Saturday, January 30, 2010

သူရဲကောင်း

စာတွေကျက်ရင်းနဲ့
ပျော်မွေ့နေတတ်တဲ့ ငါ့အတွက်
သူကိုတွေ့လိုက်ရတော့
အံ့သြမိဘာရဲ့
ငါ့ ရင်ကို လှုပ်ခတ်အောင်
လုပ်နိုင်စွမ်းတာ
သူတော်လို့လား
ငါ့ ညံ့လို့လား
တွေးလို့မရတဲ့အဆုံး
သူရဲကောင်းတို့ထုံး
နှလုံးမူလို့
စာကိုလည်း မေ့ထား
ချစ်သူကိုသာ အလေးထား
စာမေးပွဲ ကျရှုံးတာထက်
အချစ်ရှုံးမှာ ကြောက်လွန်လွန်းလို့
အချစ် သူရဲကောင်းလေးပဲ
လုပ်တော့မယ်။

No comments:

Post a Comment