Saturday, December 19, 2009

ဝိညာဉ်ဖြစ်သွားသော အလွမ်း

ရင်ခုန်ခြင်းတွေ ဂရက်ထစေဖို့အတွက်
ဖြူစင်ခြင်းတွေ ချချနင်း
အတ္တတွေကို တွယ်ဖက်ရင်း
ရသမဲ့ဘ၀မှာ နစ်မျောစေဖို့
အချစ်ကို မျက်ကွယ်ပြုခဲ့တာလား
မျက်ကွယ်ပြုခံအချစ်ကြောင့်လား
ရသမဲ့ဘ၀ကို ရွေးချယ်ခဲ့တာ။

တကယ်တော့
တိုက်စားခံနေရတဲ့ ငါ့နှလုံးသား
လေးနက်မှုမရှိတဲ့ နင့်ရဲ့အချစ်…
တစ်ခါတစ်ခါတော့လည်း
ငါ့ရင်ထဲ သိမ်းထားတာကောင်းတယ်။

ချစ်ခြင်းတွေကို လက်ဆင့်ကမ်း
ပုံသဏ္ဍာန်ပြောင်းလဲလို့
နင်…အတ္တသိပ်ကြီးတယ်။

တကယ်တော့ ငါဟာ…
သံဇဉ်တွေကျူးရင့်ဖို့
ရင်ဘက်ကို ဟင်းလင်းဖွင့်ထားချင်သူ။

အိမ်မက်တွေ မျှားဖို့အတွက်
မျှော်လင့်ချက်တွေ
ပျော်ရွှင်စွာနဲ့ ကခုန်နိုင်ဖို့
စိုးထိပ်မှုနဲ့ ဟန်ဆောင်အပြုံး

နီးစပ်မှုနဲ့ နီးကပ်မှုကြား
နှလုံးသားကို ဟားတိုက်
အသိတရားတွေ လင်းလတ်သွားတဲ့

ခြည်ပြီးတုပ်ပြီးသံယောဇဉ်တွေကြောင့်တော့
ဘယ်ဘက်ရင်အုံဟာ တဆစ်ဆစ်နဲ့ နာတယ်။

မာနတွေ မွေးမြူရင်း
ခံစားချက်တွေသာ ကြီးထွားလာတဲ့ဘ၀မှာ
လိုအပ်ချက်တွေ ချိန်သားမျှစေဖို့
အတ္တတွေကို သောက်သောက်ချ

တကယ်တော့…
ဘ၀ရဲ့ ပျော်တော်ဆက်ခံ ငါဟာ
အရာအားလုံးကို လက်ပြနှုတ်ဆက်ချင်ပြီ။

မနာလိုမှုတွေ၊ မျက်ရည်တွေ၊ အတ္တတွေနဲ့…
နေရစ်ခဲ့တော့…
သစ်လွင်ဆဲလေကိုရှူရှိုက်ရင်း…
မင်းကိုနှုတ်ဆက်တယ်။

စိုးထိတ်မှုတွေရှင်သန်…
ဘ၀တစ်ခုစိုပြေဖို့အတွက်
လူတကာကို..လေကားထစ်အဖြစ်မသုံးတတ်တော့
ဘ၀ဟာ…မျက်ရည်တွေနဲ့ချည်း စိုပြေခဲ့တဲ့ နေ့ရက်တွေရယ်
ထားခဲ့ပါရစေတော့

No comments:

Post a Comment