ကြိုးတွေမှာအဓိပ္ပါယ်နှစ်မျိုးရှိတယ်
ခိုင်မြဲအောင်ချည်နှောင်ဖို.ရယ်
မပြေးနိုင်အောင်ချုပ်နှောင်ဖို.ရယ်။
ချုပ်နှောင်တဲ့ကြိုးဟာ
ရွှေနဲ.လုပ်ပြီးကျောက်သံချယ်လည်း
အဓိပ္ပါယ်လျော့မသွားပါဘူး။
ငါးမျှားချိတ်နဲ.ငါးမျှားတံဆက်ပေးတဲ့ကြိုးမှာ
ရက်စက်ခြင်းတွေပါမယ်
ထီးတော်ကိုအပေါ်ပင့်ဆောင်တဲ့ကြိုးမှာ
မြတ်နိုးမှုတွေပါမယ်
ကြိုးတစ်ချောင်းဟာ
တန်ဖိုးတွေကို ၀ှက်ထားတယ်။
မိတ်ဆွေတစ်ယောက်ကပြောတယ်
သူငယ်ချင်းဘ၀မှာချစ်သူလိုချည်တော့
အံ့သြပျော်ရွှင်ခဲ့တယ်တဲ့
ချစ်သူဘ၀မှာအိမ်ထောင့်ရှင်လိုချည်လာတော့
ထိတ်လန်.တွေဝေခဲ့ပါတယ်တဲ့
အိမ်ထောင်ရှင်ဘ၀မှာ
အကျဉ်းသားလိုချည်မှာကြောက်လို.
သူနောက်ဆုတ်ခဲ့ရပါသတဲ့။
ငါ့ကိုဘယ်လိုချည်မှာလဲ
အကြင်နာနဲ.ချည်တဲ့ကြိုးဆိုရင်
ငါတစ်သက်လုံး မရုန်းပဲနေလိုက်တော့မယ်
မချည်ပဲမြဲတဲ့အကြည့်ရှင်လေးကို
လာချည်ဖို.လည်းပြောချင်တယ်
မချည်ဖို.လည်းပြောချင်တယ်
မင်းကြိုးလေးပြပါကလေးရေ……………။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment