Saturday, January 30, 2010

သင်အလိုမရှိသော ငါ၏ပစ္စုပ္ပန်

တွေ့သမျှလူကို
သူသူငါငါမခွဲခြားပဲ
ပျူပျူငှာငှာ
ဆက်ဆံတတ်တာ
ငါ့ရဲ့ပင်ကိုယ်စရိုက်ပါ

ဒါကိုအခွင့်ကောင်းယူ
နင်ငါ့ကိုပြုစားသွားတာ
ရိုးသားလွန်းတဲ့ငါ့နှလုံးသား
နင်နဲ့ကျမှလက်ဖျားခါသွားတယ်

ချစ်တယ်ဆိုတဲ့စကားလုံး
အပေါ်ယံလေးပဲသုံးသွားတယ်ဆိုတာ
ငါသိနေလျက်နဲ့
နင့်ကိုမုန်းမရတာလဲ
ငါ့ရဲ့အားနည်းချက်ပါပဲလေ

ဘယ်လောက်ပဲစိတ်ညစ်ညစ်
အမြဲလိုပျော်ပျော်နေတတ်တဲ့ငါ့အကျင့်
နင့်ကြောင့်သာမဟုတ်ခဲ့ရင်
ငါ့ဘ၀စိတ်ရှုပ်စရာဆိုတာတောင်
ရှိခဲ့မှာမဟုတ်ဘူး

ဒါပေမယ့်
တစ်ခုတော့ကျေးဇူးတင်ပါတယ်
အရာရာကိုယုံလွယ်တတ်ခဲ့တဲ့ငါ
နင်သင်ပေးတဲ့သင်ခန်းစာတွေကြောင့်
အခုတော့ငါ လူပါးတောင်ဝတတ်နေပြီလေ

တိုက်ဆိုင်မှုရှိတိုင်း
လွမ်းတတ်တာကလွဲရင်
နောက်ထပ်သေချာတာက
နင့်ကိုငါ ခုထိမုန်းမရသေးတာပဲ

ခုချိန်ဆို...
နင့်ရင်ထဲမှာ ငါမရှိတာကြာခဲ့ပြီပေါ့
ဒါပေမယ့်..
ငါ့ရင်ထဲမှာတော့
ခုချိန်ထိ နင်ရှိနေတုန်းပဲ

ဟိုးတုန်းကဆိုတာတွေကို
ငါပြန်ပြီး တမ်းတမနေချင်တော့ပါဘူး
ခုလက်ရှိ ငါ့ဘဝ
နင်သိအောင်ပြောပြခွင့်သာရမယ်ဆိုရင်
ငါလေ.......
နင့်ကို..အရမ်း.....သတိရနေတုန်းပဲဟာ......

No comments:

Post a Comment