ငါသေသွားတဲ့အခါ ငါ့အချစ်ဆုံးရယ် ...
ငိုချင်းရှည်တွေလည်း ငါ့အတွက်ဆိုမနေပါနဲ့ ။ ။
ငါ့ခေါင်းရင်းမှာ နှင်းဆီပင်တွေ ,
အရိပ်အာဝါသပေးမယ့် ဆိုက်ပရပ်စ်ပင်တွေလည်း
စိုက်မနေပါနဲ့ ။
နှင်းစက် မိုးစက်များနဲ့ စိုစွတ်နေတဲ့
မြက်ခင်းစိမ်းစိမ်းတွေပဲ ငါ့အပေါ်မှာ ဖုံးလွှမ်းနေပါစေ ။
ပြီး မင်းသတိရလျင်လည်း ရပေါ့ ... ,
မေ့ပစ်ချင်တယ်ဆိုရင်လည်း မင်းသဘောပေါ့ ။
ငါကတော့ အရိပ်အာဝါသရဲ့ အေးမြမှုကိုလည်း
သိမှာမဟုတ်ဘူး ။
မိုးစက်မိုးပေါက်များ ကျလာတာလည်း
ခံစားနိုင်မှာမဟုတ်ဘူးလေ ။
ထို့အတူ ... နိုက်တင်ဂေးငှက်လေးရဲ့
ကြေကွဲတမ်းတသံပြည့်နေတဲ့
လွမ်းတေးသံကိုလည်း ကြားနိုင်မယ်မထင်ဘူးလေ ။
ပြီး ... အရုဏ်တက်လည်းမဟုတ် ဆည်းဆာချိန်လည်းမဟုတ်တဲ့
နေရောင်ဖျော့ဖျော့လေးထဲမှာ ငါ ...
လွင့်မျောနေမိမယ်ထင်ရဲ့ ။ ။
မင်းကိုငါ သတိရချင်လည်း ရမယ် ... ,
မေ့ချင်လည်း မေ့ဖြစ်နေမယ် ထင်ပါရဲ့ ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment