Tuesday, March 2, 2010

ငါ့ ကိုမချစ်သေူာ ငါ့ရဲ့ချစ်သူ

ငါချစ်သလောက်ငါ့ကိုမချစ်တဲ့နင်
နင်မုန်းသလောက် ငါကနင့်ကိုဘာကြောင့်စွဲလန်းနေရတာလဲ
ငါ့ကိုငါလဲ နားမလည်နိုင်တော့ဘူး..........

နင့်ကိုချစ်လို့ နင့်အပြစ်တွေကိုခွင့်လွတ်ခဲ့တာ
နင့်ကိုနင်အထင်မကြီမိပါစေနဲ.................
နင်တကယ်ချစ်တဲ့သူနဲ့တွေ့ရင်နင်ဘဲစိတ်ဆင်းရဲရမယ်

နင့်ကိုချစ်လို့ငါ မိဘစကားကိုလွန်ဆန်ခဲတာ
နင့်ကိုနင် ဟုတ်လှပြီမထင်နဲ့......................
နင်တကယ်ချစ်တဲ့သူနဲ့တွေ့ရင် မိဘစကားကိုနားထောင်လာတဲ့နင်
မိဘကိုအထင်လွဲ အပြစ်တင်နေမိလိမ့်မှာကို ငါကြိုသိနေတယ်

နောက်ဆုံးတော့လဲ နင်ငါ့ကိုထားခဲ့တာပါဘဲလေး
သြော်........ငါ့အချစ်ကိုလက်မခံတဲ့နင်ကိုငါတော်တော်လေးစိတ်နာမိတယ်ဟာ.......
ကဗျာတစ်ပုဒ်ဖြစ်အောင်ကြိုးစားရေရတာမို့
အမှားပါရင်ခွင့်လွတ်ကြပါလို့တောင်းပန်ပါတယ်..............

မသေချာတဲ့ချစ်သူသို.

ချစ်မိပြီဆိုကတည်းက ..............
တမ်းတဖို့ဖြစ်လာပြီ.............
မင်း ရီတဲ့ ရယ်သံလေးက............
ငါ့ကို အလွမ်းတွေပေးပေါ့...........
မင်းအပေါ် စွဲလမ်းစိတ်နဲ့ ...............
တိတ်တိတ်ကလေး အမြစ်တွယ် ................
ချစ်တယ်ပြောဖို့လဲ .............
မ၀ံ့ရဲသေးဘူးကွယ်............
အစကတည်းက ...............
နီးစပ်ခဲ့ကြတာမဟုတ်ပေမယ့် ..............
ဝေးနေရတာကြီးကို စိတ်နာတယ်........................။

ငါ့ကို မချစ်ပါနဲ့

ငါ့ကို မချစ်ပါနဲ့
နှလုံးသားကို ပတ္တမြားနဲ့ထုဆစ်
ကျောက်ကပ်ကို စိန်စီ
အသည်းမှာ ပုလဲကိုခြယ်မှ
အချစ်ဆိုတာ စံချိန်မှီမှာတဲ့လား ........

မင်းနဲ့ငါ လျှောက်မဲ့ခရီး
ရွှေလမ်းတွေ အပြည့်ခင်းပြီး
ငွေမိုးတွေ ရွာချမှ
အချစ်ဆိုတာ လှပမှာလား ........

အောင်မြင်မှုကို ဆုပ်ကိုင်
ကျော်ကြားမှုကို အလံထူပြီး
ထည်ဝါမှုကို ပိုင်ဆိုင်မှ
အချစ်ဆိုတာ ခိုင်မြဲမှာလား .......

ဒီလိုဆိုရင်တော့ကောင်လေးရေ
ငါဟာ အရောင်မရှိ အဆင်းမရှိ
အနံ့မရှိ အရသာမရှိတဲ့
ရေလို လူမျိုးမို့

ဝမ်းနည်းပါတယ်ကွာ
ကျေးဇူးပြုပြီး ငါ့ကိုမချစ်ပါနဲ့ ..............

(၁၅၀၀) လိုကိလေသာ စိတ်မပါဘူး (၅၂၈) လို ဖြူစင်တဲ့ အချစ်လိုပဲ... ချစ်တာပါ

ချစ်သူ...............

မင်းရဲ့ အပြုံးတစ်ချက်

မင်းရဲ့ စကားတစ်ခွန်း

မင်းရဲ့ မျက်ဝန်းအကြည့် တစ်ချက်

ဟာ....................................

ကိုယ့်ဘဝ တစ်ခုလုံးကို.............

တုန်လှုပ်သွားစေခဲ့တယ်။

မင်းကို ချစ်တဲ့........

ကိုယ့် အချစ်ဟာ

(၁၅၀၀) လိုကိလေသာ စိတ်မပါဘူး

(၅၂၈) လို ဖြူစင်တဲ့ အချစ်လိုပဲ...

ချစ်တာပါ

ချစ်သူရယ်.................။

ဒါပေမဲ့.........

ကိုယ်ချစ်သလို မင်းကိုယ်ကိုပြန် ချစ်မယ်ဆိုရင်

ဒီကမ္ဘာမှာ ကိုယ့်ဟာ

အပျော်ဆုံး လူသားဖြစ်သွားမှာပါ။

ချစ်သူရယ်..................

Monday, March 1, 2010

ရနံ

ကမ္ဗည်း ကျောက်စာဆိုတာ။
မေ့ချင်အောင်ဆောင်နေသူတွေအတွက်။
ဘာမှအ၇ာမရောက်ပါ။..........



ဒါကြောင့်
နေ့ ထူးနေမြတ်တွေ....အကုန်လုံး
မင်းယူပါ။........




ခွဲခွာခဲ့ရတဲ့
နေ့ ဆိုးတစ်ခုကိုတော့......
ငါကိုယ့်ပိုင်ပစ္စည်းအဖြစ်။.......
ငါ...သိမ်းထားပါရစေ.....



သွားပုပ်လေလွင့် ပြောတာတော့
မဟုတ်ပါဘူး။..........


အသည်းနှလုံးများရဲ့ ရာဇ၀င်မှာ.......
အချစ်ကို
အခြားအရာနှင့်ကမ္ဗည်းထိုးလိုမ၇။



သတိရခြင်းကသာ...မေ့မရခြင်းများသာ.......။
အထင်ရှားဆုံး ကျောက်စာတိုင်သာဖြစ်တယ်......။

မောင်သိစေချင်တဲ့ချစ်သူအကြောင်း...........

မိန်းခလေးဆိုတာ..အားငယ်တတ်ပါတယ်..မောင်..ရယ်..
ချစ်တဲ့သူရှေ့ဆိုပိုပြီးအားးငယ်တတ်ပါတယ်..
အားကိုးချင်တဲ့သဘောပေါ့..မောင်..

မိန်းခလေးတွေစိတ်ကောက်တယ်ဆိုတာလဲ..မောင်ရယ်..
ချစ်လို့ပါပဲ.. ..ကိုယ့်ချစ်သူရဲ့အချော့
ချစ်သူရဲ့အယုအယ..ကိုခံယူချင်လို့ ချစ်သူကိုစိတ်ကောက်ကြတာပါ..
ချစ်သူစိတ်ကောက်ရင်..မောင်မငြိုငြင်ပါနဲ့နော်..
ချစ်သူစိတ်မကုန်အောင်သာ..မောင်ဂရုစိုက်ပါ..
ချစ်သူလဲ မောင့်ကိုစိတ်မကုန်ချင်ဘူး မောင်..

မောင့်ကိုထာဝရချစ်ချင်တဲ့
ချစ်သူ..

မပြီးသေးဘူး

အမြဲတမ်းလဲရှုံးနိမ်.နေမှာမဟုတ်သလို
အမြဲလဲမအောင်မြင်နိုင်ပါဘူး
ငါရှူံးနေတာတွေများလေလေ
ငါမှာအောင်မြင်ဖို့နီးစပ်လေပါ
်ဒါပေမယ်.သူများထက်စာရင်
ငါနဲနဲရှုံးနေတာပဲ
ငါရှုံးရှုံးနိုင်နိုင်
ဘာဖြစ်လဲဒီအတိုင်းနေလဲ
လူဆိုတာအချိန်တန်ရင်သေမှာပေါ.