Wednesday, December 23, 2009

အတောင်ညောင်းတဲ့ငှက်ငယ်

သူဘယ်သူလဲ ကျနော်မသိချင်ဘူး
ကျနော်ဘယ်သူလဲ သူမသိခဲ့ဘူး
ကျနော်တို့ပျော်ရွှင်ခဲ့ကြတယ်။
ဒါကအဓိကပဲလေ
ခင်ဗျားရောဘယ်လို ထင်ပါသလဲ
ကျနော်ကတော့ အတောင်မသန်သေးပါဘူး
ပျံသန်းဖို့ အင်အားတွေစုဆောင်းရပါအုံးမယ်
သူနဲ့ကျနော် အတူပျံသန်းဖို့
နတ်ဘုရားအကူအညီ မလိုအပ်ပါဘူး
သိုးကျောင်းသားလို သန်မာမှုမျိုးပဲလိုအပ်ပါတယ်။
ပေါက်တူးတစ်လက်ထဲနဲ့ ပျိုးထောင်ထားခဲ့ရတဲ့ ကျွန်တော့်တောင်ယာကလေး
စကားနည်းနေလို့မဖြစ်တော့ဘူး။

တစ်မနက်
အလွမ်းတွေတစ်စိမ့်စိမ့် ထိုင်သောက်ရင်းငေး
နှင်းဆီဖူးပွင့်သံ ရုတ်တရက်ကြားခဲ့
သဘာဝကြည်စယ်မှုက
အရိုးတံလေးတွေကို ကပိုကရိုရိမ်းထိုးလှုပ်ရှားစေ
တစ်ခါတစ်ခါ ထိန်းမနိုင်သိမ်းမရ ကော့လန်သွားတတ်တဲ့
ပွင်ဖက်လွှာများ
ကြည်စယ်လွန်းတဲ့ လေကိုမနာလိုဖြစ်မိတယ်။
သူနဲ့ပက်သက်ခဲ့သမျှတွေကိုဘယ်လိုပျော်ရွှင်မှုမျိုးက
မေ့ပျောက်စေနိုင်တော့မှာလဲ။

No comments:

Post a Comment