉ်ရော
ငါမှာမရှိတာကြာပါပြီ
ကတိတွေ သစ္စာတွေရော
ငါမှာမရှိတာကြာပါပြီလေ..
အခုတော့ ပူလောင်ခြင်းနဲ့
ပြည့်နေတဲ့ ရင်မှာ ..
ချစ်ငရဲ ကျနေပြီပေါ့.

မင်းကြောင့်ခံစားချက်



ချစ်ခြင်းမဲ့နှလုံးသားမင်းကြောင့်


ချစ်တက်လာခဲ့တယ်


အထီးကျန်နှလုံးသားမင်းကြောင့်


စိုပြေလာခဲ့တယ်


သံစဉ်မဲ့နှလုံးသားမင်းကြောင့်


သီကျူးတက်လာခဲ့တယ်


ကာရန်မဲ့နှလုံးသားမင်းကြောင့်


ကဗျာစပ်တက်လာခဲ့တယ်


မခံစားခဲ့ဘူးတဲ့နှလုံးသားဟာမင်းကြောင့်


ခံစားချက်မျိုးစုံခံစားတက်ခဲ့တယ်


နောက်ဆုံးတော့လည်း……………..


ဘယ်တော့မှမနာကျင်ခဲ့တဲ့နှလုံးသားကမင်းကြောင့်


အသည်းကွဲခံစားချက်ကိုခံစားတက်ခဲ့ပြီပေါ့လေ

အကြောင်းစုံ.....

သက်ဆိုင်သူများအတွက်ဆိုတဲ့ ကဗျာက.............နှလုံးသားနဲ ရင်းပြီးရရှိခဲ့ တာပါ.................
သူဟန်ဆောင်ခဲ့ တယ်..................ချစ်တယ်ဆိုပြီးမချစ်ခဲ့ ပါဘူ...........
သူပေးတဲ့အနမ်းအတုတွေကိုရင်ခုန်ခဲ့ တာ........................

သတိရခြင်းကဗျာ

ချစ်သူ.........
ရင်မှာ သိမ်းထား
အချစ်များစွာ
ချစ်သူ့အတွက်ပါ။

ချစ်သူ...........
တိုင်တည်ဆုတောင်း
မဝေးစေကြောင်းဟာ
အမြဲသစ္စာပါ။

ချစ်သူ...........
ဖော်မဲ့ကွာဝေး
တကိုယ်တည်း ဆွေးရတာ
နေ့စဉ်နေ့တိုင်းပါ။

ချစ်သူ..........
သိပါလေစ
အချစ်ရှိနေသမျှတော့
ရင်၌တမ်းတ
သတိရခြင်း ကဗျာတစ်ပုဒ်
ပေးဆပ်ခြင်းတွေဟာ
တကယ်အဟုတ်မို့
ဝေးလျက်ဝေးကွာ
မနေချင်တော့ပါ။

ချစ်သူ့စေရာ

ရင်ထဲအထိ
နှောင်တွယ်ငြိသူ
သံယောဇဉ်ရှိ
ချစ်တာသိနော်။

မေတ္တာသက်ဝင်
ချစ်ခင်လာသူ
ကြင်နာတာသိ
သစ္စာရှိနော်။

တစ်သက်တာလမ်း
ရည်မျှော်မှန်းသူ
နားလည်မှုပန်း
ထာဝရကမ်းနော်။

Wednesday, November 11, 2009

ချစ်သူအတွက်....

စိတ်ချင်းဆက်လို့
အာရုံတွယ်ငြိ
မင့်ရဲ့အဝေး
ကိုယ်ထွက်ပြေးလို့
စိတ်တစ်ဒေသမှာ
မင့်ရှိလို့သာ
ကျေနပ်ပီတီ
ဝေဖြာလို့မဆုံး
အဆုံးတစ်နေရာကို
မင့်ထွက်သွားလို့
ပျော်အေင်နေပါ
ချစ်သူရာ...............

ပြုစား

ချစ်သူ....
အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းလား စွန့်လွှတ်ခြင်းလားဆိုတာ
ငါမသိဘူး ငါ့အချစ်ကတော့ စွန့်လွှတ်ဖို့ဘဲဖြင့်လာခဲ့တယ်
မင်းနဲ့ပက်သက်ရင်ငါ့ရဲ့ရင်ခုန်သံကို ငါမုန်းမိတယ်
အမှတ်မရှိတဲ့ ရင်ခုန်သံဟာ မင်းနဲ့ပက်သက်လာရင်
ထိန်းချုပ်ရခက်တယ်
မင်းကိုမမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့အချိန်မှာ
ငါ့ရဲ့ရင်ခုန်သံတွေ ရပ်တန့်သွားအောင်
မင်းပြုစားထားနိုင်တယ

အလွမ်းညရဲ့ ကဗျာ

ကောင်လေး...........
ကောင်းကင်က ကြယ်တစ်ပွင့်
ကြွေကျလာတာကို
ကောင်လေး မြင်နိင်လိမ့်မယ်။
ဒါပေမယ့်
ကောင်လေးရဲ့ ရက်စက်မှုကြောင့်
မ ရင်ထဲက နှလုံးသားတစ်ခု
ပဲ့ကြွေသွားတာကို
ကောင်လေး မမြင်နိင်ပါဘူး။

အလွမ်းညရဲ့
တမ်းတမှုအတွက်
မ နှလုံးသားနဲ့
ရေးစပ်ခဲ့တဲ့
ကဗျာတစ်ပုဒ်ဟာ
မ နှလုံးသားဒိုင်ယာရီမှာ
မော်ကွန်းတင်ထားမယ့်
အလွမ်းညရဲ့
ကဗျာတစ်ပုဒ်ပေါ့
ကောင်လေးရယ်

လွမ်းမောမှု

ကြယ်စင်လင်းလက်
ညနက်နက်မှာ
ချစ်ရသူ၏
မျက်နှာလေးကို
မှန်းဆရင်းဖြင့်
လွမ်းမိသည်။

ကြယ်စင်တွေပျောက်
အာရုံရောက်မှာ
ချစ်ရသူ၏
မျက်နှာလေးကို
မှန်းဆရင်းဖြင့်
လွမ်းမိသည်။

နေရောင်တွေပျောက်
ညသို့ရောက်မှာ
ချစ်ရသူ၏
မျက်နှာလေးကို
မှန်းဆရင်းဖြင့်
လွမ်းမိသည်။

နှလုံးခုန်သံမရပ်သရွှေ့
မျက်တောင်တခတ်
လျှပ်တပြက်အထိ
ချစ်ရသူ၏
မျက်နှာလေးကို
မှန်းဆရင်းဖြင့်
လွမ်းနေရပါဦးမည်။

ဝဠ်ကြွေးးးးးးးးးးးးးးးးးးးးး

မွန်းကြပ်မှု့နဲ့အသက်ဆက်
နာကြင်မှု့တွေကိုစားသုံးပြီး
လွမ်းမောခြင်းတွေကိုပွေ့ဖတ်လို့
မျက်ရည်တွေနဲ့တူတူကနေခဲ့တယ်
အသဲတွေအစိပ်စိပ်ကြေနေလဲ
ချစ်နေတာကတော့ကမ္ဘာတည်သရွေပဲ
ဥပက္ခာတွေတစ်ပွေ့လိုက်ကြီး
လက်ဆောင်တွေတဲ့လားကိုကို
ပေးတဲ့သူကပေးလေတော့လဲ
ယူရမဲ့သူကယူလိုက်ပါတယ်
လျော့ပြန်ယူသွားလိုက်ပါ
ရင်ထဲကနေရာတစ်ခုလုံး
ပြန်မပေးပါနဲ့ရပါတယ်............
ထားသွားခဲ့တဲ့နောက်ပိုင်းမှာလဲ
မေ့မယ်ဆိုတာအိပ်မက်လို့ပါပဲ
အရာရာမှာရှိနေခဲ့တဲ့အမှတ်တရတွေ
ဆွဲထုတ်သွားဖို့လဲမဖြစ်နိုင်တော့ပါဘူး
လူသေရင်တောင်နှလုံးသားမှာ
ဘယ်တော့မှမသေမဲ့အမှတ်တရတွေပါပဲ
ချစ်ကံခေတဲ့ငါနှလုံးသားးးးးးးးးးးးးး
ဒီဘ၀တော့ဒီမျှနဲ့ပဲရှိပါစေတော့။။။။။။။။။။။

ညမွှေးပန်းရဲ့နိဂုံး.........

ဝင်းလင်းတောက်ပ
ကြယ်စင်မိုးသား
လမိုက်ညမှာ
အဆုံးသတ်ညတာကို
တွေးတောနေတဲ့
ညမွှေးပန်းလေးရယ်
ဝေးကွာလှတဲ့
လမင်းလေးကို
ငေးမောရင်း
အထီးကျန်လှတဲ့
မင့်လေးကို
ဘယ်သူကများ
အနမ်းလေးတစ်ပွင့်
ကြွေသွားလေသလဲကွယ်
ဝဲရစ်တိုက်ခတ်
တောင်လေအဆုံး
စမ်းရေကျသံနှင့်အတူ
မင့်ရဲ့အနံ့ဟာ
လေအဟုန်ထဲကိုမျောပါသွားရင်း
ပတ်ဝန်းကျင်ကို
သာယာစေပြီပေါ့လေ
နောက်ဆုံးတော့လည်း
သန်းခေါင်ယံကျော်လို့
နေခြည်ပြိုးပျက်
အစပြုချိန်မှာ
နေရောင်နှင့်အတူ
အိပ်စက်ရပြီပေါ့နော်..............

ရှိစေတော့......

ရှိစေတော့......
အချစ်တွေပေးလို့မှ
အချစ်တွေပြန်မရတာ
ကံဇာတာကိုရိုးလိုက်မယ်။
အဖိုးမထိုက်တဲ့လူဗာလမို့
ဝေကြဘို့ပြောတော့လဲ
မနောစိတ်ကတကယ်မရွှင်
ကြင်သူကမ်းလက်မတွေ့နိုင်တော့
ဇော်ပိုင်ရဲ့"လမ်းဆုံ"မှာထိုင်ပြီး
ဝိုင်းစုခိုင်သိန်းရဲ့
"အပြစ်မမြင်"သီချင်းကိုဆိုလိုက်မယ်။
စစ်မတိုက်ပဲမျှားကုန်လို့
ဘဝကိုရေစုန်မျှောပြီ။
လောကကြီးရေ......
သံသရာခရီးသည်ချင်းအတူတူ
{ငါ့ကိုမှ}
အပူတွေပိုပေးရော့သလား
ငါ့နှလုံးသားမှာ
ဘာအပြစ်တွေများရှိခဲ့လို့
မနှစ်မျို့စရာလမ်;ခွဲတွေနဲ့
ဒီဝဲကထွက်ခွင့်မပေးတာလဲ...

...သတိရပေးပါ...

သတိရခြင်းမှာသူရှိလို့
တကယ်ဆိုဘာမှမလိုပါဘူး
တလိုက်ရုံနဲ့အိမ်မက်ထဲ
ရောက်လာသူရယ်
အနမ်းလဲငါမပိုင်
အချစ်လဲငါမပိုင်
ဘာဆိုဘာမှမပိုင်ပေမယ့်
ချစ်နေခွင့်လေးတော့ပိုင်ထားချင်တယ်နော်
ဒါကြောင့်.............
သတိရပေးပါ...........မောင်.................

ကိုယ်တယောက်တည်း

ကိုယ် မင်းအကြောင်းကို စဉ်းစားနေတယ်
မင်းမရှိရင် ဘယ်လိုနေမလဲလို့တွေးနေတယ်
မင်းဘာကြိုက်တတ်လည်း ကိုယ် ……….
မင်းဘယ်မှာ ရှိမလဲ ကိုယ်……
မင်း အနားမှာ ဘယ်သူရှိမလဲ ကိုယ်…..
မင်း အပြုံးက ဘယ်လောက်လှလဲ ဆိုတာ ကိုယ်………..
မင်း ဘယ်သွားချင်လဲ ကိုယ်…………
မင်း ရဲ့အသံလေးကို ကိုယ်……..
မင်း ရဲ့ သွားထက်လေးတွေကို ကိုယ်……….
မင်း ရဲ့ ဆံပင်ဖြောင့်ဖြောင့်လေးတွေကို ကိုယ်……….
မင်း ရဲ့ ရေမွှေးနံ့လေးကို ကိုယ်……..
မင်း ရဲ့ အနွေးဓါတ်လေးကို ကိုယ်…………….
မင်း ရဲ့ နှုတ်ခမ်းပါးလေးကို ကိုယ်………...
မင်း မက်နေတဲ့အိမ်မက်လေးကို ကိုယ်………
မင်း နားထောင်နေမဲ့ သီချင်းလေးကို…….
မင်း G talk မှာ စိမ်းလာမယ့် အချိန်ကို ကိုယ်………
မင်း နဲ့ Chatting နေတဲ့သူတွေကို ကိုယ်……….
မင်း ကိုယ့်အပေါ်ကို ဘယ်လိုသဘောထားလည်း ကိုယ်…….
မင်းနဲ့ ထပ်ဆုံမယ် ဆိုရင် ကိုယ်………
ဒါနဲ့ စကားမစပ် အပြင်မှာ မိုးတွေရွာနေတယ်
မင်း ကျန်းမာရေးကို ဂရုစိုက်ကွာနော်
မင်း မသိသေးတဲ့ လူတွေအကြောင်းကို ကိုယ်………
မင်း ကဖွင့်ပြောမှ သိမယ်ဆိုလည်း ကိုယ်……
မင်း နက်ရှိုင်းတဲ့လေးနက်မှုဆိုတာ ကိုယ်……
မင်း အခုလက်ရှိုတွဲနေတဲ့ တစ်ယောက်ကို ကိုယ်…….
မင်း မသိသေးတဲ့ ကိုယ်အကြောင်းတွေကို ကိုယ်…………
မင်း အကြောင်းတွေကို တွေးချင်လို့ Computer ရှေ့မှာထိုင်မိနေတဲ့
ကိုယ်အဖြစ်တွေကို ကိုယ်…………

နေတတ်ခဲ့ပြီ

တမ်းတမိပါတယ် ချစ်သူ
ကြည်လင်နေတဲ့ မင်းစကားသံတွေ
ညှိှု့ဓာတ်မပါခဲ့ပေမယ့်
ရိုးသားစွာ
ငါ့ကို စွဲလန်းစေခဲ့တယ်။

မင်း မဖျားယောင်းခဲ့ပေမယ့်
ပျော်ရွှင်ဖော်ရွှေတတ်တဲ့
မင်း ပုံရိပ်တွေက
ငါ့နှလုံးသားတနေရာမှာ
သိမ်မွေ့စွာ ကိန်းဝပ်နေခဲ့တယ်

အခုတော့
အမြဲလက်တွေ့ဆန်ခဲ့တဲ့ ငါလေ
မင်း မရှိတဲ့နေ့တွေမှာ
တစ်ကိုယ်တည်း ခါးသီးစွာနဲ့
လမင်းကိုလည်း တိုင်တည်တတ်ခဲ့ပြီ
အိပ်မက်တွေနဲ့လည်း
ကျေနပ်နေတတ်ခဲ့ပြီ။

မင်း အသံလေးတွေ
ပြန်လည်မှန်းဆရင်းနဲ့လည်း
ပြုံးနေတတ်ခဲ့ပြီ။

အထီးကျန်သူရဲ့တီးတိုးရှိုက်သံ

အထီးကျန်သူရဲ့
တီးတိုးရှိုက်သံ .............
ကြင်နာသူမင်း
ကြားနိုင်မလားလေ......
လွမ်းဆွတ်ချင်းက.
ရင်ကို..
လှိုင်းခတ်တော့........
ဝေဒနာတွေအပြေ့နဲ့
အသက်ရှူခက်ခဲ့.........
ကြင်နာသူမင်းကို
လွမ်းတဲ့အခါ...
ကဗျာတွေဟာ
အသက်ဝင်ခဲ့ပေါ့.........
ဆုံဆည်းခြင်းကို
တောင့်တတဲ့အခါ
အိပ်ပျက်ညတွေဖြစ်တည်ခဲ့ပေါ့

Tuesday, November 10, 2009

နောက်ဆုံး

ပြန်မရတော့တဲ့ ခင်မင်မှု
အဆုံးသတ်မရှိတဲ့ အမုန်းမီး
အပြုးံမရှိတဲ့မင်းမျက်နှာ
ငါဘယ်လို နားလည်ရမလဲ
နောက်ဆုံးဆိုတဲ့စကားနဲ့
နှလုံးသားကိုကိုင်လှုပ်ခဲ့တဲ့မင်းကို
နောက်ဆုံးအနေနဲ့ တစ်ခုတော့ပြောပါရစေ
နောက်ဆုံးပါပဲ နောက်ဆုံးချိန်ထိ
ဆက်ပြီးမြတ်နိုးနေမယ်
တကယ်လို့များကဗျာစာသားကိုမင်းမချစ်ရင်နေပါ
သနားလို့ဆိုတဲ့စကားနဲ့တော့မခနဲ့ပါနဲ့နော်
အမုန်းဆိုတာကိုနောက်ဆုံးသိခဲ့ရတာ
ငါ့အတွက်နောက်ဆုံးချိန်ရောက်ခဲ့ပြီလား
အတွေးကုန်သွားတဲ့စကားကိုနင်နားလည်မပေးလဲရပါတယ်
ခံစားချက်မရှိတဲ့ မျက်နှာကို ငါနာကျင်စွာနဲ့
တစ်ခါလောက်တော့နောက်ဆုံးကြည့်ချင်လို့ပါ
နောက်ဆုံးပါပဲ
မုန်းတယ်ဆိုတာမင်းအတွက် ပုံမှန်စကားဆိုပေမဲ
အချစ်ကလွဲလို့နားမလည်ခဲ့တဲ့ငါ
အမုန်းကိုနားမရှင်းခဲ့ပေမဲ့နာကျင်ရတယ်ဆိုတာ
နောက်ဆုံးငါသိပါတယ်ကောင်လေးရယ်...........................................................

ဝေးကွာခြင်းက....

သစ္စာမရှိခဲ့တာမဟုတ်ပါဘူးချစ်မရခဲ့တာပါ
ဒီလိုမဟုတ်ခဲ့ပါဘူး
ဝေးကွာဖို့ကို မင်းပဲစတင်ခဲ့ပြီးမင်းပဲ
အဆုံးသတ်ခဲ့တာပါ
ချစ်ခဲ့တာပျော်ခဲ့ပေမဲ့ဝေးရချိန်မှာတော့ပြောမပြနိုင်အောင်ပါပဲ
ချစ်သူစကားလုံးတွေလှအောင်မပြောတက်တာ
ငါ့အပြစ်ဆိုရင် ပွင့်လင်းမှုတွေနဲ့ရိုးသားတာလည်းငါ့အပြစ်ပေါ့နော်
တစ်ချိန်ချိန်တစ်နေရာမှာတွေ့ခဲ့မယ်ဆိုရင်
အရင်လိုပဲချစ်စရာကောင်းတဲ့မင်းကိုအကြင်နာနဲ့ပြန်ထွေးပွေ့ခွင့်ရှိမှာလားကောင်မလေးရယ်
ချစ်တယ်ဆိုတာငါ့အတွက်တော့မှားယွင်းမှုလို့မင်းပြောခဲ့ပေမဲံ့မင်းကလွဲလို့
ချစ်မရတာလည်းငါ့အပြစ်ပေါ့နော်
ဘာတွေပဲမင်းရက်စက်ပါစေငါချစ်နေတာမင်းပါပဲ
သံယောဇဉ်ဆိုတာအချစ်ထက်ခိုင်မာပေမဲ့
ငါကတော့အချစ်ဆိုတာကိုသံယောဇဉ်နဲ့ရောခဲ့မိလို့လား
အချိန်တွေကုန်ခဲ့ပေမဲ့အချစ်တွေကုန်မသွားတာဘာလို့လဲ
ဖြေလို့မရတဲ့မေးခွန်းတွေထဲမှာမင်းကိုငါ
မျှော်လင့်လို့မရတော့တာငါသိပါတယ်
ဝေးကွာခြင်းကတို့တွေကိုနာကျင်စေတယ်လို့ပဲပြောပါရစေနော်
ချစ်ခွင့်ရခဲ့ပေမဲ့မင်းကိုငါဂရုမစိုက်ခဲ့တာမဟုတ်ပါဘူး
မင်းကိုအလျော့ပေးခဲ့တာပါ
နောက်ဆုံးတော့ဝေးခဲ့တာပါပဲနော်

ငါ့ရဲ့မနက်ဖြန်....

မင်းမရှိတဲ့ မနက်ဖြန်ဟာ...
ငါအတွက် ခြောက်ကပ်ကပ်နဲ့
အသက်ရှုမ၀ဘူး.......
"မနက်ဖြန်ပြန်လာမယ်".....
မင်းပြောသွား ခဲ့လို့လေ
မနက်ဖြန်ရောက်တိုင်း...ရောက်တိုင်း..
နင်ပြန်လာမယ့် မနက်ဖြန်ကိုစောင့်နေခဲ့တာ
အခုဆိုရင်..............
မနက်ဖြန်တောင်ရောက်တော့မယ်.....

မျှော်လင့်ခြင်းမဲ့ချစ်ခြင်း............

ချစ်သူရဲ့နှုတ်ဖြား က
ပေါ့ဆစွာပေးလာတဲ့ကတိစကားတစ်ခွန်းဟာ...
ဖြစ်မလာတဲ့အခါ...
အစွဲအလမ်းကြီးသူ ..ကိုယ့်အတွက်
ခံစားချက်ဟာ
ဘယ်အရာနဲ့ နှိုင်းပြရမလဲချစ်သူရယ်....
မျှော်လင့်ချက်နဲ့ရှုးသွပ်တတ်သူ
ကိုယ့်ဟာ
မျှော်လင့်ခြင်းကို ရိုက်ချိုးတတ် သူမင်းကိုမှ
ချစ်မိခဲ့တယ်...ချစ်သူရယ်.......
ဘဝနဲ့ ယှဉ်တဲ့ ကတိ ချစ်သူကပေးလာတဲ့အခါ
ကိုယ်မယုံရဲတော့တာ နားလည်ပါချစ်သူ
ဒါကြောင့်လမ်းခွဲခြင်း ကို
ကိုယ့်ကို စပြီးရွေးခြယ်ခွင့်ပြုပါ ချစ်သူရယ်.........
မျှော်လင့်ခြင်းမဲ့ချစ်ခြင်း နဲ့
ထာဝရချစ်နေပါ့မယ် ..ချစ်သူ.............

ခံစားချက်

သိပ်သတိရနေပေမယ့်..သတိမရသလိုနေလိမ့်မယ်
သိပ်လွမ်းနေပေမယ့်..မလွမ်းသလိုနေလိမ့်မယ်
ကြင်နာချင်ပေမယ့်..မကြင်နာသယောင်ပြုလိမ့်မယ်
တွယ်တာနေပေမယ့်..မတွယ်တာသယောင်ပြုလိမ့်မယ်
ချစ်ဆုံးရေ...
သိပ်ချစ်နေပေမယ့်လဲ....မချစ်သလိုနေလိမ့်အုံးမှာဘဲ။

အဓိပါယ် ဖွင့်ဆိုချက်...

ချစ်သူ...
ငါတို့က မဆုံဆည်းဘူး
အလွမ်းရဲ့ကမ်းနဖူးက
ရေမျောကမ်းတင် နှစ်ဦး..
အမှောင်ညကို ကျော်လွန်ဖြတ်ကူး
အချစ်ဆိုတာ ( အဆင်မြင့် ) သင်္ချာ တစ်ပုဒ်လောက်
တွက်ထုတ်ရမခက်ပါဘူး........
Defination တွေထူတဲ့လောကကြီးမှာ
ဝေးကွာခြင်းဆိုတာလည်း
သူ့
Defination နဲ့ သူ ပေါ့........။

စည်း

မင်းအတွက်
ငါ့ နှလုံးသား
အကြိမ်ကြိမ်ကျရှုံးခဲ့ပေမယ့်
အဲဒိ......
စည်း ဆိုတဲ့ ကြိုးတချောင်းကို
ငါ....ရုန်းမထွက်နိုင်သေးဘူး ကောင်လေး..ရေ..........။