Sunday, December 20, 2009

အဖြူရောင် ဘာသာစကား..

အချစ်သည် မီးတဲ့.....
အချစ်ပေါ် အယူလွဲ
အမြင်မှားနဲ့ စွဲချက်တင်သူတွေရဲ့
ဓါတ်ပြားဟောင်းကြီးပါ........။

အချစ်တွင် မျက်စိမရှိတဲ့
အချစ်ပေါ်အထင်လွဲ
မဆင်မခြင် အပြစ်တင်သူတွေရဲ့
ပြန်ဆိုတေးတွေပါ......။

တကယ်တော့ အချစ်ဆိုတာ
ပင်ကိုယ်စိတ်ရင်းက အဖြူရောင်သက်သက်ရယ်....
အမဲစက်ချကျင့် ရှိသူရယ်
အရောင်ပြောင်းချင်ကြသူရယ်
ကင်ပွန်းတပ်ချင်သူတွေအောက်မှာ
မျက်နှာဖုံး အထပ်ထပ်နဲ့
အသွင်အမျိုးမျိုးပြောင်းနေရတရ်.........။

အဖြူရောင် ဘာသာစကားကို
နားလည်ကျွမ်းကျင်ချင်ရင်
ရင်ခုန်သံသက်သက်ကို
အပေးအယူမျှပေးနိုင်တဲ့
နှလုံးသားတဦး တည်းကို
အလုပ်ခန့်ဖို့ ...........
တဏှာနဲ အတ္တဆန်ပြီး
စီးပွားရေးတွက်တတ်တဲ့
ဦးနှောက်ကို
ခဏတော့ ပင်စင်ပေးဖို့လိုမရ်........။

အကြိမ်ပေါင်းများစွာ
သတိရစိတ်ကို
အလွမ်းဆိုတဲ့ ခေါင်းစဉ်အောက်
ထိုးမသွင်းချင်ဘူး.....။
ဖြူစင်တဲ့ ချစ်ခြင်းတရားကို
အရောင်ဆိုးဖို့အတွက်
အကြောင်းပြချက် ဖြစ်နေမှာ
စိုးလို့ပါ.............။

No comments:

Post a Comment