မနေ့ က ကောင်းကင်
ဒီနေ့ ကောင်းကင်
ထပ်တူညီမျဉ်းတစ်ကြောင်းပါပဲ
အရောင် ကတော့ ဘယ်တူပါ့ မလဲ............
မနေ့ က အချိန်
ဒီနေ့ အချိန်
အားလုံးဟာ နာရီတွေပါပဲ
ပညတ်ချက် တစ်ချို့ တော့ 
ပြိုလဲကုန်ပေါ့ ....................
မနေ့ ကချစ်ခြင်း
ဒီနေ့ကချစ်ခြင်း
ငါအတွက်တော့  တစ်ယောက်တည်းပါပဲ..............
မင်းအတွက်တော့ 
မသိကိန်းပေါ့ 
ယုံပါကွယ်
အဖြူထည်သက် သက်နဲ့ 
အလွမ်းတွေကြောင့် 
..... ရေ
ဘ၀တစ်ခုလုံးမှာမင်းပဲဖြစ်နေတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment