Thursday, January 21, 2010

တောင်းပန်ပါရစေချစ်သူ

ချစ်သူ........

မင်းလျှောက်မယ့် လမ်းမှာ
ဆူးခလုတ်တွေနဲ့ ပြည့်နေရင်
ငါ့ ကျောကို မင်း နင်းလျှောက်သွားပါ.........

ချစ်သူ............

မင်းဘဝ သာယာမှုတွေနဲ့
အမြင့်ရောက်ဖို့ လိုအပ်နေရင်
ငါ့ ပုခုံးကို မင်း နင်းတက်သွားပါ..........


ချစ်သူ...........


မင်း ခဏပျော်ရွှင်ဖို့ အတွက်တော့
ငါ့ အချစ်ကို မကစားဖို့တော့
တောင်းပန်ပါရစေ ချစ်သူ.............

No comments:

Post a Comment