Tuesday, January 26, 2010

လွဲမှားမှု

မုန်းဖို့ ကောင်းလိုက်တာ
အားရပါးရရယ်မောတက်ပေမဲ့
တစ်ခါတစ်လေတော့လည်း
ခပ်တည်တည် မျက်နှာပေးနဲ့
မင်းမဟုတ်တဲ့အတိုင်း….

မုန်းဖို့ကောင်းလိုက်တာ
မင်းစခဲ့တဲ့ဇာတ်လမ်း
ငါဇာတ်ရည်လည်တော့မှ
မင်းနဲ့မဆိုင်တဲ့အတိုင်း …

မုန်းဖို့ကောင်းလိုက်တာ
ငါပိုင်ဆိုင်တဲ့ အချိန်တွေကို
ဖျက်ဆီးတက်တဲ့မင်း
ငါ.. ကြိုးစားမေ့ပစ်ပြီးတော့မှ
အဟောင်းတွေ အသစ်ပြန်လုပ်လာပြန်တော့
မဆိုင်သလိုနေခဲ့တဲ့သူဟာ
မင်းမဟုတ်တဲ့အတိုင်း…..

နောက်ဆုံးတော့လည်း
မုန်းဖို့ကောင်းလွန်းတဲ့မင်းကို
ဘယ်လိုမှမုန်းလို့မရတဲ့
ငါ့ ..ကို ငါပဲ
အရမ်းကို မုန်းနေမိတော့တယ်…..။ ။

No comments:

Post a Comment