Friday, December 25, 2009

အပွင့်ခက်တော

ကိုယ့်တံတိုင်းနဲ့ကိုယ်မို့
ဒီသီချင်းကဆိုချင်တိုင်း ဆိုမရ
တစ်တောလုံးကြေကွဲရောင်တောက်လို့
အမှောင်ချင်းလက်ပွန်းတတီးပါဆိုမှ
လူမြင်သူမြင်ပဲလားလို့
မျှော်လင့်ချက်နဲ့ ရဲနေတဲ့
ဆေးလိပ်ကလေးကမေးပါတယ်

ကျိန်စာ၀၀နဲ့ အိပ်ယာဝင်တုန်း
ဒီရင်ထဲကိုမှ တွင်းလာအောင်းတဲ့ပုံရိပ်
သတိရမှုကိုသွေးမတိပ်ပဲထားလိုင်ရင်
တစ်နေ့လင်းတော့ထူံးစံအတိုင်း
နှင်းတွေ ၀မ်းနည်းပမ်းနည်းကျလာတယ်
ကွယ်.................
ရာသီသာတစ်တောဟောင်းတစ်တောသစ်
စိတ်ရှိလက်ရှိလက်ပစ်ကူးခဲ့တဲ့ မျက်ဝန်းမြစ်မှာ
မျှော်လင့်ချက်နဲ့လက်ပန်းကျ လှမ်းကြည့်တော့
ဟို............အဝေးမှာကမ်း
နှစ်ကိုယ်ထမ်းထားရတဲ့ ဒီတောမှာ
နေ့လို အရွက်တွေရင့်ရင့်လာ
တစ်တောလုံးစိမ်းလန်းနေပေမယ့်
အပွင့်ခက်တဲ့တောတစ်တစ်ခုဖြစ်တဲ့အကြောင်း
နှစ်ဟောင်းကလေးသိပါတယ်။

No comments:

Post a Comment