Thursday, January 21, 2010

အလွမ်းနတ်သမီး

ပြာလဲ့နေတဲ့ မိုးသားကောင်းကင်ရဲ့အောက်ဘက် ဟို အဝေးတစ်နေရာမှာ....
မှိုင်းညို့နေတဲ့ တောင်တန်းကြီးတွေရဲ့ အခြားတစ်ဘက် ဟိုးအဝေးတစ်နေရာမှာ...
တေးဆိုပျံသန်းသွားတဲ့ ငှက်ကလေးတွေရဲ့ ဦးတည်ရာ မိုးကုတ်စက်ဝိုင်း အစွန်းတစ်ဘက်မှာ...
အလွမ်းတွေနဲ့ ပြည့်နှက်နေတဲ့ နှလုံးသားတစ်ခုရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ....
ကျွန်မရဲ့ ချစ်သူ ရှိနေပါတယ်...
မိုးကောင်းကင်ကြီးနဲ့ တောင်တန်းကြီးတွေရယ် ...
ငှက်ကလေးတွေကနေတဆင့် အလွမ်းတွေနဲ့ ထုပ်ပိုးထားတဲ့...
နှလုံးသားလေးကို ချစ်သူဆီအရောက်ပို့ပေးဖို့....
တောင်းပန်ပါရစေ...

No comments:

Post a Comment