Wednesday, December 16, 2009

မျှော်လင့်နေသူ

ကွဲကြေရှုပ်ပွနေတဲ့အခန်းကျဉ်းလေးထဲမှာ ငါတစ်ယောက်တည်း။ ချစ်သူက လည်း အဝေးကိုထွက်ပြေးသွားတယ်။ ချစ်ခြင်းတွေလည်း ပျောက်ရှလို့။ ဘာဆိုဘာမှမရှိတော့တဲ့အခန်းကျဉ်းလေးတွေထဲမှာ တစ်ချိန်က ချစ်သူ ပုံရိပ်တွေ ချစ်သူရဲ့ ချိုလွင်လွင်ရယ်သံလေးတွေ ချစ်သူရဲအငွေ့အသက်တွေ ကို လိုက်ရှာနေမိတယ်။ ပြန်လာပါချစ်သူ တို့နှစ်ယောက်အတူရှိခဲ့တဲ့ ဒီ အခန်းလေးထဲကို ပြန်လာခဲ့ပါ။ မင်းပြန်လာမဲ့ နေ့တွေကို လက်ချိုး ရေတွက် လို့ မဆုံးနိင်မဲ့ လွမ်းတေးတွေ မဆုံးနိင်တော့မယ့် အသည်းကွဲကဗျာတွေ မင်းအတွက် ရည်ရွယ်ငါရေးသားနေဦးမှာပါ။ ငါ့အခန်းလေးရဲ့တံခါးပေါက်မှာ တော့ငါစာတစ်ချို့ရေးသားထားတာမင်းပြန်လာတဲ့အခါ တွေ့ရပါလိမ့် မယ်ကွာ။ ချစ်သူမလာမခြင်းဘယ်သူမှ ၀င်ခွင့်မပြုဆိုတဲ့ စာသားလေး ပေါ့။ ချစ်သူရေ မင်းမရှိတော့ရင် ငါ့အတွက်အရာရာဟာ အကျုံးမ၀င် တော့ပါဘူးကွာ။ ငါ့အတွက် မင်းဟာ အရာဟာလုံးထက်စွမ်းအားရှိတဲ့ ငါ့ဘ၀ရဲ့ အလင်းရောင်စဉ်တန်းလေးပါ။ အဲအလင်းတန်းလေး မရှိတော့ ငါ့အတွက် အရာရာဟာမှောင်မိုက်ခြင်းတွေပဲကြီးစိုးနေပြီး ငါလမ်းတွေ ပျောက်နေပြီပေါ့။ ချစ်သူရေ အမြန်ပြန်ခဲ့ပါနော်။

No comments:

Post a Comment