ရင်ခုန်သံတွေနိုးထ
စိတ်ကူးတွေသစ်ဆန်း
အနမ်းတွေငမ်းလင့်
မျှော်လင့်ချက်တွေ တောက်ပ
ဇောက်ချတဲ့စိတ်ကူးနဲ့ ချစ်မိကာမှ
နောက်ကျပြီဆိုတာကို သိလိုက်ရတယ် . . .
တကယ်တော့ . . .
ကိုယ့်ရင်ခွင်ဟာ မင်းအတွက် မဖြစ်နိုင်ခဲ့ပါလားကွာ
မင်းသာ နားခိုမယ်ဆို အမြဲတမ်းကြိုဆိုနေမှာပါ
မဖြစ်နိုင်တော့တာတွေ စဉ်းစားနေမယ့်အစား
မင်းနဲ့ငါ ရှေ့ဆက်ဘာလုပ်ရမလဲ ဆိုတာ
တိုင်ပင်ကြရအောင် . . . ။
“ရင်ခုန်သံတိုင်းဟာ ကြောက်လို့မဟုတ်ဘူး
လေလွှင့်တဲ့ အပြုအမူတိုင်းဟာလည်း
ပျက်စီးချင်လို့ မဟုတ်ဘူး . . .
ဒီလိုပါပဲ . . .
ချစ်မိတဲ့ နှလုံးသားတိုင်းဟာလည်း
ပိုင်ဆိုင်ရဖို့ တစ်ခုတည်း မဟုတ်ခဲ့ရပါဘူးကွာ”
ဒီလိုပြောလို့ မင်းကို မပိုင်ဆိုင်ချင်လို့ မဟုတ်ရပါဘူး ဖြစ်နိုင်ခဲ့ရင်ပေါ့လေ . . . ငါမင်းနဲ့ အပြင်ကမ္ဘာလေးမှာ တွေ့ချင်သေးတယ်ကွာ နှစ်ယောက်တည်းပေါ့ . . . ။
No comments:
Post a Comment