စေ့ထားတဲ့ တံခါးကနေ
ဖ၀ါးချသံ ဖွဖွနင်းရင်း
“ခဏ” ဆိုပြီးမင်းဝင်လာတယ်နော် ...
နှလုံးသားဧည့်ခန်းမှာ
အပြုံးများကိုပန်းလိုသီရင်း
တိုးညှင်းတဲ့ရယ်သံလွင်
ချိုလွင်တဲ့လှမျက်ဝန်း
ရွှန်းလဲ့တဲ့အကြည့်တွေကြားမှာ
”သွားပါ” လို့မနှင်ရက်ခဲ့တော့
ရင်ထက်မှာ အချစ်ဆူးက
ယစ်မူးအောင် စူးနစ်ခဲ့တယ်
နေပါလို့ဆိုတော့မှ
ရုတ်တရက်ထလို့
သူကနှုတ်ဆက်၊ လှည့်ထွက်ဖို့ပြင်
ကြင်နာငဲ့စိတ် ရိပ်ရိပ်တောင်မရှိ
ပီဘိသူစိမ်း မွန်းတိမ်းနေထက်
ပူပြင်ရက်စက် ပဥလက်မာယာ
စကားထာတစ်ခွန်း “ခဏ”လို့ညွှန်းခဲ့ပေမယ့်
တစ်ဘ၀တာလွမ်းအောင်
လုပ်ရက်တယ်နော်........... !_!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment