မျှော်လင့်ချက်တွေ မင်းမပေးခဲ့ပါဘူး
ဒါပေမယ့် ငါစောင့်နေမိတယ်
မင်းဂတိတွေ မပေးခဲ့ပါဘူး
ဒါပေမယ့် မင်းကို ယုံကြည်တတ်တဲ့ ငါ့စိတ်
မင်းအနားက စွန့်ခွာမယ်ဆိုတဲ့
အတွေးလေးတွေးမိရင်တောင်
ငါ့အသည်းတွေ ကြွေလုလု
မင်းကို မေ့လိုက်တော့မယ်လို့
စဉ်းစားလိုက်ချန်မှာတောင်မှ
မင်းကို မခွဲနိုင်တာ ငါ့စိတ္တဇ
ကြာတော့လည်း.........
ငါ့အခန်းကျဉ်းလေးထဲမှာ
မမေ့နိုင်တဲ့ မင်းပုံရိပ်တွေ
အထပ်ထပ်ပါ............ချစ်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment