Tuesday, January 26, 2010

ဒဏ်ရာမမည်သော..

တပြည်ဆီဝေးနေတော့လဲ
တနေ့တာတွေ့တော့ခနတာ
အဆင်မပြေမှုတွေကြားက
ရှာဖွေကာနေရတယ်
နေသာသလိုသာနေရုံပေါ့။

စကားတွေဖောင်ဖွဲ့ချင်ပြန်လဲ
အခြေအနေမပေးပြန်တာကြောင့်
ခပ်ဆိတ်ဆိတ်နေရပြန်တယ်
အတွေးထဲမှာစာစီရုံပေါ့။

ကိုယ်လွမ်းရင် သူစိတ်မကောင်း
သူလွမ်းလဲ ကိုယ်စိတ်ထိခိုက်မို့
ရင်ထဲကမျက်၇ည်တွေဖုံးလို့
အငိုမျက်လုံးကိုပြုံးလိုက်ရုံပေါ့

ဖြစ်ချင်တာတွေနောက်ဆုတ်လို့
ဖြစ်သင့်တာတွေရှေ့တန်းတင်တဲ့အခါ
လူတွေကြားကောင်းအောင်တော့
ပေးဆပ်ခြင်းလို့နံမည်တပ်ရုံပေါ့

သေရာပါလို့ မဆိုသာပေမဲ့
စိတ်မှာရတဲ့အနာကိုတော့
ဒဏ်ရာလို့မဆိုသာဘူး
မြတ်နိုးလို့ သိမ်းထားမိတော့
ချစ်ခြင်း လို့သာ ခေါ်လိုက်ရုံပေါ့။

No comments:

Post a Comment