Thursday, December 31, 2009

ရ ည် ရွ ယ် သူ သို့





တိတ်
တွေဟာ


ဆိပ်
တွေလို

ပြင်းရှ
ပူလောင်
နာကျင်ဆဲပဲ

နောင်တမရကြေးလို့

ကြွေးကြော်ပြီး
ကျောခိုင်းခဲ့ကြတာချင်း


တူတူ
ငါဘာလို့
နောင်တတွေနဲ့
ပြည့်လျှံနေခဲ့ရတာလဲ


ရာ
ရာ
ကို


နိုင်ယူ
တတ်ခဲ့တဲ့
ငါကနင်နဲ့ကျမှ

အရှုံးတွေကို
ကျေနပ်စွာခံယူချင်ခဲ့တာ

ငါ့ကိုယ်ငါတောင်မုန်းတီးမိတယ်

ခံ
ယူ
ချက်
ပြင်းထန်ပြီး
ခေါင်းမာတတ်တာကို

အတ္တဆန်ပြီး
ခက်ထန်သူလို့တော့
နင် မစွပ်စွဲပါနဲ့ဟာ

လက်ခုပ်ဆိုတာ
နှစ်ဖက်တီးမှမြည်သလိုမျိုး
နင့်ရဲ့တလွှဲဆံပင်ကောင်းမှုနှင့်တယူသန်မှု
အရွဲ့တိုက်မှုတွေကငါ့မာနကိုထိပါးစေခဲ့တာကိုလည်း



န င်

ထ ည့်

တွ က်

သ င့် တ ယ်




နောက်ဆုံး
မာန
နှစ်ခုရဲ့
စီးချင်းမှာ

ငါ့သိက္ခာနဲ့
မာနအတွက်
ငါ့နှလုံးသားငါပုံသွင်း

ခံပြင်းစိတ်နှင့်ကျောက်ဆစ်ရုပ်လိုမာကြောစေခဲ့တာကို

. . . . . နင် . . . . .
ရွံမုန်းချင်ရင်တောင်မှ
ရောမကျရှုံးခန်းကိုမှမြင်ချင်တဲ့

. . . နင့်အတွက် . . .

စတေးခဲ့ဖူးတဲ့ရည်မှန်းချက်ရဲ့လှေကားထစ်တွေရယ်

လွှဲချော်သွားခဲ့တဲ့
အနာဂတ်တစ်ခုရဲ့ပန်းတိုင်တွေ

နာဖျားခဲ့ရတဲ့
ငါ့ရဲ့ခံယူချက်နှင့်ဆန္ဒတွေကိုတော့



. . . . .
နင် . . . . .



သိ မှတ် ပြု ခဲ့ ဖို့ ကောင်း တယ်

No comments:

Post a Comment