Saturday, December 19, 2009

ရင်ကွဲညနေ......

နာကျင်ပါရစေ
မမျှော်လင့်ခဲံတဲ့ သိခြင်းအတွက်...
ငိုပါရစေ...
သိမထားခဲ့သောနေ့များအတွက်...
ကြေကွဲပါရစေ..
...................
..................
ကြယ်တွေအားလုံး
သိမ်းဝှက်ခံရတာကလွဲပြီး
တွေ့နေကျ၊မြင်နေကျညမျိုးပါ....။
ကိုယ်ကသာ...
တိမ်အရုပ်တွေ ထုဆစ်နေရင်း
ရေကြည်ရာ၊မြက်နုရာကိုလည်း
မရှာဖွေတတ်ခဲ့ဘူး.....။
လေးညှို့သံသဲ့သဲ့ကြားရုံနဲ့
ကျဆုံးပြီးသား ဖြစ်နေခဲ့တော့လည်း..
စိတ်ကူးတည့်ရာ ရွာချမိခဲ့တယ်...။
ဒီလို...
ကိုယ်ရေးကိုယ်တာ အလွမ်းများကို..
ပြန်မပြောတော့ဘူးဆိုပေမယ့်.....
ဆန္ဒတစ်ဝက်ညနေခင်းလေးက..
သူစိမ်းဆန်ဆန်ထားရစ်ခဲ့တယ်.......။
အိမ်ပြန်ချိန်ထိတိုင်လည်း....
စိတ်နဲ့ ကိုယ်နဲ့က
ပြဒါးတစ်လမ်း၊သံတစ်လမ်းဆိုတော့
အမှောင်ရဲ့အတိုက်အခိုက်မှာ..
အလင်းတွေအားလုံး ပြိုကျသွားခဲ့ရတယ်........။ ။

No comments:

Post a Comment