Thursday, December 31, 2009

ရ ည် ရွ ယ် သူ သို့





တိတ်
တွေဟာ


ဆိပ်
တွေလို

ပြင်းရှ
ပူလောင်
နာကျင်ဆဲပဲ

နောင်တမရကြေးလို့

ကြွေးကြော်ပြီး
ကျောခိုင်းခဲ့ကြတာချင်း


တူတူ
ငါဘာလို့
နောင်တတွေနဲ့
ပြည့်လျှံနေခဲ့ရတာလဲ


ရာ
ရာ
ကို


နိုင်ယူ
တတ်ခဲ့တဲ့
ငါကနင်နဲ့ကျမှ

အရှုံးတွေကို
ကျေနပ်စွာခံယူချင်ခဲ့တာ

ငါ့ကိုယ်ငါတောင်မုန်းတီးမိတယ်

ခံ
ယူ
ချက်
ပြင်းထန်ပြီး
ခေါင်းမာတတ်တာကို

အတ္တဆန်ပြီး
ခက်ထန်သူလို့တော့
နင် မစွပ်စွဲပါနဲ့ဟာ

လက်ခုပ်ဆိုတာ
နှစ်ဖက်တီးမှမြည်သလိုမျိုး
နင့်ရဲ့တလွှဲဆံပင်ကောင်းမှုနှင့်တယူသန်မှု
အရွဲ့တိုက်မှုတွေကငါ့မာနကိုထိပါးစေခဲ့တာကိုလည်း



န င်

ထ ည့်

တွ က်

သ င့် တ ယ်




နောက်ဆုံး
မာန
နှစ်ခုရဲ့
စီးချင်းမှာ

ငါ့သိက္ခာနဲ့
မာနအတွက်
ငါ့နှလုံးသားငါပုံသွင်း

ခံပြင်းစိတ်နှင့်ကျောက်ဆစ်ရုပ်လိုမာကြောစေခဲ့တာကို

. . . . . နင် . . . . .
ရွံမုန်းချင်ရင်တောင်မှ
ရောမကျရှုံးခန်းကိုမှမြင်ချင်တဲ့

. . . နင့်အတွက် . . .

စတေးခဲ့ဖူးတဲ့ရည်မှန်းချက်ရဲ့လှေကားထစ်တွေရယ်

လွှဲချော်သွားခဲ့တဲ့
အနာဂတ်တစ်ခုရဲ့ပန်းတိုင်တွေ

နာဖျားခဲ့ရတဲ့
ငါ့ရဲ့ခံယူချက်နှင့်ဆန္ဒတွေကိုတော့



. . . . .
နင် . . . . .



သိ မှတ် ပြု ခဲ့ ဖို့ ကောင်း တယ်

ပေးဆပ်ခြင်း

ဝေးနေရတဲ့
ရင်ထဲကကောင်လေးရေ.....

ငါအဝေးမှာရောက်နေပင်မယ့်
ငါ့နှလုံးသားတစ်စုံကိုတော့
မင်းနားမှာပဲထားခဲ့တယ်လေ

မင်းစိတ်တိုင်းကျ
သုံးစွဲခွင့်ပြုထားတဲ့
ငါ့နှလုံးသားကို

မင်းမလိုချင်ဘူးဆိုလဲ
နင်းခြေလိုက်ပါကွာ

ဒါပင်မယ့်.........

ငါ့နှလုံးသားဝိဥာဉ်ကတော့
မင်းနားမှာထာဝရရှင်သန်နေဦးမှာပါ ။။။။။။။။။။။။။။။

Wednesday, December 30, 2009

" ငါသေသွားတဲ့အခါ "

ငါသေသွားတဲ့အခါ ငါ့အချစ်ဆုံးရယ် ...
ငိုချင်းရှည်တွေလည်း ငါ့အတွက်ဆိုမနေပါနဲ့ ။ ။
ငါ့ခေါင်းရင်းမှာ နှင်းဆီပင်တွေ ,
အရိပ်အာဝါသပေးမယ့် ဆိုက်ပရပ်စ်ပင်တွေလည်း
စိုက်မနေပါနဲ့ ။
နှင်းစက် မိုးစက်များနဲ့ စိုစွတ်နေတဲ့
မြက်ခင်းစိမ်းစိမ်းတွေပဲ ငါ့အပေါ်မှာ ဖုံးလွှမ်းနေပါစေ ။
ပြီး မင်းသတိရလျင်လည်း ရပေါ့ ... ,
မေ့ပစ်ချင်တယ်ဆိုရင်လည်း မင်းသဘောပေါ့ ။
ငါကတော့ အရိပ်အာဝါသရဲ့ အေးမြမှုကိုလည်း
သိမှာမဟုတ်ဘူး ။
မိုးစက်မိုးပေါက်များ ကျလာတာလည်း
ခံစားနိုင်မှာမဟုတ်ဘူးလေ ။
ထို့အတူ ... နိုက်တင်ဂေးငှက်လေးရဲ့
ကြေကွဲတမ်းတသံပြည့်နေတဲ့
လွမ်းတေးသံကိုလည်း ကြားနိုင်မယ်မထင်ဘူးလေ ။
ပြီး ... အရုဏ်တက်လည်းမဟုတ် ဆည်းဆာချိန်လည်းမဟုတ်တဲ့
နေရောင်ဖျော့ဖျော့လေးထဲမှာ ငါ ...
လွင့်မျောနေမိမယ်ထင်ရဲ့ ။ ။
မင်းကိုငါ သတိရချင်လည်း ရမယ် ... ,
မေ့ချင်လည်း မေ့ဖြစ်နေမယ် ထင်ပါရဲ့ ။ ။

မင်းမရှိတဲ့ အရပ်မှာ

ဝေး......ကွာခြင်းက ..
တို့ရဲ့ နှလုံးသား ကို..
တိတ်ဆိတ်စွာ ပဲ..
ရက်ရက် စက်စက် လာနှိပ်စက်နေပြီ...

အိပ်မက်ဆန်သော ကမ္ဘာ အလယ်
ဆုံကြတဲ့ အခိုက်.. ချစ်နေကြတဲ့ အချိန်..
အဲဒီ အချိန်တွေ တုန်းကတော့..
ချစ်တာတခုပဲ ချန် ကျန်တာတွေအကုန် မေ့ထား..
မိုက်မဲ စွာ အပျော်လွန်ခဲ့ သမျှ...
ခု ချိန်ကျတော့...
မျက်ရည်တွေ....
ကြွေနေပြီ.... ဝေနေပြီ... ချစ်သူ ရယ်......

အတူ လျှောက် လို့ မရတဲ့ လမ်း မှာ..
ဝေး ကွာ စွာနေရင်း..
ဦး တည်ချက် စခန်းများ..
တယောက် တလမ်းပေါ့ ချစ်သူ ရယ်....
ဆောင်း ၀င်စ.. နှင်းတွေ က လဲ
အသံ မဲ့ စွာ ကျနေကြတယ်...
တိတ်ဆိတ် လွန်း လိုက်တာ..

တို့ ရင်ထဲ ငို နေတာ.. သိလို့ များလား..

ငှက်ကလေး တွေ တေးဆို ကြတာကလဲ
ပီပြင်စွာ ကြည်လင်မနေ ပဲ
အက်ကွဲ လို့ ဆွေးမြေ့ စွာ...ကူ လွမ်း နေသလား....

လမင်းလေး ရယ်..
မင်းကတော့.. နေထွက် တဲ့ အခါ ပုန်း လျှိုး
နေ၀င် တဲ့ အခါ ပြန်ရောက်လာမှာ ..
တို့တတွေ မှာသာ..
ဘယ်အချိန် ဘယ်ကမ္ဘာ ရောက်လို့
ဘယ်လို လမ်းတွေ လျှောက်
ဘယ်စခန်း ရောက်မှ
တိမ် စင်စွာ ပျော်ရွှင် ရမလဲ...
နေမင်း ကြီး နဲ့ လွဲခဲ့ ရုံ နဲ့ ငို တာ မဟုတ်ပေမဲ့....
မဖြေနိုင်ဘူး..
မဖြေနိုင်ဘူး.. ချစ်သူရယ်...

အတူနေ မဖြစ် သေးလို့.. ဝေးနေရ တဲ့ အရပ်မှာ
အလွမ်း ကမ္ဘာ တည်ဆောက်လို့
ဖုံ ချောက် တဲ့ လမ်းပေါ် .. အလွမ်း နဲ့ ပျော်လို့..
မျှော်လင့်ချက် ကင်းမဲ့ စွာ..
တမ်းတ ကာ နေရင်း....
တို့ တယောက်ထဲ အထီး ကျန်စွာ...
နေ .. နေ.. ရတာ စဉ်းစား ရင်း....

ဝေးကွာခြင်း အတွက်... ဆို့ နစ် လို့ နေတယ်....

ရက်စက်တာ ကံကြမ္မာလား
မိုက်ခဲ့တဲ့ ဒဏ်ရာလား
အချစ်အတွက် ရင်နာရတာ..
တဘ၀ မှာ တခါ သာ ကြုံပါရစေတော့
ဘ၀ အဆက်ဆက်.. အချစ် အတွက် မငိုပါရစေနဲ့..

ဝေးကွာခြင်း မိုင်တိုင်များကြောင့်
ထက်သထက် ပိုထက်လာတဲ့ ဓါးသွား က
နှလုံး သား ကို ခပ်ဖွဖွ လာမွှန်းတာ
တည်ငြိမ် စွာ ခံယူ နိုင်မဲ့ အသဲ.. ရခဲ့ ချင်လိုက်တာ...

ချစ်သူရယ်...
နွေးထွေး မနေတော့တဲ့..
ပါး ပြင်ပေါ်က အနမ်းတွေ (အိပ်မက်ထဲမှာပဲ)
အေးစက်စက် နဲ့ အသက် မဲ့ နေကြ ပြီ....

တောက်ပ မနေတော့ တဲ့....
မျက်ဝန်း နက်ထဲက အရိပ်တွေ..
မှုန်မွှားမွှား နဲ့ေ၀၀ါး နေကြပြီ...


ဝေး သထက် ဝေးသွားတဲ့ အခါ..
သူ... သတိရ နေမလား...
အချိန်ကြာလာတဲ့ အခါ..
သူ.. မေ့သွား မလား..
နောင်ဖြစ်လာမှာတွေ ကြိုမတွေးထားချင်ဘူး
နောက်တော့လဲ
သူ သတိရချင်ရ မရချင်နေ..
သူ လွမ်းချင် လွမ်း မလွမ်းချင်နေ

တို့ရှေ့မှာ ခု လာရပ်နေတဲ့ ဝေးကွာ ခြင်းအတွက်..
တို့ နှစ်ယောက် ရဲ့
ဆုံဆည်းခြင်းတံခါး ကို .. ခု လာခေါက်နေတဲ့.. ဝေးကွာခြင်း အတွက်

တို့တယောက်ထဲ လွမ်းနေရ အောင်
ရက်စက်လှတဲ့ ဒီ ဝေးကွာခြင်း အတွက်

မင်း .. ဖုန်းဆက် အနမ်းတွေ ပေးတဲ့ အခါ..

ဘယ်လို.. ဖြေရ မလဲ ချစ်သူရယ်..
မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ ချစ်သူရယ်

မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ ချစ်သူရယ်
မင်း မရှိတဲ့ အရပ် မှာ ဘယ်လို နေရမလဲ ချစ်သူရယ်.....။

ဝေး

တယောက်ကိုတယောက်က
ငဲ့ ညှာနေရင်းနဲ့ ပဲတဖြေးဖြေးနဲ့ 
ငါတို့ ၂ယောက်လုံး
ပိုနာကျင်လာရတော့မယ်

ချစ်သူရယ်....

တကယ်တမ်းတော့လဲ
အချစ်ဆိုတာငါတို့ နှစ်ယောက်အတွက်
ဘီးလူးကြမ်းတွေစီးမိုးထားတဲ့ အိမ်မက်အလကာင်္
ခပ်ဆိုးဆိုးတပုဒ်ပါပဲ


တခါတလေတမင်တကာမေ့ထားတဲ့ ပုံစံမျိုးနဲ့ 
ခွဲခွာခြင်းတရားကိုငါတို့ 
ဆက်မေ့ထားနိုင်ရင်အရမ်းကောင်းမှာပဲကွယ်

ငါတို့ နှစ်ယောက်အစကတဲ့ က
ခပ်စောစောလေး
ဆုံတွေ့ ခဲ့ ကြရင်ကောင်းသားနော်

ဒါမှမဟုက်...

ငါတို့ နှစ်ယောက်အစကတဲ့ က
မဆုံတွေ့ ခဲ့ ကြရင်လဲအကောင်းသား

ကဗျာဆရာတာရာမင်းဝေရဲ့ 
ကဗျာထဲမှာတော့ပန်းတွေခူးရင်း
သူငယ်ချင်းတွေနဲ့ စကားပြောရင်း
နင်ငါကိုမေ့သွားမှာပါတဲ့ 

ကောင်မလေးရေ...

ပန်းတွေခူးရင်းနဲ့ 
သူငယ်ချင်းတွေနဲ့ စကားပြောရင်းနဲ့ 
တခါတလေငါပို့ ထားတဲ့ 
ငါ့ ကဗျာလေးတွေကိုဖတ်ရင်းနဲ့ ပဲ
နင်ငါကိုမေ့သွားနိုင်ပါစေသားကွယ်

ချစ်သူရေ....

ဝမ်းနည်းမနေပါနဲ့ ကွယ်
ခွဲခွာခြင်းဆိုတာလဲလူတိုင်းအတွက်
မတောင်းပဲနဲ့ ပြည့်တဲ့ ဆုတခုပါပဲ

အေးလေ....

အဲ့ ဒီနောက်မှတော့ငါကိုယ်တိုင်ချီနှောင်ထားတဲ့ 
အပြာရောင်ကြိုးလေးတစကိုငါကိုယ်တိုင်လူမသိအောင်
တိုးတိုးတိတ်တိတ်နဲ့ ပြန်ဖြတ်တောက်လိုက်ပါ့ မယ်

အားလုံးပြီးဆုံးသွားပါပြီ
အရားအားလုံးဟာပြီးဆုံးသွားပါပြီးကွယ်

ဒါပေ့မယ့်

ငါတစ်ယောက်ထဲတိုးတိုးတိတ်တိတ်နဲ့ 

ဒါ.......ပေ့.....မယ့်
ငါ....တစ်....ယောက်....ထဲ....တိုး....တိုး....တိတ်....တိတ်......နဲ့ 

ဒါေ ပ မ ယ့်




သ စ္စာ
. . . . . .
. . . . . . . .

ဆို

တဲ့

စ ကား ကို


နား ခါးေ လာ က်ေ အာ င်

ေ ရ

ရွ တ်

မှာ



ဟု တ်

ဘူး


အ ထ ပ် ထ ပ် အ ခါ ခါ က တိေ တွ ထား ပြီး ခါ မှ

အ မှား တ စ် ခု ကို စုံ န င်း

ေ ရှာ င် ကွ င်းေ ပြး ထွ က် မ ယ့် သူ မ ဟု တ် ဘူး


ရ င် ထဲ ထ ည့် ပြီး လို က် ပြီ ဆို မှ

အား န ည်း ချ က် ရှာ ပြီး လ မ်း ခွဲ

အ သ စ် တ စ် ယော က် တွဲ မ ယ့် လူ မ ဟု တ် ဘူး


. . . ဒါေ ပ မ ယ့် . . .

သူ မ ကြ င် လို့ မ ခင် တော့ ရင်

သူ အ သ စ် မြ င် လို့

သ စ္စာ မ သိ ရ င်

ဒီ က လ ည်း

အ ချ စ် ကို ဦး ညွ တ်

နွံ တ စ် ခု ထဲ အ န စ် ခံ လို့

ေ မ တ္တာ ကျွ န်

ဖြ စ်ေ န မ ယ့် လူ မ ဟု တ် ဘူး

“သူသိပါစေ”

မုသားမပါတဲ့ ငါ့ရဲ့စကားတွေက
နင့်အတွက်လင်္ကာ မချောဘူးလား.....

တစ်သက်မှာ
တစ်ကြိမ်တော့ ကံကောင်းပါရစေ
ဘယ်လိုမှ မဖြစ်နိုင်ရင်တောင်
နှစ်သိမ့်တဲ့ စကားပဲဖြစ်ဖြစ်
ငါကြားပါရစေ.....
အကောင်းဆုံးဆုလာဒ်လို့ သတ်မှတ်ပြီး
ငါကြွေနေလိုက်ပါ့မယ်

ကဗျာနဲ့ချပြလို့မရတဲ့
ခံစားချက်နဲ့အချစ်စစ်တွေ
ငါ့ရင်ထဲမှာ ပြည့်ကျပ်နေတာ
နင့်ကိုသိစေချင်တယ်.....

တစ်သက်မှာတခါပဲဖြစ်ခဲ့တဲ့
ငါ့ရင်ခုန်သံကို
နင့်နှလုံးသားမှာ
မှတ်ကျောက်တင်ခွင့်ရချင်တယ်...

လိုအပ်ရင်ပြောပါ
နင့်မာနအောက်မှာ
ငါ့သိက္ခာတွေကို ဒူးထောက်ခိုင်းလိုက်ပါ့မယ်.....
ကျေးဇူးပြုပြီး.........
မယုံဘူးလို့ပဲ ပြောလိုက်ပါ

ယုံ




နှစ်ယောက်တစ်အိပ်မက်ဘ၀ဆိုတာ
ရေပွက်သလိုပဲတဲ့ဟုတ်လား

လုပ်စားခံခဲ့ရတဲ့
သက္ကရာဇ်တွေကတော့ဦးနှောက်တစ်ခြမ်းစာပဲ့ရွဲ့
လက်မခံပဲနေလို့မရတဲ့အကြောင်းတရား
(သူတို့လေ)
အဖြူရောင်ကိုညစ်ထေးအောင်ဆေးသုတ်ပစ်ခဲ့ကြတယ်

မေတ္တာဆိုတာ
သစ္စာဆိုတာ
ကတိဆိုတာ
အချစ်ဆိုတာ
အဲ့ဒါတွေရဲ့အစား
သင်ကြားခံခဲ့ရတဲ့နမူနာတွေ
အုတ်တံတိုင်းတစ်ခုစာအချိန်တွေကျိုးပဲ့
အနာဂတ်အတွက်မငဲ့ကွက်ပဲ
သစ္စာတရားတွေနဲ့သတ္တိရှိပြချင်ခဲ့တယ်
တတ်နိုင်ရင်ဒီရေလှိုင်းတစ်လုံးဖြစ်ချင်ခဲ့တယ်

မသမာမှုတွေကို
မုန်းတီးစွာနဲ့ချေမှုန်းပစ်ဖို့ပေါ့

. . . ဒါပေမယ့် . . .
အမုန်းမှာအချစ်မတွေ့ အချစ်မှာသစ္စာမတွေ့
သစ္စာမှာမေတ္တာပျောက်ခဲ့တယ်
တကယ်တော့လေ
အဖြူရောင်ကောင်မလေးမှာဘာမှကိုမရှိတော့တာပါ

Removal Of Heart

အ သက် ရှင် ဖို့ နှ လုံး သား သာ အ ရေး မ ကြီး ဘူး ဆို ရင် ငါ ဆွဲ ထုတ် ပစ် ချင် တယ်.........
နှ လုံး သား ကို ဆွဲ ထုတ် လိုက် တာ နဲ့ တ ပါ တည်း ချစ် ခြင်း မုန်း ခြင်း တွေ ပါ ကွယ် ပျောက် သွား မယ် ဆို ရင် ငါ့နှလုံး သား ကို ဆွဲ ထုတ် ရ ကျိုး နပ် ပါ တယ်......... .

တောအုပ်

မနက်ဖြန်ဆိုတာ မသိပေမဲ့
တောအုပ်လေးမှာတော့
သစ်ရွက်ကလေးတွေနဲ့ဝေဆာနေဆဲပဲ
ချစ်သူ....
တောအုပ်လေးမှာ
ငါတို့နှစ်ယောက်စိုက်ပျိုးခဲ့တဲ့ ဂတိသစ်ပင်လေးတွေရှိတရ်
မျှော်လင့်ခြင်းသစ်သီးတွေနဲ့ ဝေဆာနေဆဲ
တောအုပ်လေးရဲ့ နေ့နဲ့ညတွေတိုင်းမှာ အလွမ်းတွေပြန့် ကျဲနေတတ်တရ်
ပျက်ဆီးနေတဲ့ အိပ်မက်တွေနဲ့ပဲ မနက်ခင်းကို ကြိုဆိုနေရတော့
တစ်ခါတစ်လေ ကြောက်နေရတယ်.....
ကြောက်လန့်နေရတရ်
ချစ်သူ .........
နှလုံးခုန်နှုန်းအတုနဲ့ တောအုပ်ထဲကို ဝင်မလာခဲ့ပါနဲ့
စီးနေတဲ့ စမ်းရေခမ်းခြောက်သွားမှာ စိုးလို့ပါ
" ထာဝရသစ္စာ" ဆိုတာကို တောအုပ်လေးထဲမှာ သိမ်းထားတရ်

ခံစားမှုနွေ

နွေရယ်.....ပူလွန်းလိုက်တာ..
တထောင်းထောင်းထအောင်ပူတဲ့အငွေ.ရယ်
ငါလဲ လူသားတစ်ယောက်ထဲက
တစ်နွေလုံးဖြစ်ရတယ်............
ဒီရိုးပြတ်ကိုကျော်ရင်ရောက်ပါပြီတဲ့...။
ပတ်ကြားအက်ထဲကလူကအသံကုန်ခြစ်အော်တယ်...။
မိုးနတ်မင်းကြီးရယ်....ဘာဘဲဖြစ်ဖြစ်
ကျွန်တော်မျိုးရဲ့ ကိုယ်ပေါ်ကို မိုးတစ်ပုံ့နှစ်ပုံ့ရွာပေးပါ...
ကျွန်တော်ရဲ့ စိတ်မှာ.....ပြင်းပြစွာ........
မုတ်သုန်ကို ဆာလောင်မွတ်သိပ်လွန်းလို့ပါ.
တကိုယ်လုံး...မစွဲရွှဲ့ခဲ့ရင်တောင်................
ရင်ထဲက အပူမီးကို...............................
တခဏ ငြိမ်းပေးပါလား.......................
မိုးနတ်မင်းရယ်...............................။

ဝေဒနာမှတ်တမ်းလို့ခေါ်ွချင်ပါသည်

Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Picture Comments

နာကျင်ခဲ့ဖူးတယ်လေ........
နာကျင်ခဲ့ဖူးတာပေါ့.........
နာကျင်နေတုန်းပါပဲ....

ဘာကြောင့်နာကျင်ခဲ့လဲ......
ဘယ်လောက်နာကျင်ခဲ့လဲ.....
ဘယ်ထိနာကျင်နေရအုန်းမှာလဲကွယ်........

ကြင်နာခဲ့ဖူးတယ်လေ....
.ကြင်နာချင်ခဲ့တာပေါ့...........
အကြင်နာကိုလဲလိုချင်ဖူးခဲ့တာပေါ့

အချစ်ကို မျှော်လင့်ခဲ့ဘူးတာပေါ့ ..
အချစ်ကို ပေးခဲ့ဖူးတာပေါ့ ...
အချစ်ကပြက်ရယ်ပြုတာကိုခံခဲ့ဘူးတာပေါ့ကွယ်..

ချစ်တတ်အောင်လဲ အသင်ခံခဲ့ဘူးပါတယ်....
နာကျည်းတတ်အောင်လဲ ဘယ်သူတွေသင်ခဲ့ပါလိမ့်
အလွမ်းဆိုတာကိုတော့ခါးသီးလွန်းလို့ စာမဖွဲ့ချင်တော့ပါဘူးကွယ်......

ဘဝဆိုတာခါးလွန်းလို့
ချိုမြိန်တဲ့ အိမ်မက်တွေထဲမှာ ..ထာဝရပျော်ချင်ပါရဲ့
နောင်တဆိုတာ ....ကိုယ်မလိုချင်တဲ့အရာတွေထဲကတစ်ခုပေါ့ကွယ်........

ရိုးသားစွာနေတတ်တဲ့ ဘဝထဲကို......
ဘယ်သူတွေကများ မာယာတွေ ပေးခဲ့ပါလိမ့်
အရောင်တွေမချယ်ဘူးသေးတဲ့ လွင်ပြင်ငယ်တစ်ခုကို
ဆေးရောင်စုံမှုန်းချယ်သွားရက်တာ ခေတ်သစ်ပန်းချီဆရာများလား....

ပြည့်ကျပ်နေတဲ့ရင်ဘတ်ထဲက စကားလုံးတွေ.ကို........
ကိုယ့်ရဲ့ထာဝရ အဖော်မွန်
ကိုယ်အလိုရှိရာ ဆောင်ကျဉ်းပေးနေကျ
ကိုယ့်ရဲ့လက်ချောင်းလေးတွေ အကူအညီနဲ့
ကဗျာလား စာလား ငါကိုယ်တိုင် မသိတဲ့
ဝေဒနာစာစုတွေကို ဘလော့တင်ရင်း.............

တစ်ချိန်တုန်းက ရိုးသားစွာ မာယာမပါ...
ပျော်ရွှင်ခဲ့ဖူးတဲ့ ဘဝတစ်ခုကို
ပြန်လည်တောင့်တမိပါရဲ့

WISHES....................come true.............

တောက်.......ဘာလဲ ခံစားချက်တဲ့...
ရိုက်ခွဲပစ်လိုက်ချင်တယ်....
နှလုံးသားတဲ့....ပြောပြန်ပြီ....
အသုံးကိုမကျဘူး.........
အချစ်တဲ့......
ပိုဆိုး...........လိမ်လိုက်တာမှသောက်သောက်လဲ........
မာယာတွေနဲ့အပြည့်.......
ကဲဘာတခုကောင်းလဲ...
တောင်းတဲ့ဆုသာတကယ်ပြည့်မယ်ဆိုရင်...
ရေငွေ့တခုလိုကွယ်ပျောက်သွားပါရစေ...........

* ဆက်လွမ်းနေမယ့် 2010 *

ချစ်သူ………ငါ့ဘေးနားမှာမင်းတစ်ယောက်၇ှိနေစဉ်က
ငါ့လောက်သာယာတဲ့ သူလောကမှာ၇ှိပါအုံးမလားလို့ တွေးးမိတယ်။
ချစ်သူ ၇ယ်………ခုဆိုလဲ
ငါ့ဘေးနားကထွက်ခွါတဲ့ နေ့ ကစလို့ အသက်၇ှင်လျှက်နဲ့ သေဆုံးနေတဲ့ ဘ၀ပါ။
ပြန်မလာနိုင်တော့တဲ့ ငါ့ချစ်သူကိုတမ်းတ၇င်……………
ခုလဲ 2010ေ၇ာက်ခဲ့ ပြန်ပြီ။
သူသူငါငါတွေ အပျော်တွေများလို့ နှစ်ကူးမှာမြူးနေလေ၇ဲ့ 
သြော်…….ဘာကြောင့်များ ဘ၀ကအထီးကျန်ဆန်၇သလဲကွယ်။
အတိတ်က အ၇ိပ်တွေများထင်ကျန်နေလို့ အချစ်နဲ့ လွဲတာများလား…
အလွမ်းတွေ ပွေ့ ပိုက်၊ မျက်၇ည်စတွေ နဲ့ ဖ၇ို ဖ၇ဲ
ဆက်ပဲလွမ်းလိုက်အုံးမယ် ချစ်သူ၇ယ်……….

တိတ်ဆိတ်စွာ

မပေးခဲ့သောကတိများ
တည်မြဲခဲ့ပါတယ်။

မပြောခဲ့သောစကားများလည်း
မပြောဖြစ်တော့ပေမယ့်ရှိနေသေးတယ်။

တိတ်ဆိတ်သောအကြည့်များထဲကစောင့်စားခြင်း
မင်းတကယ်မသိခဲ့တာလား
နှုတ်ခမ်းလေးကိုက်ပြီးစဉ်းစားတော့
ဒီနေရာလေးမှာအမြစ်တွယ်နေခဲ့တာ
တစ်ခုသောအဓိပ္ပါယ်ရှိနေတာပဲ။

သူသိမှကျေနပ်မှာလား
ကိုယ့်ကိုကိုယ်ပြန်မေးတော့
တကယ်တော့မလိုပါဘူးတဲ့။

ခေါင်းလေးငုံ.ပြီးပြန်လာခဲ့ရတဲ့နေတွေတိုင်းအတွက်
မင်းမသိခဲ့သူတစ်ယောက်က
မျော်လင့်ခွင့်ရှိနေသေးကြောင်းတွေးတွေးပြီး
ကျေးဇူးတင်နေမှာပါချစ်သူ။ ။

Tuesday, December 29, 2009

အဝေးကငေးမယ်

ဆုတောင်းတိုင်း မပြည့်ချင်ခဲ့ဘူး
အမှောင်တစ်ခုနဲ့ ချိတ်ဆက်မိရင်
အရိပ်ဆိုတာ မသမာမှုပဲ
ကျွန်တော့်အရိပ်က အမှောင်တစ်ခုနဲ့ချိတ်ဆက်နေတယ်။
မွန်မြတ်ခြင်းဟန်ပန်တွေကို
ဖျက်သိမ်းချင်နေတယ်
မွန်မြတ်ခြင်းကိုမြတ်နိုးမိလို့ပါ။
ထိုက်တန်ရင်အံဝှက်မှာ
သူကိန်းဝပ်ပါလိမ့်မယ်။
ခိုင်မြဲသော တွဲလက်အတွက်
နောင်တရပြနေတာမဟုတ်တာတော့သေချာတယ်
ဘ၀မှာတစ်ခဏတာရွှေဖြစ်ဖို့
အိပ်မက်ကို ဘယ်တော့မှမစုတ်ဖြဲဘူး။
သတိရမှုက အဝေးကြည်မှလှတဲ့ပန်းမို့
ကျွန်တော် အဝေးကပဲအမြဲငေးတယ်။

Maze

Not for hate

Was loving

Not for punish

Was understanding

Free taking

Was giving for you

All the things are disappeared

Different way for us

Was not blame for non-identity

Should be understood

For my truest love

Beloved...............

Under your circle of detachment

I'm losing way...........

Monday, December 28, 2009

ရင်ထဲကစကားလေးဖြေပါ

ငါမရှိတဲ့အခါ
ဘယ်သူနဲ့မင်းရွေ့နေလဲ
ဒီအလိုအတွေးနဲ့တစ်ယောက်တည်း
ယောင်ချာချာရူးလို့နေဆဲ

မင်းပျော်နေတဲ့အခါ
သတိရမှာလား
လွမ်းမှာလား

ငါမင်းနဲ့မရှိတဲ့အခါ
သတိရမှာလား
လွမ်းမှာလား

ပျော်နေကြတဲ့ချစ်သူတွေ
မင်းတွေ့တဲ့အခါ
သတိရမှာလား
လွမ်းမှာလား

ချစ်သူ....
ရင်ထဲကစကားလေးဖြေပါ ။ ။

အတွင်းကြိတ်ကြေကွဲ

အလွမ်းတွေနဲ့ခြောက်သွေ့လွန်းတဲ့ဒီဘဝ
မင်းမရှိတဲ့နေ့ရက်တွေက
အဓိပယ်မဲ့လွန်းလှ
မင်းဟာငါ့ရှင်သန်ခြင်းရဲ့နာမ၀ိသေသန
ရင်မှာလွမ်းလို့ပဲ့ကြွေနေတဲ့ ရင်ခုန်သံတွေလည်း
အချိန်မှန်လွမ်းမိုးတွေရွာသွန်းနေဆဲ
တချိန်ချိန်မှာ မင်းအရောက်လာမယ်
အသိစိတ်ကထိန်းချုပ်နေလဲ
မသိစိတ်ကမျှော်လင့်နေဆဲ
ဒီလိုဘ၀ထဲမှာ ဘယ်သူမှမသိပဲ
ငါတစ်ယောက်တည်းအတွင်းကြိတ်ကြေကွဲ ။ ။

လုပ်ပိုင်ခွင့်

ငါ့အချစ်ဟာမင်းအတွက်
ပူလောင်စေရင်
မင်းရင်အေးအောင်
ငါအနေဝေးပေးပါ့မယ်

ငါ့အချစ်ဟာ
မင်းအတွက်အပိုဖြစ်
အရှုပ်ဖြစ်နေရင်
မင်းအနားက လှဲကျင်းပြီး
ငါ့နှလုံးသားအမှိုက်ပုံးထဲမှာ
သိုလှောင်ထားလိုက်ပါ့မယ်

အဆုံးမဲ့ချစ်ခဲ့မိလို့
အရှုံးသမားပဲဖြစ်နေတာမို့
အရာရာပေးဆပ်ဖို့
နှလုံးသားလေးကို
အပ်နှင်းထားတာမို့
မင်းစိတ်တိုင်းကျ
စီရင်ချက်သာ ချမှတ်လိုက်ပါတော့ " ကို " ။ ။

ချစ်လွန်းလို့ပါ

ကြင်နာသူ
မင်းဘယ်ဆီမှာ
အချိန်ရှိတိုင်း
ဆုံဆည်းဖို့စဉ်းစား
မျှော်လင့်ရတဲ့နာရီတွေက
တဖြည်းဖြည်းနဲ့
ဝေးနေပြီလား ။။။။။။။။။။။။။။

သတိရတိုင်း
ကြိတ်ငိုမိတာ
အချစ်စိတ်နဲ့
လွမ်းဆိပ်တက်လာ
ရောက်တဲ့အရပ်
မင်းပြန်ခဲ့ပါ
သိပ်ချစ်လွန်းလို့ပါ ။။။။။။။။။။။။။

ရွှေရောင်အတ္တ

အကောင်းဆုံးကိုမှ မရရင်
ဘာမှမလိုချင်ဘူး။
ကြယ်ဖြစ်ရင်လည်း
အားလုံးထက် တောက်ပသာလွန်တဲ့
ဓူဝံကြယ်ပဲ ဖြစ်ချင်တယ်။
ငှက်ဖြစ်ရင်လည်း
အတောင်အလက်တွေကို
အသက်ထက်မြတ်နိုးတတ်တဲ့
ဇာမဏီငှက်ပဲ ဖြစ်ချင်တယ်။
ကြာဖြစ်ရင်လည်း
အညတရ မပွင့်လန်း
လရောင်ဆမ်းမှ လန်းပွင့်အာတဲ့
ကုမုဒြာပဲ ဖြစ်ချင်တယ်။
ရတနာဖြစ်ရင်လည်း
ကမာကောင်လေးတွေရဲ့ဒ
ရင်းတွင်းဖြစ် ပုလဲစစ်စစ် ဖြစ်ချင်တယ်။
ပိုင်ရှင်ဖြစ်ရင်လည်း
ချစ်သူရဲ့ အသည်းနှလုံး
နန်းစိုက်ရာမှ ချစ်ခြင်းရှိသမျှ
အကုန်သိမ်းပိုက်ခွင့်ရတဲ့
သက်ဦးဆံပိုင် ဘုရင်မပဲ
ဖြစ်ချင်တယ်။
အပြည့်အ၀မှ မရရင်
ဘာမှ မလိုချင်ဘူး ကောင်လေးရယ်။
ဒါဟာ မ ရဲ့ ရွှေရောင် အတ္တ ပဲကွယ်။
ကောင်လေးရယ် နားလည်ပေးပါဟယ်။

ပြန်ပေးပါ

မင်းနဲ့တွေ့မှ ပျောက်ရှသွားတဲ့
ငါရဲ့အနာဂတ် မင်းလက်ထဲမှာ
ပြန်ပေးပါ.....
မင်းနဲ့တွေ့မှ ပျောက်ရှသွားတဲ့
ငါရဲ့နှလုံးသား မင်လက်ထဲမှာ
ပြန်ပေးပါ......
မင်းနဲ့တွေ့မှ မပိုင်ဆိုင်ရတော့တဲ့
ငါရဲ့ဘ၀ မင်းလက်ထဲမှာ
ပြန်ပေးပါ........
မင်းနဲ့တွေ့မှ သုံးလို့မရတော့တဲ့
ငါရဲ့ဂုဏ်သိက္ခာတွေ...
မင်းချစ်သူရဲ့ ခြေဖ၀ါးအောက်မှာ
ပြန်ယူပေးပါ......
မင်းနဲံတွေ့မှ သယ်ပိုးခဲ့ရတဲ့အလွမ်းတွေ
ရင်နဲ့တောင်မဆံတော့ဘူး....
သောကတွေ တစ်နင့်တစ်ပိုးကြီးပဲ
ပူလောင်မှုတွေနဲ့.......
နှလုံးသားတစ်ခုလုံးလောင်မြိုက်ကုန်ပြီး
အားလုံးပြန်ယူသွားပေးပါ....ချစ်သူ
မင်းကြောင့် ကွဲကြေသွားတဲ့
ငါ့နှလုံးသားကို ပြန်ပြီးမပေးဆပ်ချင်နေပါ
ထပ်ပြီးတော့ မလှည့်စားပါနဲ့.....

ငါ မဟုတ်ပဲ

စကားလုံးတိုင်း အမှန်ပါပဲ
ဒါပေမယ့် ငါ တောင်းပန်ပါတယ်
မတူညီတဲ့ အစွန်း နှစ်ဖက် က ငါ တို့ နှစ်ဦးကို
ဆွဲငင်နေတာ မင်းနားလည်လာမှာပါ
မင်းမျက်လုံးနဲ့  ယုံကြည်ပေးပါ.....

ငါတို့ ရင်ဆိုင်ကျော်ဖြတ်နိုင်ပါတယ်
ဒါပေမယ့် နောက်သို့ ပဲ ပြန်လည့် ကြမယ်
မနာကျင်စေမယ့် နောက်သို့ ပဲ ပြန်လည့် ကြမယ်
အချစ်မ၇ှိ တဲ့ နောက်သို့ ပဲ ပြန်လည့် ကြမယ်
ငါတို့ တွေ မောပန်းခဲ့ ပြီ.....
နောက် ထပ်ပြီး မခေါ်ပါနဲ့ တော့ 

နောင်တချိန် ဖြစ်နိုင်ပေမယ့် ...အခုတော့ 

မင်းရဲ့ လက်မှာ ငါမဟုတ်ပဲ
ငါ့ရဲ့ နှုတ်ခမ်းမှာ မင်းမဟုတ်ပဲ
ငါတို့ နှစ်ယောက်ရဲ့ အိမ်မက်တွေ မ၇ှိတော့ ပဲ
ကောင်းကင်ကြီးမှ ပေးခဲ့ တဲ့ အရာအားလုံး
ကောင်းကင်ကြီးသို့  ပြန်ပေးလိုက်တော့ မယ်......

မလိုချင်တော့ဘူးးးးးးးးးးးးးး

ဟိုအရင်ချိန် မင်းပြောတဲ့
စိတ်ကူးနဲ့စကား

ဒီရင်ခွင်မှာ ခံစားချက်အပြည့်
အမြစ်တွယ်လို့သွား

မင်းအပြောတွေရဲ့ကြား
လှိုက်မောသာယာမိလို့သွား

နင့်စကားတွေရဲ့ကြား
ရုန်းထွက်မရအောင်
ငါနစ်မွန်းမိလို့သွား

မလိုချင်တော့ဘူး
ဟန်ဆောင်အပြောနဲ့
မင်းယုယမှုတွေ

မဆိုချင်တော့ဘူး
မင်းကြောင့်လွမ်းတဲ့
သီချင်းသံစဉ်တွေ

မကြွေချင်တော့ဘူး
မင်းကြောင့်ကျတဲ့
မျက်ရည်စတွေ

မသီချင်တော့ဘူး
နင့်ကြောင့်ဖြစ်တဲ့
ကာရံတွေ ။။။။။။။။။။။။။။

ဒီလိုနှင့်ပဲ

မနက်မှာ
အရှေ့ကနေထွက်ခဲ့တယ်

ညနေမှာအနောက်ကိုနေ၀င်ခဲ့တယ်

တစ်စက္ကန့်ပြီးတစ်စက္ကန့်
ကိုယ်နဲ့မင်း ခေါင်းပေါ်က ကျော်သွားကြတယ်

မှားသွားမယ်ထင်တဲ့ မြုပ်နှံမှုတိုင်းမှာ
အကြောင်းပြချက်ကောင်းကောင်းမပေးတတ်ခဲ့ဘူး
ကောင်းကင်ပေါ်ကျော်ကြည့်လို့
မြူနှင်းတွေပဲမြင်ရမယ်ဆိုတာမင်းမပြောလည်း
ငါ သိခဲ့သားပဲ ( မင်းသိရဲ့လား )

လိပ်ပြာ ဆိုတာလေ ခဏတာ ပါးမှာနားဖို့
မှုန်ဖွဖွ အနမ်းတွေ ကစား
အဲ့ဒီမှာ ငါမာယာအသံနဲ့
တောင်ပံတစ်ဖျတ်ဖျတ်ခတ်သံကြားရတယ်

ငါက ငှက်ကလေးတစ်ကောင်သာဆို
မင်းကတေးဆိုသင့်တာပေါ့နော်
ငါကနှင်တံတစ်ချောင်းသာဆို
မင်းကဂါထာရှင်ကဝေပေါ့ကွယ်

အသက်တစ်မျှတွယ်တာ
ရင်းနှီးထားတဲ့နှလုံးသားမှာ
မျှော်လင့်ခြင်းတွေချိုးဖဲ့မင်းသိပ်ရက်စက်တတ်နေပြီပဲ


အမှတ်တရ


ရိုက်ခတ်လွန်းခဲ့တော့


ငါ့အယူသီးမှုတွေဟာယိုင်နဲ့ခဲ့ပေါ့

မင်းဟာ ဆာဟာရအတွက်ရေတစ်စက်နဲ့တူပါရဲ့

အမြင်ကတ်စရာ မောင်းချဓားတစ်လက်လဲ ဖြစ်ပါရဲ့

ငါ့အတွက် မှီခိုစရာ သစ်တစ်ပင်လည်း ဖြစ်ပါရဲ့


ဒါပေမယ့်ယုံကြည်မှုပန်းတစ်ပွင့်

နောက်ကျခဲ့တဲ့နောက်

ဘာတွေကများအဖတ်ပြန်ဆယ်

လျော့တဲ့ကြိုးတွေသတိမထားမိပဲ

ဖုန်း ထဲ က ရယ် သံ တွေနဲ့ အ ခန်း ဆက်

ငါကမင်းစွပ်စွဲခဲ့သလို

အမျိုးမျိုးပြောင်းလဲခဲ့တာမဟုတ်ဘူး


ဖိ
အား
များ နေ တာ
ဒါကြောင့်
ဘာတွေကို
ထပ်ယုံပေးရမလဲ

မငိုတော့ဘူးရှင်

လောကကြီးမှာပန်းရဖို့သစ်ပင်စိုက်

ငွေနောက်လိုက်တဲ့မောင်းချဓါးရဲ့အသွား

အလကားရတဲ့ရေတစ်စက်ဖြစ်ခဲ့ရင်

သိလား . . . ချစ်သူ

ဘ ၀ ကြီး အက် ကွဲ တာ ပဲ ခံ လိုက် တော့မယ်

နှလုံးသားအပ်နှင်းပွဲ

အချစ်ကိုအပြစ်လို့မှတ်တာမို့
မချစ်ဘူးလို့ အမိန့်ပေးထားတဲ့နှလုံးသား
မင်းနဲ့အတွေ့မှာ ရင်ခုန်သံတွေမင်းပြုစား
ချိတ်ပိတ်ထားတဲ့နှလုံးသား
တိုးတိုးတိတ်တိတ် မင်းဝင်သွား
ချစ်တယ် ဆိုတဲ့မင်းစကား
လေလှိုင်းထဲမှာ ပျံ့လွင့်ကာ
နှလုံးသားလေးကအသက်ဝင်လာ
မင်းအပြောကောင်းကင်မှာ
ငါ့အချစ်ကျရှုံးတဲ့နေ့စွဲ
ငါ့နှလုံးသားအပ်နှင်းပွဲ ။ ။

Sunday, December 27, 2009

နောက်ဆုံးည.....

တစ်ဘ၀မှာ တစ်ခါပဲ

ချစ်ခဲ့တဲ့ငါ့ကို မညှာမတာ

ကံဇာတ်ဆရာရယ် ဘာလို့များ

တစ်သက်စာ အလွမ်းဇာတ်ကိုမှ

ရေးခိုင်းရက်တာလည်း။

မကျေနပ်ရင်လည်း

ငါ့ရင်ဘတ်ထဲ

မချစ်တက်အောင်ပဲ သင်ခဲ့ပေး

အလေးအနက် ခံစားချက်တွေရဲ့

ခပ်ဝေးဝေးမှာ ငါနေတက်ချင်လို့။

ချစ်သူရေ.....

မင်းအတွက်တော့

ဝင်လေလို တစ်ရှိုက်ပါပဲ

ငါ့အတွက်တော့

ရင်ကိုရိုက်ခက်သွားတာ

အသက်ရှုတွေတောင်မှား

အိပ်မက်တွေဖရိုဖရဲနဲ့

ခံနိုင်စွမ်းတွေလည်း

လျှော့နည်းကုန်ပြီ။

ဒါတောင် အမှတ်မရှိ

သေတဲ့အထိ သတိရမိနေမယ့်

ငါ့နှလုံးသားတစ်စုံအတွက်

ငါတို့တွေ ပြန်ဆုံကြမယ့်

( ဆုံခဲ့ရင်ပေါ့လေ )

အဲဒီကာလဟာ

ငါ့ဘ၀ရဲ့ နောက်ဆုံးညပဲဖြစ်ပါစေလို့.....။

(ကျွန်မသည် သူ့အပေါ် မိန်းမတစ်ယောက်က ချစ်နိုင်သမျှအတိုင်းအဆ အကုန်ဖြင့် ချစ်မြတ်နိုးခဲ့ပါသည်။ ကျွန်မ၏ဘ၀သည် သူ့ဘ၀၏နောက်မှာ၊ ကျွန်မ၏ဆန္ဒသည် သူ့ဆန္ဒ၏နောက်မှာ၊ ကျွန်မ၏ဆုံးဖြတ်ချက်သည် သူ့ဆုံးဖြတ်ချက်၏ နောက်မှာသာ အစဉ်ရှိခဲ့ပါသည်။
ဤမှန်သော သစ္စာစကားကြောင့် သူ့အပေါ်ထားရှိအပ်သော အမုန်းသည် ဤကမ္ဘာမြေ တည်မြဲနေသမျှ ကျွန်မ၏ရင်မှာ ထာဝရတည်မြဲနေပါစေသတည်း။)

ဝေး..........

လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။

အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။

သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။

အသက်ဆက်ခြင်း


တကယ်ပါ .....
ဖွဲ့နွဲ့ပြီးပြောမယ်ဆို......
မင်းနဲ့ငါအကြောင်းကို........
ကမ္ဘာဦးက ပြန်စရလိမ့်မယ်.............
ငါနဲ့ဝေးရင် နင်နေနိုင်ပါ့မလားတဲ့...?
မင်းမေးတဲ့မေးခွန်း.....

ဘာလို့မေးတာလဲကွာ..........
မင်းသိသင့်တယ်......
ငါ့နှလုံးသား သရဖူကို မင်းတစ်ယောက်တည်း....
ပေးဆောင်းထားတာ....
ဒါပေမယ့်..မင်းကိုငါ့ ဘုရင်မလို့ မပြောဘူး.................
မင်းစေရာသွားတတ်တဲ့အထဲမှာ "ငါ" မပါဘူး.....................
ဒီလိုပြောလို့....မင်းရီတယ်.........

မရီနဲ့ "ချစ်သူ"
ဒါ.....တန်ဖိုးဖြတ်မရတဲ့ အချစ်တစ်ခု.........
"အချစ်" က "ဟာသ" မဟုတ်ဘူး..............................

နင်မေ့လို့ရမလား...?
ဒီလိုပဲ မင်းအမြဲမေးတဲ့ မေးခွန်း...........

ဖြေလိုက်မယ် "ချစ်သူ"
နှလုံးသားကပြောတယ်........
ဝေးလဲမနေနိုင်ဘူး.......မေ့လို့လဲမရဘူး...........
ဒါပေမယ့်...ဦးနှောက်က ထပ်ပြောတယ်................
အဲဒီ နှလုံးသားကို သော့ခတ်ပြီးယူသွားလိုက်ပါ............
မင်း မရှိရင် ငါ တစ်ယောက်တည်းနေလို့ မရဘူးတဲ့လား.........?......

"ငါ့" ဘဝ အတွက်
နှလုံးသားမရှိပဲနဲ့ အသက်ဆက်ပြမယ်............!

Saturday, December 26, 2009

စိတ်ရှိတိုင်းသာပြောရပါမူ..မင်းမုန်းသွားမှာကြောက်နေလို့

Unrated
သိသာသိစေမမြင်စေနဲ့..မမြင်ဘဲနဲ့သိနေတယ်
စိတ်ရှိတိုင်းသာပြောရပါမူ..မင်းမုန်းသွားမှာကြောက်နေလို့
ခေါ်တော့အချစ်.ရင်ထဲအနှစ်ဖြစ်နေတယ်
ချစ်သူစကား..ပျားရည်မြစ်လေးစီးနေတယ်
ချစ်နေတော့လဲ..သူပြောစကားမုန်းစိတ်မထား
အချစ်ကြောင့်ဘဲ..ဖြစ်လိမ့်မယ်..
ခံစားတတ်တယ်...နာကြည်းတတ်တယ်...
သူသိမှာလဲဆိုးနေတယ်...နယ်ရုပ်ကလေးဖြစ်နေတယ်...
သူကိုတွေ့တော့သူအပြောထဲ..ငါလေမျောလို့နေတော့တယ်....
ရူးချင်ရောင်လဲဆောင်တတ်တယ်..မူးချင်ရောင်လဲဆောင်တတ်တယ်...
သိနေတော့လည်းမသိချင်...ရောင်ဆောင်လိုက်တယ်...
အသဲလို့လည်းခေါ်ခိုင်းတယ်...အသက်ပါပေးရလိမ့်မယ်ထင်ပါတယ်...
ဝေးနေတော့လည်း.သူ့ပြောစကား..ယုံမိတော့မယ်ချစ်သူရယ်..
နင်မုန်းမှာဘဲငါကြောက်တယ်..တကယ်ချစ်လားမေးချင်တယ်....

တဒင်္ဂ

လွမ်းတယ်ဆိုတာ
ခံရခက်တဲ့ ဝေဒနာတော့
မဟုတ်ပါဘူး။
သတိရမိတယ် ဆိုတာလဲ
တိုက်ဆိုင်တဲ့ အချိန်
ခဏလေး အတွင်းမှာပေါ့။
တစ်ခါထားရစ်ခဲ့ ပြီးပြီပဲ
နောက်ထပ်
ထားရစ်ခဲ့မယ် ဆိုလည်း
မင်းသဘောပဲ
ငါ့ ရင်မှာ မချိပေမယ့်
ငါ မမှုတော့ဘူး
မတွေ့တာ
ကြာရင် မေ့သွားမှာပါ။
ရက်စက်တယ်လို့လည်း
အပြစ်မတင်ဝံ့ဘူး
တကယ်တော့
ငါ့ ရင်တွင်းမှာ
နာကြည်းမှုနဲ့
မျက်ရည်မိုးတွေ
ရွာသွန်းခဲ့ရတယ်။
ဒါလည်း.............
အမှတ်မရှိ
မင်းကိုပဲ သတိရမိတာ
ငါ ချစ်မိလေတော့
ဝဋ်ရှိသမျှပေါ့လေ။
အချိန်တန်တော့လည်း
ပျောက်ကွယ်သွားမှာပါ
ဒါတွေက သဘာဝ တရားရဲ့
တဒင်္ဂ ရူးသွပ်မှုတွေပဲလေ။

အချစ်လျှော့ အစွဲလမ်းမကိန်းရင် အပြစ်ပေါ့ အမြဲတမ်းငြိမ်းမယ်



လုံးဝ မချစ်ဘဲနေနိုင်လို့
ချစ်တယ်ပဲထား၊
‘ ချစ်စရာ မှန်သမျှ
သာယာခွင့် နည်းနည်း
ပူလောင်ခွင့် များများ’ ဆိုတာကို
နှလုံးသွင်းပြီး
အချစ်လျှော့ သွားမယ်ဆိုရင်
ဘယ်သက်ရှိ
ဘယ်သက်မဲ့ ကိုမှ
စွဲစွဲ လမ်းလမ်းချစ်မိတော့မှာ
မဟုတ်ပါဘူး ။
ပူထုဇဉ် နယ်ပယ် မှာ တော့…..
ဘယ်သက်ရှိ ၊ ဘယ်သက်မဲ့ ကိုမှ
စွဲစွဲ လမ်းလမ်း တမ်းတမ်းတတ
မချစ်ဘူးဆိုရင်ကိုဘဲ
‘ မချစ်တတ်တဲ့သူ’
လို့ ခေါ်နိုင်ပါတယ် ။
‘ လုံးဝ မချစ်တတ်တဲ့ သူ’ မဖြစ်တောင်
‘ စွဲစွဲ လမ်းလမ်း မချစ်တတ်တဲ့ သူ’ ဖြစ်ရင်ကို ဘဲ
စိတ်အပူတွေ ၊ ဘ၀ အမော တွေ
သက်သာ ပြီး
အတော်လေး စိတ်အေးချမ်း နေပါပြီ

အခိုးငွေ့များ



ဒီလိုနဲ့ပဲ ....
တရွေ့ရွေ့
အချိန်တွေ
မုန်တိုင်းကြားက...တိုးထွက်...ပျက်ပြုန်း

အရက်စက်ဆုံးအသွေးအသားတွေက..
သဘာဝကျကျ
ပျက်သုဉ်း.......

အရာထင်မယ်လို့ မှန်းမိသမျှဟာ
ဘယ်သူမှ မသိလိုက်ခင်မှာတင်..
အခိုးအငွေ့အဖြစ်နဲ့...
ဟိုးကောင်းကင်ထက်....
မှုန်တိ မှုန်မွှား
ပျောက်ဆုံး..........

ကဲ.....
ဘယ်မှာတုန်း....
လေးနက်မှုတွေ...
ခိုင်မာမှုတွေ...
သစ္စာတွေ....
ဂတိတွေ.....

ဘယ်ရောက်သွားကြတုန်း
ဆုတောင်းတွေ....
ချစ်ခြင်းတွေ....
သံယောဇဉ်တွေ
ကြင်နာမှုတွေ...
ရိုးသားမှုတွေ

တဖြည်းဖြည်းနဲ့. ပဲလား....
ရုတ်ခြည်းပြောင်းလဲသွားကြသလား

ကြောင်းကျိုးရှိတွေလား
ကြောင်းကျိုးမဲ့တွေလား...

အပြစ်ရှိလား
အပြစ်မဲ့လား


ဒီလိုနဲ့...
ဒီအတွေးတွေလည်း ....
မြူတွေမှိုင်းလို့ ....

ဒဏ်ရာတွေသွေးအလူးလူးနဲ့...
အကြိမ်ကြိမ်ပါးလှပ်လို့.........

သူတို့တွေလည်း ...
ဟိုးကောင်းကင်ထက်မှာ
အခိုးအငွေ့အဖြစ်နဲ့
မှုန်တီ မှုန်မွှား
ပျောက်ဆုံးလို့........

သိအောင်ကြိုးစားနေကြသူတွေရင်မှာ ....
မသိအောင် ဖုန်းဖိနေရတာတွေနဲ့...
ကိုက်ခဲနေကြလို့.........။

ကြယ်တွေနဲ့ည


ဟိုးကောင်းကင်ကြီးမှာ ကြယ်တွေမကြွေသေးဘူး
တစ်ကိုယ်စာဆွတ်ရုံလေး
ညွတ်မိတာပါ

ငါတို့တတွေ ငါးစာတပ်ပြီး
ငါးကိုမျှားနေရတယ်
ငါးမရပဲငါးက
ငါးစာကိုပြန်ပြန်စားနေတဲ့အဖြစ်

အိပ်မက်ရထားတွေက
ငါတို့နှလုံးသားတွေထဲအကြိမ်ကြိမ်သာ
ဖြတ်မောင်းသွားတယ်
ရပ်နားခွင့်မရခဲ့ဘူး

နှုတ်ဆက်ချိန်နှင်းတွေက
မှောင်ရီဝိုးတ၀ါး
အဝေးက ကြယ်ပွင့်များရယ် လွမ်းအောင်ကူချွဲ

ကမ္ဘာမြေကြီးက
တနင့်တပိုးထမ်းထားတဲ့
မေတ္တာတရားနဲ့သစ္စာတရားတွေ
မစီးဆင်းသရွေ့ အတိတ်မှာသမိုင်းရှိတယ်
ပစ္စုပ္ပန်မှာ သမိုင်းရှိတယ်
အနာဂတ်မှာလည်းသမိုင်းတွေရှိတယ်

အဲ့ဒီသမိုင်းတွေထဲမှာ
ငါတို့ရဲ့ ကဗျာတွေ စာတွေ ရှိတယ်

တစ်ဝက်တစ်ပျက်မှတ်တမ်း

ချစ်သူရယ်.............
ရင်ထဲမှာ..ထောက်လောင်နေတဲ့..
အပူမီးတွေနဲ့..့..........
ငါ..........ကြေကွဲနေပြီ
ရင်ဘက်မှာလည်း ၀ိဥာဉ်ကျောက်သားတွေအက်ကွဲလို့...
ငါ....ဘယ်လိုလုပ်ရမလဲ
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ ပုဝါကလေးရယ်..
................................
..................................
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့သံများ
နက္ခတ်ဦးလို…..ပျံစေသား
....................................။

ချစ်သူအတွက်..........

ချစ်သူ
မင်းပျော်မယ်ဆိုရင် ငါက
ပြက်လုံးတွေကိုဟာသလုပ်လို့
မင်းရဲ့အပါးမှာဖျော်ဖြေပေးမဲ့
လူရွှင်တော်တယောက်ပေါ့။

ချစ်သူ
မင်းခေါ်မယ်ဆိုရင် ငါက
ဟိုးမိုးအစွန် မြေအဆုံး
ခပ်ပြုံးပြုံးနဲ့လိုက်မဲ့
ထာဝရအဖော်မွန်တယောက်ပေါ့။

ချစ်သူ
မင်းလှော်မယ်ဆိုဆိုရင် ငါက
ရေစုန်ရေဆန်မှာ
မမောတမ်းကူးခတ်ပေးမဲ့
လှေငယ်လေးတစင်းပေါ့။


ချစ်သူ
မင်းအတွက်ဆိုရင်လေ ငါဟာ
အရာရာကို ဖြည့်ဆည်းပေးနိုင်တဲ့
အာလာဒင်ဆီမီးခွက်လို
လိုတရလူသားတယောက်ဖြစ်ချင်ခဲ့သူပါ။

Friday, December 25, 2009

အပွင့်ခက်တော

ကိုယ့်တံတိုင်းနဲ့ကိုယ်မို့
ဒီသီချင်းကဆိုချင်တိုင်း ဆိုမရ
တစ်တောလုံးကြေကွဲရောင်တောက်လို့
အမှောင်ချင်းလက်ပွန်းတတီးပါဆိုမှ
လူမြင်သူမြင်ပဲလားလို့
မျှော်လင့်ချက်နဲ့ ရဲနေတဲ့
ဆေးလိပ်ကလေးကမေးပါတယ်

ကျိန်စာ၀၀နဲ့ အိပ်ယာဝင်တုန်း
ဒီရင်ထဲကိုမှ တွင်းလာအောင်းတဲ့ပုံရိပ်
သတိရမှုကိုသွေးမတိပ်ပဲထားလိုင်ရင်
တစ်နေ့လင်းတော့ထူံးစံအတိုင်း
နှင်းတွေ ၀မ်းနည်းပမ်းနည်းကျလာတယ်
ကွယ်.................
ရာသီသာတစ်တောဟောင်းတစ်တောသစ်
စိတ်ရှိလက်ရှိလက်ပစ်ကူးခဲ့တဲ့ မျက်ဝန်းမြစ်မှာ
မျှော်လင့်ချက်နဲ့လက်ပန်းကျ လှမ်းကြည့်တော့
ဟို............အဝေးမှာကမ်း
နှစ်ကိုယ်ထမ်းထားရတဲ့ ဒီတောမှာ
နေ့လို အရွက်တွေရင့်ရင့်လာ
တစ်တောလုံးစိမ်းလန်းနေပေမယ့်
အပွင့်ခက်တဲ့တောတစ်တစ်ခုဖြစ်တဲ့အကြောင်း
နှစ်ဟောင်းကလေးသိပါတယ်။

Thursday, December 24, 2009

Gtalk Chatting ကဓာတ်ပုံလေးတွေအမြဲတမ်းAuto ပြောင်းလဲချင်ရင်......

(Gtalk Shell) Gtalk မှာ ပုံလေးတွေကို Slideshow နဲ့
ပေါ်အောင်လုပ်နည်း.. ဒါလေးကိုအရင် download လုပ်ပေးပါ။ http://www.brothersoft.com/google-talk-shell-70998.html
Download လုပ်ပြီးရင် Run လိုက်ပါ....။ ဒါဆိုရင် Gtalk ဖွင့်ထားထား ၊
မဖွင့်ထားထား နောက်ထပ် Gtalk ဘောင်အသစ်ပေါ်လာပါလိမ့်မယ်..။ ဒီဘောင်အပေါ်
Google Talk ဆိုတဲ့ စာဘေးမှာ အသစ်အနေနဲ့ Shell ဆိုတာ
ပါလာပါလိမ့်မယ်..။ ဒီ Shell ကို ကလစ်နှိပ်လိုက်ပါ..။
ထိုအခါဘောင်အသစ်လေးထဲမှာ ... Avatar / Lauguage / Option / Always on
top / Get More Avatars / About ဆိုတာ ကိုတွေ့ပါလိမ့်မယ်..။ Shell
> Avatar ကိုနှိပ်၍ Enable Slide တွင် အမှန်ခြစ်လိုက်ပါ...။
ထိုနောက်........ Shell > Option ကိုနှိပ်လိုက်ပါ..။
ဘောင်အသစ်ကျလာပြီး Avatar / Anti Boss / Auto hind ဆိုတာမှ Avatar
ကိုရွေးပါ..။ သူ့ဖာသာသူလဲ ရွေးပြီးသားပါ..။ ထိုနောက် ညာဘက်ဘောင်ထဲတွင်
Add နဲ့ Remove ကိုတွေ့ရလိမ့်မယ်..။ ကိုယ့် Slideshow လုပ်ချင်သော
ပုံများကို ရွေးရပါမယ်..။ Add ကိုနှိပ်ပါ..။ ပေါ်လာသောဘောင်လေးထဲမှ
မိမိလိုချင်သော ပုံများကိုရွေးပါ..။ အလိုရှိသလောက် ပုံများကို
ရွေးပါ..။ ပြီးရင် အောက်မှ Interval(seconds) ကို ကိုယ်
ပြောင်းစေချင်သော ပုံများကို စက္ကန့် အလိုက် ချိန်ပေးပါ..။ ဥပမာ- 1
စက္ကန့် ၊ 2 စက္ကန့် ၊ 3 စက္ကန့်.... ထိုနောက် အောက်မှ OK
ကိုနှိပ်လိုက်ရုံပါပဲ..။ ထို့နောက် Gtalk ကို Sing In လိုက်ပါ..။
ပြီးပါပြီ...။ သင်၏ Gtalk တွင် Icon လေးတွေ တဖျတ်ဖျတ်
ပြောင်းနေပါလိမ့်မယ်..။ အားနည်းချက်များ...။ * မိမိသုံးတိုင်း ပုံတွေ
တဖျတ်ဖျတ်ပြောင်းနေလို့ မျက်စိနောက်ပါလိမ့်မယ်..။ * ဒီ Software သည်
ဆွဲအားမြင့်သောကြောင့် connection မကောင်းပါက Gtalk ခဏခဏ ကျတတ်သည်..။
* မိမိ သုံးပြီးသွားသော်လည်း Gtalk ပိတ်လိုက်ရင် အရင် Gtalk လိုမျိုး
အလိုလို မပျောက်သွားပါ..။ * ဒါကြောင့် မိမိသုံးပြီးသွားပါက Shell >

Avatar > Enable Slide တွင် အမှန်ခြစ်ဖြုတ်ခဲ့ပါ..။ * ပြီးနောက်
မိမိပုံတွေကို Shell > Option > Remove ဖြင့် ပြန်ဖျက်ခဲ့ပါ...။
* Gtalk Shell က အကောင့်တွေ အများကြီး တစ်ခါတည်းလုပ်မရပါ..။ *
စက်တစ်လုံးမှာ အကောင့်တစ်ခုပဲ သုံးလို့ရတယ်..။ ဒါဆိုရင် မိမိ Gtalk
မှာ ပုံလေးတွေ တဖျတ်ဖျတ်ပြောင်းနေပါလိမ့်မယ်..။

လွမ်းသူမာန

ချစ်ခဲ့ဖူးပါတယ်
ဟိုတစ်ချိန်တုန်းကပေါ့

ဒါပေမယ့်ခုလို
ပြန်ချစ်မိသွားခဲ့တော့လည်း
အရူးအမူးပါပဲ
ယနေ့ထိတိုင်အောင်ပဲပေါ့

ဖြတ်သန်းခဲ့တဲ့ဘ၀တစ်လျှောက်လုံး
နောက်ဆုံးချစ်ခဲ့တာ
မင်း . . . တစ်ယောက်တည်းကိုပါ

မြေပြန့်သား( မင်း) နဲ့ တောင်ပေါ်သူ ( ငါ )တို့ရဲ့
အွန်လိုင်းပေါ်ကဇာတ်လမ်းလေးတစ်ပုဒ်မှာ
ဆက်သွယ်မှုတွေကဧရိယာပြင်ပ

ကံကြမ္မာဇာတ်ဆရာအလိုကျ
အဝေးဆုံး . . . ဝေးကွာမှုတွေဖန်တီးခဲ့တာတောင်

အစွဲအလန်းကြီးလွန်းတဲ့
ငါ့နှလုံးသားက မင်းနာမည်လေးသာ တမ်းတဆိုညည်းရင်း
အထီးကျန်တဲ့အဖေါ်မဲ့ဘ၀မှာငါတစ်ယောက်တည်းလည်းနေသားကျခဲ့ပြီ

သတိရခြင်းတွေနဲ့အကြိမ်ကြိမ်
ရေးသားမိခဲ့တဲ့ `စာ´

တမ်းတခြင်းတွေနဲ့အခါခါ ပို့ခဲ့လျက်သား `E.Mail ´တွေ
ဒါတွေဟာ တစ်ဝက်တစ်ပျက်မှာရပ်တန့်

မာနတရားကိုအသက်လို
တန်ဖိုးထားတတ်တဲ့`ငါ´

လွမ်းနာကျဝေဒနာကြောင့် ကြွေခန္ဓာမြေခစမ်းပါစေ
ဘယ်သောအခါမှ ကိုယ်ကစလို့
မဆက်သွယ်ချင်ဘူးလေ

တိုးတိတ်တိတ်

မျှော်သူသာလွမ်း
နွမ်းလို့ခွေပေမယ့်
နမ်းချင်တဲ့ပန်းကတော့
လှမ်းလို့တောင်ကြည့်ပါလေစ..................
ကိုယ်ကြင်တာသူမသိ
ဝေဒနာအတိနဲ့ပေမယ့်
ငြိအောင်မနွယ်ချင်တဲ့လူက
သူမသိလည်းဖြစ်ပါတယ်တဲ့
စာရွက်ကျိုးတွေပေါ်မှာတော့
တိုးတိုးလေးချရေးမိပါရဲ့....................
သိပ်ချစ်တယ်ကလေးရယ်။ ။.............

နည်းနည်းများများ

ပိုင်ဆိုင်ခွင့်ရတာ နဲနဲ
ပေးဆပ်လိုက်ရတာက များများ
ခိုနားခွင့်ရတာက နဲနဲ
ပျံသန်းနေလိုက်ရတာက များများ
အေးမြရတာက နဲနဲ
လောင်ကျွမ်းခံရတာက များများ
သိမ်းပိုက်အောင်ပွဲခံရတာက နဲနဲ
လက်လွတ်အရှုံးပေးလိုက်ရတာက များများ
လေညှင်းခံရတာက နဲနဲ
ချွေးထွကနေရတာက များများ
ဝမ်းသာကြည်နူးရတာက နဲနဲ
ကြေကွဲလွမ်းဆွတ်နေရတာက များများ
ချစ်သူရေ...........နောက်ဆုံးတော့
ချစ်ခွင့်ရတာက နဲနဲ
အစိမ်းကားခံလိုက်ရတာက များများနော့်။

အချစ်........???????

အချစ်ကို ပိုင်ဆိုင်ခွင့် ရတဲ့ သူတွေကတော့
အချစ်က ရယူခြင်း တဲ့............................


အချစ်ကို ဆုံးရူံးခဲ့ ရတဲ့ သူတွေကတော့
အချစ်က ပေးဆက်ခြင်း တဲ့...........


ငါကတော့ ကောင်လေးရယ်...............
အတိကျမသိတဲ့ ခေါင်းစဉ် အောက်မှာ
မင်းကို ရူးသွပ်စွာ ချစ်နေရသူပါ.......................

ကြိုး

ကြိုးတွေမှာအဓိပ္ပါယ်နှစ်မျိုးရှိတယ်
ခိုင်မြဲအောင်ချည်နှောင်ဖို.ရယ်
မပြေးနိုင်အောင်ချုပ်နှောင်ဖို.ရယ်။

ချုပ်နှောင်တဲ့ကြိုးဟာ
ရွှေနဲ.လုပ်ပြီးကျောက်သံချယ်လည်း
အဓိပ္ပါယ်လျော့မသွားပါဘူး။

ငါးမျှားချိတ်နဲ.ငါးမျှားတံဆက်ပေးတဲ့ကြိုးမှာ
ရက်စက်ခြင်းတွေပါမယ်
ထီးတော်ကိုအပေါ်ပင့်ဆောင်တဲ့ကြိုးမှာ
မြတ်နိုးမှုတွေပါမယ်
ကြိုးတစ်ချောင်းဟာ
တန်ဖိုးတွေကို ၀ှက်ထားတယ်။

မိတ်ဆွေတစ်ယောက်ကပြောတယ်
သူငယ်ချင်းဘ၀မှာချစ်သူလိုချည်တော့
အံ့သြပျော်ရွှင်ခဲ့တယ်တဲ့
ချစ်သူဘ၀မှာအိမ်ထောင့်ရှင်လိုချည်လာတော့
ထိတ်လန်.တွေဝေခဲ့ပါတယ်တဲ့
အိမ်ထောင်ရှင်ဘ၀မှာ
အကျဉ်းသားလိုချည်မှာကြောက်လို.
သူနောက်ဆုတ်ခဲ့ရပါသတဲ့။

ငါ့ကိုဘယ်လိုချည်မှာလဲ
အကြင်နာနဲ.ချည်တဲ့ကြိုးဆိုရင်
ငါတစ်သက်လုံး မရုန်းပဲနေလိုက်တော့မယ်
မချည်ပဲမြဲတဲ့အကြည့်ရှင်လေးကို
လာချည်ဖို.လည်းပြောချင်တယ်
မချည်ဖို.လည်းပြောချင်တယ်
မင်းကြိုးလေးပြပါကလေးရေ……………။ ။

မဆန်းပါဘူးလေ။

ဘာမှတော့မထူးဆန်းပါဘူး
ညီမျှခြင်းတစ်ခုချဖို့ဆိုတာ
မာနနဲ့သိက္ခာကိုပေးဆပ်ရင်း
ထိုးကျွေးခဲ့ဘူးရမယ်...........။
အိမ်မက်ဆိုတဲ့ပုံပြင်တွေကို
နိုးထခြင်းတေးသွားနဲ့လဲလှယ်တတ်ရမယ်။
ခက်နေတာတစ်ခုက.............
(လူ)ဆိုတာက တစ်ခါတစ်လေမှာတော့
အိမ်မက်မက်ရင်းလမ်းလျှောက် တတ်တယ်လေ။
အစီအစဉ်တကျနဲ့ အိမ့်မက်မက်မယ်ကြံတိုင်း
ပုံရိပ်ရဲ့ထောင့်မှန်အချိုးတွေ
ဟိုး.......ဆုံမှတ်ရဲ့အစွန်းမှာရပ်တယ်။
ဖမ်းယူဆုပ်ပိုင်ခွင့်ဆိုတာနဲ့
ကြုံဖို့...ဝေး......ဝေး........ဝေး........၊
မဆန်းပါဘူးလေ။.....။
ဒါပေမယ့်
ဆုံတွေ့နိုင်ခွင့်တိုင်းမှာ
လွဲချော်ခြင်းနဲ့ဝေးနေမတဲ့လားဗျာ။။။
ဒီလိုနဲ့......ဘဲ....လူတွေလဲ(မော)လှပါပြီ။

ညွန်းသူထံသို့.............

မပျက်မယွင်း စိတ်ထားရင်းဖြစ်

ချစ်ခြင်းအစစ် နှင်းအပ်ခဲ့သည်

ထာဝရရည်စူး...

ညွန်းသူထံသို့..



ချစ်သူ့ဆန္ဒ အမြင့်ကို လိုသော်

ချစ်သူနင်းမဲ့လှေခါးထစ် သော်

ဪကို ယ်သာ ဖြစ်လို တောင်းဆုလို၏

ချစ်သူခြေဖဝါး ဆူးခြစ်ရာတောင်

မထင်စေငြား ပြင်းပြ ချစ်ခြင်း

ညွန်းသူထံပါး

ရောက်စေသော်..


ရာဇဝင် စာတွင် ရှိခဲ့ဖူးသည်

မိုက်မဲသူများအချစ်ကိုကိုးကွယ်

အချစ်ကြီးသူ ရှုံးသူ ဟူ၏

ဤစကားသည် သာမှန်ကန်ပါလျင်


ကိုယ် ဟာထာဝရ မင်းကို ကိုးကွယ်

ရှုံးနိမ့်သူသာ ဖြစ်လိုပါသည်

ညွန်းသူ သိ ကြား

နားလည်စေသား ..

Wednesday, December 23, 2009

အခုတော့..................................................

အချမ်းကိုနွေးစေတဲ့ စောင်ရှိပေမယ့် .....
အလွမ်ကို ငြိမ်းစေမယ့် သူမရှိတဲ့ဘဝမှာ.....................................................
ငါစကားပြောဖော်မရှိတဲ့အချိန်...... တချိန်တုန်းက ငါပြောသမျှနားထောင်ပေးပြီး.. ငါတို့ရှေ့ရေးအတွက် တိုင်ပင်ခဲ့ကြတာတွေကို ငါပြန်ပြီးအမှတ်ရမိတယ်.........
အခုတော့...........................................................................................

ငါ့မျက်လုံးကိုစေ့စေ့ကြည့်ပါ



ငါ့ကို

မင်းမသိဘူးလို့ပြောရင်

ငါ့မျက်လုံးကိုစေ့စေ့ကြည့်စမ်းပါ


ရင်မခုန်တော့ဘူးလို့ငါယုံသွားလောက်မယ့်

ခပ်စိမ်းစိမ်းမျက်ဝန်းများနဲ့ပေါ့


နာကြည်းချက်တွေကိုလည်းဖုံးကွယ်မထားပါနဲ့

နာကျင်ခဲ့ရတဲ့မျက်ရည်တွေကိုလည်း

ငါမမြင်အောင် ဟန်ဆောင်ထားစမ်းပါကွယ်


တို့နှစ်ယောက်ဟာ

တစ်ချိန်တုန်းကမဆုံခဲ့ရတဲ့ အချစ်ရူး ရူး ခဲ့သူတွေပေါ့

ဒါကိုမင်းမသိဘူးလို့ပြောရင် ငါ့မျက်လုံးကိုစေ့စေ့ကြည့်စမ်းပါ

ငါ မယုံနိုင်အောင်ပြောင်းလဲသွားမယ့် ခပ်စိမ်းစိမ်းစကားလုံးများနဲ့ပေါ့


မေ့နေရင်တောင် မမေ့ဘူးဆိုတဲ့

အမုန်းတရားများနဲ့ အဝေးကိုလွင့်သွားမယ့်

ခြေလှမ်းများဟန်ဆောင်မှုနဲ့ငါ့အနားတိုးလာစမ်းပါ

တို့နှစ်ယောက်ဟာ နောင်ဘ၀အထိ သူစိမ်းတွေ ဖြစ်နေဦးမယ်ဆိုတာ

မယုံမရဲနဲ့ ယုံမှတ်သွားလောက်သည် အထိ

ငါ့ မျက်လုံးကို မင်း စေ့စေ့ကြည့်လိုက်စမ်းပါကွယ်

အပိုင်းအစများ

ရေစက်........ဆိုတဲ့
ရှောင်လွဲလို့မရတဲ့
အရာတစ်ခုထဲမှာ
ကောင်လေး နဲ့ မ
ဆုံခဲ့ကြတယ်။
အချစ်......ဆိုတဲ့
ထွက်ပြေးလွတ်မြောက်လို့ မရတဲ့
စည်းဝိုင်းထဲမှာ
ပိတ်မိခဲ့ကြတယ်။
သံယောဇဉ်.........ဆိုတဲ့
နွယ်ရှင်တွေကြားမှာ
လှုပ်ရှားရုန်းကန်မရ
ဖြစ်ခဲ့ရတယ်။
စိတ်ကူးယဉ်.....ဆန်တဲ့
အိပ်မက်တစ်ခုထဲမှာ
အရှင်လတ်လတ်
ရူးသွပ်ခဲ့ကြတယ်။
ဝေဒနာ........ဆိုတဲ့
မလိုချင်လည်း
ုငြင်းပယ်ခွင့်မရှိတဲ့
စီရင်ချက်တွေကြားမှာ
ခံရခက်စွာ
အသက်ရှူခဲ့ရတယ်။
နောက်ဆုံးတော့
အမှန်တရား..............ဆိုတဲ့
အခါးသီးဆုံး
လက်တွေ့ထဲမှာ
နာကျင်စွာနိုးထ
ဘ၀ဆိုတာ
တစ်ခါတစ်ခါ
ပဲ့ကြွေအက်ကွဲ
သွားတတ်ပေမယ့်လည်း
မ ကတော့
မာနဆိုတဲ့
ကိုယ်ပိုင်အရာ
တစ်ခုတည်းနှင့်
ပြန်လည်ထုဆစ်
တည်ဆောက်မယ်။

ချစ်သစ်ပင်

ပန်းတစ်ပင်ကို
မြေတွင်မျိုးစေ့ ချသည့်နေနှင့်
အချစ်ပင်ကို
ရင်မှာမျိုးစေ့ ချသည့်နေမှာ
နေ့ရက်မလွဲ တစ်ချိန်တည်း
ရနံ့ကြိုင်လွင့်
ပန်းများပွင့်လျှင်
သဲနှင့်ထပ်တူ ချစ်ဦးသူတွက်
ပန်းမြတ်နိုးသူ
ချစ်ဦးသူသည် အတူပန်းနှယ်
ရနံ့ပြယ်သော်...........

သို. ` ချစ်သူ ´ / ( သေတမ်းစာ)

အကြင်သူသည်
ငါ၏ မျက်လုံးတို.အား
ထိုးဖောက်ဖျက်ဆီးစေအံ.
စိတ်အစဉ်တွင် ပုံရိပ်တို.သည်
အရိပ်ထင် ကျန်ရစ်ပါစေသား .................

အကြင်သူသည်
ငါ၏ နှုတ်ခမ်း လျှာ တို.အား
ပိတ်နှောင်ဆွံအသွားစေအံ.
ပြောလိုသောစကားသံတို.အား
သူ. အိမ်မက်ထဲတွင် ကြားပါစေသား ................

အကြင်သူသည်
ငါ၏ နှလုံးသားအား
လှုပ်ခုန်မရအောင် တားဆီးဖိချုပ်ထားစေအံ.
နှလုံးသားဝိညာဉ်သည် ကိုယ်မှဖယ်ခွာ၍
သူ.၏နှလုံးသားကို ၀င်ရောက်ပူးကပ်၍ လှုပ်ခုန်ပါစေသား................

အကြင်သူသည်
ငါ၏ လက်အစုံအား
လှီးခုတ်ဖြတ်တောက်စေအံ.
ထိုဒဏ်ရာမှသွေးစက်များက
ချစ်သင်္ကေတစာလုံးအဖြစ် စွန်းထင်းပေလူးပါစေသား .................

အကြင်သူသည် နောက်ဆုံး၌
ငါ၏ အသက်ခန္ဓာ အား
နှိပ်စက်ခြွေယူ သေဆုံးစေအံ.
ငါသည်စိတ်သန္တာန်အသစ်ဖြင်.
သူ၏အနား ၀င်စားလို.ရပါစေသား ..................

မနေ့က ချစ်သူ...

ဝေးခဲ့ကြပြီ ၊ နှောင်းခဲ့အချိန်
ပြန်မရနိုင် ၊ ငါတယောက်မှိုင်
မဆုံတဲ့လမ်း ၊ ရှေ့ဆက်ကာသွား
နင်ချန်ခဲ့ပေါ့ ၊ မျှော်လင့်နေ့ရက်
အိပ်မက်လွင့်ပြယ် ၊ မဆွေးရဲတယ်
နင်မရှိတဲ့ ၊ ဘ၀ထဲမှာ
အရာအားလုံး ၊ အဓိပ္ပါယ်မဲ့
ဟောင်းနွမ်းခဲ့တယ် ၊ မနေ့က ချစ်သူရယ်.....
ရင်မှာနောက်ထပ် ၊ မရှိခဲ့ပေ
မင်းပဲချစ်တယ် ၊ အလင်းငယ်ရယ်
မှောင်တဲ့ဘ၀ ၊ ခြောက်သွေ့ခဲ့ပြီ
အနာဂတ်ထဲ ၊ တရွေ့ရွေ့နဲ့
ဖြတ်သန်းဖော်မဲ့ ၊ သည်ခရီးမှာ
တချိန်ခါက ၊ ပြောခဲ့စကား
ဘယ်သောခါမှ ၊ တို့မဝေးဘူး
ငါထားရှိတဲ့ ၊ သစ္စာတရား
ခုချိန်ထိတိုင် ၊ မပျက်စီးဘူး
နင်ထားပြီးမှ ၊ ဘာထူးမှာလဲ
မဆုံနိုင်တဲ့ ၊ လမ်းတွေလျှောက်ရင်း
အနက်ရှိုင်းဆုံး ၊ ချစ်ခဲ့ပြီးမှ
နားမလည်ခဲ့ ၊ ယုံကြည်အချစ်
ထွေးပိုက်ရင်းနဲ့ ၊ ငါလွမ်းနေတယ်
မနေ့က ချစ်သူရယ်.....

ဘ၀ဆိုတာ

ဘ၀ဆိုတာ
ဆွတ်ပျံ့ကြည်နူး လွမ်းမောရတဲ့
အချစ်ဝတ္တုတစ်ပုဒ် မဟုတ်ပါဘူး
စိတ်ညစ်စရာ သောကတွေနဲ့
ပျော်ရွှင်စရာ သုခတွေကို
အချိုးမျှတစွာ ဖျော်စပ်ထားတဲ့
ကော်ဖီ ခါးခါး တစ်ခွက်ပါကွယ်။

ခြောက်ခြားည 972

မှောင်မှောင်မဲမဲ အမဲအမှောင်ည
ဖျတ်ကနဲ ၀ုန်းကနဲ လန့်နိုးသွားတယ် . . .
ချွေးစီးတွေနဲ့ မောဟိုက်လို့ . . .
ငါအကြောက်ဆုံး အာရုံသံစဉ်တွေ
အိမ်မက်က လိုက်ဖမ်းနေတယ် . . . . . . . . . .


မေ့မရတဲ့ အတိတ်က လိပ်ပြာမလေး
စတော်ဘယ်ရီရောင် နှုတ်ခမ်းနဲ့ အပြုံးတစ်ပွင့်
အရောင်ရင့်ရင့်ကိုမှ နှစ်သက်တဲ့ ကောင်မလေး
ငါ့ဦးနှောက်ကိုခွဲ အခန်းတွေ ဖျက်ထုတ်လို့ရရင်
မင်းပါတဲ့ အခန်းတွေ ငါဖောက်ခွဲပစ်လိုက်ချင်ရဲ့



ငါလိုချင်ခဲ့တာ အချစ် . . .
မင်းပေးခဲ့တာလည်း အချစ် . . .
ဒါပေမဲ့ ထပ်တူမညီတဲ့ ပုစ္ဆာနောက်ကွယ်က
၉၇၂ . . . . . . .
ကွာဟမှုက ပြင်းထန်နေခဲ့တယ် . . . . . . . . . .


အသက်ရှုသံ ဖျောဖျောလေး
ငါ့မြင်ကွင်းမှာ မင်းပုံရိပ်က
ဝိုးတ၀ါးနဲ့ ဒဏ္ဍာရီ ဆန်ဆန်
“ ငါမေ့ထားခဲ့မယ် ” . . . .
“ ငါမေ့ထားခဲ့ရမယ် ” . . . .
တစ်ညလုံး အကြိမ်ကြိမ်
လွင့်ထုတ် မေ့ပစ်ခဲ့ပေမဲ့
အသက်ရှုသံ တစ်စက်ချင်း ဆီမှာ
မင်းပုံရိပ်က စီးမျှောနေဆဲ
ထွတ်သက် ၀င်သက်တွေ ညံနေတဲ့
ငါ့ညဟာ အေးစက်နာကျင်နေလို့ပါပဲ . . . . . . . . . .


ဒီကဗျာ ဒီမှာတင် ငါဆက်မရေးချင်တော့ဘူး . . .
နေပါစေတော့ . . .
မိုးမိခဲ့တဲ့ တွေဝေမှုတွေက
ငါ့ကို နောင်တတွေနဲ့ ဖျားနာစေလို့
ရင်မှာ မျက်ရည်စက်တွေ မှေးစက်နေဆဲ . . . . . . . . . .

ဒီဇင်ဘာအလွမ်းးးးးးးးးးးးးးး

အချစ်ဆုံးမင်းအတွက်
အလွမ်းတွေအသုံးပြုလျှက်
ဒီဇင်ဘာရဲ့နေ့ရက်
နှင်းပွင့်လေးတွေကြား
မျက်ရည်စက်လေးများ
အသည်းပန်းလေးမှာ
တွဲခိုလျှက် ။ ။

အတောင်ညောင်းတဲ့ငှက်ငယ်

သူဘယ်သူလဲ ကျနော်မသိချင်ဘူး
ကျနော်ဘယ်သူလဲ သူမသိခဲ့ဘူး
ကျနော်တို့ပျော်ရွှင်ခဲ့ကြတယ်။
ဒါကအဓိကပဲလေ
ခင်ဗျားရောဘယ်လို ထင်ပါသလဲ
ကျနော်ကတော့ အတောင်မသန်သေးပါဘူး
ပျံသန်းဖို့ အင်အားတွေစုဆောင်းရပါအုံးမယ်
သူနဲ့ကျနော် အတူပျံသန်းဖို့
နတ်ဘုရားအကူအညီ မလိုအပ်ပါဘူး
သိုးကျောင်းသားလို သန်မာမှုမျိုးပဲလိုအပ်ပါတယ်။
ပေါက်တူးတစ်လက်ထဲနဲ့ ပျိုးထောင်ထားခဲ့ရတဲ့ ကျွန်တော့်တောင်ယာကလေး
စကားနည်းနေလို့မဖြစ်တော့ဘူး။

တစ်မနက်
အလွမ်းတွေတစ်စိမ့်စိမ့် ထိုင်သောက်ရင်းငေး
နှင်းဆီဖူးပွင့်သံ ရုတ်တရက်ကြားခဲ့
သဘာဝကြည်စယ်မှုက
အရိုးတံလေးတွေကို ကပိုကရိုရိမ်းထိုးလှုပ်ရှားစေ
တစ်ခါတစ်ခါ ထိန်းမနိုင်သိမ်းမရ ကော့လန်သွားတတ်တဲ့
ပွင်ဖက်လွှာများ
ကြည်စယ်လွန်းတဲ့ လေကိုမနာလိုဖြစ်မိတယ်။
သူနဲ့ပက်သက်ခဲ့သမျှတွေကိုဘယ်လိုပျော်ရွှင်မှုမျိုးက
မေ့ပျောက်စေနိုင်တော့မှာလဲ။

ညစောင့်

Miss You Myspace Comments



လမ်းမီးအလင်းလေးတွေကျလာတာတောင်
ဒင်းကလေးရဲ့အရိပ်အယောင်ကို
ခုထိမတွေ့ရသေးဘူး

ဒီအွန်လိုင်းလေးဆီမှာညစဉ်ရက်ဆက်
အင်တာနက်ဟာငါနဲ့သွေးသားတော်စပ်တယ်
တဟူးဟူးတိုက်ခတ်နေတဲ့လေထဲ
ငါ ဆိုသမျှသီချင်းဟာ
သူမကြိုက်တဲ့အလွမ်းသီချင်းတွေပဲဖြစ်မှာ

အခု ငါ သရုပ်ဆောင်နေတာဟာ
KEY မ၀င်တဲ့ ဇာတ်ဝင်ခန်းတွေ မဟုတ်ဘူး
အခု ငါ ဆာလောင်နေတာဟာ
ချစ်ခြင်းမေတ္တာကို
အတုလုပ်ထားတဲ့ပေါင်မုန့်တစ်လုံးမဟုတ်ဘူး

လရောင်ဟာ
ကျန်းမာရေးချို့တဲ့နေတယ်

ဒီ က ဗျာ ကို ငါ မဖွဲ့ ချင် ဘူး
ငါ့ အ ရေး အ သား တွေ ညံ့ တယ်
ငါ့ . . . ဘ၀ကမီးအားနည်းတယ်
ငါ့ စိတ်က တိမ်လို လွင့်တယ်
ငါ စကားပြော မကောင်းဘူး
ငါ အုပ်စုဖွဲ့ မနေထိုင်ခဲ့ဘူး
ငါ့ ကမ္ဘာမှာ သူ့တစ်ယောက်ကိုပဲမြတ်နိုးခဲ့မိတာ
ငါ့ ဘ၀မှာ သူ့တစ်ယောက်ကိုပဲ မျှော်လင့်မိခဲ့တာ
ဒီအချိန်ဆို သူ့ရဲ့ အိပ်မက်တွေ
ကမ်းမမြင် လမ်းမမြင်
ဖြစ်နေရောပေါ့

ငါ့မှာသာ
ည . . . ည
တစ်ယောက်တည်း
။ ။ဂစ်တာကြိုးတွေပြတ်လို့။ ။

Tuesday, December 22, 2009

အလှမ်းဝေးနေတဲ့ချစ်သူ

သူ့ကိုအမြဲ
မော့ကြည့်ပေမယ့်
သူကခပ်တည်တည်နဲ့ခရီးဆက်ခဲ့တာ
ကမ္ဘာဦးအစထဲကပါ
အမြင့်မှာပျော်နေတဲ့သူက
အကျွန့်လိုဇာတ်နိမ့်သူနဲ့
နီးစပ်ချင်မှာမဟုတ်ပါဘူး
သူနဲ့ ဆုံဆည်းခွင့်ကို
ရူးသွပ်မျှော်လင့်နေသူက
ငမိုက်သားကျွန်တော်ရယ်ပါ
တစ်ခါတစ်ရဲဒေါသတွေနဲ့
ရှုံးတဲ့သူက ကျွန်တော်ပဲ
တကယ်တမ်းကြတော့
သူနဲ့ကျွန်တော်ဟာ
မျက်နှာပြင်ချင်းတူညီကြပေမဲ့
ယူဇနာပေါင်းသန်းပေါင်းမက
ကွာဝေးနေတဲ့ချစ်သူတွေပါ

ငါညံ့တာပါကောင်လေးရာ

ကြည်နူးမှုကို ဆမ်းသော ပျားရည်တစ်ချို့
ဘဝကို ပျော်ရွှင်စေသော အနမ်းတစ်ချို့
သာယာမှုနဲ့လွင့်ပျံ့တဲ့ ရယ်သံတစ်ချို့
နွေးထွေးမှုတွေ ရှင်သန်သော ပန်းဥယျာဉ်ထဲ
အာဒမ်အေဝ တစ်ခေတ်ပြန်စခဲ့တာ
လေပြေလေးတွေ ပစ်ပေါက်ရင်း
အချိန်တွေကုန်လွယ်ခဲ့ရတယ်...
ကျေနပ်စရာလောကကြီးပါလို့
ကျေးဇူးတင်ခဲ့မိတယ်
ဒါတွေဟာသံပတ်မကုန်သေးခင်
နှစ်သိမ့်မှုအတုရောင်တွေမှန်း
မသိခဲ့ရိုးအမှန်ပါ
မြဲလွန်းတဲ့ သံယောဇဉ်ကြိုးတွေက
ကြက်ပျောက်ငှက်ပျောက်နိုင်တယ်
မာယာတွေကြားယစ်မူးရင်း
ကျော့ကွင်းထဲဆင်းသက်မိတဲ့အဖြစ်ကသွေးပျက်မိတဲ့အထိ
တကယ်တော့ထင်တိုင်းလုပ်ရအောင်
ကြိုးဆွဲရာဖြစ်ခဲ့တာက
ငါညံ့တာပါ ကောင်လေးရာ....

ငါ့ဘယ်သူလဲ

ငါဘယ်သူလဲ
ဒီလိုမေးရလောက်အောင်
ငါ ကိုယ်တိုင်ကမှောင်တယ်

လိုအပ်နေတာ က.
......ဘာတွေများ လည်း............................?
မမေးနဲ.တော.

ဖြစ်ချင်နေတာက
..............................?
ဖြစ်ခဲ.တာတွေက
..............................?
ဖြစ်ပြီးတာတွေက
...............................?.
ဘ၀က
မွေးရာပါ သီအိုရီအတိုင်းပဲ ရိုးသားတယ်။။

နောင်ဖြစ်မယ်. အနာဂတ်ကရော
...................................................။
ထပ်မမေးနဲ.။။။။။။။။။။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

အဟက်!
လတစ်စင်းလား
ဟင်.အင်းးးး
ငါက ကြယ်တစ်ပွင်.ပဲ ဖြစ်ချင်တယ်။။။။။။။။။။

ဟာ ကွာ ........ မပြီးသေးဘူးလား
ငါ ဘယ်သူလဲ။။
ဘ၀က ထပ်ခါတလည်းလည်း မှောင်တယ်။။

မပြောကြပါနဲ.တော.တောင်းပန်ပါတယ်................
လိုအပ်ရင် ထပ်ခါတလည်းလည်း တောင်းပန်ပါတယ်

ငါရေးနေတာ ငါတွေးနေတာ
ဘယ်သူ. ဘယ်သူမှ မပါဘူးးးးးးးးးးးးး
ငါ သိချင်တာက ငါဘယ်သူလည်း
အနာဂတ်မှာ ငါဘယ်သူလည်း
ဒါပါပဲဟာ။။။
ငါသိချင်တာ
ငါသိချင်ခဲ.တာာာာာာာာက
အဟက်
ဘ၀က ဖြစ်နိုင်မယ်ဆိုရင်
နောက်ထပ်ရိုးသားချင်သေးသတဲ.
ဟဟဟဟဟဟဟဟဟဟဟဟဟဟဟ။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒါ အရူးအတွေးနော်

Monday, December 21, 2009

ချစ်သူရေ.........(1)

မင်းကပြောခဲ့တယ်နော်.....
ကိုယ်ဟာမင်းအတွက်နောက်ဆုံးပါလို့..
........မှန်ပါတယ်..........
မင်းပြောသလိုပါပဲ........
ကိုယ်ဟာ မင်းရဲ့ချစ်သူအဖြစ်နဲ့တော့
နောက်ဆုံးဖြစ်ခဲ့ပါတယ
်.......ဒါပေမယ့်........
မင်းဘ၀အတွက်
လက်တွဲဖော်တော့ဖြစ်ခွင့်မရခဲ့ပါဘူး.......

ချစ်သူ့အတွက်ကဗျာ

ချစ်သူ
ကဗျာဆိုတာ
ရင်မှ လာတဲ့
ခံစားချက်
အပျော်တမ်းဖတ်ဖို့
မဟုတ်ဘူးကွယ့်
ကဗျာတစ်ပုဒ်
ဖြစ်ဖို့အတွက်
အရှင်လတ်လတ်
အသည်းခွဲခံရတယ်
မျက်ရည်တွေ
စတေးရတယ်
ဒဏ်ရာဗရာဗွတွေနှင့်
ရောနှောလို့
မောကြီးပန်းကြီး
ငိုရှိုက်ခဲ့ရသေးတယ်
မချိမဆန့် ဝေဒနာတွေဟယ
ကဗျာတွေ အဖြစ်
အန်အန်ကျ
အမြင်မလှပေမယ့်
တကယ်တော့
သောက အစိုင်အခဲတွေပါ
ကဗျာကို မြတ်နိး
အချစ်ကို တန်ဖိုးထားမယ်
ဆိုရင်
ငါ့ရင်မှာ ပွင့်လန်း
ကဗျာဆိုတဲ့
အချစ်ပန်းကို
နည်းနည်းလောက်
တန်ဖိုးထားစမ်းပါ

ဒီ နေရာကလေး..........

ကောင်လေး
မင်း ငါ ကို ထားခဲ့ပြီး
အဝေးကြီးကို ထွက်သွားခဲ့ပြီး
မင်းတစ်ယောက် ပျော်နေမယ်ဆိုရင်
ငါ ကျေနပ်နေမှာပါ ကောင်လေး.......

ကောင်လေး
ဝမ်းနည်းမှုတွေ နာကျည်းမှုတွေနဲ့
နာကျင်စွာ ခံစားနေရမယ် ဆိုရင်
မင်းရဲ့ ဒီနေရာလေးကို
ပြန်လာခဲ့ပေါ့ ကောင်လေးရယ်........

ဒီ. နေရာလေး က................
မင်းရဲ့ ထာဝရ နေရာကလေးပါ...........................

ဆုတောင်း

အလွမ်း ဆိုတာ
ပန်းသာ ဖြစ်ရင်
ပန်းတွေကို
စမ်းရေထဲမျှော
အလွမ်းမြေ ကောစေ။

အချစ်ဆိုတာ
အမြစ်သာ ဖြစ်ရင်
အမြစ်မြေလှန်
ခြေကန် ဖြတ်တောက်
အချစ်ပင် ပျောက်စေ။

ဒဿ vs ရာမ.......


glitter-graphics.com

ဒဿဂီရိ တဲ့ ချစ်တတ်လိုက် တာ
ဘီလူး ဖြစ်ဖို့ တောင်မကောင်း ဘူး
ချစ်တော့ လဲ ပိုင်ဆိုင် ချင်တာပေါ့
ဘီလူး ဆိုတော့ လဲ ချစ်တာတောင်
အပြစ် ဖြစ် ရော
မယ်သီတာ ပြန်မချစ် တာတော့
မတတ် နိုင်ဘူးလေ
ဒါပေမယ့်…………
ရာမတဲ့….. မင်းသားလေး တဲ့
ချစ်တယ် လဲ ပြော ရဲ့
မယ်သီတာ ကို မယုံ ဘူးတဲ့
ပြောရက် လိုက်တာ
ဟို အချစ် ရူး ဒဿ ကတော့ မခူးရက်
မချွေ ရက်…….
အသက်တောင် ပေးလိုက်သေး
ဒါတောင် ရာမ ယုံအောင်
မီးထဲ ကို ဆင်းသတဲ့
မယ်သီတာ ရေ
ဒဿဂီရိ ကိုချစ် တာ မှ
ပိုကောင်းအုန်း မယ် ထင်ပ…..
မင်းသားနဲ့ လူကြမ်း ဆိုတော့ လဲ
ရာမ က မှန်တာ ပေါ့
တကယ်လို့
မယ်သီတာ ချစ်တာ ရာမ မဟုတ်
ဒဿ ဆိုရင်
ကျေကျေ နပ်နပ် ကြီးပြော လိုက်မယ်
ရာမ ရေ သနားတယ် လို့…………………….

ကျိန်စာသင့်တဲ့ည

မင်းမရှိတဲ့ ငါ့ဘဝ
ကျိန်စာသင့်တဲ့ညမှာ
မင်း ပေါ်မလားဘူးဆိုတာ
ငါ သိနေပေမယ့်လည်း
တညလုံးထိုင်ပြီးတော့
မင်းကိုမျှော်နေမိတယ်။

မင်းမရှိပေမယ့်လည်း
မင်းပြောခဲ့တဲ့စကားတွကို
ငါနားယောင်စွာနဲ့ပဲ
ကြားယောင်နေဆဲပါ။

မင်းနဲ့ပတ်သက်ခဲ့သမျှ
အမှတ်တရများစွာတွေ
မင်းပေးခဲ့တဲ့ဓာတ်ပုံတွေ
မင်းပေးခဲ့တဲ့အနမ်းတွေ
မင်းပြောခဲ့တဲ့စကားတွေ
ဒါတွေ ဒါတွေ အကုန်လုံးကို
ငါအပြီးပိုင်စွန့်လွှတ်လို့
မေ့ပစ်ချင်တယ်။

ဒါပေမယ့်
မရင့်သေးတဲ့
ငါ့ရဲ့ဒဏ်ရာတွေကြောင့်လား
ဒါမှမဟုတ်
ငါ့ရဲ့ ပျော့ညံ့တဲ့စိတ်တွေကြောင့်လား
အဲဒီအမှတ်တရတွေကို
မြေမြှုပ်လို့ သဂြိုံဟ်နိုင်တဲ့စွမ်းအားတွေ
ငါ့ရဲ့နှလုံးထားမှာ
ဒီနေ့ထိမရှိသေးဘူး။

ဒါဟာ
အတိတ်ဘဝက ကျိန်စာသင်ခဲ့တဲ့
ဝဋ်ကြွေးတွေကြောင့်လို့ပဲ
ငါခံယူထားတယ်။

ရင် ဝေး သ စ္စာ



အ လွမ်း တွေ နှင့် ပူ လောင် နေ တဲ့

ငါ့ နံ ဘေး မှာ

ဆောင်း လေ က ခုန် ပေါက် လို့


အ မော တ ကော ဆွဲ ဖွင့် ခံ ရ တဲ့

ငါ့ မ နက် ခင်း တိုင်း မှာ

လန်း ဆန်း တက် ကြွ မှု တွေ ကျကွဲ လို့


ဟောင်း နွမ်း နေ တဲ့ သက် ပြင်း တွေ ထဲ မှာ

မင်း အ ရိပ် တွေ

စာ နာ မှု ကင်း မဲ့ စွာ ကြီး စိုး နေ လို့


သော က ပေါင်း စုံ က

ရောင် စုံ ည တွေ လို လှ ပ နေ လို့

မင်း နဲ့ ငါ့ ဘ ဝ

တစ် ထောင့် တစ် ည ပုံ ပြင်

ဖြစ် တော့ မယ် နဲ့ တူ ပါ ရဲ့ လေ


ချစ် ဆုံး ရေ

ခ ရီး တစ် ၀က် နှင့် သ င်္ဘော ပျက် နေ တဲ့

တို့ နှစ် ယောက် မှာ

အ လွမ်း မုန် တိုင်း တွေ နှင့် စိတ် ထင် တိုင်း

မိတ် ဆွေ ဖွဲ့ ရုံ မှ တစ် ပါး

မင်း နှင့် ငါ

သ စ္စာ တ ရား နှင့် ခရီး ဆက် ကြ မယ်

အ နက် ရှိုင်း ဆုံး



ချစ် သူ
မင်း မ ပြော ခဲ့ တဲ့ စကား
ရင် ထဲ က နား နဲ့ တိုး တိုး လေး ကြား ခဲ့ ရ တယ်

မ မြင် ရ တဲ့ အ ပြုံး
. . . . ဟိုး . . . .
အ ဝေး ကြီး မှာ လည်း နွေး ထွေး ဆဲ ပါပဲ

ကမ်း နေ တဲ့ လက်
တွယ်သူ မဲ့ စေ တာ
ဘယ် ဘက် ရင် အုံ တစ် ခြမ်း မှာ
အ စ်မ်း ရောင် လွှမ်း သွား တယ်

. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . .. . . . . . . .. . . . . . . . . . .

တစ် ကယ် တော့
ဒီ ခ ရီး ဟာ
ကြို နှင့် သူ မ ရှိ
လမ်း လည်း မ သိ တဲ့
ကျိန် စာ သင့် သီ ချင်း တစ် ပုဒ် လို ပါ ပဲ

တွယ်ရာမဲ့

ချစ်တယ်ဆိုတဲ့စကား
အခါခါကြားခဲ့သလို
နာမ်စားတွေသာပြောင်းလဲခဲ့တယ်
တချို့က မကိုချစ်တယ်တဲ့
တချို့က မင်းကိုချစ်တယ်တဲ့
တချို့က ယူ့ကိုချစ်တယ်တဲ့
တချို့က … ကို ချစ်တယ်တဲ့

ချစ်တယ်ဆိုတဲ့စကား
အခါခါလည်းပြောခဲ့ဘူးတယ်
အခေါ်လေးတွေတော့မတူဘူးပေါ့
တခါတလေတော့လည်း မောင့်ကိုချစ်တယ်ပေါ့
တခါတရံတော့လည်း နင့်ကိုအချစ်ဆုံးပေါ့
နောက်တမျိုးကတော့လည်း ကိုကို့ချစ်တယ်ပေါ့

အချိန်တွေပြောင်းလဲတိုင်းမှာ
ပုံစံတွေပြောင်းလဲသွားသလို
အချစ်တွေလည်းပြောင်းသွားတဲ့အခါ
သဘောထားခြင်းမတိုက်ဆိုင်လို့တဲ့လား
ကိုယ့်ဘ၀ထဲမ၀င်ရဲလို့တဲ့လား
မိဘတွေစိတ်မဆင်းရဲစေချင်တာဆိုပဲ
အချစ်ကို ဦးစားမပေးနိုင်တော့လို့ပါဆိုလား
မင်းထက်သူ့ကိုပိုချစ်သွားတယ်ဆိုတာမျိုးလား။

ကိုယ်တိုင်ကပဲ ရွေးလွန်းတာလား
သူတို့ကပဲ ဆိုးလွန်းတာလား
ကံကြမ္မာကပဲသွေဖယ်တာလား
ပေါင်းစပ်မရတာတော့ ခက်လှပေါ့
ဒီလိုနဲ့ပဲ ချစ်တယ်ဆိုတဲ့စကားလဲ
တန်ဖိုးတွေမဲ့ ပိုင်ရှင်တွေပြောင်း
သောကပင်လယ်ဝေလို့
ဘယ်သောင်ဘယ်ကမ်း
ဆိုက်ရမှန်းတောင်မသိတော့ပါလားနော်။

Sunday, December 20, 2009

အဖြူရောင် ဘာသာစကား..

အချစ်သည် မီးတဲ့.....
အချစ်ပေါ် အယူလွဲ
အမြင်မှားနဲ့ စွဲချက်တင်သူတွေရဲ့
ဓါတ်ပြားဟောင်းကြီးပါ........။

အချစ်တွင် မျက်စိမရှိတဲ့
အချစ်ပေါ်အထင်လွဲ
မဆင်မခြင် အပြစ်တင်သူတွေရဲ့
ပြန်ဆိုတေးတွေပါ......။

တကယ်တော့ အချစ်ဆိုတာ
ပင်ကိုယ်စိတ်ရင်းက အဖြူရောင်သက်သက်ရယ်....
အမဲစက်ချကျင့် ရှိသူရယ်
အရောင်ပြောင်းချင်ကြသူရယ်
ကင်ပွန်းတပ်ချင်သူတွေအောက်မှာ
မျက်နှာဖုံး အထပ်ထပ်နဲ့
အသွင်အမျိုးမျိုးပြောင်းနေရတရ်.........။

အဖြူရောင် ဘာသာစကားကို
နားလည်ကျွမ်းကျင်ချင်ရင်
ရင်ခုန်သံသက်သက်ကို
အပေးအယူမျှပေးနိုင်တဲ့
နှလုံးသားတဦး တည်းကို
အလုပ်ခန့်ဖို့ ...........
တဏှာနဲ အတ္တဆန်ပြီး
စီးပွားရေးတွက်တတ်တဲ့
ဦးနှောက်ကို
ခဏတော့ ပင်စင်ပေးဖို့လိုမရ်........။

အကြိမ်ပေါင်းများစွာ
သတိရစိတ်ကို
အလွမ်းဆိုတဲ့ ခေါင်းစဉ်အောက်
ထိုးမသွင်းချင်ဘူး.....။
ဖြူစင်တဲ့ ချစ်ခြင်းတရားကို
အရောင်ဆိုးဖို့အတွက်
အကြောင်းပြချက် ဖြစ်နေမှာ
စိုးလို့ပါ.............။

ဒီဇင်ဘာ အလွမ်း

အိမ်အပြန်ချင်ဆုံး နေ့ရက် ဒီချိန်လေးမှာ...
အိမ်ကိုလွမ်းစိတ် ပြင်းထန် လှူပ်ရှားလာ...
နှင်းဖွေးဖွေးမြင်လေတိုင်း အရမ်းလွမ်းတယ်နော်
ဒီဇင်ဘာခရစ္စမတ်အချိန်ကြုံပြီမို့


အိမ်မှာဆိုမိသားစုသိပ်ပျော်နေလောက်ပြီ
အနေဝေးဆုံး သမီးကို...မျော်ရော.မယ်
တံခါဝက အချိန်ရှိတိုင်းမျော်လင့်စောင့်နေမဲ့
အမေအိုလွမ်းမျက်ရည်ဆိုနေပြီ...


ဆောင်းနှင်းရေ.......မနှင်ချင်လည်း
အမြန်ဆုံးဝေးဝေးသွားပါကွယ်
ဒီဇင်ဘာ ဒီအလွမ်းဖြေသိမ့်ဖို့မလွယ်တော့ဘူး
အို....ခရစ္စမတ်စ်တေးသံကြားတိုင်းစိတ်မှာ...
အိမ်ကို..ပြန်ချင်လွန့်လို့မျက်ရည်ဝဲ.........

နင့်အတွက် နောက်ဆုံးလက်ဆောင်

နင့်ကို ငါ မတွေးတော့ပါဘူးလို့
ဆုံးဖြတ်ထားတဲ့ ငါ့စိတ်တွေ
မတွေ့ရပြန်တော့လည်း
တစိမ့်စိမ့်နဲ့တမ်းတ
ရင်မှာအလွမ်းမီးစတွေနဲ့
အိပ်ပျက်ညဆိုတာလည်း
ရိုးအိနေပြီလေ...။

ဒါပေမယ့်..
နင့်က ငါ့ကို
သတိရဖို့ဆိုတာဝေး
လှည့်ကြည့်ဖို့ဆိုတာ
ဘေးဖယ်ထားလို့....။

ငါဟာ နင့်ကို သိပ်ချစ်ခဲ့လို့
နင်လိုချင်တာကိုကြိုးစားလို့လုပ်ပေးခဲ့
လုပ်ပေးဆဲ
ဒါပေမယ့် မင်းကတော့
ငါ့ကို အစေခံသဘောနဲ့
ုကြိုက်သလိုခိုင်း
ဒါတွေဟာ ချစ်သူနှစ်ဦးကြားမှာ
မျှတခြင်းတွေလား...။

ပြောလိုက်တော့
“ငါ့ကိုချစ်တာကို သိလို့
တမင် စ,နေတာ”တဲ့...။

နင့်က ငါ့ကို
စ,လို့ကောင်းပြီး ပျော်နေပေမယ့်
ငါ့ဟာ ယောက်ျားတန်မဲ့
ကျခဲ့ရတဲ့မျက်ရည်တွေကို
နင်လည်းသိပါတယ်ဟ...။

နင့်က ငါ့ကို
အခုထိ နှိပ်စက်လို့မရသေးဘူးလား
မင်းကြိုက်သလိုလုပ်ပါဟ..။

ဒါပေမယ့်
ငါနောက်ဆုံးပြောခဲ့မယ်
ဘယ်ယောက်ျားတွေမှ
နောက်ထပ် အဲလိုမျိုး လိမ်လည်ပြီး
နှိပ်မစက်နဲ့နော်...။

မင်းဘဝထာဝရပျော်ရွှင်ပါစေလို့
ငါ နောက်ဆုံးအနေနဲ့
ထပ်မံပြီး ဆုတောင်းပေးခဲ့တယ်....။

အလင်းမဲ့ ကြယ်

ငါ့ကို တချက်မှ
ငဲမကြည့်တဲ့ မင်းရဲ့နောက်
တကောက်ကောက်လိုက်ချင်မိ.....။

ငါ့ကိုတခါမှ
ကြည်ကြည်သာသာ မရှိတဲ့
မင်းရဲ့ နှလုံးသားကို
နှစ်နှစ်ကာကာ ချစ်နေမိ....။

သိပ်ချစ်ရတဲ့ ပုံရိပ်လေး......
ညိုးနွမ်းသွားမှာ စိုးလို့သာ
အရာရာ ဆန့်ကျင်ပြီး
ငါ့နှလုံးသားကို တိတ်တဆိတ်နဲ့
မြိုသိပ်ခြင်း အတ္တထဲ
ရက်စက်စွာ
မြုတ်နှံထားမိတာပါ...........။

သံယောဇဉ်ကြွေး

ငါ့ အိပ်မက်တွေ ပြန်ပေးပါ။
ငါ့ ချစ်ခြင်းတွေ ပြန်ပေးပါ။
မနက်ဖြန်တွေ မလိုချင်ဘူး။
မနေ့က အဖြစ်ဆိုးရေ........
ငါ့ ပစ္စုပ္ပန်တွေ ရင်ကျိုးပြီ။
အငြိုးကြီးတယ် ဆိုလျှင်လည်း ကျေပါ။
အမုန်းကြီးတယ် ဆိုလျှင်လည်း ပြေပါ။
အစိမ်းရောင် သန်းရုံနဲ့တော့ ငါ မလွမ်းချင်ပါဘူး။
မနက်ဖြန်တွေ အရောင်မှိန် နေလိုက်တာ...........
သံသရာ တလျှောက်လုံး
အမှောင်ဖုံး နေသလိုမျိုး
င့ါကြမ္မာဆိုးရေ
ဝဋ်ကြွေးဆိုလျှင်လည်း
ဒါ..........နောက်ဆုံးပဲပေါ့နော်။

ပြောစမ်းပါဦး

ငါကိုက “အ” လွန်းပါတယ်လေ
ဒါပေမယ့်….
ငါ့ညတွေမှာ
လမင်းသာနေတာတော့
မြင်ချင်သေးတာပေါ့။

ငါကိုက “န” လွန်းပါတယ်လေ
ဒါပေမယ့်….
ငါ့မနက်ဖန်တွေ
လှပတာကိုတော့
မြင်ချင်သေးတာပေါ့။

ခုတော့….
………………
…………………..
………………………

ငါတို့ဘ၀တွေ
မှောင်အတိပြီးနေလိုက်တာ
ခပ်မှိန်မှိန်
အလင်းရောင်လေးတောင်
ပျောက်ကွယ်လုလု….

မှီကာနီးလေ
ဝေး .......ဝေး.......သွားလေ.................

ရောင်နီမြင်ရမလားလို့
ခဏလေးမှေးလိုက်ပါတယ်
နိုးလာတော့လဲ ဒုံရင်းပဲဆိုရင်
ငါတို့ ဘာလို့များ အိပ်စက်နေကြဦးမှာလဲ???????

ခုတော့….
………………
…………………..
………………………

လမိုက်ညတွေနဲ့
အလင်းရောင်မဲ့ဘ၀တွေအတွက်
ငါတို့တွေ ရှေ့ ဘာဆက်လုပ်ကြမလဲ?????????

ချစ်သူ .... သိစေချင်

ချစ်သူ .....

ပျော်ရွှင်စရာအမှတ်တရနေ့လေးတွေမှာ သူများတွေလုပ်သလိုနင်လိုက်လုပ်ဖို့ ၀ါဒနာမပါပေမယ့် င့ါကိုပျော်စေချင်တဲ့စိတ်ကလေးနဲ့ ကြည်နူးစ၇ာလေးတွေဖန်တီးပေးတာကို ငါမျှော်လင့်ပါတယ် ...

နင့်ဖုန်းကိုဆက်လို့ မကိုင်ရင်တောင် ငါနားမလည်တဲ့ဘာသာစကားနဲ့ပြန်ပြောနေတဲ့ မိန်းမတစ်ယောက်ရဲ့
အသံကိုတော့ငါမကြားချင်ဘူး ....

နင့်ရဲ့ personal acc မှာငါ့ကို block လုပ်ထားလို့ငါစိတ်မဆိုးပေမယ့် ငါ့အတွက်ဆိုပြီးပေးထားတဲ့ acc လေးကိုတော့
တစ်ခါတလေမှာ online လေးဖြစ်နေစေချင်တယ် ...

ငါက နင့်ကိုသတိရမိတိုင်း meassage တွေပို့တတ်သလိုတစ်ခါတလေ နင့်ဆီက same too ဆိုတဲ့စာလေးတစ်စောင်ကိုလည်း
ငါမျှော်လင့်မိတယ် ...

နင်ငါ့ကိုထားသွားပြီးနောက်ပိုင်း နင့်ကိုသတရကြောင်းစာတွေ နင့်ကိုချစ်နေသေးတယ်ဆိုတဲ့အကြောင်းတွေ ငါ compose mail လုပ်တတ်ပေမယ့် နင့်ငါ့ဆီကိုပြန်လာဖို့ ငါမမျှော်လင့်သလို နင့်ဆီကိုပြန်သွားဖို့လည် ငါမရည်၇ွယ်ပါဘူး ...

နင်ငါ့ကိုထားသွားတာ နင့်ရဲ့မာနနဲ့အတ္တ အတွက်ပဲဆိုတာငါသိလိုက်တဲ့အချိန်မှာ နင်ဟာ င့ါကို ငါထင်သလောက်မချစ်ခဲ့ဘူးဆိုတာပါပဲ ..

နင့်အတွက်ဆိုရင် ငါ့ရဲ့မာနနဲ့အတ္တကိုစွန့်လွှတ်နိုင်ပေမယ့် နင်ကတော့ အထိခိုက်မခံဘူးနော် ..

တကယ်တော့ နင်က နင့်ကိုယ်နင်ချစ်တာပါ ... ငါ့ဆီက ပျော်ရွှင်မှုတွေကိုပဲမျှော်လင့်နေတတ်တဲ့နင် ခဏတာအဆင်မပြေမှုတွေကိုတောင် နင်ခံနိုင်ရည်မရှိခဲ့ဘူးနော် ...

တကယ်တော့ အဆင်မပြေမှုတွေဆိုတာက ချစ်သူနှစ်ယောက်ရဲ့ ချစ်ခြင်းစိတ်ကိုစမ်းသပ်တယ်ဆိုရင် နင်ကအစမ်းသပ်မခံနိုင်လောက်အောင်ပဲလား ...

နင်ဘယ်လိုပဲအကြောင်းပြပြ သေချာတာတစ်ခုကတော့ နင်င့ါရဲ့အချစ်တွေကိုတန်ဖိုးမထားပဲ င့ါကိုစွန့်ခွာသွားပြီး င့ါရဲ့ရင်ကို
နာကျင်အောင်လုပ်ခဲ့ပြီးပြီပဲ...

နင့်ကိုသိစေချင်တာတစ်ခုကတော့ နင့်ကိုချစ်တဲ့စိတ်ကြောင့်င့ါရင်ဘယ်လောက်ပဲနာကျင်ခံစားနေရပါစေ ငါ့ရဲ့အချစ်တွေကိုတန်ဖိုးမထားပဲ အစောကြီးစွန့်ပစ်သွားတဲ့နင့်ဆီကို ငါပြန်မသွားချင်တော့ဘူး ........ ချစ်သူ ရယ် ....

နှုတ်မဆက်ချင်ဘူး... ♥

နှုတ်မဆက်ချင်ပါဖူး ကောင်လေး

ဒါပေမယ့် ငါ့ရင်ဘတ်ကိုငါ့ချစ်ခြင်းအတွက်သဂျိုလ်ရက်ခဲ့ပါတယ်

ဘာမှမရှိတဲ့ငါ့ဘ၀စုတ်မှာ မင်းဖို.အရုပ်တရုပ်ခဏဖြစ်ခွင့်ရလို.ကျေနပ်မိပါတယ်

ဘာမှမကောင်းတဲ့ငါ့စာမျက်နှာဟောင်းမှာ ချည်နှောင်ခြင်းခြင်းကင်းတဲ့

သံယောဇဉ်ကြိုးတချောင်းတော့ရှိခဲ့ပါတယ်

ဘာမှမဖြစ်တဲ့ငါ့ဘ၀ညစ်တစ်တစ်မှာ မင်းကိုချစ်တဲ့အချစ်စစ်တခုတော့ရှိခဲ့ပါတယ်ကောင်လေး

ငါဆိုတဲ့ကောင်ကမျှော်လင့်ချက် ဆိုတာမုန်းခဲ့ပေမယ့်

မျှော်လင့်ခြင်းတွေနဲ.ပဲ နေ၀င်တော့မယ်ထင်ပါရဲ.

နေ၀င်ချိန်ရေတွက် နေမထွက်တဲ့ငါ့မနက်မှာ

ထွက်သက်ဝင်သက်ကတော့ အသက်ရှုတိုင်းမင်းပါပဲကောင်လေး

ခွဲခွာခြင်းဆိုတာ နေတစင်းလိုပူလောင်ပေမယ့်

မင်းဆန္ဒအတွက် ငါမျိုချရဲခဲ့ပါတယ်ကောင်လေး

ခွဲခွာခြင်းကိုအကြောင်းပြု တောင်းဆုတခုဘ၀နဲ.ရင်းပြီးတိုင်တယ်ခဲ့ပါတယ်

ချစ်သူဘ၀ နိုးထတဲ့မနက်ခင်းတိုင်း နေထွက်နေပါစေ

အွန်လိုင်းပေါ်မှာ

လူတစ်ချို့ ကိုယ့် ဆီရောက်လာကြတယ်.....
တစ်ချို့ က အသိမပေးဘဲ
တိတ်တိတ်လေး ထွက်ခွာသွားကြတယ်...
တစ်ချို့ က ရန်တွေဖြစ်ပြီး
လက်ပြနှုတ်ဆက်သွားကြတယ်....
တစ်ချို့ က ရဲရင့် တယ်...
တစ်ချို့ က ကြင်နာတယ်...
တစ်ချို့ က ကရုဏာပိုတယ်...
တစ်ချို့ က ဟန်ဆောင်တယ်...
သေချာတာက...
အားလုံးဟာ...
ကိုယ့် ရင်ဘတ်ပေါ်မှာ..
လှပတဲ့ ခြေရာတွေ ချန်ထားရစ်ခဲ့ ကြတယ်........။ .။

မခံစာနိုင်လို့

ခံစားချက်တွေအားလုံး
မာနမျက်နှာတခုနဲ့ဖုံးထားတာပါ
အားလုံးရဲ့အမြင်မှာငါကနေနိုင်သတဲ့.........။
ပတ်ဝန်းကျင်ရဲ့
ဖြေဆေး ယောင်ဆောင်ထားတဲ့ သေဆေး တွေ
တိတ်ဆိတ်တဲ့မျက်လုံးတွေနဲ့ပဲ
သောက်သုံးပြန်တော့လည်း
ငါကရိုင်းစိုင်းသတဲ့...........။
ငါတို့မိသားစုဘ၀ပျက်တော့
ဘယ်သူတွေကခေါင်းခံရှင်းလဲ.....။
မင်းတို့လဲမင်းတို့ဘ၀နဲ့မင်းတို့
ငါလဲငါ့ဘ၀နဲ့ငါ
ဖြစ်မှဖြစ်ရလေ
ကိုယ့်ထမင်းကိုယ်စားပြီး
သနားခံနေရမတဲ့..............။
ပတိဝန်းကျင်ဆိုတာ
အဲလောက်သနားတတ်နေရင်မိဘမဲ့ဂေဟာဆိုတာ
ရှိလာမှာတောင်မဟုတ်ဘူး
စေတနာရှင်ပတ်ဝန်းကျင်ရေ့
ငါကတော့ပြောလိုက်မယ်
........Don”t Care ပဲလို့...........။

Saturday, December 19, 2009

ီဆောင်းနှင်း...

ငါ့ရင်ကိုပူလောင်စေမယ်ဆိုတဲ့
ဒီနှစ် ဆောင်းရာသီရေ
မထင်ထားခဲ့ပါဘူး
စိတ်ကူးနဲ့ ရူး
သိပ်ချစ်တယ်........ဆိုတဲ့
စကားလေးလဲရင်ထဲမှာ
မဆုံနိုင်တဲ့ဘ၀က
တကယ်ဆို........
အစကတည်းကပြန်မဆုံသင့်ဘူးလေ
တမြေ့မြေ့ကျွမ်းလောင်နေတဲ့ရင်ကို
နှင်းစက်လေးတွေနဲ့
မငြိမ်းသက်နိုင်ခဲ့ဘူးလေ
ဆိုနေကျ သီချင်းလေးထဲကလိုပေါ့
တစ် ယောက်တည်းပါ
မင်းတစ်ယောက်တည်းငါချစ်တာလို.တော့
ကိုယ် မဆိုချင်ပါဘူး........
တချိန် က ရခဲ့တဲ့....
ငါ့ရင်ဘက်ထဲ
ဒဏ်ရာတွေ ကိုဖြေသိမ့်ဖို.ကြိုးစားရင်း....
ဆောင်းရာသီရဲ့တစ်ညက
နွေခေါင်ခေါင်လိုပူလောင်နေခဲ့တယ်
.....................................................။

No Title


အမှောင်မိုက်လို့
ပြောကြပါစေဦးတော့ ...

ငါ့ ချစ်သူကို
ငါ အရမ်းချစ်တယ် ...

အိပ်စက်ချိန်တိုင်း
တမ်းတလို့
အိပ်မက်တွေတိုင်း
သူ ရှိတယ် ...

ရူးသွပ်တာ မဟုတ်ပါဘဲနဲ့
အမှောင်မိုက်လို့
ငါ ဘယ်တော့မှ မယုံကြည်ခဲ့...

သူ့အတွက်
အလင်းမဖြစ်တောင်
သူ့အတွက်
လမ်းပြတယောက်
ငါ ဖြစ်နေချင်တယ် ...

သူ့ကို ငါ လွမ်းနေရချိန်တိုင်း
င့ါကိုယ်ငါ ရှာဖွေမရခဲ့တော့...

အဝေးဆိုတဲ့အသိမှာ
သူ့ကို ချစ်တဲ့ အချစ်နဲ့
ငါ ........................

မျှော်လင့်ခြင်းအဆုံးတိုင်

တစ်နေ့တစ်ရက်
လွမ်းသက်တာရှည်
ဆုံလေနိုးနိုး
လက်ချိုးရေတွက်
အိပ်မက်တွေထဲ
ခိုင်မြဲတွယ်နစ်
အချစ်စစ်ဟု
ကောင်လေး...........
သိနိင်ပါစေသား။

မမေ့ရက်၍
တမ်းမက်မပြေ
ဆုံနေကျလမ်း
အလွမ်းပြေရောက်
သစ်ရွက်ခြောက်သံ
နာခံလွမ်းပတ်
ထင်မှတ်မှားချင်
ကောင်လေး..........
မြင်နိင်ပါစေသား။

အတွေ့ခက်၍
လွမ်းလျက်တာရှည်
ရေမြေတွေခြား
ဝေးကွာသွားလည်း
အသည်းထဲမှာ
မြတ်နိးစွာတည်
ကမာရှည်သမျှ
တမ်းတဖြေရင်း
မျှော်လင့်ခြင်းဖြင့်
ကောင်လေးကိုသာ
ဆုံချင်သည်။

ဝိညာဉ်ဖြစ်သွားသော အလွမ်း

ရင်ခုန်ခြင်းတွေ ဂရက်ထစေဖို့အတွက်
ဖြူစင်ခြင်းတွေ ချချနင်း
အတ္တတွေကို တွယ်ဖက်ရင်း
ရသမဲ့ဘ၀မှာ နစ်မျောစေဖို့
အချစ်ကို မျက်ကွယ်ပြုခဲ့တာလား
မျက်ကွယ်ပြုခံအချစ်ကြောင့်လား
ရသမဲ့ဘ၀ကို ရွေးချယ်ခဲ့တာ။

တကယ်တော့
တိုက်စားခံနေရတဲ့ ငါ့နှလုံးသား
လေးနက်မှုမရှိတဲ့ နင့်ရဲ့အချစ်…
တစ်ခါတစ်ခါတော့လည်း
ငါ့ရင်ထဲ သိမ်းထားတာကောင်းတယ်။

ချစ်ခြင်းတွေကို လက်ဆင့်ကမ်း
ပုံသဏ္ဍာန်ပြောင်းလဲလို့
နင်…အတ္တသိပ်ကြီးတယ်။

တကယ်တော့ ငါဟာ…
သံဇဉ်တွေကျူးရင့်ဖို့
ရင်ဘက်ကို ဟင်းလင်းဖွင့်ထားချင်သူ။

အိမ်မက်တွေ မျှားဖို့အတွက်
မျှော်လင့်ချက်တွေ
ပျော်ရွှင်စွာနဲ့ ကခုန်နိုင်ဖို့
စိုးထိပ်မှုနဲ့ ဟန်ဆောင်အပြုံး

နီးစပ်မှုနဲ့ နီးကပ်မှုကြား
နှလုံးသားကို ဟားတိုက်
အသိတရားတွေ လင်းလတ်သွားတဲ့

ခြည်ပြီးတုပ်ပြီးသံယောဇဉ်တွေကြောင့်တော့
ဘယ်ဘက်ရင်အုံဟာ တဆစ်ဆစ်နဲ့ နာတယ်။

မာနတွေ မွေးမြူရင်း
ခံစားချက်တွေသာ ကြီးထွားလာတဲ့ဘ၀မှာ
လိုအပ်ချက်တွေ ချိန်သားမျှစေဖို့
အတ္တတွေကို သောက်သောက်ချ

တကယ်တော့…
ဘ၀ရဲ့ ပျော်တော်ဆက်ခံ ငါဟာ
အရာအားလုံးကို လက်ပြနှုတ်ဆက်ချင်ပြီ။

မနာလိုမှုတွေ၊ မျက်ရည်တွေ၊ အတ္တတွေနဲ့…
နေရစ်ခဲ့တော့…
သစ်လွင်ဆဲလေကိုရှူရှိုက်ရင်း…
မင်းကိုနှုတ်ဆက်တယ်။

စိုးထိတ်မှုတွေရှင်သန်…
ဘ၀တစ်ခုစိုပြေဖို့အတွက်
လူတကာကို..လေကားထစ်အဖြစ်မသုံးတတ်တော့
ဘ၀ဟာ…မျက်ရည်တွေနဲ့ချည်း စိုပြေခဲ့တဲ့ နေ့ရက်တွေရယ်
ထားခဲ့ပါရစေတော့

Talkie & Copy

လူဆိုတာ
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။
ဒါပေမဲ့……
ပန်းကုံးချင်းအတူတူ
တံချူက အမျိုးမျိုး ….

မရိုးသားခြင်း သီတံချည်ကြိုးထက်မှာ
မာန်တန်ခိုးတက်နေရှာတဲ့ ပန်းတစ်ချို့
ကို့ယို့ကားယား မို့မို့ကြွားကြွား
သတ်ပုံမှားတဲ့စာသားတွေလို
လူကြားကောင်းပေမဲ့
လူမြင်မကောင်းခဲ့။

ငါက..
လူကြားသူကြားကောင်းပန်းတစ်ကုံးထက်
ပန်းကုံးမဲ့လည်တိုင်ကိုသာ
ပိုင်ဆိုင်ချင်တဲ့သူ…..။
ဘူတာက တူပါလျှက်
ခရီးသည်ချင်းကွာခြားသွားသလိုမျိုး…
ကြိုးစားမှုမှာ ”တော်ကီ”တွေ မလိုပါဘူး…။
ရိုးသားမှုမှာ ”ကော်ပီ”တွေ မလိုပါဘူး..။

လောကသစ္စာ

ကြယ်တွေငိုသံကြားတယ်
နေမင်းရဲ့ဈာပနကို
ကမ္ဘာစောင့်နတ်တွေမျက်ကွယ်ပြုထားလို့ထင်တယ်…

ပန်းတွေငိုသံကြားတယ်
ဥယျာဉ်ထဲကရေတွေကို
မြေလွှာတွေသောက်သုံးသွားလို့ထင်တယ်…

လမင်းကသာနေသလောက်
ငါ့ကမ္ဘာပေါ်တိမ်တွေအိပ်ပျော်နေတယ်။

ရယ်မောခြင်းအပိုင်းအစတွေ
နေရာအနှံ့ကျဲပြန့်နေတာတောင်
မျက်နှာကြောတွေတင်းမာနေခဲ့။

ဒီလိုနဲ့
တဒင်္ဂတွေ ဒဏ်ရာကိုယ်စီထုပ်ပိုးလို့
သေမင်းရဲ့တက်ခေါက်သံကိုထိတ်လန့်နေရတယ် ...............…

အို…အသင်လောက
သူ့အတွေးနဲ့သူ
အကြောင်းပြချက်ခိုင်မာစွာမှန်ကန်ကြ
ဂုဏ်တွေရဖို့အတွက်
အပြစ်တွေကိုလက္ခံယူကြ။

င့ါအနေနဲ့
ဆန့်ကျင်ဘက်ကိုဝတ်ရုံပြီး
ကိုယ့်အမြင်နဲ့ကိုယ်
လောကကြီးကိုကြည့်တယ်။

မနက်ဖြန်ဆိုတာ
မသေချာသေးတဲ့ငါ့အတွက်
မနေ့ကပန်းချီကားတစ်ချပ်ပဲ .............

အဝေးရောက်ချစ်မိသူ

အနေနီးမှ အချစ်တစ်ခု
ရှင်သန် ပေါက်ဖွားနိုင်မယ်ဆိုရင်
တစ်နေရာစီ
ဝေးကွာနေတဲ့
ငါတို့နှစ်ယောက်ရဲ့ အချစ်တွေက
ရှင်သန်ဖို့ ခက်ခဲလွန်းနေခဲ့ပြီလား
ချစ်သူ........
အနာဂတ်မှာ
မင်းမရှိတဲ့ ငါ့အဖြစ်
မင်းမရှိတဲ့ ငါ့အချစ်တွေ
ရှင်သန် ပေါက်ဖွားနိုင်ဖို့
တမ်းတမှုတွေနဲ့
အရောက်လှမ်းလာမဲ့ ငါ့ကို
မင်းနဲ့အတူရှိနေခွင့်ပေးပါ.........
မျှော်လင့်ပါရစေ...........
ရင်ထဲက ဆန္ဒ တခုပေါ.
.........................
..........................

ရင်ကွဲငှက်တစ်ကောင်ရဲ့ဆန္ဒ


နာကျင်လွန်းလို့....
မျက်ရည်တောင်မထွက်တော့ဘူး
ရင်ထဲကနေတစ်ဆစ်ဆစ်နဲ့
ကျောက်ဆစ်သမားကကျောက်ဆစ်ကို
ထုရိုက်ပုံသွင်းသလို
ကိုကိုကလဲခလေးနှလုံးသာကို
ချစ်တက်အောင်ပုံသွင်းခဲ့တယ်နော်
နုးညံတဲ့နှလုံးသားလေးကို
ပုံသွင်းပြီးမှဖြိုဖျက်ခဲ့ရက်တယ်
ညအမှောင်ယံမှာလွင့်လာတဲ့
ကိုကို့ရဲ့ရယ်သံခပ်ရဲ့ရဲ့လေး
ကြားယောင်နေဆဲပါ.........
မြင်လေရာရာကိုကို့ပုံရိပ်တွေ
စိုးမိုးလို့နေတာဘယ်လိုနေရမလဲ
မျက်လုံးတွေမှိတ်လို့ထားလဲ
အတွေးထဲမှာကိုကို့အပြူံးလေးက
ပျောက်မသွားပါဘူးကိုကိုရယ်
အစိုင်ခဲပြလို့မရတဲ့အချစ်ဆိုတာကို
အချိန်ဆိုတာတွေကသက်သေပြသွားမှာပါ
တဘ၀တာရည်စူးမိလို့လဲအရမ်းလဲခံစားရပါတယ်
ကံကြမ္မာအလိုရ.ခုချိန်ခွဲနေရပေမဲ့
တချိန်မှာတော့ချစ်တဲ့ကိုကိုနဲ့တူတူနေချင်ပါတယ်

ငါ့ဘဝ

အိပ်မက်တွေကြောင့်
ချွေးစီးထန်း
စီးပွါးရေးကြောင့်
စိတ်ပင်ပန်း
လူမှုရေးကြောင့်
စိတ်ညစ်ညူး
ပညာရေးကြောင့်
စိတ်ဓတ်ကျ
အချစ်ရေးကြောင့်
စိတ်ထိခိုက်
ကျန်းမာရေးကြောင့်
စိတ်ရှုပ်ထွေး

အလင်းမဲ့ မျက်ဝန်း

နာကျင်နေတဲ့ ဒဏ်ရာပေါ်
ညှာတာမှု ကင်းမဲ့တဲ့
ထိုးနှက်ချက်တွေ
အရက်စက်ဆုံး စကားလုံးတွေနဲ့
စာနာမှုမရှိဘဲ
အရှိန်ပြင်းစွာ
အရက်ပြန်ပမာ ဖိသိပ်လိုက်တယ်....

ကွဲအက်နေတဲ့ နှလုံးသားတစ်စုံ
ပြန်ဆယ်လို့မရတော့တဲ့
ဂုဏ်သိက္ခာတွေအတွက်
တစ်ချိန်တစ်ခါက
မပျက်မယွင်း ထားရှိဘူးတဲ့
သံယောဇဉ်ကြိုး နှောင်ဖွဲ့တမျှင်ကို
အသိအမှတ်ပြုတယ် ဆိုရင်ပေါ့...
သက်ညှာစွာ ဆုံးဖြတ်ပေးပါ....ချစ်သူ

အရာရာပြင်ဆင်ခွင့် မရှိရင်လည်း
စာနာမှုအတွက် ကျေနပ်ပါတယ်....
ညှာတာမှုအတွက် လေးစားပါတယ်...

ဒါတွေဟာ ဒဏ္ဍာရီတစ်ခု
ပြဇာတ်တစ်ပုဒ်သာ ဖြစ်ခဲ့မယ်ဆိုရင်
အလင်းမဲ့ မျက်ဝန်းတစ်စုံရဲ့
ပိုင်စိုးသူ ဖြစ်ချင်ပါတယ်....
ုဖြစ်ခွင့်ရှိမယ်ဆို ရင်ပေါ့.....

ပျောက်ဆုံးသွားသော အချစ်စစ်

ဟန်ဆောင် အမုန်း
အကြင်နာ အပြုံးတွေနဲ့
ရင်နာစေအောင်
တမင်တကာ စွန့်ရက်ခဲ့သူ.....

ချစ်စကားမဆို
အမုန်းတရားတွေသာ
တသွင်သွင် ရေရွတ်ခဲ့သူ.....

တကယ်တမ်းကျတော့
ရည်းစားဦးအတွက်
အချစ်စစ်တွေ ပေးပြီးခါမှ
မျှော်လင့်မဲ့တဲ့ အချစ်တုလက်ဆောင်
ဝေဒနာကို
ပါကင်လှလှထုပ်ပိုးပြီးတော့
ချစ်သူများရဲ့ အမှတ်တရနေ့မှာ
တစ်သက်တာ ထာဝရ
အမှတ်ရအောင် ပေးခဲ့တယ်လေ...

ချစ်ဦးသူအတွက် ခံစားမှုဟာ
အရာရာကို ငြိုငြင်စေခဲ့တယ်...
အထူးသဖြင့်....အချစ်အတွက်ပေါ့

အချစ်စစ်ဆိုတာ မရှိတော့တဲ့....ဘ၀မှာ
ဟန်ဆောင်အမုန်းတွေသာ အဖော်ပြုလို့
ပျောက်ဆုံးနေတဲ့ အချစ်စစ်ကို
နှလုံးသားမဲ့ လူတစ်ယောက်
ရုန်းကန်ကြိုးစား ရှာဖွေနေတာ
ဘ၀ရဲ့ နေ၀င်ချိန်ထိပေါ့....

ကြယ်ငယ်

အမှောင်...ညရဲ့ အမှောင်
အရောင်...လရဲ့အရောင်

ကြည်နုးစရာ ကြယ်လေးတွေ
လရောင်နဲ့ တင့်တယ်နေတဲ့
ညရဲ့အမှောင်မှာ
စုဝေးနေတဲ့ ကြယ်စုလေးတွေဟာ
တင့်တယ်သယောင်နဲ့
ညှိုးငယ်နေရှာတယ်...

အလင်းဖျော့ကို ပေးစွမ်းနိုင်တဲ့
လရဲ့ အလင်းအောက်မှာ
သူတကာမသိနိုင်တဲ့
ခံစားချက် အယောင်အဆောင်
ဟန်ဆောင်အပြုံးတွေနဲ့
စစ်မှန်တဲ့မျက်ရည်တွေ
နှလုံးသားရော...
နုးညံ့ပါးပြင်ထက်မှာပါ
တသွင်သွင် စီးနေခဲ့တယ်....

ဒါကို
အလင်းဖျော့ပိုင်ရှင်
ငွေလမင်းက မသိနိုင်ပေမယ့်
အလင်းမဲ့ ပိုင်ရှင်
ကြယ်လေးတွေက သိနိုင်တယ်လေ.....

မသိနိုင်တဲ့ အမှန်တရား

ဝိုင်းစက်မှုအလျဉ်းမရှိတဲ့
လပြည့်ညလေးဟာ
ပျော်ရွှင်မှု ကင်းမဲ့နေတဲ့
လူတစ်ယောက် ဘ၀လေးနဲံ့
မကွဲပြားဘဲ တူညီလှတယ်....

လရောင်လေးရဲ့
မ၀င့်မရဲ့ အလင်းရောင်အောက်မှာ
မပျော်ရဲ ပျော်ရဲ ပျော်နေရှာတဲ့
လူငယ်တစ်ယောက်ဟာ
အဓိပ္ပာယ်မဲ့ သံစဉ်တွေကို
ရင်ခုန်နှုန်း ရပ်တန့်လောက်အောင်
ညဉ်းတွားစွာ သီဆိုနေစဉ်
အမှတ်မထင် တိုက်ခတ်လိုက်တဲ့
လေပြင်းတစ်ချက်အတွက်
မထင်မှတ်တဲ့ ခံစားချက်ကို
သူ.....ခံစားသွားရပြီ

ဒီ ခံစားချက်ဟာ
ပြောင်းလဲသွားတဲ့ ရာသီဥတုကြောင့်လား.....?
မျှော်လင့်မထားတဲ့ ခံစားချက်တစ်ခုကြောင့်လား....?

ပြုံးလိုက်ပါ...

မငိုလိုက်ပါနဲ့
မျက်ရည်တွေသုတ်လိုက်စမ်းပ
မျက်ရည်ဆိုတာ
အလွန်တန်ဖိုးရှိတဲ့
ကျေက်မျက်ရတနာ တစ်ပါးမို့ပါ...။
ဲပြုံးလိုက်ပါ...
အားယူပြီး..
ကြိုးစားပြီး..
တစ်လောကလုံး ပန်းတွေဆွံ့အသွားအောင်
လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ပါ.....။
မျက်ရည်စမ်းချောင်းလေး..
ရပ်တန့်သွားအောင်..
လွမ်းရိပ်ငွေ့တွေ သန်းနေတဲ့
မင်းနှုတ်ခမ်းအစုံနဲ့
ပြုံးလိုက်ပါ....။
မျက်ရည်ကြားက
ပြုံးပြလိုက်ရတဲ့
အပြုံးတစ်ပွင့်ဟာ
တန်ဖိုးရှိလွန်းလို့
ကြွေလွင့်သွားမှာ စိုးရိမ်လွန်းလို့
အရိပ်တကြည့်ကြည့်နဲ့..
မျက်လုံးတွေကို
မျက်စိလည်သွားအောင်
တိုက်တွန်းအားပေးနေရသူပါ....။
သည့်အတွက်တော့ အပန်းမကြီး
လမ်းခရီးဆုံးထိ..
နှစ်နှစ်ခြိုက်ခြိုက်
ပျော်ရွှင်ကြည်နူးစွာ
ပြုံးပြလိုက်ပါ......။ ။

ရင်ကွဲညနေ......

နာကျင်ပါရစေ
မမျှော်လင့်ခဲံတဲ့ သိခြင်းအတွက်...
ငိုပါရစေ...
သိမထားခဲ့သောနေ့များအတွက်...
ကြေကွဲပါရစေ..
...................
..................
ကြယ်တွေအားလုံး
သိမ်းဝှက်ခံရတာကလွဲပြီး
တွေ့နေကျ၊မြင်နေကျညမျိုးပါ....။
ကိုယ်ကသာ...
တိမ်အရုပ်တွေ ထုဆစ်နေရင်း
ရေကြည်ရာ၊မြက်နုရာကိုလည်း
မရှာဖွေတတ်ခဲ့ဘူး.....။
လေးညှို့သံသဲ့သဲ့ကြားရုံနဲ့
ကျဆုံးပြီးသား ဖြစ်နေခဲ့တော့လည်း..
စိတ်ကူးတည့်ရာ ရွာချမိခဲ့တယ်...။
ဒီလို...
ကိုယ်ရေးကိုယ်တာ အလွမ်းများကို..
ပြန်မပြောတော့ဘူးဆိုပေမယ့်.....
ဆန္ဒတစ်ဝက်ညနေခင်းလေးက..
သူစိမ်းဆန်ဆန်ထားရစ်ခဲ့တယ်.......။
အိမ်ပြန်ချိန်ထိတိုင်လည်း....
စိတ်နဲ့ ကိုယ်နဲ့က
ပြဒါးတစ်လမ်း၊သံတစ်လမ်းဆိုတော့
အမှောင်ရဲ့အတိုက်အခိုက်မှာ..
အလင်းတွေအားလုံး ပြိုကျသွားခဲ့ရတယ်........။ ။

Friday, December 18, 2009

ကြိုးတချောင်းရဲ့ရှိုက်သံ

ငါးကလေးရေ…
မင်းကို ငါမမျှားခဲ့ပါဘူး….
မင်းကသာ အစာမရှိတဲ့ ချိတ်ကိုမှ..
မက်မက်မောမော လာတွယ်ညှိခဲ့တာ…
အခုတော့လည်း ငါ့ရာဇ၀င်တွေ ရိုင်းသွားခဲ့ရပေါ့…

ပြန်ချင်တော့လည်း..
ကြိုးမတင်ခင် လွန်းတပြေးမှာ..
ရေပွက်ကလေး ထပြေးသွားခဲ့တာ…
ငါ့မှာ သာ…အိပ်မက်တွေ နဲ့ ..ဗရမ်းဗတာ..ကျန်ရစ်ခဲ့ရ…

ခရေ တွေ အခါခါ ပွင့်ရစ်ခဲ့ပြီ…
ကံကောင်းခြင်းတွေ ၊ ကံဆိုးခြင်းတွေ ..
ငါ့ကမ္ဘာမှာ အလျှင်းသင့်သလို …
ဖွင့်ကြ ..လှစ်ကြ လို့ …

ညနေရီ ဟာ…ပြာရီမှုန်မှိုင်း…
“ ဒါနှင်းတွေ မဟုတ်ဘူး..ကလေးရဲ့ မြူခိုးတွေပါ… “
………………………………..
………………………………………..
ပန်းကလေးတွေ ပင့်သက်ခြွေရင်း ကြွေကျတယ်…
…………………………………………….
ကမ္ဘာမြေရဲ့ တနေရာ မှာ နေ၀င်နေပြီ ထင်ပါ့…..
……………………………….……ကွယ်……………………….

ဒီအချိန်…………
မင်းမကြားမိလိုက်တာက…..
…………………………………………
ကြိုးတချောင်း ရဲ့ ရှိုက်သံ ဖြစ်တယ်……။ ။

အိမ်ဝေးငှတ်များ.

ငါတို့ဟာ
လာရာအရပ်တူခဲ့သလို
လားရာမှလည်း တူရမယ်
ရည်မှန်းသလောက် မရလည်း
ရည်ရွယ်ချက်တွေ မပြောက်ခဲ့ဘူး။

ငါတို့ဟာ
အကင်းမသေသေးတဲ့
အတွင်းကြေဒဏ်ရာဟောင်းတွေကို
နာကျင်ပေမယ့် မနာကျင်သလို ခံစားတယ်။

ငါတို့ဟာ
ဘယ်လောက်ပျံသန်းပျံသန်း
တောင်ပံတွေမညောင်းအောင်
ငါတို့ရဲ့နောက်မှာ
အားဖြည့်ပေးသူတွေအပြည့်နဲ့
တစ်ချို့က် အိမ်သူသက်ထားရဲ့ကြင်နာမူအသံနဲ့
တစ်ချို့က ငှတ်ငယ်လေးတွေရဲ့
အစာတောင်း ခံမူသံအတွက်
တစ်ချို့က မျိုးဆက်သစ် ငှတ်ငယ်လေးတွေရဲ့
အမြင့်ပျံသန်းနိုင်ဖို့အတွက်
တစ်ချို့က အသိုက်အမြုံလေးတွေပြုပြင်ဖို့အတွက်
တစ်ချို့က ကြင်ဖော်နဲ့ ချစ်ခြင်းတွေ ဖလှယ်ဖို့ အတွက်

သေချာတာကတော့
လောကဒဏ် လေနိကြမ်း
ဘယ်လောက်ဘဲ သရမ်းပါစေ
ငါတို့ဟာ
အိမ်နဲ့ နိးသ(သည်) ထက်နိးဖို့အတွက်
ပျံသန်းပြိးရင် ပျံသန်းနေရဥိးမှာပဲ။

လွမ်းမိတယ်

ဟိုတစ်ချိန်က
မျက်လုံးချင်းဆုံ
အပြုံးချင်းဖလယ်
မမြင်သာရာနဘေး
အကြင်နာတွေပေး
ရင်မှာတွေးပြီး
ပြုံးနေမိတယ်

အခုများတော့လဲ
ယုယမူ့ကင်းဝေး
အနမ်းကလေးတွေမဲ့
ပန်းကလေးတွေခင်းတဲ့
လမ်းကလေးတွေလည်း
အလွမ်းကလေးတွေဖြစ်နေခဲ့ပြီကွယ်...

အလွမ်းနေ့များ

နေကွာဝေးလို့ ဖြေရှာတွေးလည်း
ဖြေဆေးမရှိ လွမ်းအတိနှင့်
အတိက်မမှန် ဘ၀ကံက
ခွဲခွါနေဖို့ ဖန်လာတော့လည်း
ပျော်ခဲ့နေ့များ ခဏထား၍
ဝေးရောက်နေရ ကိုယ့်ဘ၀ကို
စာနာပေးပါ
ချစ်သူရယ်....

ခွဲမသွားပါနဲ့

အချစ်ရေ
လမ်းခွဲမဲ့စကား
မပြောပါနဲ့လား
နားမကြားနိုင်လို့ပါ

မင်းနဲ့ဝေးရ
ကိုရဲ့ဘဝ
အရှင်လတ်လတ်
သေရမှာပါ

အသက်ထက်
်တန်ဖိုးထား
ချစ်ခဲ့တာမို့
မရက်စက်ပါနဲ့လား...

မောင့်ရဲ့ချစ်ခြင်းတွေပေါ့

ပျော်စရာတွေသာ
ပြန်ရမယ်ဆိုံ
အတိတ်ကိုပြန်ဖန်ဆင်းပြီး
မောင်နဲ့အတူ
စကားဆိုခဲ့တဲ့နေရာလေးတွေ
ထပ်ကြီးတလဲလဲရောက်လိုက်ချင်တယ်

မောင်ရဲ့အသံတွေကို ရီကောဒင်းလုပ်ပြီး
ခဏခဏပြန်ရစ်
တနေကုန်ဖွင့်ထားချင်တယ်
မောင့်အချစ်နဲ့ အရာအားလုံးလှ
နေလုံးကြီးတောင် အရောင်မှိန်
စိန်တောင်မှမလင်း
မောင့်ရဲ့ချစ်ခြင်းတွေပေါ့....................................

အိမ်မက်မျက်ရည်လား...မျက်ရည်စက်လား......

မျက်ရည်စက်

မျက်ရည်စက်များမျက်ရည်နဲ့လွမ်း မျက်ရည်နဲဆွေး အကြင်နာတွေဝေး နေရပေးမယ့် “ ကိုယ့်ရင်ထဲက ဝေဒနာအလွမ်း မျက်ရည်တွေကတော့ ခုချိန်ထိကျ နေတုန်းပါပဲ အလွမ်းကြောင့်ဆီကျ နေတဲ့ ကိုယ့်မျက်ရည်တွေကိုစာနာ တတ်ရင်နည်းနည်းလောက်တော့ ကိုယ့်မျက်ဝန်းထဲကမျက်ရည်တွေ သုတ်ပေးသင်ပါတယ်
ကောင်လေးရယ်.......................................



(အိမ်မက်မျက်ရည်)


သြော် ဒီဇင်ဘာ ညလေးရဲ့ အေးစက်မူဟာလဲ လူတိုင်းရဲ့ရင်ကိုအေးမြစေခဲ့တယ် ဒီဇင်ဘာညရဲ့ လေပြေ
လေးညှင်လေးတွေက လူတိုင်းရင်ကိုအေးစက်သွားစေခဲ့တယ် ဒါပေမဲ့ ငါ့ရင်ဘတ်ထဲမှာတော့ ဒီဇင်ဘာ
နှင်းတွေရယ် လေပြေလေညှင်လေးတွေကို ငါ့နှလုံးသားက အန်တုလိုနေတာပေါ့....ဒီဇင်ဘာညရဲ့ ကောင်းကင်
ကြီးဟာလဲ ကြယ်စင်လေးတွေနဲ့ သာယာလိုပေါ့ ကောင်းကင်ကြီးရေ ငါ့တစ်ခုလောက်တောင်းဆိုပါရစေ
ကိုယ်ချစ်တဲ့သူကိုတွေနေပါရက်နဲ့ ဘာကြောင့်မပြောရယ်တာလာ ကောင်းကင်ကြီးရယ်ပြောပေးပါနော် ထာဝရ ပိုင်ဆိုင်ခွင်ရခြင်းတယ်လိုပြောပေးပါနော် အဲဒီလိုနဲ့ပဲ ငါဟာအိပ်ပျော်သွားခဲ့တယ် အိမ်မက်ထဲမှာပေါ့ ငါ့မျှော်လင့်တဲ့ကောင်လေးနဲ့စကားတွေပြောခဲ့တာပေါ့ နောက်ဆုံးရခဲ့တဲ့ သူရဲ့အဖြေကတော့ ငါ့အိမ်မက်ထည်ကမျက်ရည်တွေလိုပါပဲလားကွာ............


အိမ်မက်မျက်ရည်
အိပ်ပျော်နေတဲ့ နှလုံးသားတစ်စုံ
နိုးရခက်တဲ့ မင်းနှလုံးသား တုန်ခါသွား
အောင် လုပ်နိုးပေးခြင်းပေးမဲ့ ငါ့လေး
မင်းအိမ်မက်ထဲကို ဝင်လာခဲ့ခြင်တယ်
တည်ငြိမ်ခြင်းဟာ ငြိမ်သက်ခြင်းတစ်ခုပါ
သံယောဇဉ်ဟာ အချစ်ကိုနှောင်ဖွဲ့ထားတာပါ
အိမ်မက်ဆိုတာလဲ ညတိုင်းသူနဲမက်လိုမရတဲ့
အရာပါ သူသာနာလည်ပေးမယ်ဆို၇င်
ငါ့အိမ်မက်ထည်ကနေ ဘယ်မှာမသွားပါနဲလာ
အခုတော့အိမ်မက်မျက်ရည်တွေဖြစ်ခဲ့ရပြီး
ကောင်လေးရာ.........................

ဆန္ဒရဲ့အရှုံး

သံယောဇဉ်ကိုဖွဖွလေးဆုပ်ပြီးသေးကွာခြင်းရဲ့....
ခါးသက်မှုဒဏ်ကိုခံနိုင်စွမ်းမရှိတော့ဘူးကွာ.....
မိုင်ထောင်ချီဝေးကွာတဲအရပ်မှာရှိနေပင်မဲ.....
အနားမှာရှိနေသလိုထင်မိတဲ့ဆန္ဒရဲ့အောက်မှာ....
ရှုံးနိမ့်ခဲရတဲ့အဖြစ်ကိုဘယ်သူကစာနာပေးနိုင်မှာလဲ...
ချစ်သူ......

မင်းနဲ့အတူ

မနက်ခင်းရဲနွေနေအောက်မှာလဲမင်းနဲအတူရှိချင်တယ်.......
မိုးဖွဲဖွဲကျနေတဲညနေခင်းတွေမှာလဲမင်းနဲအတူလျှောက်ချင်တယ်...
နှင်းမှုံလေးတွေရဲ့အောက်မှာလဲမခွဲအတူရှိချင်တယ်.....
ဘဝရဲ့အမောတွေကိုလဲမင်းနဲအတူကျော်ဖြတ်ချင်တယ်.....
သာယာတဲကမ္ဘာလေးကိုလဲမင်းနဲအတူဖန်တီးချင်တယ်....
ထာဝ၇ထက်တစ်ရက်ပိုချစ်နေချင်တယ်......
ဘဝဆက်တိုင်းလဲမင်းရဲ့အနားမှာနေခွင့်ပြုစေချင်တယ်........ချစ်သူ.........

Thursday, December 17, 2009

အသည်းကွဲ ပုရပိုဒ်ရဲ့ သွေးစက်များ

ငါ နောက်ကျဘူးတဲ့ ခေတ် . .

နာကျည်းရတယ် ဆိုပေမယ့်

ရောဂါဟောင်း တွေဆီပဲ

တစ်ထစ်ချင်း ဆက်တက်နေမိတယ် … … … ၊၊



မျက်နှာလွှဲထားချင်ပေမယ့်

ငြင်းပယ်ခွင့်မရှိတဲ့အခါ

လှောင်ရယ်သံတွေကို

မုန်း လိုက် တာ . . . . . .



ဒီကဗျာတွေကမှ. . .

ပန်းတွေ မပွင့်နိုင်ခဲ့တာ

ဘယ်သူမှ မမှားဘူးဆိုရင်တောင်

အမှန်တရားက ဘယ်မှာလဲ. . . .



ချောက်ကမ်းပါးလေးနားရပ်ပြီး

ယုံကြည်မှုတွေကို ထူထူထပ်ထပ်တည်ဆောက်မိတာပါ . .

ငြင်းဆန်ခြင်းတွေနဲ့ တွန်းချပစ်တဲ့အခါ

ဘာကြောင့် . . . နောက်ကျောကိုပါ ဓားနဲ့ ထိုးခဲ့တာလဲ … ၊၊



နင်မဖြေချင်ဘူးဆိုရင်လည်း

ငါ မေးနေဦးမယ်

ဘေးထွက်ထိုင်နေရတဲ့ အလေအလွင့်ကရော

စင်ပေါ် မျှော်ခွင့် မရှိဘူးလား ၊၊



နင်တို့ သတ်မှတ်ထားကြသလို

ငါ့ ရပ်တည်ချက်က စုတ်စုတ်နွမ်းနွမ်း ခွေးရူးတစ်ကောင်

ဘာပဲဖြစ်ဖြစ်….ဘယ်ခွေးရူးမဆို

တမွန်းတည့်တော့ ကောင်းစားချင်ကြမှာပါပဲ ၊၊



မျက်နှာလွှဲထားလိုက် . . .

သစ်ကိုင်းလွတ်နေတဲ့

လူမဖြစ်သေးတဲ့ မျောက်တစ်ကောင်

ဟောဒီမှာ….သေနေတယ် ၊၊



အမြဲတမ်း မြင်နေရမှ

အချစ်လို့ သတ်မှတ်ရင်. . .

မျက်မမြင်တွေရဲ့ အသည်းကို ဓားနဲ့မွှန်းပစ်လိုက် . . .

မမြင်ဘူးပဲ ချစ်ရတဲ့နှင်းတွေကို မီးမြိုက်ပစ်လိုက် . . .



လူရွှင်တော်တစ်ယောက်ရဲ့ ငိုသံကို ဟားတိုက်ခံရသလိုမျိုး . .

လူကြမ်းတစ်ယောက်ရဲ့ကြင်နာမှုကို ခဲအပေါက်ခံရသလိုမျိုး . .

အဲဒီလို. . . သိမ်ငယ်မှုမျိုးနဲ့

ငါ့ ကိုယ် ငါ တည်ဆောက်နေရတာပါ

အရသာမရှိဘူးထင်ရင်

မြောင်းထဲ လွှင့်ပစ်လိုက်ပါ .. …

တံတွေးနဲ့ မထွေးပါနဲ့ . .

အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဓားနဲ့မမွှန်းပါနဲ့ . . .



အဲဒီလိုနဲ့…..

ပန်ဆင်ခြင်းမခံရတဲ့ သစ်ရွက်ကြွေလို ဆွေးတယ် ၊၊

အဲဒီလိုနဲ့…..

ကိုယ့် ကို ကိုယ် ခြွေ ချ ခဲ့ ရ ပါ တယ် ၊၊



မုန်းတယ်. . . .

နားနဲ့မကြားရပေမယ့် အဲဒီ ခေါ်သံတွေကို မုန်းတယ်

နောက်ကျောကိုဓားနဲ့ထိုးတဲ့ လက်ကို မုန်းတယ်

ရောဂါဟောင်းကို တူးဆွနေတဲ့ ငါ့လက်တွေကိုတော့

ငါ အ မုန်း ဆုံး ပဲ ……….၊၊ ၊၊

လာထား

ဟန်ဆောင်အပြုံး
မာယာသုံးပြီး
ချစ်တမ်းကစား
လှည့်ဖျားသွားမယ်ဆို...မလာပါနဲ့...


ချစ်သူအတွက်ဆို
ပေးဆပ်ရမယ့်
ငါ့အချစ်တွေဟာ
ငါအသိဆုံးမို့ပါ...


ရင်ခုန်သံမှန်မှန်နဲ့
နှလုံးသားအကြံဖန်မပါရင်
ငါ့ရဲ့အသဲတံခါး
အမြဲဖွင့်ထားမယ်...လာထား...

မြှား

ငါရေးတဲ့ကဗျာတပုဒ်
မြှားတစင်းလို
ပစ်ခွင်းနိုင်ရင်
ချစ်ရသူရဲ့နှလုးံသား
ရင်ဝတည့်တည့်
ဖေါက်ထွင်းနိုင်တဲ့
မြှားတစ်စင်းဖြစ်ပါစေ...

အမှား

တကယ်တော့ကိုယ်ကသူ့ကိုစချစ်ခဲ့သူပါ။
သူကတော့ကိုယ့်ကိုလှည့်စားသွားခဲ့တယ်လေ။
သူ မသိတဲ့အချစ်တွေ ထုပ်ပိုးရင်းနဲ့
သူဥပက္ခာတွေ ကြားမှာ မူးမေ့သွားလောက်အောင်
ရင်တွေကွဲ နေတာ ဘယ်လိုကုစားရမလဲကွာ။

^#^ အချစ်ထဲမှ . . . သံယောဇဉ် ^#^

“ အလွမ်း ”

တစ်သန်းပြည့်တောင်
မေ့လို့ရမှာ မဟုတ်ဘူးကွယ်

“ အချစ် ”

နှစ်ပေါင်းများစွာ ကြာသည့်တိုင်
ကျောက်စာတိုင်ထက်
ခိုင်မြဲမယ်

“ အမုန်း ”
ဆုံးသွားတာ ကြာပါပြီ

“ သံယောဇဉ် ”

တွယ်ငင်ရစ်ပတ်
တစ်ပတ်ပြီးတစ်ပတ်
ချစ်တတ်သူဖြစ်လာတာကြည့်တော့

အချစ်မျက်နှာမှာ

မေတ္တာသုံ့ပန်းအဖြစ် ဥပေက္ခာရဲတိုက်တွင်
သံယောဇဉ်လက်ထိပ်
။..........................................ခတ်ခံနေရသည် ..................................... ။

လွမ်းလင့်နေဆဲ ဆုံမှတ်များ

ပတ်ဝန်းကျင်ရဲ့ထုထောင်းသမျှတွေက
သက်တမ်းရင့်ရင့် ၀ိုင်တစ်ခွက်လို...

မှုန်ရီ ကျိုးပျက်နေလို့

ခပ်လှမ်းလှမ်းက တံလျပ်အတွက်
အသက်ကို ...ခဏ ရပ်ထားခဲ့လိုက်တယ်..။

ကိုယ့်အတွက်နဲ့
သူ ခံစားခဲ့ရသမျှ ကို..
ဒီခြေဖ၀ါးအောက်မှာ .. ပြားဝပ်နေတဲ့
ရင်တစ်ခုလုံး .....
ရင်းနှီးပြီး ...သိလာခဲ့ရတော့

ရွက်ဝါတွေကို ခြွေချပြီး
အိပ်မက်တွေ ပြာကျအောင်...
မီးမြိုက်ခဲ့လိုက်တယ်..။

ကွယ်....။

ဘ၀ဆိုတာ
ဗီးနပ်စ်ရုပ် အကျိုးအပဲ့ပါ..။

မိုက်မဲမှုမပါတဲ့
ထာဝရ သစ္စာတွေနဲ့
ကိုယ် မင်းကို ဆက်ချစ်နေဦးမယ်..။

ဒီနှစ်နွေဦးရဲ့ လျို့ဝှက်ချက်ကိုသိဖို့..
ကိုယ် မင်းဆီ
မတွန့်မဆုတ်
ပြေးလာခဲ့ဦးမယ်...။

“ လူပါးဝခြင်း “

ဘဝရဲ့ဟန်ဆောင်ခြင်းက
လူပါးဝလိုက်ပုံများ.........
ချစ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့
အလွမ်းကိုတောင် မျိုသိပ်ထားအောင်
အမိန့်ပေးနေပြီ ....။
သစ္စာဆိုတဲ့ခြံစည်းရိုးကို
ခွကျော်ပြီး အွန်လိုင်းမှာ
ငါးမျှားနေမလား
နှလုံးသားနဲ့ရင်းတဲ့

ငါးလေးတွေကိုစားပြီး
သွေးအန်မှာကို
မကြောက်ဘူးလားလို့
အသိတရားက မေးတော့
တဏှာက ခေါင်းငုံ့နေတယ် ..။
မင်းပြောတော့ တစ်ကယ်ချစ်တာပါဆို ....
တစ်ကယ်ချစ်တာပါဆိုလို့မင်းပြောနေတာ ဘယ်နှစ်ယောက်လဲ
ကိုယ့်ကိုယ်ကို ပြန်မေးတော့
လက်ငါးချောင်းထောင်ပြတယ်
“ ဘာ ..၊ ငါးယောက် ဟုတ်လား “ ။
အလန့်တကြားတုန့်ပြန့်လာသူကို
အေးအေးဆေးဆေးလေးပြန်ပြောလိုက်တာက
“ ခဏနေဦး ငါစဉ်းစားလိုက်ဦးမယ် လို့ပြောတာ “ ...။
အဲဒါနဲ့ ဘဝရဲ့ဟန်ဆောင်ခြင်းက
လူပါးပိုဝလာတယ်
အလွမ်းတွေအပြင်
မျက်ရည်တွေကိုပါ
မျိုသိပ့်ထားနိုင်အောင်
အမိန့်ပေးနေပြီ .. ....။

သင်းကွဲသူများ(၂)

နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။
...............................

“တောင်းဆု”

တနယ်စီ ဝေးနေပေမယ့်
တစ်နေ့တစ်ရက်မှမေ့လို့မရပါဘူး.....
မတွေ့ရတာ နေ့များစွာ ကြာပေမယ့်
တစ်ရက်တစ်လေမှမမေ့ခဲ့ပါဘူး......

နယ်မြေခြားဝေးကွာရုံနဲ့
နှလုံးသားချင်း နီးစပ်ခွင့် မရဘူးလား
အဲ့ဒီအဝေးမှာရှိတဲ့......
မင်းအနီးအနားက လူတွေနဲ့ ပျော်နေမှာလား
အနီးစပ်ဆုံး အနေနဲ့......
ငါ့ကို တစ်ချက်လောက်တော့ သတိရပေးပါချစ်သူရယ်။

နင်တွဲမယ် ဆိုရင် ငါ့လက်ကမြဲပါတယ်...
ငါ့ဘေးမှာနင်ရှိနေသေးတယ်ဆိုတဲ့အသိနဲ့ ....
အားလုံးကိုကျော်ဖြတ်ချင်တယ်.......

အတိတ်တွေကို
နင်မေ့ပစ်လိုက်လည်း
"နင့်ရည်းစား ငါဖြစ်ခဲ့တာ ငါဖြစ်ဖူးတာ..."
မမေ့လိုက်ပါနဲ့.....

ဆုတောင်းတိုင်း ပြည့်မယ်ဆိုရင်
တောင်းဆုတစ်ခုပြုချင်ခဲ့၏
အကြင်သူသည် သူတစ်ပါးအား
ချစ်မိခြင်းမှ ကင်းဝေးပါစေသတည်း။။။။။။။။။။

ခဏလေးပါ

ဘာကိုမှတော့အများကြီးမမျှော်လင့်မိပါဘူး
ကမ်းလင့်မဲလက်တစ်စုံရယ်
နွေးထွေးတဲ့ ရင်ခွင်တစ်ခုရယ်
အားပေးမယ့် အကြင်နာစကားတွေရယ်
နူးညံတဲ့အနမ်းတစ်ပွင့်ရယ်ပါမောင်......
မဖြစ်နိုင်မှန်းတော့သိပါတယ် .....................
ခဏလေးဆိုလည်းကျေနပ်ပါတယ်မောင် .............

Because I LOVE U

ပေးဆပ်ခြင်း ဆိုတာ အရှုူံးပေး ခြင်းလား
အရှူံး ပေးနေတာ ကို ထပ် အနိုင်ယူချင်တာ
သဘာဝ လား
ယုံကြည်ဖို့ ဆိုတာက ရော
ဒီလောက် ခက်လို့ လား
ချစ်တယ်ပြောပြီး မယုံကြည် နိုင်တာက ရော
စိတ်မချ တာလား
ချစ်တယ် လို့ ဝန်ခံ ပြီးတာတောင်
မလုံလောက် သေးဘူးလား
အရှူံးပေးရ လွန်းတော့ လဲ
နာကျင်လာ သလိုပဲ
ယုံကြည်ပေးပါ
ငါ့ အတွက် နင့် ယုံကြည်မှူ က အရေးပါ လို့ပါ.........

Wednesday, December 16, 2009

သဘာမပါတဲ.ကဗျာ

'' အဆုံးမဲ့ဇာတ်လမ်း ''
ငြိမ်သက်နေတယ်လို့ ထင်မိတဲ့
ငါ့၇င်ရေပြင်ဟာ

နင့်အသံကြားရုံနဲ့လှုပ်ခတ်ခဲ့တာ
ဘာကြောင့်လဲ
နင့်အတွက်တော့ ငါဟာ
လေပြေတစ်ချက် ဖြစ်ခဲ့တန်ကောင်းပေမဲ့
ငါ့အတွက်တော့ အဲဒီလေပြေဟာ

နွေဦးမှာရူးတတ်တဲ့လေပွေတစ်ခုပေါ့
ပုံရိပ်မဲ့တွေ့ဆုံခြင်းနဲ့
အကြောင်းမဲ့ နှူတ်ဆက်ခြင်းအဆုံးမှာ
'' ပြီးပါပြီ''စာတန်းမထိုးခဲ့ဘူး
အတ္တမဲ့သတိရခြင်းကတော့

နွေဦးလွန်မြောက်ပြီးတာတောင်မှ
အမှောင်ထဲကအရိပ်လို

ခြောက်လှန့်တိုက်ခတ်နေတုန်းပေါ့
'' အဖြူရင့်ရောင် ''

တစ်ချက်လောက်လှည့်ကြည့်ပါ

အလွမ်းရဲ့ ညများစွာ
စိတ်ပျက်တိုင်းခံစား
စေစားရာ နေရာကများ
တဝက်တပျက်နဲ့
ဘယ်ကစရမှန်း
ငါမသိမသိဘာသာ
နေနေရတာ
ဘယ်သူမှလဲမရှိ
ရှိပြန်သော်လည်း
ပြန်မပြောကြ
hi လို့ လုပ်တဲ့ငါက
အရူးကြီးလား
ဟေ့.......................
ဒီမှာ
တစ်ချက်လောက်တော့
ပြန်ပြီး
hi လုပ်ပါဗျာ
ကွန်ပျူတာရှေ့မှာ
တစ်ယောက်ထဲ
ဘာလုပ်လို့လုပ်ရမှန်းမသိလို့ပါဗျာ...............................။

မျှော်လင့်နေသူ

ကွဲကြေရှုပ်ပွနေတဲ့အခန်းကျဉ်းလေးထဲမှာ ငါတစ်ယောက်တည်း။ ချစ်သူက လည်း အဝေးကိုထွက်ပြေးသွားတယ်။ ချစ်ခြင်းတွေလည်း ပျောက်ရှလို့။ ဘာဆိုဘာမှမရှိတော့တဲ့အခန်းကျဉ်းလေးတွေထဲမှာ တစ်ချိန်က ချစ်သူ ပုံရိပ်တွေ ချစ်သူရဲ့ ချိုလွင်လွင်ရယ်သံလေးတွေ ချစ်သူရဲအငွေ့အသက်တွေ ကို လိုက်ရှာနေမိတယ်။ ပြန်လာပါချစ်သူ တို့နှစ်ယောက်အတူရှိခဲ့တဲ့ ဒီ အခန်းလေးထဲကို ပြန်လာခဲ့ပါ။ မင်းပြန်လာမဲ့ နေ့တွေကို လက်ချိုး ရေတွက် လို့ မဆုံးနိင်မဲ့ လွမ်းတေးတွေ မဆုံးနိင်တော့မယ့် အသည်းကွဲကဗျာတွေ မင်းအတွက် ရည်ရွယ်ငါရေးသားနေဦးမှာပါ။ ငါ့အခန်းလေးရဲ့တံခါးပေါက်မှာ တော့ငါစာတစ်ချို့ရေးသားထားတာမင်းပြန်လာတဲ့အခါ တွေ့ရပါလိမ့် မယ်ကွာ။ ချစ်သူမလာမခြင်းဘယ်သူမှ ၀င်ခွင့်မပြုဆိုတဲ့ စာသားလေး ပေါ့။ ချစ်သူရေ မင်းမရှိတော့ရင် ငါ့အတွက်အရာရာဟာ အကျုံးမ၀င် တော့ပါဘူးကွာ။ ငါ့အတွက် မင်းဟာ အရာဟာလုံးထက်စွမ်းအားရှိတဲ့ ငါ့ဘ၀ရဲ့ အလင်းရောင်စဉ်တန်းလေးပါ။ အဲအလင်းတန်းလေး မရှိတော့ ငါ့အတွက် အရာရာဟာမှောင်မိုက်ခြင်းတွေပဲကြီးစိုးနေပြီး ငါလမ်းတွေ ပျောက်နေပြီပေါ့။ ချစ်သူရေ အမြန်ပြန်ခဲ့ပါနော်။

တစ်ယောက်ထဲငါ

အတိတ်ကို ပြန်ပြိး မတွေးချင်ပေမဲ့
မိုက်မဲခဲ့တဲ့ ဒိအဖြစ်တွေကြောင့်
မဲမှောင်နေတဲ့ ဒိအခန်းကျဉ်းလေးထဲမှာ
ဆုံးရှုးံခြင်းများစွာနဲ့ သါတစယောက်ထဲပေါ့
အရာရာကို နောက်ပြန်လှည်လို့ပြုပြင်လို့ ရစတမ်းဆိုရင်
ကျင့်ဝတ်တွေ နားမလည်ပဲ ပျတ်ဆိးချင်တိုင်း
ပျတ်ဆိးခဲ့တဲ့ ငါ့ကိုငါသာ အရင်ပြုပြင်ခဲ့သင့်တာပါ
သူလေးတစ်ယောက်ကို ချစ်ခဲ့တာမိတာ ကိုယ့်အတွက်တော့
များပျားလှတဲ့ ဒုက္ခတွေလား.....
..............
အချိုန်လွန်မှ ဒိနောင်တဆိုတာ ရတက်စမြဲပေါ့
မြန်ဆန်ကုန်လွယ်လွန်းတဲ့ ဒိအချိုန်တွေကို
ဆုံးရှုံးမှာကိုကြောက်မိတဲ့ငါ အပြစ်ကို ပြန်တွေးရင်း
သေရင်တောင်မှ နင့်အနားမှာ တစ္ဆသရဲတစ်ကောင်လို
ပါသွားလေမလားစဉ်းစားမိတယ်လေ
စေတမန်နက်ဆိုးတစ်ကောင်လို....
.......
အကြင်နာ ကင်းမဲ့ ကြမ်းတမ်းခဲ့ပေမဲ့
မေဝဒိလိုလှပတဲ့ မင်းရဲ့ အကြည့်တွေအောက်မှာ
နေရာင်အောက်က သိုးငယ်တစ်ကောင်အလား
ကောင်းခြင်းတွေနဲ့ ပြည့်စုံခဲ့တယ်
မူးယာမယာတွေ ကင်းရှင်းလှတဲ့ မင်းလေးကို
တွေးတွေးပြိး စိုက်ကြည့်နေခဲ့မိရင်
နဲ့နဲ့လာတဲ့ ငါ့နှစ်လုံးသားတစ်နေရာကို
ပြည့်ဝမူတွေနဲ့ မင်းလေး အစားထိုးနိုင်ခဲ့တယ် ချစ်သူ...
စုံမတ်မူတွေနဲ့ စွဲလန်းမူတွေကို ငါနှစ်ခြိုက်စွာ သောက်သုံးလို့
ပါတနာတစ်ယောက်လို့မင်းဘေးနားမှာနေရင်း
စေလိုရာကို သွားချင်နေခဲ့မိသူရယ်ပါ ချစ်သူ....

ကိုယ်ရဲ့လမင်းလေ

နေ့အခါမှာထိန်ထိန်လင်းလင်းနဲ့
ဂုဏ်ယူထွန်းလင်းတဲ့နေမင်းကို
အံတုလို့နေရာယူရင်း
ညအခါမှာအေးမြခြင်းတွေနဲ့
ွဲ့ တင့်တင့်တယ်တယ်နဲ့
ထိန်လင်နေတဲ့လမင်းကလေးရယ်
အခုတော့နင်ဘယ်ရောက်နေလဲကွယ်
လရောင်အောက်ကိုခိုလှုံရင်း
ကြိုင်ကြိုင်လှိုင်လှိုင်နဲ့ပွင့်လန်းသော
ပန်းရနံ့လေးလဲဘယ်ရောက်နေလဲကွယ်
ဒီလိုညကြီးရယ်အမြန်ကုန်ဆုံးပါစေတော့

သို့

အချစ်ဆိုတဲ့အရာရယ်
ငါ့အတွက်တော့
နင်ဟာသိပ်ခါးလွန်းတယ်
အစစ်အမှန်ကိုမှ တောင့်တခဲ့တဲ့ဒီရင်ကို
အလွမ်းတွေနှင့်သတ် မာယာတွေနဲ့ပြုစားပြီး
စွဲလန်းခြင်းနွံမှာ ဘာကြောင့် နစ်မြုပ်စေခဲ့တာလဲ

မင်းရိုက်ချိုးခဲ့တဲ့ရင်ခွင်တံခါး
ပြန်လည်လို့ချိတ်ပိတ်ပေးပါ ချစ်သူရယ်
ငါ့ရဲ့အနာဂတ်မီးအိမ်
ငါကိုယ်တိုင်
ထွန်းညှိပါရစေ

ဖေးကူမလိုနှင့် လွတ်ချရက်သော

မျှဝေမလိုနှင့် ရင်နင့်စေသော

ရယ်မလိုနှင့် ငိုစေခဲ့သော

`သင့်ကို´
ပုဒ်မများစွာနှင့် စွဲချက်တင်မည်
တံလျှပ်များသာ ရှိသော
၁၅၀၀ လွင်ပြင်
သင် တစ်ကိုယ်တည်း
ဖြတ် . . သန်း . . ရ . . ပါ . . စေ

Titleless

သံ ယော ဇဉ် တဲ့ ..ခေါင်း စဉ်တပ် ကြတယ်....ပြီး တော့ လျစ် လျူ ရှု ကြ တယ်....

ခင် မင် မှု တဲ့ ခေါင်း စဉ် တပ် ပြန် တယ်..ပြီး တော့ ဂ ရု မ စိုက် ဘူး......

အ ချစ် တဲ့ ခေါင်း စဉ် တပ် တယ်...ဖွင့်မ ပြော ဘူး....နား လည် မှု မ ပေး ဘူး..

သ တိ ရ တယ် တဲ့ ခေါင်း စဉ် တပ် တယ်...ဘာ မှ concern မ ရှိ ဘူး..

လွမ်း တယ် လို့ ခေါင်း စဉ် တပ် တယ်..ကာ ယ ကံ ရှင် သိ အောင် မ ပြော ဘူး ..

ဒါ ကြောင့် ကိုယ် ချစ် တဲ့ သူ တွေ..ကိုယ့်ကို ချစ် တဲ့ သူ တွေ နဲ့ အ ဝေး ဆုံး ကို ရောက် သွား ကြ တာ..........................

.အားလုံးခေါင်းစဉ်တွေမတပ်မိပါစေနဲ့လို့ဆန္ဒပြုရင်း………….

အလွမ်းးးးးးးးးး

တကယ်လို့
မင်းနဲ့ဝေးရရင်ဆိုတဲ့အတွေးနဲ့
ဆွေးတသသနဲ့
အလွမ်းမိုးတိမ်တွေပိတ်ဖုံးလို့
မျက်ဝန်းအိမ်မှာ
ဂိတ်မဆုံးအောင်
ချစ်မိုးတွေ
ရွာသွန်းနေတယ် ချစ်သူ ........ ။။။။။။။။။ .........

တန်ဖိုးမဲ့ငါ

အရင်တစ်ခါက ကြင်လာသမျှ
ရင်နာရတယ်ခုချိန်ခါ
ပြောင်းလဲမှုတွေကြားမှာ
မပြောင်းလဲပဲချစ်မိတဲ့ငါ
အမျှော်လင့်ဆုံး စိတ်ဆနကြောင့်
ဝေဒနာတွေ ၀ိုင်းနေတော့တာ
အသက်ထက်ချစ်တယ်ဆိုတဲ့သူ့စကား
လေလှိုင်းမှာပဲကွယ်ပျောက်ကာသွား
ပေးခဲ့တဲ့ကတိတွေများ
မတွေ့မမြင်ရလို့များ
တန်းဖိုးမဲ့ သူပြောခဲတာလား
ပစ်စလက်ခက်ချစ်ခဲ့မိလို့
င့ါတန်ဖိုးပဲကျခဲ့တာလား
သူ့ခြေဖ၀ါးအောက်
ငါ့မာနတွေပြားပြားဝပ်လို့
သူ့အတွက်ငါဟာ
တန်ဖိုးမဲ့ပျော်တော်ဆက်
အရုပ်လေးတစ်ရုပ်
သူမှတ်ယူသွားခဲ့တာများလားးးးးးးးးးးး

( ဒီလိုတန်ဖိုးနဲသွားတဲ့ငါ့အဖြစ်ကို
ဘယ်သူမှတစ်ခေါက်တခါလောက်
မစာနာကြပါလားးးးးးးး )

အဆိပ်သီး

မင်းအချစ်သစ်နဲ့ထွက်သွားလိုက်ပါ
ငါ့ကိုလှည့်မကြည့်ပဲထားခဲ့လိုက်ပါ
မသိလိုက်တဲ့ဇတ်သိမ်းခန်းမှာ
ဝေဒနာတွေဆတတ်တပိုးတိုးလို့သာ
ဒီမိုးသားအောက်မှာ
ငါတစ်ယောက်တည်းလွမ်းဆွတ်နေမှာပါ
အခုတော့နားလည်မိတာ
ငါ့အတွက်အချစ်ဆိုတာ
ခါးသပ်သပ်အဆိပ်သီးသာ .......... ။။။။။။။။။။ ..........

Tuesday, December 15, 2009

လောကဓံရဲ့ ၀ဋ်ကြွေး

ဆောင်းလေညှင်း ဖြည်းဖြည်းလေး
ငါ့ နှလုံးသားကို တိုက်စား
တဖဲ့ တဖဲ့နဲ့  လေထဲလွင့်သွား
တစ်စက်ချင်း တစ်စက်ချင်း
နှလုံးသွေးတွေယိုစိမ့်လို့ လာ
နာကျင်တာထက်… နှလုံးထဲကိုစူးရှ
နှလုံးသားရဲ့ ရင်ဘတ်ထဲသို့ 
ခြစ်မိတဲ့ ဒဏ်ရာ… ရင်ဆိုင်ဖို့ 
ငါ ကြောက်နေမိတယ်….
သဘာဝတရားကို မလွန်ဆန်နိုင်
ရရှိသွားတဲ့ အခြစ်ဒဏ်ရာတွေကို
ကျေကျေနပ်နပ်နဲ့  လောကကြီး
ငါ ရင်ဆိုင်သွားမယ်……
ဒဏ်ရာ ဒဏ်ချက်နဲ့  နူးညံ့တဲ့ 
နှလုံးသားကို…အနိုင်မယူပါနဲ့ 
နောက်ထပ် ခြစ်ရာ ဒဏ်ရာတွေ
ငါ့ရင်မှာ မဆန့် နိုင်တော့ဘူး
ကံကြမ္မာရဲ့  အပြောင်းလဲကို
ကြိုမမြင်နိုင်တော့ ….
လောကဓံရဲ့ … ၀ဋ်ကြွေး
ပေးဆပ်ရမှာကို အရမ်း
ကြောက်နေမိပြီလေ....။

မျှော်တလင့်လင့်

မိန်းမတစ်ယောက်ရဲ့အတ္တ
ယောက်ျားတစ်ယောက်ရဲ့မာနနဲ့ယှဉ်ရင်
ပိုင်နိုင်ပါ့မလား

မသေချာ
မရေရာဘူး
ခေါင်းစဉ်မှားခဲ့တဲ့ဇစ်မြစ်
အချစ်ဆိုတာ မျက်ကန်းတစ္ဆေ

တွေဝေမှိုင်ငေးရင်း
အဆွေးပိုနေသူရဲ့ရင်ခွင်မှာ
နောင်တတွေကပြည့်နှက်
` မောင် ´
စောင့်နေတဲ့နေ့ရက်ထက်
တစ်ရက်လေးတော့စောဖွင့်လှည့်

ရင်ခွင်တံခါးရဲ့
လျှို့ဝှက်ခြင်းတွေနောက်
( ကျွန်မ )
အရောက်လာခဲ့ပါရစေ

“သံသယ”

ရှူရှိုက်ခွင်. ရခဲ.တာ
မျှော်လင်.ခြင်း ရနံတွေ .............. ။
ဒီကောင်းကင်တစ်ရိုး
အငြိုးနဲ. မိုးတဲ. “တိမ်”
အံကြိတ်ပြီး ခြိမ်းတယ်

မနေ.က အတိတ်က ဒီနေ.အတွက် အရိပ်တွေလေ
နောက်တစ်ခါ မှန်မယ်. “ခဲ” ကအချိန်မရွေးဘူး
ဒုက္ခတွေနဲ. နှလုံးသားက
ခဏ သေဘူးပြီးပြီ

နာကျင်မှူတွေလား
နင် ပြန်တူးဆွလိုက်တိုင်း
ငါတို.အတွက်တော.
သံသယ ဆိုတာ မုန်တိုင်းဒီရေ လိုပဲ.........

“ငါ” ဆိုတာ
အမြဲတမ်း ............ အငြင်းခံရတယ်
အမြဲတမ်း ............ လွဲချောခံရတယ်
အမြဲတမ်း ............ မှောင်မိုက်ခံရတယ်

မှိုတတ်နေတဲ. အိတ်ကပ် ထဲမှာ
မနက်ဖြန်ဆိုတာ
အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို
၁ ... ၂.....၃
မရေတွက်ပဲ မုန်းခဲ.တာလည်း အကြိမ်ကြိမ်။။။။။။။။။။။။။။။။။။။။။။

အချစ်ဟာ ၀ဋ်ကြွေးလား...

ချစ်သူ...

မျဉ်းပြိုင်နှစ်ကြောင်းလိုဖြစ်နေတဲ့ တို့နှစ်ယောက်ချစ်ခြင်းတွေ...
ဘယ်လိုမှ ဆုံနိုင်ခြင်းမရှိတာ သိနှင့်နေခဲ့လည်း...
ငါရူးမိုက်မိုက် မျက်ကန်းသစေလို အချစ်ရဲ့ အစေခံတစ်ပါးလို တိုးတိုးဝင်နေဆဲ...

နင်ဟာ...
ငါ့ရဲ့ ဖြစ်တည်ရှိနေမှုတွေကို မလိုလားခဲ့...
ငါဟာ...
ငါ့ရဲ့ ဖြစ်တည်ရှိမှုကို မြတ်နိုးသူ...

နင်ဟာ...
ငါ့ရဲ့ ဘ၀တစ်ခုလုံးကို အရောင်ဆိုးချင်သူ...
ငါဟာ...
ငါ့ရဲ့ ခိုင်မာတဲ့စိတ်ဓါတ်တွေနဲ့ ခြေလှမ်းခိုင်သူ...

နင်ဟာ...
သံသယတွေကို ၀ိုင်းရံထားတဲ့ မျက်ဝန်းနဲ့ မေးခွန်းထုတ်သူ...
ငါဟာ...
ငါ့ရဲ့ရိုးသားမှုအတွက် အကြောင်းပြချက်မရှိသူ...

နင်ဟာ...
နင့်စိတ်တစ်ခုအတွက်ကိုပဲ ဦးစားပေးသူ...
ငါဟာ...
တစ်ပါးသူ ကိုနှစ်သိမ့် သူ...

နင်မျက်ရည် တစ်စက် ကျတိုင်း ငါ့နှလုံးသားအရေပျော်မတတ်ခံစားရပြီး ငါ့ကိုယ်ငါ ဒဏ်ခတ်နင့်ကို တစ်နေရာရာက တိတ်တခိုးလေး လွမ်းဆွတ်စွာ ငါကြေကွဲစွာ ငိုကြွေးခဲ့ဖူးတယ်...

နင့်မှာတော့ ငါ့မျက်ရည်ချောင်းလိုစီး ငါ့ရင်ဘတ်တွေ မခံနိုင်လောက်အောင် နာကျင်တဲ့ဝေဒနာဆိုးတွေနဲ့ ရင်ဆိုင်လိုက်တိုင်း နင်ကြည့်ပြီး အောင်နိုင်သူတစ်ယောက်လို ဟားတိုက်ရီမောနေတုန်းပဲ...

ဒီလောက် ခြားနားနေကြတဲ့ချစ်ခြင်းတောထဲမှာ ငါက မျက်ကန်းတစေ တစ်ကောင်လိုပဲ အချစ်နောက် တစ်ကောက်ကောက်လိုက်တုန်းပဲ...

ဘယ်လိုဝဋ်ကြွေး ဘယ်ဘ၀ရေစက် မသိပေမယ့် ... နင်နဲ့ကျမှ.. အချစ်ကို အဓိပ္ပါယ် တစ်ခုငါဖွင့်ဆိုတတ်ခဲ့တယ်...

~~~ဒါဟာဝဋ်ကြွေးလား~~~

ငါဟာ လူသားတစ်ယောက်ပါ... နင့်ရဲ့နှုတ်ခမ်းဖြားကထွက်လာတဲ့ တိုက်ခိုက်နာကျင်စေတဲ့ စကားလုံးတိုင်းအတွက် ငါ့ရင်ထဲက ရှင်သန်နေတဲ့အချစ်တွေကို သတ်တာတော့ မဖြစ်စေချင်ဘူး...

ငါ့ရဲ့အချစ်တွေ သေဆုံးလာမယ့်နေ့ကို ရောက်လာမှာ ငါကြောက်နေမိတယ်...
အဲဒီ ရလဒ်အတွက် နင်ခံစားနေရမှာကို ငါအကြောက်ဆုံးပဲ...

အနိုင်ရလိုမှုတစ်ခုအတွက်နဲ့ အချစ်တစ်ခုကို ယှဉ်ပြိုင်ကစားမယ်ဆို ... ငါမှာရော နင့်မှာပါ... အချစ်ဆိုတာ အမုန်းအဖြစ် အသွင်ပြောင်သွားလိမ့်မယ်...

တစ်ကယ်လို့ ငါ့တို့နှစ်ယောက် အဆုံးသတ်ကြစတမ်းဆို အနိုင်ရခဲ့သူက နင်ပါ...
နင်ကငါ့ကို သာယာမှုတစ်ခုအတွက်နဲ့ အချစ်ကိုလက်ခံခဲ့တယ်လို့ပြောနေခဲ့ရင်...
နင်ဟာအချစ်တစ်ခုကို အကြောင်းပြပြီး ငါ့ကို စေခိုင်း နေတဲ့သခင်လား...

ငါဟာ အချစ်ရူးတစ်ယောက်လို အချစ်အစေခံတစ်ယာက်လို နင်ခိုင်းတာ ခုချိန်ထိ ကျေကျေနပ်နပ် လိုက်လုပ်နေတုန်းပဲ...

အဲဒါဟာလည်း ၀ဋ်ကြွေးပါလားလို့ ငါ့ကိုယ်ငါမြင်တတ်ပေမယ့် မဆုံးသေးတဲ့ ၀ဋ်ကြွေးတစ်ခုအတွက် ငါနင့်အတွက်ပေးဆပ်ဆဲပါ...

ဝဋ်ကြွေးတွေ အဆုံးသတ်တော့မယ့် တစ်နေ့အထိပေါ့...