Friday, September 18, 2009

နားလည်ပေးပါ

မတွေ့ ကြတဲ့အခါ
မေ့ ရတာခက်ပေမယ့်လည်း
ငါ့ ရင်မှာမင်းတစ်ယောက်ပဲရှိမယ်.....။
မင်းရင်မှာငါမရှိလည်း
မင်းကိုငါချစ်မိတယ်.......။

စိတ်ဆိုးအောင်အမြဲစပြီး
မင်းလေး စိတ်ဆိုးတာ
ချစ်စရာအရမ်းကောင်းတယ်ဆိုတဲ့
စကားသံမှာလည်း
မြတ်နိုးပျော်ဝင်စွာ
ချစ်မိတယ်....။

သံသရာ မိုင်
ဘယ်လောက်ပဲဝေးပါစေ
မလွမ်းနဲ့ချစ်သူရေ မဆွေးနဲ့ချစ်သူရေ.....
ဝေးခဲ့ရတဲ့ အချိန်မှန်သမျှ
ချစ်သူက
နားလည်ခွင့်လွတ်မှု ရှိနေသမျှ
တစ်နေ့မှာ...........
မင်းအနား ကိုယ် ရောက်လာမှာပါလို့ ပြောတဲ့ ချစ်သူရေ
ငါလေမင်းကို ချစ်တယ်။

Wednesday, September 16, 2009

ပြန်လာပါ

ချစ်သူ ရေ .................လွမ်းနာ ကျဖို့အသည်းမှာ
ဒဏ်ရာ ဖို့လို့မင်း ထားခဲ့ တဲံ့ အလွမ်း
စာမျက်နှာ တစ်ရွက်ငါ ဖတ်ရင်း
ပြန်လာမယ့်နေ့ရက်တွေ
စောင့်မျှော်နေပါတယ်ဘယ်တော့မှ
ပြန်လာမယ်မသိပါဘူး
ငါ့ ကို မင်းချစ်ခဲ့ သလား ဒါမှမဟုတ
်ငါ့ ကို မင်း ထားသွား ခဲ့ သလား
ဘာမှန်းမသိတဲ့ငါ့ကိုပြန်လာပြီး ပြောခဲ့ ပါဦး

အကောင့် ဘမ်း ခံရလို့စိတ်ညစ်နေပါသလား?

အခုတလောကျွန်တော်တို့ နိုင်ငံက လူတွေတချို့ဟာ gmail, gtalk နဲ့ vzo chat အစရှိတယ် အခမဲ့ ဝန်ဆောင်မှုပေးတယ့် application တွေကို သုံးလာတာအများအပြားဖြစ်လာပါပီ အယ်ဒီလို သုံးစွဲသူတွေများပြားလာတာနဲ့ အမျှ လက်တည့်စမ်းသူတွေ အကောင့်တွေကို ban တာ hacking လုပ်တာတွေဟာ မကြာခဏ ဆိုသလို ကြားရပါတယ် ။ ကျနော် တို့လို ဖွံဖြိုးဆဲ နိုင်ငံတွေမှာ အွန်လိုင်းကနေ ဈေးဝယ်ထွက်တာ ။ credit card သုံးတာတွေ မရှိသေးပါဝူး ။ ဒါကြောင့် ပြသာနာတွေဟာ သိပ်မကြီးမားဝူးလို့ ထင်ရပါတယ် ။ ကိုယ့်ရဲ့ social သုံးနေတယ့် အကောင့် ကို ခိုးခံရပီသော လည်းကောင်း spam mail အရေအတွက် များပြားလာတာကြောင့် account password တွေကို locking ချတာဖြစ်ပေါ်တာကြောင့်လည်း ကောင်း သင့်ရဲ့အကောင့် ကို ခိုးခံရပီ လို့ သံသယ ၀င်တတ်ကြပါတယ်။အယ်ဒီလို ဖြစ်လာတယ့်အခါ တယောက်ကို တယောက် အကူအညီတောင်း နဲ့ အရမ်းကို အလုပ်တွေရှုပ်လာကြပါတယ် . ဒါပေမယ့် ကျနော် အခု ပေးမယ့်လင့်ခ် လေးကတော့ သိပီးသားသူတွေလည်း သိမှာပါ မသိသေးတယ့်သူတွေအတွက်ရည်၇ွယ်ထား တာပါ အယ်ဒီမှာ အချက်တွေကို မှန်အောင် သော်လည်းကောင်း ခန့်မှန်းခြေဖြည့်ရမှာပါ ဒီလိုနည်းလမ်းတွေ နဲ့ ကိုယ့်အကောင့် ကို လူတွေက ခြိမ်းခြောက်လာကြပါတယ် ဒါပေမယ့် သူတို့ပြောတယ့် မင်းရဲ့ contact အကောင့် (၅) ခုကို သိရင် မင်းအကောင့်ကို ခိုးခံရပီလို့ ထင်နေကြတယ် ဒါတွေက အလကားခြိမ်းခြောက်တာတွေပါ မင်းရဲ့ Most contact ထဲကလူငါးယောက်နဲ့ မင်းစတင်ပီး ဒီအကောင့်ကို ဖွင့်တယ့်နေ့ (အနီးစပ်ဆုံးပေါ့) ဒါတွေသိမှ လုပ်လို့ရမှာပါ ။ အကယ်ရ်ျ သင့်အကောင့် ban ခံရပီဆိုပါတော့ ဘယ်အချိန်က ဒီအကောင့်ကို ဖွင့်ခဲ့တာလည်း ဆိုတာကိုသင်ကိုယ်တိုင်တောင် မှတ်မိမှာ မဟုတ်ပါဝူး ။။။ ဒါကြောင့်ဒီနေရာမှာ အကြံ ပေးပါရစေ ခုခေတ်လူငယ်တွေမှာ အနည်းဆုံးအကောင့် (၃) (၄) ခုလောက်တော့ရှိမှာပါ ၊ အယ်ဒီမှာ သင့်အကောင့်တွေကို တခုနဲ့ တခု ချိတ်ဆက်ပီး သုံးရင် hacking လုပ်ဖို့ မလွယ်ကူပါဝူး ။http://lucobest.multiply.com/links/item/8ခုဖော်ပြမှာက တော့ အွန်လိုင်းက သူငယ်ချင်းတယောက်က မေးတာလေးပါ...ဒီနည်းလမ်းကတော့ filter ခံတာလေးပါ ။ တချို့သိတာတွေကတော့ filter ဆိုတာ မလိုချင်တယ့်မေးလ်တွေ spam , spyware , malware တွေကို ကာကွယ်စေချင်သောလည်းကောင်း စိတ်အနှောက်ယှက်ပေးတယ့် မေးလ်တွေ စာတွေ ကို inbox ထဲမရောက်အောင်လုပ်တာပါ ...ဒီနေရာမှာ ပထမ ဥိးဆုံးအနေနဲ့  ကိုယ့် Gmail account ထဲမှာ label ထားရမှာပါ...၁.သင့်ရဲ့ inbox (menu bar) အောက်မှာ မြှားလေး၇ှိပါတယ် ။ ဒီမြှားကို click လုပ်ပီး creat label ဆိုတာကို click ပါ..၂.ပေါ်လာတယ့် box လေးမှာ သင် နှစ်သက်ရာနာမည်ကို ပေးပါ ဥပမာ - mail striker ဆိုပါတော့၃.အယ်ဒီ label ကို သင်ပြုလုပ်ပီး ပီ ဆိုတာနဲ့ အယ်ဒီ label ထဲကို ထည့်ချင်တယ့် မေးလ်း ကို ဘေးနားမှာ ရှိတယ့် လေးထောင့် box သေးသေး လေးကို အမှန်ခြစ်ပါ၎.ပီးရင် ဒီမေးလ်တွေရဲ့ အပေါ်မှာ more action ကို click ပါ (မှတ်ချက် ။ ။ မေးလ် တခုခု ကို အမှန်ခြစ်ထားမှ လုပ်လို့ရမှာပါ )၅.ပေါ်လာတယ့် ဇယားလေးမှာfilter message like these ဆိုတာလေးကို click ပါ၆.ဒါဆိုရင် အပေါ်ကနေ item box တခုကျလာပါမယ် အယ်ဒီမှာ ဘာမှ ရေးစရာမလိုပါဝူး skip နှိပ်ပါ၇.skip the inbox (archieve it) / apply the label / Also apply filter to 90 conversation below ဒီသုံးခုကို အမှန်ခြစ်ပါ၈. နောက်ဆုံးအနေနဲ့  create filter ကို နှိပ်လိုက်ပါဒါဆိုရင် သင့် ဆီကို ရောက်လာတယ့် မေးလ်က အလိုလို အယ်ဒီနေရာကို ရောက်သွားပါလိမ့်မယ်......သင် ဖတ်ရူ ချင်လျင်တော့ အယ်ဒီနေရာကို သွားရမှာပါ...label တွေကို inbox (menu bar) တွေမှာ အစီစဉ်အလိုက် a to z ,1.2.3. သော်လည်းကောင်း စီစဉ်သွားပါလိမ့်မယ်ဒါက forward mail များကို auto သိမ်းဆည်းခြင်းပါ....အရာရာ အားလုံးအဆင်ပြေပါစေကမ္ဘာကျော် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Gmail Service အသုံးပြုသူများအတွက်Offline Gmail ကို ဇန်နဝါရီလကုန်ပိုင်းတွင် Google မှ စတင်ဖြန့်ဝေလိုက်ပြီဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့်ဝင်းဒိုးစ်စနစ်တွင်ပါဝင်သော Microsof Outlook ကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှုမရှိသည့်အချိန်တွင်လည်း အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ်ရေးသားခြင်းတို့ကိုမိမိ၏ကွန်ပျူတာတွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခင် Gmail Service တွင်Account တစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ (Sent mail) နှင့်ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာသိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍ပြန်လည်ကြည့်ရှုနိုင်သည်။ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင် တပ်ဆင်အသုံးပြုထားပါကအဆိုပါ Account နှင့် ပတ်သက်သည့် E-mail, Attachment စသည်တို့ကို GmailServer တွင်သာမက မိမိကွန်ပျူတာရှိ E-mail Server တွင်လည်း တစ်ပြိုင်းတည်းdownload လုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ ဥပမာအားဖြင့် Gmailသုံးစွဲသူတစ်ဦးသည် အင်တာနက်ချိတ်ဆက်၍ သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mailAccountသို့ ဝင်ရောက်လာသော Inbox mail ၊ အခြားသူထံ ပို့လိုက်သော Sent mail နှင့်Attachment file များအားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Server တွင်လည်း တစ်ပြိုင်တည်းသိမ်းဆည်းထားနိုင်လိမ့်မည် ။ ထို့ကြောင့် Gmail သုံးစွဲသူသည်အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် အချိန်တွင်လည်း မိမိ၏မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့် သိမ်းဆည်းထားနိုင်ပြီးအင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။Offline Gmail ဝန်ဆောင်မှုမှာ Google၏ Opensource Software တစ်ခုဖြစ်သည့် GoogleGear ကို အသုံးပြုကာ GoogleServer ရှိ သုံးစွဲသူ၏ Gmail ဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့ အလိုအလျောက်download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုလိုပါကအောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။၁။ Gmailသို့ sign-in လုပ်ရပါမည်။၂။ မိမိ Gmail စာမျက်နှာသို့ ရောက်ပါက "Settings"ကို ရွေးချယ်ပါ။၃။ "Setting" အောက်မှ "Lab"ဆိုသည့် tabကို ရွေးချယ်ပါ။၎။ "Lab"စာမျက်နှာတွင် ကဏ္ဍများစွာ ရှိသည့်အနက်မှ အပေါ်ဆုံးရှိ"Offline"ဆိုသည့်ဘေးတွင် "Enable"ကို ရွေးပေးရပါမည်။၅။ ထို့နောက် "Lab"စာမျက်နှာ အောက်ဆုံးကိုသွား၍ "Save Changes" လုပ်ပါ။၆။ "Save Changes" လုပ်ပြီးသည့်အခါ မိမိ၏ Gmail စာမျက်နှာရှိ"Settings"၏ဘေးတွင် "Offline 0.1"ဆိုသည့် Linkတစ်ခုကို တွေ့ရပါမည်။၇။ Offline Gmailကို အသုံးပြုနိုင်ရန် အဆိုပါ Linkမှတဆင့် Google Gearကိုလက်ခံအသုံးပြုဖို့ "Allow it to use Gears"ဘေးမှ check boxကို အမှန်ခြစ်ပြုလုပ်ပါ။ "Allow" buttonကို ကလစ်နှိပ်ပါ။၈။ ထို့နောက် Offline Gmailကို ကွန်ပျူတာတွင် အလွယ်တကူမြင်တွေ့အသုံးပြုနိုင်ရန် Shortcut Icon ထားလိုသည့် နေရာရွေးချယ်ရပါမည်။ထို့နောက် "OK" buttonကို ကလစ်နှိပ်လိုက်ပါက Google Serverတွင်သိမ်းဆည်းထားသည့် (၃)နှစ်အောက်သက်တမ်းရှိ မိမိ၏ မေးလ်များနှင့် Attachmentfileများ အားလုံးကို ကွန်ပျူတာရှိ E-mail Serverသို့ Download လုပ်ပြီးသိမ်းဆည်းပေးသွားမည် ဖြစ်သည်။ Google၏ Offline Gmailသည် စမ်းသပ်နေဆဲ(LabVersion)အဆင့်တွင်သာ ရှိသေးပြီး မကြာမီ အပြည့်အဝအသုံးချနိုင်သည့် အဆင့်(Full Version)အဆင့်သို့ မွမ်းမံပြင်ဆင်သွားမည်ဟုသိရသည်။မှတ်ချက်။ ။ကိုယ်ပိုင်သီးသန့်ကွန်ပျူတာသုံး မဟုတ်သူများ မလုပ်သင့်ပါ...

Wednesday, September 9, 2009

အပြင်ကမ္ဘာလေးထဲမှာ

ရင်ခုန်သံတွေနိုးထ

စိတ်ကူးတွေသစ်ဆန်း

အနမ်းတွေငမ်းလင့်

မျှော်လင့်ချက်တွေ တောက်ပ

ဇောက်ချတဲ့စိတ်ကူးနဲ့ ချစ်မိကာမှ

နောက်ကျပြီဆိုတာကို သိလိုက်ရတယ် . . .

တကယ်တော့ . . .

ကိုယ့်ရင်ခွင်ဟာ မင်းအတွက် မဖြစ်နိုင်ခဲ့ပါလားကွာ

မင်းသာ နားခိုမယ်ဆို အမြဲတမ်းကြိုဆိုနေမှာပါ

မဖြစ်နိုင်တော့တာတွေ စဉ်းစားနေမယ့်အစား

မင်းနဲ့ငါ ရှေ့ဆက်ဘာလုပ်ရမလဲ ဆိုတာ

တိုင်ပင်ကြရအောင် . . . ။

“ရင်ခုန်သံတိုင်းဟာ ကြောက်လို့မဟုတ်ဘူး

လေလွှင့်တဲ့ အပြုအမူတိုင်းဟာလည်း

ပျက်စီးချင်လို့ မဟုတ်ဘူး . . .

ဒီလိုပါပဲ . . .

ချစ်မိတဲ့ နှလုံးသားတိုင်းဟာလည်း

ပိုင်ဆိုင်ရဖို့ တစ်ခုတည်း မဟုတ်ခဲ့ရပါဘူးကွာ”

ဒီလိုပြောလို့ မင်းကို မပိုင်ဆိုင်ချင်လို့ မဟုတ်ရပါဘူး ဖြစ်နိုင်ခဲ့ရင်ပေါ့လေ . . . ငါမင်းနဲ့ အပြင်ကမ္ဘာလေးမှာ တွေ့ချင်သေးတယ်ကွာ နှစ်ယောက်တည်းပေါ့ . . . ။

မျှော်လင့်ချက်

မျှော်လင့်ချက်နဲ့ မျှော်လင့်ပြီးမှ

မျှော်လင့်ထားတာလေးတွေ

ဖြစ်မလာခဲ့ရင် . . .

အနမ်းတစ်ချက်နဲ့နှစ်သိမ့်

ဝေဒနာတွေခ၀ါချ

အလွမ်းတွေနဲ့ရေချိုး

စွန့်လွှတ်ခြင်းတွေနဲ့ပဲ

အိပ်နေပါရစေ . . .

ချစ်လား

တို့နှစ်ယောက်

နင့်လက်ကလေးကို – ဘယ်သူများ ဆုပ်ကိုင်ထားမှာလဲ

နင့် …………..ကို – ဘယ်သူက ထွေးပွေ့ထားနိုင်လဲ

ငါ ကိုယ်တိုင်မသိသေးတဲ့

နင့်ရဲ့ ပါးနုနုလေးတွေကို – ဘယ်သူတွေများ နမ်းရှိုက်ခွင့်ရမှာလဲ

အရာတိုင်းဟာ . . . စိတ်ကူးနဲ့ တစ်သားတည်း ကျနိုင်ပါ့မလား

သူက ပြောတယ်

ရယူခြင်း ပေးဆပ်ခြင်း မရှိပါဘူးတဲ့

ဒါဆို …………….

တို့နှစ်ယောက်က ဘာတွေလဲ

ဒီလိုပဲ ဇာတ်သိမ်းသွားရတော့မှာလား

နယ်ကျွံမိတဲ့အချစ်

ဒို့အချစ်တွေ နယ်ကျွံခဲ့ပေါ့ . . .

တကယ်ဆို မဖြစ်သင့်မှန်းလဲသိပါတယ်
မချစ်သင့်မှန်းလဲ သိခဲ့ပါတယ်
ဒါပေမယ့် . . .
ငါနောင်တရမိပါတယ်
မင်းကိုချစ်မိတဲ့ အတွက်တော့ မဟုတ်ပါဘူး
မင်းနဲ့တွေ့ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို
ငါ ကျေးဇူးမတင်ဘူး

တကယ်ဆို လမ်းခွဲဖို့သင့်ပြီဆိုတာလဲ
ငါ သေချာသိနေပါပြီ
ဒါပေမယ့် . . .
မပြတ်မသားနဲ့ ရှေ့ကို ဆက်ဆက်တိုးနေမိတာလဲ
ငါ့ကိုယ်ငါ မယုံနိုင်ပါဘူး

တကယ်လို့ ငါတို့ ဝေးသွားကြမယ်ဆိုရင်
မင်းနဲ့ တစ်ဘ၀စာ မတွေ့ရတော့ဘူးဆိုရင်တောင်
မင်းကို ချစ်တဲ့နှလုံးသားတစ်ခုတော့
ငါ့မှာ တစ်သက်လုံး ကျန်ခဲ့မှာပါ
အဲဒီအတွက် . . .
ငါ ကျေနပ်တယ် ။

သြော် . . .
ဒို့အချစ်တွေ နယ်ကျွံခဲ့ပေါ့ . . .

“ပေးဆပ်ခွင့်

ဝင်သက်ထွက်သက်တွေကို
မင်းတစ်ယောက်ဆီကို အပိုင်စားပေးထားတယ်
ဒါပေမယ့် တစ်ခဏတော့ မဟုတ်ခဲ့ဘူးနော်။
ငါ့ခန္ဓာ ငါ့ဝိဥာဉ် ငါ့ဘဝ ငါ့အနာဂတ်
ဒါပေမယ့် ဒီဘဝတစ်ခုအတွက်နဲ့တော့ မလုံလောက်ခဲ့ချင်ဘူးနော်။
ဖြစ်ခဲ့သမျှအရာအားလုံး
ပိုင်ဆိုင်ခဲ့သမျှအရာအားလုံး
ဘာမှမရှိခဲ့ဘူးဆိုရင်တောင်
ငါ့မှာရှိတဲ့အချစ်တစ်ခုတည်းနဲ့
မင်းကိုပေးဆပ်ချင်ပါသေးတယ်
နင်စိတ်ချမ်းသာမယ်ဆိုရင်ပေါ့……..။

“”နမ်းရှိုက်ခွင့်နှင့် ကျေနပ်သူ”"

ချစ်တယ်လို့ငါ့နှုတ်က တစ်ဖွဖွပြောပေမယ့်
ငြီးငွေ့သလို အမူအရာနင်ပြလာရင်
ငါ့စိတ်သိမ်ငယ်သွားတာ ငါ့ကိုယ်ငါပဲသိတယ်
မဖြူစင်ပေမယ့် အချစ်ကို တန်ဖိုးထားတတ်လာတဲ့အခါ
နင့်ရှေ့မှာဒူးထောက်ခစားနေချင်တာ ငါ့ဆန္ဒတစ်ခုပါဟာ။
သိက္ခာဆိုတာတစ်ပြားသားမှမရှိ မာနဆိုတာလုံးပါးပါးတယ်လို့ပဲဆိုဆို
နင့်အတွက်ဆို ငါ့နားမျက်စိတွေကိုမှိတ်လို့
အချစ်တစ်ခုသာယုံ တစ်ဘ၀လုံးပုံချစ်ခဲ့တာ ငါ့အဖြစ်မှန်တွေပါဟာ။
ခုတော့လည်းနင့်သဘောပေါ့…….
နင့်ကြောင့်ရှင်သန်ရခြင်းရဲ့အဓိပါယ်
လောကဓံရဲ့ လှည့်ကွက်များမှာငါပြိုလဲမသွားတာ
နင်ပေးတဲ့ကြင်နာယုယမှုတွေကြောင့်လို့ ငါပြောခဲ့မိရင်
မာယာများတယ်လို့ ဆိုဦးလေမလား။
နင့်ကိုစိုးရိမ်ပူပန်တဲ့စိတ်ကြောင့် ငါ့ရင်ခွင်ထဲ ပူလောင်နေမိတာကို
အထင်သေးတာလားဆိုတဲ့နင့်စကားတစ်ခွန်းနဲ့တင်
ငါ့ကိုနင်သတ်သွားတယ်
လူမသေပေမယ့် ငါ့စိတ်တွေသေသွားတယ်ချစ်သူ
ထားရှိခဲ့သောမေတ္တာနဲ့ လွန်ကဲမိသောစေတနာကြောင့်
စိတ်ရှုပ်စရာတွေဖြစ်ခဲ့တယ်ဆို ငါတောင်းပန်တယ်ချစ်သူ
အကြွေပန်းနွမ်းပေမယ့် ကောက်ရလွယ်သလို
ရနံ့ပြယ်ပန်းမို့ လွှတ်ပစ်ဖို့လည်းလွယ်ကူပါတယ်ချစ်သူ
စကတည်းကနွမ်းကြေပြီးသားမို့
မလှမ်းဝံ့တဲ့နင့်ရင်ခွင်ကို
မထိုက်တန်မှန်းသိရက်နဲ့
ခြေစုံပစ်ဝင်ခဲ့တာ ငါ့အပြစ်တွေပါချစ်သူ။
အဖြူထည်နင့်ဘ၀လေးထဲ
အမည်းစက်ငါသာစွန်းထင်းခဲ့ရင်…….
ငါမလာချင်ပါဘူး မလာရက်ဘူးချစ်သူ
စွန့်ပစ်လို့ လွှတ်ချထားခဲ့ပါ
ငါ့ရင်နှစ်ခါကွဲလည်း မနာပါဘူးးးး။

“အသေအချာပါပဲ”

ဘဝတစ်ခု အချစ်တစ်ခုမဟုတ်ခဲ့ပေမယ့်
နင့်ကိုချစ်မိတာ အသေအချာပါပဲချစ်သူ……
အကြောင်းပြချက်မရှိ ဘာကြောင့်တွေဆိုတာ ငါမသိပေမယ့်
အချစ်စိတ်က ငါ့နှလုံးသားကို အနိုင်ယူခဲ့တာ အသေအချာပါပဲချစ်သူ…..
ခုဆိုငါလေ နင်ရှိရာကို မသိပေမယ့်
မျက်စိမှိတ်လျှောက်ခဲ့လည်း နင့်ရင်ခွင်ဆီရောက်မိမှာ အသေအချာပါပဲချစ်သူ…….
တကယ်တော့ နင်ကငါ့ရဲ့
သံလိုက်တုံးလေးတစ်ခုလိုပဲ ဆွဲငင်နိုင်စွမ်းရှိတဲ့
စိတ်ညှို့ရှင်ပါပဲချစ်သူ……….

ဟူတ်ရဲ့လား??

လွမ်း . . .

ရင်နင့်အောင် လွမ်းတယ်တဲ့လား

အပြောလွယ်သလောက် တကယ်ရော ဟုတ်ရဲ့လား . . .

ဝေး . . .

မဝေးချင်ပါဘူးတဲ့

ရင်ထဲကပြောခဲ့တာရော ဟုတ်ရဲ့လား . . .

ဆွေး . . .

နင်ထားခဲ့ရင် ငါဆွေးနေမိမှာတဲ့

အဲဒီလို ပြောခဲ့ဖူးတာ မင်းရော ဟုတ်ရဲ့လား . . .

တွေး . . .

နင့်အကြောင်းတွေ အချိန်တိုင်း တွေးနေပါတယ်တဲ့

စိတ်ထဲမှာ ရှိနေခဲ့တာရော ဟုတ်ရဲ့လား . . .

ယုံပါတဲ့ . . . ဘာကိုယုံပေးရမှာလဲ

တွဲသွားမှာကိုလား ၊ ခွဲသွားမှာကိုလား . . .

ချစ်တာကိုလား ၊ အပြစ်ရှာမှာကိုလား . . .

ချစ်သူ

တို့ရဲ့အတိတ်ဟာ အိပ်မက်မဟုတ်ခဲ့ဘူးချစ်သူ……..
ဟန်ဆောင်ခြင်းနဲ့ချစ်ခဲ့တာမှန်းသိပေမယ့်လည်း
နင့်ကိုအပြစ်မယူခွင့်လွှတ်နေတတ်သူပါ
နင်တန်ဖိုးမထားခဲ့တဲ့ငါ
နင့်ရဲ့ကတိစကားအပေါ် အကြိမ်ကြိမ်ဒူးထောက်
ဆယ်ကမ္ဘာလောက်ခြေရာဖျောက်လည်း
နင့်အပေါ်ထားတဲ့စိတ်တွေမပြောင်းလဲပါဘူးချစ်သူ……
မာနနဲ့သိက္ခာကိုခ၀ါချ
နှလုံးသားတစ်ခုလုံး
ယုံမှတ်လို့ပုံအပ်ခဲ့တာလည်း နင်အသိပါ
နောက်ဆုံးတော့လည်း နင်ထားရာနေ နင်စေရာသွားတဲ့ဘ၀မှာ
ပျော်ပိုက်ဖို့ကြိုးစားရင်း
ဘယ်တော့မှမမေ့နိုင်ခြင်းတွေနဲ့
နင့်ကိုဆက်ချစ်နေဦးမယ်ဆိုတာ…….

Tuesday, September 8, 2009

မြန်မာလို Typing မရိုက်တတ်တဲ့သူများအတွက်

*

ကိုယ်က မြန်မာလို ရိုက်ချင်ပေမဲ့ မြန်မာလက်ကွက်မတတ် လို့ မရိုက်တတ်ဘူး ဖြစ်နေတယ်ဆိုရင် ဒီလိုလုပ်ပါ။ပထမဆုံး Start ကို ဖွင့်ပါ။ပြီးရင် Programs ၊ ပြီးရင် Accessories ထဲကနေတဆင့် Accessibility ပြီးရင် on-screen keyboard ဆိုတာကို နှိပ်လိုက်ပါ။အဲ့ဒီမှာ ကီးဘုတ် ပုံလေးပေါ်လာပါလိမ့်မယ်။ပြီးရင် ကီးဘုတ်ပုံစံလေးထဲက Setting ကိုဝင် ပြီး Zawgyi Font (သို့ တစ်ခြား မြန်မာဖောင့်) ကိုရွေးပါ။ပြီးရင် အိုကေနှိပ်ပါ။ဇော်ဂျီ ဖောင့် ရွေးတယ်ဆိုရင် Ctrl + Shift နှိပ်လိုက်ပါ။ဒါဆိုရင် ကီးဘုတ်က မြန်မာလို ပြောင်းသွားပါလိမ့်မယ်။ဒါဆို ကိုယ်ရိုက်ချင်တဲ့နေရာ (ဥဗမာ = Chat box ) ကိုသွားပြီး အောက်မှာ အမျဲ ပေါ်နေတဲ့ ကီးဘုတ်လေးနဲ့ ရိုက်လို့ရပါပြီ။

Sunday, September 6, 2009

မိမိ Gmail အခိုးခံရလျှင်ဘယ်လိုလုပ်မလဲ (ဒီလိုလုပ်ပါ)

သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့ ။ password ရော security question ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါေ တာ့။ သင်ဘာဆက်လုပ်မလဲ။ ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက် အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့ အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့ 
ဥပမာ
နောက်ဆုံး လော့အင်ဝင်ခဲ့တဲ့ရက်စွဲ၊
အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊
အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။

အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး တိတိကျကျ ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆို ရင်လဲ အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊
ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ ဘာကြောင့်လဲဆိုတော့ သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Google ကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီး တော့ ကိုယ့်အီးမေး သူများခိုးယူခြင်းမှ ကာကွယ်နိုင်ပါသေးတယ်။ ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။ မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပက်သက်တဲ့ အချက်အလက်တွေကို လုံခြုံတဲ့တနေရာ (ဥပမာ ကို Infofreakz အိမ်) မှာသိမ်းထားလိုက်ပေါ့။ နောက် အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး ပြန်ရအောင်ယူပေါ့။

Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့
http://www.google.com/support/accoun...accounts&hl=en

နိုင်ငံတကာ ရည်းစာစကား

English - I love you
Afrikaans - Ek het jou lief
Albanian - Te dua
Arabic - Ana behibak (to male)
Arabic - Ana behibek (to female)
Armenian - Yes kez sirumen
Bambara - M'bi fe
Belarusian - Ya tabe kahayu
Bengali - Ami tomake bhalo bashi
Bisaya - Nahigugma ako kanimo
Bulgarian - Obicham te
Cambodian - Soro lahn nhee ah
Cantonese Chinese - Ngo oiy ney a
Catalan - T'estimo
Cheyenne - Ne mohotatse
Chichewa - Ndimakukonda
Corsican - Ti tengu caru (to male)
Creol - Mi aime jou
Croatian - Volim te
Czech - Miluji te
Danish - Jeg Elsker Dig
Dutch - Ik hou van jou
Esperanto - Mi amas vin
Estonian - Ma armastan sind
Ethiopian - Afgreki'
Faroese - Eg elski teg
Farsi - Doset daram
Filipino - Mahal kita
Finnish - Min rakastan sinua
French - Je t'aime, Je t'adore
Gaelic - Ta gra agam ort
Georgian - Mikvarhar
German - Ich liebe dich
Greek - S'agapo
Gujarati - Hoo thunay prem karoo choo
Hiligaynon - Palangga ko ikaw
Hawaiian - Aloha wau ia oi
Hebrew - Ani ohev otah (to female)
Hebrew - Ani ohev et otha (to male)
Hiligaynon - Guina higugma ko ikaw
Hindi - Hum Tumhe Pyar Karte hae
Hmong - Kuv hlub koj
Hopi - Nu' umi unangwa'ta
Hungarian - Szeretlek
Icelandic - Eg elska tig
Ilonggo - Palangga ko ikaw
Indonesian - Saya cinta padamu
Inuit - Negligevapse
Irish - Taim i' ngra leat
Italian - Ti amo
Japanese - Aishiteru
Kannada - Naanu ninna preetisuttene
Kapampangan - Kaluguran daka
Kiswahili - Nakupenda
Korean - Sarang Heyo
Latin - Te amo
Latvian - Es tevi miilu
Lebanese - Bahibak
Lithuanian - Tave myliu
Malay - Saya cintakan mu / Aku cinta padamu
Malayalam - Njan Ninne Premikunnu
Mandarin Chinese - Wo ai ni
Mohawk - Kanbhik
Myanmar- မင်းကိုငါချစ်တယ်
Moroccan - Ana moajaba bik
Nahuatl - Ni mits neki
Navaho - Ayor anosh'ni
Norwegian - Jeg Elsker Deg
Pangasinan - Inaru Taka
Papiamento - Mi ta stimabo
Persian - Doo-set daaram
Pig Latin - Iay ovlay ouyay
Polish - Kocham Ciebie
Portuguese - Eu te amo
Romanian - Te ubesk
Russian - Ya tebya liubliu
Scot Gaelic - Tha gra\dh agam ort
Serbian - Volim te
Setswana - Ke a go rata
Sign Language - ,/,,/ (represents position of fingers when signing
'I Love You')
Sindhi - Maa tokhe pyar kendo ahyan
Sioux - Techihhila
Slovak - Lu`bim ta
Slovenian - Ljubim te
Spanish - Te quiero / Te amo
Swahili - Ninapenda wewe
Swedish - Jag lskar dig
Swiss-German - Ich lieb Di
Tagalog - Mahal kita
Taiwanese - Wa ga ei li
Tahitian - Ua Here Vau Ia Oe
Tamil - Nan unnai kathalikaraen
Telugu - Nenu ninnu premistunnanu
Thai - Chan rak khun (to male)
Thai - Phom rak khun (to female)
Turkish - Seni Seviyorum
Ukrainian - Ya tebe kahayu
Urdu - mai aap say pyaar karta hoon
Vietnamese - Anh yeu em (to female)
Vietnamese - Em yeu anh (to male)
Welsh - 'Rwy'n dy garu di
Yiddish - Ikh hob dikh lib
Yoruba - Mo ni fe e
Zulu - Ndiyathan

L0^3 c0uNtR!3$

H.O.L.L.A.N.D Hope Our Love Lasts And Never Dies.
I.T.A.L.Y. I Trust And Love You.
L.I.B.Y.A. Love Is Beautiful; You Also.
F.R.A.N.C.E. Friendships Remain And Never Can End.
C.H.I.N.A. Come Here?. I Need Affection.
B.U.R.M.A. Between Us, Remember Me Always.
N.E.P.A.L. Never Ever Part As Lovers.
I.N.D.I.A. I Nearly Died In Adoration.
K.E.N.Y.A Keep Everything Nice, Yet Arousing.
C.A.N.A.D.A. Cute And Naughty Action that Developed into Attraction
K.O.R.E.A. Keep Optimistic Regardless of Every Adversity.
E.G.Y.P.T. Everything's Great, You Pretty Thing!
M.A.N.I.L.A. May All Nights Inspire Love Always.
P.E.R.U. Phorget (Forget) Everyone... Remember Us.
T.H.A.I.L.A.N.D. Totally Happy. Always In Love And Never Dull.

Gtalk ရဲ့လျှို့ဝှက်ချက်လေးတွေပါ

၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။
၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။
၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။
၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။
၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။
၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။
၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။
၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။
၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။ ( စမ်းသပ်မကြည့်ဖူးဘူး ၊ )
၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။
၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။
၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။

Friday, September 4, 2009

ဖြေသိမ့်ခြင်း

မစမ်းသင့်မှန်းသိပေမယ့်
ဆေးခါးတစ်ခွက်ကို အပြုံးမပျက်
မော့သောက်ပြစ်ချင်တရ်
စိတ်သဘောမပါတဲ့ နင့်ရဲ့အသံကိုမှ
အစဉ်အမြဲ ကြားချင်မိတရ်
မလှမ်းသင့်တဲ့ ငါ့ခြေထောက်တွေကို
နင်မကြိုဆိုလဲ မသိမသာနင့်အနားမှာရှိနေမိတရ်
ရေလာမြောင်းပေးမဟုတ်ခဲ့ပဲ ကူညီဖေးမခဲ့တဲ့အတွက်
နင့်ရဲ့စိတ်တွေေ၀၀ါးနေတရ်ဆိုရင်
အားနာမှုနဲ့ နင်ငါ့အနားမှာမနေသင့်ပါဘူး
တာဝန်တစ်ခုလိုဖြစ်တဲ့ ငါ့ကိုနှိပ်စက်အုံးမှာလား
ပိုင်ဆိုင်ခြင်းမဟုတ်တဲ့ မြတ်နိုးမှုကိုတွက်ပြီး
ပြတိုက်ထဲကရှေးဟောင်းအရုပ်ကလေးတစ်ရုပ်လို
အဝေးကပဲလှမ်းကြည့်ပြီး ဖြေသိမ့်ပါတော့မယ်ဟာ..................

နေပါတော့

ဂြိုလ်ဆိုးဖြစ်လိုက် ကယ်တင်ရှင်ဖြစ်လိုက်
တစ်လှည့်စီ မင်းအနားမှာမှာရှိနေခဲ့တရ်
ဒါပေမယ့်လည်း မင်းရဲ့အနာဂတ်ရှေ့ခရီးအတွက်
လက်တွဲဖော်အဖြစ် အဝေးကြီးကိုလှမ်းမျှော်နေတရ်
ရင်မှာကြိတ်နာ မကြည့်ရက်လည်း
မင်းနဲ့အတူလှမ်းမျှော်ပေးခဲ့
နားလည်ခွင့်လွှတ်ဂရုစိုက်ခဲ့လဲ
မင်းမိုက်စော်ကားနှိပ်စက်ခဲ့တရ်
အဆုံးသတ်မှာတော့ ဒီကောင်မလေးမှာ
ကိုယ့်ဒုက္ခ ကိုယ်ရှာတာမို့
မင်းရဲ့အနာဂတ်လက်တွဲဖော်ကို
မင်းတစ်ယောက်တည်း မျှော်မှန်းတမ်းတနေပါတော့.........

အလွယ်ဆုံး Virus ရှိ၊မရှိ စမ်းသပ်နည်းလေးတစ်ခုပါ။

virus ရှိ ၊ မရှိ စစ်မယ်ဆိုရင်....
တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..
Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် ..
cd\ ရိုက်ထည့်ပါ enter နိုပ်ပါ
C:\>setup လို့ ရိုက်ထည့်မယ် enter နှိပ်မယ်...
ဒါဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး....။
မပေါ်ခဲ့ရင် တော့ virus ရှိနေပါပြီ...။

Thursday, September 3, 2009

Gtalk ထဲမှာ မိမိ နာမည် မကျန်ခဲ့စေချင်လျှင်...။

ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများ
ပါတယ်။အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်
ခဲ့စေအောင်သုံးတဲ့နည်းလေးပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk
ဝင်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။
နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လို
ဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့
စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။
စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။
(သို.မဟုတ်)Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။
ထို Folder ၅ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။
List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။
List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။
တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။

၇။ Account နှိပ်ပါ။
Gmail Address များကိုတွေ.ရပါလိမ့်မည်။
အကယ်လို.မိမိ Gtalk ၀င်ခဲ့ တယ်ဆိုရင်တော့မိမိGmail Addressနာမည်
ပေါ်နေပါလိမ့်မည်။
ဖျက်လိုပါက မိမိနာမည် ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။
Name/Type/Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right
ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။

Gtalk မှာ ကိုယ့်ကို ဘယ်သူ block လုပ်ထားလဲ ဆိုတာ စမ်းသပ်နည်း။

Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။
ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။
ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ။
(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား..။ )
အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။
ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ..ပြီး.. 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။
(သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button ပဲပေါ်နေမှာပါ။)
မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable. Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့ ကိုယ့်ကို block လုပ်မထားပါဘူး။
တကယ့်ကို offline ဖြစ်နေတာပါ။
အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့...
စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ...
ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ပါလား...။

Gtalk ကနေ သူခိုးချက် ချက်နေတဲ့သူကို ဖမ်းနည်း။Offline ဖြစ်မဖြစ် စမ်းသပ်နည်း။

ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက
အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။
ပြီးရင်.. Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။
ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄)..............@gmail.com is offline and can’t receive messages right now.
လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history
ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

စမ်းကြည့်လိုက်ပါ.....ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့...ဟဲဟဲ..။

Tuesday, September 1, 2009

****ဒုတိယမြောက်အလွမ်းဒဏ်ရာ*****

ချစ်သူ.......မင်းဟာ
ငါ.နှလုံးသားတစ်နေရာမှာ
နက်ရှိုင်းစွာစူးဝင်နေတဲ.
ဆူးလေးတစ်ချောင်းပါ
မင်းပေးတဲ့ ဒဏ်ရာတွေနဲ့
ငါ့နှသားတစ်ခုလုံးကြေမွ
သွေးစက်စက်ကြနေပေမဲ.
မင်းကိုငါနှုတ်မပစ်ရက်ပါဘူး
ချစ်သူ.......ငါဟာ
သူများတွေပျော်ရွှင်ချိန်မှာ
ဟန်ဆောင်ပြုံးတွေနဲ.
အတုအယောင်ကိုဖန်ဆင်း
ကိုယ်.ကိုကိုယ်ကာကွယ်ရင်းနဲ့
တိုးတိတ်စွာတမ်းတနေမိသူပါ
ချစ်သူ......မင်းဟာ
ငါ.ကိုကဝေတစ်ကောင်လိုပြုစား
ငါ.နှလုံးသားကိုလှည်.ဖျားခဲ့တယ်နော်
မချစ်တတ်သေးတဲ.ငါ.ကို
ချစ်တတ်လာအောင်လှည်.စား
အိပ်မက်ရှည်များစွာကိုလဲ
မက်တတ်အောင်သင်ကြားပေးခဲ.ပြန်တယ်
ချစ်သူ........ငါဟာ
မျက်စိရှေ.မှာတင်ကွဲအက်သွားတဲ.
ငါ.နှလုံးသားလေးကို
ဖမ်းယူတားဆီးဖို.တောင်
မစွမ်းနိုင်တဲ.သူပါ
ချစ်သူ.....ခုတော့ မင်းဟာ
အခြားသူတစ်ယောက်ရဲ.ရင်ခွင်မှာ
အနမ်းတွေနဲ.အတူ
အလွမ်းတွေကိုမေ.လျှော.
ပျော်ရွှင်စွာ၇ယ်မောတတ်နေပြီပေါ.
ချစ်သူ.....ခုတော.ငါဟာ
မင်းပေးတဲ.အလွမ်းဒဏ်ရာတွေကို
ထွေးပွေးရင်း
အိပ်ပျက်ညများစွာကိုကျော်ဖြတ်လို.
အိပ်စက်ရမှာတောင်ကြောက်နေမိသူပါ....

မညီမျှခြင်း

ချစ်သူ....
ထပ်တူမညီကျတဲ့
မင်းနဲ.ငါ. ရဲ့ ရင်ခုန်သံတွေကြားမှာ..
ပျော်ရွှင်ဖူးခဲ.သလို
နာကြင်စွာလဲရှိခဲ.ဖူးတယ်။
အချစ်ဦးမို.ရူးခဲ.ပေမယ်.
နှလုံးသားရဲ့ဆန္ဒ...
ဦးနှောက်နဲ့ တွေးမိလိုက်တော့....
မဖြစ်နိုင်ဘူးဆိုတဲ.အသိနဲ့...
ပုံမှန်မဟုတ်တဲ့ ငါ့ရင်ခုန်သံတွေကို ...ဆုံးမရင်း...
နာကြင်စွာနဲ.
လမ်းခွဲဖို.လဲကြိုးစားဖူးတယ်။
ချစ်သူ...
ရင်မှာမြိုသိပ် တိတ်တိတ်ရင်ခုန်
လွမ်းတဲ့စိတ်ကိုလည်း
ကြိတ်မှိတ်ပြီးလဲမေ့ ခဲ့ဖူးတယ်။
င်္သသယတွေနဲ.စိတ်မချလို.
သ၀န်တွေလဲတိုခဲ.ဖူးတယ်။
လွမ်းတိုင်းငိုကြွေး
ကဗျာလေးတွေနဲ.ရင်ဖွင်.ဖူးတယ်။
စိတ်ကူးရင်ရူး
မင်းနဲ.ကမ္ဘာတည်ခဲ.ဖူးတယ်။
ဟိုးအဝေးကြီးကငါ.ရဲ.ချစ်သူ
တမ်းတပြီးလဲမျှော်ခဲ.ဘူးတယ်။
မြတ်နိုးစိတ်နဲ.
မင်းအတွက်ရည်စူး
ဘုရားမှာလဲဆုတောင်းဘူးတယ်။
နှုတ်ဆက်အသိနဲ.
လက်ပြပြီးလဲ ထွက်ခဲ.ဘူးတယ်။
မင်းကြားချင်တဲ.စကား
ငါ.ရင်ထဲမှာအကြိမ်ကြိမ်ဖြေခဲ.ဘူးတယ်။
ငါဖြစ်ချင်တဲ. ဆန္ဒတစ်ခု
မင်းကိုငါပြောခဲ.ဘူးတယ်။
မဖြစ်နိုင်မှန်းသိရက်နဲ.
ပြောင်းလဲဖို.လဲကြိုးစားဖူးတယ်။
မင်းငါ.ကိုမေးခဲ.ဘူးသလို
ငါ.ကို်ငါလဲမေးခဲ.ဘူးတယ်။
ငါ.အချစ်ဟာဖြူစင်ခဲ.သလား?
ငါ.ဦးနှောက်ကိုcheckingလိုက်လို.
ငါ.နှလုံးသားကိုလဲစစ်ခဲ.ဖူးတယ်။
ငါ.ဦးနှောက်ရဲ.တွက်ချက်မှုနဲ.
equation တွေလဲချခဲ.ဘူးတယ်။
theory တွေနဲ.တိုင်းတာ
အကြိမ်ကြိမ်အခါခါတွက်ခဲ.ဖူးတယ်
နောက်ဆုံးမှာတော.ငါသေချာသိလိုက်ရတာက
မာနတွေနဲ.ပြိုင်ဆိုင်
မောဟတွေနဲ.မိတ်ဆက်လို.
အတ္တကြီးတဲ.နှလုံးသားတစ်စုံသာ
ငါ.မှာရှိခဲ.တာပါ
မဖြူစင်ခဲ.တဲ.ငါ.အချစ်အတွက်
မင်းငါ.ကိုနာကြည်းမုန်းတီးစွာ
စွန်.ခွာသွားပါတော.ချစ်သူ
ငါကတော.့အတ္တနဲ.မာနအတွက်
လောကကြီးကိုဆက်လက်ယှဉ်ပြိုင်ဖို.
ငါ.နှလုံးသားတစ်စုံကိုအပြီးသတ်စတေးလိုက်ပါပြီ။

***ချစ်သူ မသိတဲ့ အလွမ်း***

ချစ်သူ မင်း မျက်နှာကို
ကံ မကောင်းလို့ နေ့တိုင်း မမြင်ခဲ့ ရရင်တောင်
မင်း ရဲ့ အကြောင်းတွေးရင်း
ချို မြိန် တမ်းတစွာ
မင်းကို ငါ သတိရနေရဲ့
အလွမ်းတွေက
ငါမင်းကို မေ့မရတဲ့
သက်သေ တွေ အဖြစ်
နင်မသိအောင် ငါ့ကို
စွဲဆောင်နေလေရဲ့ .....
မင်း မရှိတဲ့ ငါ့ရဲ့ နေ့စွဲ တွေကို
ဖြတ်ကျော်နည်းကို
ငါ တစ်ဖြည်းဖြည်း သင်ယူနေရဲ့......
နင် မရှိတဲ့ နေ့ရက်တွေမှာ
နင်ကို ပိုပြီးသတိရတတ်နေရဲ့
နင် မသိတဲ့ နေ့များစွာ ကို
နင်မသိဘဲ ငါ မင်းကို ချစ်နေလေရဲ့
နင်မသိလည်း
ငါကတော့ ကျေနပ်စွာ
နင်ကို လွမ်းနေတုန်းပါ
အသွား အပြန်မရှိခဲ့ရင်တောင်မှ
နောင်တမဲ့
မင်းကို ထွက်သက်မဲ့ ထိ
ဆက်ချစ်နေချင်ရဲ့
နင်သိအောင်လည်း
ငါတောင်းဆုချွေနေတယ်
ကောင်းကင်က ကြယ်မိုးမရွာသွန်းပါစေ
ငါရဲ့ အချစ်စစ်ခဲ့ရင်ပေါ့
မင်း မျက်နှာလေးကို နောက်တစ်ကြိမ်တော့
ပြန်မြင်ချင်မိသေးရဲ့
ချစ်သူရယ်......................။ ။

*** နေရာလေးတစ်ခု***

ချစ်သူ ဖြစ်နိုင်ဘူးဆိုတာသိလျက်နဲ့ မင်း ကို ချစ် ခဲ့ တာ ပါ။ အ ဆုံး မဲ့ အ ချစ် တွေနဲ. ချစ် ခဲ့ ပြီးနောက် တော့ နောက် ထပ် အ ချစ် စစ် ဆို တာ မရှိနိုင် တော့ သ လို ငါ မင်း ကို ချစ်တဲ့ အချစ်တွေကိုလည်း ဖျက် စီး လို့ မ ရ နိုင် တော. ပါ ဘူး။
ဇာတ် သိမ်း ကို ကြို တင် သိ နေ ပေ မယ့် နှ လုံး သား ရဲ. အ ကိုငါ လိုက် ခဲ့ ပါ တယ်။စ တွေ့ တဲ့ နေ့ က စ ပြီး တောက် လောင် ခဲ့ တဲ့
အ ချစ် မီး ဟာ ဘယ် တော့ မှ ငြိမ်း မ လဲ ဆို တာ ငါ ကို တိုင် လဲ မ သိ တော့ ပါ ဘူး။
မင်း ကို မြင် ရင် ဟန် ဆောင် ပြီး မျက် နှာလွှဲ တတ် ပေ မယ့် ငါ့ ရင် ထဲ မှာ တော့ မင်း အ ကြောင်း ပဲ နေ့ တိုင်း တွေး နေ မိ တာ ကို တော့ မင်း တစ် ယောက် မ သိ နိုင် တော့ ပါ ဘူး။
မင်း ကို အ ရမ်း ချစ် ခဲ့ တာ လဲ ငါ တစ် ယောက် ပါ ပဲ။မင်း ကို ပိုင် ဆိုင် ခွင့် ရ ဖို့ ငါ ချစ် ခဲ့ တာ မှ မ ဟုတ် တာ ချစ်သူ ရယ်။ မင်း ရဲ. ပျော် ရွှင် နေ တဲ့ မျက် နာ လေး ကို မြင် ရုံ နဲ့ ကျေ နပ် နေ တဲ့ ကောင်ပါ ကွာ။ဒါပေမဲ့ ငါ့ နှ လုံး သား မှာ တော့ မင်း ပေး တဲ့ ဒဏ် ရာ တွေ နဲ့ နေ ရာ လွတ် ဆို တာ မ ရှိ တော့ လောက် အောင် ပါ ပဲ။။။ငါ့ နှ လုံး သွေး တွေ လည်း ခန်း ခြောက် ခဲ့ ပြီ ချစ် သူ ရယ်။။။။
မ ပြော ရဲ ခဲ့ တဲ့ ငါ့ အ ချစ် တွေ ကို သည်း မ ခံ နိုင် တော့ တဲ့ မင်း က အ ဝေး ကို ထွက် သွား တော့ မယ် ဆို တော့ ငါ ဘယ် လို ရင် ခုန် သံ နဲ့ အ သက် ရှင် ရ တော့ မ လဲ ဆို တာ ငါ ကိုယ် တိုင် လဲ မသိ တော့ ပါ ဘူး ကွာ။
အိပ် မက် တွေ ထဲ မှာ ရ ခဲ့ တဲ့ မင်း ရဲ့ အ ချစ် တွေ ကို ငါ အ ရမ်း လို ချင် ခဲ့ ပေ မယ့် ငါ့ ရဲ့ ခြောက် ကပ် စွာ နဲ့ နိုး ထ လာ ခဲ့ ရ တဲ့ လက် တွေ. ဘ ၀ ထဲ မှာ တော့ ထပ် တူ မ ကျ တဲ့ မင်း နဲ့ ငါ့ ရဲ့ ရင် ခုန် သံ တွေ ကြောင့် နင် ဟာ ငါ ရဲ့ အ ဝေး ဆုံး မှာ ပဲ ပေါ့ နော်။
အ ထီး ကျန် ခြင်း ဆို တဲ့ ဝေ ဒ နာ ကို ခံ စား နိုင် စွမ်း ရှိ တဲ့ မာ ကျော တဲ. အ သည်း ငါ. မှာ မ ရှိ သေး လို. ပါ ချစ် သူ ရယ်......

မင်း သွား မဲ့ နေ့ မှာ ကိုယ် နှုတ် ဆက် ချင် ပေ မယ့် မင်း ကို လက် ပြ ရ မှာ ကို ကိုယ် ကြောက် နေ ခဲ့ မိ တယ် ။ လက် မ ပြ ရဲ လို့ လှည့် ထွက် လာ ခဲ့ ပေ မယ့် လှမ်း ခေါ် လေ မ လား လို့ နာ စွင့် ထား တာ ဒီ နေ. တိုင် အောင် ပါ ပဲ ။ ကိုယ် မင်း ကို တိတ် တိတ် လေး ချစ် ခဲ့ တဲ့ အ ရင် က နေ. ရက် တွေ ကို လွမ်း မိ သေး တယ် ကွာ။မင်း နဲ့ ပျော် ရွှင် ခဲ့ ဖူး တာ တွေ ကို ပြန်တွေး မိ တိုင်း ငါ့ နုတ် ခမ်း တစ် စုံ ဟာ အ လှ ပ ဆုံး ပြုံး နိင် ပေ မဲ့ ငါ အ ရမ်း ချစ် ခဲ့ တဲ့ မင်း တစ် ယောက် ငါ မ ဟုတ် တဲ့ တစ် ခြား တစ် ယောက် ရင် ခွင် မှာ ပျော် နေ မ လား ဆို တဲ့ အ တွေး တွေ ၀င် လာ ချိန် မှာ တော့ ငါ့ နှ လုံး သား တစ် ခု လုံး တစ် ဆစ် ဆစ် နာ ကြင် ရပါတယ် ချစ်သူ ရယ်....။

နောက် တ ခေါက် ဆို တဲ့ မ ရေ ရာ တဲ့ နေ့ ရက် တွေ ကို မျှော် လင့် နေ ရင်း မင်း ကို ပဲ ချစ် နေ ဦး မှာ ပါ ပဲ။
ဘယ် သူ မှ လဲ မ သိ နိုင် တဲ့ ငါ့ နှ လုံး သား ရဲ. တစ် နေ ရာ မှာ တော့ မင်း အ တွက် ဆိုြ့ပီး ရည် စူး ထား တဲ့ အ ချစ် သစ် ပင် လေး တောင် အ ရွယ်ေ၇ာက် လာ ပြီ နော်။ကောင် လေး ရယ် ငါ မင်း ကို မြတ် မြတ် နိး နိး နဲ့ ချစ် တယ်.......
ချစ် တယ်..... .......
...................................

မင်း မ ကြား နိုင် တော့ ပေ မယ့် ငါ့ ရဲ. အ ဝေး က အ ချစ် တွေ နဲ. မ ရေ ရာ တဲ့ တို့ နှစ် ယောက် နဲ့ ပြန် ဆုံ မဲ့ နေ့ ကို
ငါ မင်း ကို စောင်. နေ မယ် နော်။

ဘယ် တော. မှ မ ပျောက် ပျက် နိုင် တဲ. နေ ရာ လေး တစ် ခု မှာ ပေါ. ကွာ။






တကြိမ်သာပွင့်ခဲ့.မြင်ခွင့်ရခဲ့သော....
ဒီနေရာတွေကိုမလာချင်ဘူး......
ဒါပေမဲ့......အမြဲရောက်နေတုန်းပဲကွာ........

(တခါတလေစဉ်းစားမိတယ်)ငါပေးခဲ့ရတာတွေကတန်ရဲ့လားလို့

ဘာပဲဖြစ်ဖြစ်ပေါ့...........
အဲဒီအချိန်တုန်းကရရှိခဲ့တဲ့တခဏလေးနဲ့တင်အရာရာကိုငါပေးခဲ့ရရင်..
ဆုံးရှုံးခဲ့ရရင်တောင်ငါကျေနပ်နေတုန်းပါ....

***ပေးဆပ်ခြင်း***

ချစ်သူ။။။
မှားယွင်းခဲ့တဲ့ တစုံတရာ အတွက်
ငါ ဘာတွေများ မျှော်လင့်လို့ ရဦးမလဲ ???
အချစ် ဆိုတာ ဖြူစင်စွာပေးဆပ်ခြင်းသပ်သပ်တဲ့လား ???

အနားမှာ နင်ရှိနေပေးခဲ့ဖူးတဲ့ အချိန်တွေအတွက်
နင့်ကို ကျေးဇူးတင်သလို ... ... ...
နင်မရှိတော့တဲ့ အခါမှာလည်း
တမ်းတလွမ်းမောစရာ အတိတ်လေးကို ချန်ထားပေးခဲ့တဲ့
နင့်ကို ကျေးဇူးတင်ဆဲပါပဲ။

နောက်ဆုံးတော့ ... ... ...နင်နဲ့
လက်တွဲရတာက
သာယာသောအေးချမ်းခြင်းဖြစ်နိုင်သလို
လမ်းခွဲရတာကလည်း
အပူအပင်ကင်းသော ငြိမ်းချမ်းခြင်းဖြစ်နိုင်တာပဲလို့
ဖြေသိမ့်မှတ်ယူရင်း ...
ငါ့ ရင်ထဲမှာတော့ နင့်တစ်ယောက်ကိုပဲ
သက်ဆုံးတိုင်မြတ်နိုးနေဦးမှာပါ ' **ချစ်သူ**

ချစ်သူ့ ကျိန်စာ

ကျွန်ုပ်သည် သင့်အား အသက်နှင့် ထပ်တူထပ်မျှ
ဲမြတ်နိုးရပါ သောကြောင့်
ငါမှလွဲ၍ တပါးသူကို ချစ်ရန်
သစ္စာဖောက်သော အခါ
ငါ၏ နှလုံးသားကွဲကြေရ သကဲ့သို့
သင်လည်း....ထပ်တူထပ်မျှ ခံစားရပါစေ ။

ငါ့မျက်ရည် တစက်ကျတဲ့အချိန်မှာ
သင့်အသည်း တစ်ပဲ့ကြွေသွားပါစေ ။

ငါ့ရဲ့ ရင်ထဲအဆွေးနှင့် ပြည့်နှက်နေသောအခါ
သင့်ရင်ထဲလည်း မွန်းကျပ်လို့ အနေခက်ပါစေ ။

ငါ့ခေါင်းထဲ ပြဿနာတို့နှင့် လောင်ကျွမ်းခဲ့ရင်
သင့်ကိစ္စတို့သည်လည်း သပွတ်အူပမာ ရှူပ်ထွေးပါစေ ။

ငါ၏ ညဘက်အိမ်မက်တွေ ထွက်ပြေးခဲ့သော်
သင့်မျက်ခွံတွေလည်း အပိတ်ခက်ပါစေ ။

အကယ်၍....
ငါ့ခန္ဓာ ထာဝရ အနားယူချိန်ရောက်သောအခါမှာလည်း
သင်သည် ဒူးထောက် ယုံမှတပါး
အခြားရွေးစရာ လမ်းမရှိပါစေနှင့်..။

**အတိတ် တစ်ခု**

နေရောင်ခြည် ရှိပေမဲ့....
ချစ်သူမရှိ ပကတိ အမှောင်...
လ ရောင် ဆမ်းပေမဲ့ ..
ချစ်သူကို လွမ်း...
ငါ့ ရဲ့ ဘ၀ လမိုက်ညပေါ့....
ပန်းများပွင့်လျက်...
ချစ်သူအတွက် မပေးဆပ်နိင်....
ပန်များမွှေးလျက်.....ချစ်သူနှင့် ဝေးးး
ပန်းမပေးနိင်.....
ပြန်တွေးသမျှ
ကြေကွဲရတယ်...
သြော်...ကံကြွေးဘယ်တော့ ကြေမှာလည်းး....

***ချစ်သူမှာတမ်း***

ကြယ်တွေစုံတဲ့ ည.
ကောင်းကင်စီမျှော်မှန်းရင်း.....
ငါ့အတွေး တွေက မင်းစီဖြန့်ထားခဲ့တယ်.....
ဟိုးအဝေး စီက...
မှုန်ပြပြ တောင်တန်းတွေကြားမှာ
မင်းရှိနေမလား.....
မှန်းဆရ ခက်လိုက်တာ ချစ်သူရယ်.....
ကိုယ့်ရဲ့ တည်နေရာ
ကိုယ်တိုင်တောင် မသေချာတဲ့ အဖြစ်
မင်းရှိရာကို ဘယ်လိုမှန်းဆရပါ့မလဲ.....
ဘယ်လို ပင် ဖြစ်ဖြစ်
ဘယ်နေရာပဲရောက်ရောက်......
ဘယ်အရပ်မှာပဲ နေနေ ....
ငါ့ရင်ထဲက သတိရခြင်းတွေကို....
မင်းရှိမဲ့အရပ်စီ...မှန်းဆလို့.......
တမန်တော် လေပြေရယ်...
ကျေးဇူးပြုပြီး...ပြောပြလိုက်ပါ....
ငါ သူ့ ကို အရမ်းလွမ်းနေတယ်လို့.....

***တောင်းပန်ခြင်း****

ချစ်သူ...
ကို့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးထောင့်က
မင်းသော့ဖြတ်ပြီး ၀င်လာခဲ့တယ်။
မင်းတစ်သက်လုံးပျော်နိုင်ပါ့မလား....
မပျော်တော့ဘူးဆိုရင်တော့မင်းထွက်သွားလို့ရပါတယ်......(ငါ မျက်ရည်တွေနဲ့ပေါါ)
တကယ်လို့...အလည်ပြန်လာမယ်ဆိုရင်လည်း....
မင်းအတွက်တော့ အမြဲအဆင်သင့်ပါ (ငါ့နှလုံးသားတံခါး)....
အပြီးအပိုင်ထွက်ခွါသွားတော့မယ်ဆိုရင်တော့...
ငါနှလုံးသားကိုပါတစ်ခါတည်းယူသွားလိုက်ပါ...ချစ်သူ