Sunday, November 29, 2009

အွန်လိုင်းအချစ်........

တယောက်နဲ့ တယောက်မမြင်ရပေမဲ့
ချစ်ကျွမ်းတွေ ၀င်လာကြတဲ့
အွန်လိုင်းက ယူဆာတွေ
လူတကာ ကြွေနိုင်လောက်တဲ့
မူရာမာယာတွေကြားမှာ
နစ်မျောနေကြ။


ဟဲလို!
ယူ့ကို တို့မမုန်းပါဘူး
ချစ်နေတုန်းပါပဲ ရယ်လို့
အထီး အမ မသေချာ
မရေရာ စမ်းတ၀ါးဝါးနဲ့
ပြောကြတဲ့ သူ့စကားတွေ
မုသား ခြွေနေပေမယ့်
မြွေမြွေချင်းပဲဗျာ
ခြေမြင်ကြတာပေါ့။


တချို့က ပြောကြတယ်ဗျာ
နင် မမိုက်ပါဘူး
အင်ဗိုက် (Invite) လုပ်နေတာကိုတောင်
ဘ၀င်ခိုက်ပြီး အဖက်မတန်လို့
အဆက် (Accept) ပြန်မလုပ်တာလား တဲ့ဗျာ။


တချို့ က ဒီလိုဗျာ
ရယ်ငိုကာ အပလီပိုတတ်ကြ
ချစ်သူက ပစ်ကာထားလို့
လစ်ဟာသွားတဲ့ နှလုံးသားနေရာမှာ
အမုန်းတရားတွေ ပစ်ကာပယ်လို့
ချစ်ပါတယ်ဆိုတဲ့ စကားလေး
ယူ့ဆီက ကြားချင်တယ်တဲ့
မိုက်တယ်ဗျာ။


အင်း နောက်တချို့ ဆိုသူတွေက
ဟောင်း အာယူ
ဟောင်း အဘော့တ်ယူဟာ ဂျော့ဘ်တဲ့
တော်တော့်ကို တော့ခ် (Talk) တတ်သူတွေ ရှိသလို
တစ်ဦးကို တစ်ဦး ချစ်ကျွမ်းဝင်နေစဉ်
ကွန်နက်ရှင် ကောင်းပါစေကြောင်း
ဆုမွန်ကောင်း တောင်းတဲ့သူတွေလည်း
ရှိတတ်ကြပါသတဲ့။


ရှုပ်ပါတယ်ကွာ
လုပ်စရာတွေ ကျန်သေးလို့
မြန်မြန်လေး ဂိုးတော့မယ်
တမျိုးတော့ မထင်ပါနဲ့
တမင်တကာ မရက်စက်ပါဘူး
အင်တာနက်က သူငယ်ချင်းတွေကို
နုတ်ဆက်လို့ ဒိုးတော့မယ်ဗျာ။
ဆီးယူ တူမောရိုး။....

No comments:

Post a Comment