ကိုယ့်ကို မရည်ရွယ်မှန်း သိရက်..
မိုက်မိုက်မဲမဲ ရင်နဲ့ ဖတ်မိတယ်...
နင့်ကဗျာလည်း ကွန်မန့် မပေးချင်ဘူး....
တစ်ခါတလေ
ကိန်းဂဏန်း သတ်မှတ်ချက်တွေက
စိတ်ကို အဆိပ်သင့်တယ်....
အငိုလွယ်မှန်း သိရက်
ဘာကြောင့် လက်လာတို့ ရသလည်း
စိတ်ရှိလက်ရှိ ပြောချရရင်
အားလုံးနဲ့  လူသတ်ပွဲဖြစ်တော့မယ်...
စိတ်တွေက အချဉ်ပေါက်ရင်း..
နင့်ကို သတိရမိတယ်...
ဘာကြောင့်လည်း ဆိုတဲ့ အဖြေကို
နင်သိခဲ့ရင်..
လဲသေချင်လောက်အောင်..
နင် စိတ်ညစ်သွားလိမ့်မယ်...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment