Saturday, December 19, 2009

Talkie & Copy

လူဆိုတာ
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။
ဒါပေမဲ့……
ပန်းကုံးချင်းအတူတူ
တံချူက အမျိုးမျိုး ….

မရိုးသားခြင်း သီတံချည်ကြိုးထက်မှာ
မာန်တန်ခိုးတက်နေရှာတဲ့ ပန်းတစ်ချို့
ကို့ယို့ကားယား မို့မို့ကြွားကြွား
သတ်ပုံမှားတဲ့စာသားတွေလို
လူကြားကောင်းပေမဲ့
လူမြင်မကောင်းခဲ့။

ငါက..
လူကြားသူကြားကောင်းပန်းတစ်ကုံးထက်
ပန်းကုံးမဲ့လည်တိုင်ကိုသာ
ပိုင်ဆိုင်ချင်တဲ့သူ…..။
ဘူတာက တူပါလျှက်
ခရီးသည်ချင်းကွာခြားသွားသလိုမျိုး…
ကြိုးစားမှုမှာ ”တော်ကီ”တွေ မလိုပါဘူး…။
ရိုးသားမှုမှာ ”ကော်ပီ”တွေ မလိုပါဘူး..။

No comments:

Post a Comment