ကြယ်တွေစုံတဲ့ ည.
ကောင်းကင်စီမျှော်မှန်းရင်း.....
ငါ့အတွေး တွေက မင်းစီဖြန့်ထားခဲ့တယ်.....
ဟိုးအဝေး စီက...
မှုန်ပြပြ တောင်တန်းတွေကြားမှာ
မင်းရှိနေမလား.....
မှန်းဆရ ခက်လိုက်တာ ချစ်သူရယ်.....
ကိုယ့်ရဲ့ တည်နေရာ
ကိုယ်တိုင်တောင် မသေချာတဲ့ အဖြစ်
မင်းရှိရာကို ဘယ်လိုမှန်းဆရပါ့မလဲ.....
ဘယ်လို ပင် ဖြစ်ဖြစ်
ဘယ်နေရာပဲရောက်ရောက်......
ဘယ်အရပ်မှာပဲ နေနေ ....
ငါ့ရင်ထဲက သတိရခြင်းတွေကို....
မင်းရှိမဲ့အရပ်စီ...မှန်းဆလို့.......
တမန်တော် လေပြေရယ်...
ကျေးဇူးပြုပြီး...ပြောပြလိုက်ပါ....
ငါ သူ့ ကို အရမ်းလွမ်းနေတယ်လို့.....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment