ငါ့ကိုမလှည့်စားပါနဲ့တော့
ခပ်ပါးပါးလေးပေမယ့်
တုံးအ လွန်းတဲ့ငါ့နှလုံးသားကို
ငါမုန်းလွန်းအားကြီးလို့...
ငါ့ကိုပြုံးမပြပါနဲ့တော့
ဟန်ဆောင်အပြုံးတွေကြားမှာ
လဲကျသေဆုံးခဲ့တဲ့ ငါ့ရင်ခုန်သံကို
ငါမုန်းလွန်းအားကြီးလို့...
ဘာစကားမှလာမပြောပါနဲ့တော့
နင်ပြောမယ့်စကားဘယ်လောက်ပဲနားခါးခါး
ကြားချင်နေသေးတဲ့ငါ့နားကို
ငါမုန်းလွန်းအားကြီးလို့...
ကျေးဇူးပြုပြီး
နင်ငါ့ကိုစာနာတယ်ဆိုရင်
ဟန်ဆောင်တာတွေ ခ၀ါချလို့
နင်လာရာလမ်းကိုပြန်သွားပါတော့ဟာ
ငါနင့်ကိုမမုန်းချင်သေးလို့...........
Subscribe to:
Post Comments (Atom)
No comments:
Post a Comment