Friday, December 18, 2009

အိမ်ဝေးငှတ်များ.

ငါတို့ဟာ
လာရာအရပ်တူခဲ့သလို
လားရာမှလည်း တူရမယ်
ရည်မှန်းသလောက် မရလည်း
ရည်ရွယ်ချက်တွေ မပြောက်ခဲ့ဘူး။

ငါတို့ဟာ
အကင်းမသေသေးတဲ့
အတွင်းကြေဒဏ်ရာဟောင်းတွေကို
နာကျင်ပေမယ့် မနာကျင်သလို ခံစားတယ်။

ငါတို့ဟာ
ဘယ်လောက်ပျံသန်းပျံသန်း
တောင်ပံတွေမညောင်းအောင်
ငါတို့ရဲ့နောက်မှာ
အားဖြည့်ပေးသူတွေအပြည့်နဲ့
တစ်ချို့က် အိမ်သူသက်ထားရဲ့ကြင်နာမူအသံနဲ့
တစ်ချို့က ငှတ်ငယ်လေးတွေရဲ့
အစာတောင်း ခံမူသံအတွက်
တစ်ချို့က မျိုးဆက်သစ် ငှတ်ငယ်လေးတွေရဲ့
အမြင့်ပျံသန်းနိုင်ဖို့အတွက်
တစ်ချို့က အသိုက်အမြုံလေးတွေပြုပြင်ဖို့အတွက်
တစ်ချို့က ကြင်ဖော်နဲ့ ချစ်ခြင်းတွေ ဖလှယ်ဖို့ အတွက်

သေချာတာကတော့
လောကဒဏ် လေနိကြမ်း
ဘယ်လောက်ဘဲ သရမ်းပါစေ
ငါတို့ဟာ
အိမ်နဲ့ နိးသ(သည်) ထက်နိးဖို့အတွက်
ပျံသန်းပြိးရင် ပျံသန်းနေရဥိးမှာပဲ။

No comments:

Post a Comment