Friday, January 1, 2010

တခွန်းတည်းပါ

အဲ့ဒီစကားက
ကမ္ဘာကြီးခုန်ဆွခုန်ဆွ ဖြစ်စေခဲ့တယ်
ရင်ဘက်ကို နာရီစုတ်တစ်လုံးနဲ့ သေစေခဲ့တယ်
ပန်းကလေးတွေ ညှိုးကျစေခဲ့တယ်
မျက်တောင်တွေ ကျိုးကျစေခဲ့တယ်
အဲ့ဒိစကားက
အိပ်မက်တွေခုန်ဆွခုန်ဆွ ဖြစ်စေခဲ့တယ်
ရဲနေတဲ့ အချစ်တွေကို ငြိမ်းစေခဲ့တယ်
(ဘယ်တော့မှမချစ်ရဲအောင်)
အချစ်ရဲ့ အသီးပွင့် စကားလုံးမဲ့ကဗျာတွေလဲ
ခုန်ဆွခုန်ဆွ ပြိုကျ
အရည်ပျော်ခဲ့ရတယ်။
ဒီလိုလက်ကျန်ညတွေဆို ပြိုကျကဗျာတစ်လုံးချင်းစီကို
ခြေရာကောက်နေမိတယ်။
သူပြောခဲ့တာ၊ ကျုပ်ကြားခဲ့တာတစ်ခွန်းထဲပါ
´နင်မဟုတ်တဲ့ သူ့ကိုငါလက်ထပ်ရတော့မယ်´တဲ့ဗျာ

No comments:

Post a Comment