Sunday, January 31, 2010

ဘုံပျောက်ရင်ခွင်

မျှော်လင့်မထားပါဘူး
ဆိုနေမှပဲ
သူလည်း ကိုယ့်လိုများ
သတိရနေမလား ဆိုတဲ့
ခပ်ကြောင်ကြောင်
ကိုယ့်အတွေးတွေကို
မုန်းလိုက်တာ...။

အချိန်တိုင်းတော့
မဟုတ်ဘူးပေါ့ချစ်သူ..။
ဒါပေမယ့်
ခါတလေတော့လည်း
သတိရနေတာ
သိစေချင်ရုံလေး သက်သက်ရယ်ပါ..။

ဒါကိုမှ
မျှော်လင့်ချက်လို့
သက်မှတ်ရင်တော့
ဒီတစ်သက် မျှော်လင့်ဝဋ်က
လွတ်ပါတော့မလား ချစ်သူရာ....။

No comments:

Post a Comment