ကျိန်စာသင့်တဲ့ညမှာ
မင်း ပေါ်မလားဘူးဆိုတာ
ငါ သိနေပေမယ့်လည်း
တညလုံးထိုင်ပြီးတော့
မင်းကိုမျှော်နေမိတယ်။
မင်းပြောခဲ့တဲ့စကားတွကို
ငါနားယောင်စွာနဲ့ပဲ
ကြားယောင်နေဆဲပါ။
မင်းနဲ့ပတ်သက်ခဲ့သမျှ
အမှတ်တရများစွာတွေ
မင်းပေးခဲ့တဲ့ဓာတ်ပုံတွေ
မင်းပေးခဲ့တဲ့အနမ်းတွေ
မင်းပြောခဲ့တဲ့စကားတွေ
ဒါတွေ ဒါတွေ အကုန်လုံးကို
ငါအပြီးပိုင်စွန့်လွှတ်လို့
မေ့ပစ်ချင်တယ်။
ဒါပေမယ့်
မရင့်သေးတဲ့
ငါ့ရဲ့ဒဏ်ရာတွေကြောင့်လား
ဒါမှမဟုတ်
ငါ့ရဲ့ ပျော့ညံ့တဲ့စိတ်တွေကြောင့်လား
အဲဒီအမှတ်တရတွေကို
မြေမြှုပ်လို့ သဂြိုံဟ်နိုင်တဲ့စွမ်းအားတွေ
ငါ့ရဲ့နှလုံးထားမှာ
ဒီနေ့ထိမရှိသေးဘူး။
ဒါဟာ
အတိတ်ဘဝက ကျိန်စာသင်ခဲ့တဲ့
ဝဋ်ကြွေးတွေကြောင့်လို့ပဲ
ငါခံယူထားတယ်။
No comments:
Post a Comment