မဲမှောင်နေတဲ့တိမ်တိုက်တွေထဲ
တိုးဝင်ပျောက်ကွယ်သွားတဲ့ လတစင်းလား
မိုးမြင့်ကောင်းကင်တနေရာက
ကြွေကျသွားတဲ့ ကြယ်စင်လေးလား
နှလုံးသားကြေကွဲ ပျက်စီးမူတွေထဲက
စိမ့်ဝင်စီးကျလာတဲ့ ငါ့ချစ်ခြင်းရဲ့ 
မျက်ရည်တွေလား ….. ငါမသိတော့ဘူး
ငါတကယ်မသိတော့ဘူး
ငါ့ရင်ထဲမှာ ငိုနေတယ်ချစ်သူ
လူတွေ့ရှေ့ မှာပျော်အောင်နေရင်း
နာကျင်မူတွေ ကွယ်ပျောက်ဖို့
ကြိုးစားနေမိတယ် ဒါပေမယ့်
ဒါဟာ ……. ခနလေးပါ
တကယ်တမ်းလက်တွေ့မှာငါ့ကိုယ်ငါသာ
အသိဆုံးပါ ငါ့ရင်ထဲမှာတော့တကယ်ငိုနေတယ်ချစ်သူ
ခံစားချက်တွေကို ရေပြင်ညှိ
သံယောဇဉ်အရောင်တွေကို ရောထွေးရင်း
ခွင့်လွတ်ခြင်းများစွာနဲ့ ပင့်တင့်လိုက်တဲ့
ငါ့ရဲ့ စုတ်ချက်တိုင်းဟာ အသက်မဲ့နေခဲ့တယ်
ဒါပေမယ့် အားလုံးထဲမှာတော့
ငါ့ရဲ့ ပန်းချီကားလေးဟာ မှေးမှိန်စွာနဲ့
လင်းလက်နေခဲ့တယ် …….
အားလုံးဟာတကယ်ပဲပြီးဆုံးသွားပြီလား
တကယ်ပဲပြီးဆုံးသွားပြီလား
မင်းပြောခဲ့တဲ့ “ နားလည်မူနဲ့အဆုံးသတ်ရအောင်” တဲ့
ငါ ဘယ်လိုခံစားချက်တွေ
ဘယ်လိုစကားလုံးတွေနဲ့ နာခံရမှာလဲချစ်သူ
သေချာတာက ငါ့ဝိဥာဉ်ကွယ်ပျောက်သွားနိုင်တာပါ ……….
မင်း ……….
တကယ်ပဲ မေ့လိုက်နိုင်ပြီလား
တကယ်ပဲ မုန်းလိုက်နိုင်ပြီလား
သေချာအောင် တခုခုတော့ပြောခဲ့ပါကွာ
အရူးတစ်ယောက်လို ရင်နာမူခံစားချက်တွေနဲ့
ကြောင်စီစီညတွေကို ငါမကြုံချင်လို့ပါ
ချစ်သူရယ် ………..
ချစ်ခဲ့ဖူးသူ မင်းတစ်ယောက်အတွက်
ငါဘယ်လိုမှ အပြစ်မတင်တာ
ဒါ ငါ့ရင်ထဲက သစ္စာတရားပါကွာ
မင်း ဟာ ငါ့ရဲ့ အင်္သေချေအဖြေမဲ့ချစ်သူ
ဖြစ်ခဲ့လို့ပါ ချစ်သူ ……
ငါ့ရင်ထဲမှာတော့ …..
ထာဝရအမြဲ လန်းဆန်း
ရှင်သန်မူနဲ့အတူ စိမ်းလမ်းနေမယ့်
ပန်းချီကားလေး တချပ်က
မင်းပြန်လာမယ့်နေ့ကို
မျှော်လင့်နေဆဲ ဆိုတာ ဖြတ်သန်းသွားတဲ့
လေညင်းလေးနဲ့ ငါ ………
တိုင်တည်လိုက်ပါတယ် ချစ်သူရယ် ……………….
Subscribe to:
Post Comments (Atom)
No comments:
Post a Comment