ဘ၀တစ်ခုလုံး
စွတ်စိုချင်ပါရဲ့နဲ့တိမ်ပြိုမှာကို
ကြောက်တဲ့မြစ်မို့ငါ့အဖြစ်ကိုနားလည်ပါကွယ်
မိုးတိမ်ရေ
ရာသီလွန်မှပွင့်တဲ့ပန်းလို
သစ္စာမဲ့တမ်းမှမဟုတ်ဘဲလေ
သဲသဲမဲမဲရွာချခွင့်တွေမင်းမှာအပြည့်ရှိပါတယ်
ငါ့အတွက်သာရယ်
အချစ်မပြယ်မေတ္တာနဲ့အမြစ်တွယ်
သစ္စာတရားကိုပေးဆပ်
ဖြောင့်မတ်စွာ စီးဆင်းစေဖို့
ရင်းနှီးခဲ့ရတဲ့ဘ၀တွေကို ငါ့အတ္တတွေနဲ့ နိုင်စားပြုရင်း
ကြီးပြင်းလာတဲ့
ငါ့အရပ်အမောင်းရဲ့ပုတ်ခတ်မှုမှာ
ရုတ်တရက်ပြိုကျပေးခဲ့ရတဲ့ ကမ်းပါးတစ်ချို့
သူတို့အဖို့တစ်စုံတစ်ရာ ပြန်ပေးဆပ်ချင်တာ ငါ့ဆန္ဒလေ
အချစ်နဲ့ငါဟာ
ဘယ်အခါဖြစ်ဖြစ်
ပနံမသင့်တဲ့ဆူးပဲထင်ပါရဲ့နော်
မရွာပါနဲ့ဦးကွယ်အခုချိန်အထိငါ့ဒုက္ခမြစ်ရေချိန်က
စိုးရိမ်ရေအမှတ်ကျော်ကမ်းပါးပေါ်မှာဖြတ်သန်းတုန်းမို့လေ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment