Wednesday, December 30, 2009

ဝေး

တယောက်ကိုတယောက်က
ငဲ့ ညှာနေရင်းနဲ့ ပဲတဖြေးဖြေးနဲ့ 
ငါတို့ ၂ယောက်လုံး
ပိုနာကျင်လာရတော့မယ်

ချစ်သူရယ်....

တကယ်တမ်းတော့လဲ
အချစ်ဆိုတာငါတို့ နှစ်ယောက်အတွက်
ဘီးလူးကြမ်းတွေစီးမိုးထားတဲ့ အိမ်မက်အလကာင်္
ခပ်ဆိုးဆိုးတပုဒ်ပါပဲ


တခါတလေတမင်တကာမေ့ထားတဲ့ ပုံစံမျိုးနဲ့ 
ခွဲခွာခြင်းတရားကိုငါတို့ 
ဆက်မေ့ထားနိုင်ရင်အရမ်းကောင်းမှာပဲကွယ်

ငါတို့ နှစ်ယောက်အစကတဲ့ က
ခပ်စောစောလေး
ဆုံတွေ့ ခဲ့ ကြရင်ကောင်းသားနော်

ဒါမှမဟုက်...

ငါတို့ နှစ်ယောက်အစကတဲ့ က
မဆုံတွေ့ ခဲ့ ကြရင်လဲအကောင်းသား

ကဗျာဆရာတာရာမင်းဝေရဲ့ 
ကဗျာထဲမှာတော့ပန်းတွေခူးရင်း
သူငယ်ချင်းတွေနဲ့ စကားပြောရင်း
နင်ငါကိုမေ့သွားမှာပါတဲ့ 

ကောင်မလေးရေ...

ပန်းတွေခူးရင်းနဲ့ 
သူငယ်ချင်းတွေနဲ့ စကားပြောရင်းနဲ့ 
တခါတလေငါပို့ ထားတဲ့ 
ငါ့ ကဗျာလေးတွေကိုဖတ်ရင်းနဲ့ ပဲ
နင်ငါကိုမေ့သွားနိုင်ပါစေသားကွယ်

ချစ်သူရေ....

ဝမ်းနည်းမနေပါနဲ့ ကွယ်
ခွဲခွာခြင်းဆိုတာလဲလူတိုင်းအတွက်
မတောင်းပဲနဲ့ ပြည့်တဲ့ ဆုတခုပါပဲ

အေးလေ....

အဲ့ ဒီနောက်မှတော့ငါကိုယ်တိုင်ချီနှောင်ထားတဲ့ 
အပြာရောင်ကြိုးလေးတစကိုငါကိုယ်တိုင်လူမသိအောင်
တိုးတိုးတိတ်တိတ်နဲ့ ပြန်ဖြတ်တောက်လိုက်ပါ့ မယ်

အားလုံးပြီးဆုံးသွားပါပြီ
အရားအားလုံးဟာပြီးဆုံးသွားပါပြီးကွယ်

ဒါပေ့မယ့်

ငါတစ်ယောက်ထဲတိုးတိုးတိတ်တိတ်နဲ့ 

ဒါ.......ပေ့.....မယ့်
ငါ....တစ်....ယောက်....ထဲ....တိုး....တိုး....တိတ်....တိတ်......နဲ့ 

No comments:

Post a Comment