ငါးကလေးရေ…
မင်းကို ငါမမျှားခဲ့ပါဘူး….
မင်းကသာ အစာမရှိတဲ့ ချိတ်ကိုမှ..
မက်မက်မောမော လာတွယ်ညှိခဲ့တာ…
အခုတော့လည်း ငါ့ရာဇ၀င်တွေ ရိုင်းသွားခဲ့ရပေါ့…
ပြန်ချင်တော့လည်း..
ကြိုးမတင်ခင် လွန်းတပြေးမှာ..
ရေပွက်ကလေး ထပြေးသွားခဲ့တာ…
ငါ့မှာ သာ…အိပ်မက်တွေ နဲ့ ..ဗရမ်းဗတာ..ကျန်ရစ်ခဲ့ရ…
ခရေ တွေ အခါခါ ပွင့်ရစ်ခဲ့ပြီ…
ကံကောင်းခြင်းတွေ ၊ ကံဆိုးခြင်းတွေ ..
ငါ့ကမ္ဘာမှာ အလျှင်းသင့်သလို …
ဖွင့်ကြ ..လှစ်ကြ လို့ …
ညနေရီ ဟာ…ပြာရီမှုန်မှိုင်း…
“ ဒါနှင်းတွေ မဟုတ်ဘူး..ကလေးရဲ့ မြူခိုးတွေပါ… “
………………………………..
………………………………………..
ပန်းကလေးတွေ ပင့်သက်ခြွေရင်း ကြွေကျတယ်…
…………………………………………….
ကမ္ဘာမြေရဲ့ တနေရာ မှာ နေ၀င်နေပြီ ထင်ပါ့…..
……………………………….……ကွယ်……………………….
ဒီအချိန်…………
မင်းမကြားမိလိုက်တာက…..
…………………………………………
ကြိုးတချောင်း ရဲ့ ရှိုက်သံ ဖြစ်တယ်……။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment