Wednesday, September 9, 2009

“အသေအချာပါပဲ”

ဘဝတစ်ခု အချစ်တစ်ခုမဟုတ်ခဲ့ပေမယ့်
နင့်ကိုချစ်မိတာ အသေအချာပါပဲချစ်သူ……
အကြောင်းပြချက်မရှိ ဘာကြောင့်တွေဆိုတာ ငါမသိပေမယ့်
အချစ်စိတ်က ငါ့နှလုံးသားကို အနိုင်ယူခဲ့တာ အသေအချာပါပဲချစ်သူ…..
ခုဆိုငါလေ နင်ရှိရာကို မသိပေမယ့်
မျက်စိမှိတ်လျှောက်ခဲ့လည်း နင့်ရင်ခွင်ဆီရောက်မိမှာ အသေအချာပါပဲချစ်သူ…….
တကယ်တော့ နင်ကငါ့ရဲ့
သံလိုက်တုံးလေးတစ်ခုလိုပဲ ဆွဲငင်နိုင်စွမ်းရှိတဲ့
စိတ်ညှို့ရှင်ပါပဲချစ်သူ……….

No comments:

Post a Comment