တစ်စုံတစ်ယောက်ကို ချစ်ရင်
တစ်စုံတစ်ခု ကို ကြိုက်ရင်
စိတ်ပူလောင်ရတယ်၊
စိတ်ပင်ပန်းရတယ်၊
စတ်ဆင်းရဲရတယ် ဆိုတာကို
အလေးအနက် သဘောပေါက်ဖို့
အရေးကြီးပါတယ် ။
သာမန်ချစ်ရုံ ၊ သာမန် ကြိုက်ရုံဆိုရင်
သိပ်မထင်ရှားပေမယ့်
လွန်လွန် ကဲကဲ ချစ်ပြီ
စွဲစွဲလမ်းလမ်း ကြိုက်ပြီ ဆိုရင်တော့
ပူလောင်တဲ့သဘော
ထင်းရှားပါတယ် ။
မထင်ရှားဘူးဘဲထား…….။
တစ်စုံတစ်ယောက် ကို ချစ် လို့
အဲဒိ တစ်စုံတစ်ယောက် ကို
အမြဲသတိရနေတာ
တစ်စုံ တစ်ခုကို ကြိုက်လို့
အဲဒီ တစ်စုံတစ်ခုကို
အမြဲ သတိရနေတာကိုက
ကိုယ့်ဘက်က ရှုံးနေပါပြီ။
ကိုယ့်စိတ်ကို
အဲဒီ တစ်စုံတစ်ယောက်
အဲဒီ တစ်စုံတစ်ခု ဆီ
ပေးထားလိုက်ရပြီလေ။
ကိုယ့်စိတ်ကို
ကိုယ် မပိုင်တော့တာကိုက
ကြီးကျယ်သော ဆုံးရှုံးခြင်း ။
ကြီးကျယ်သော ဆင်းရဲခြင်း ပါဘဲ ။…
Subscribe to:
Post Comments (Atom)
No comments:
Post a Comment