Friday, January 29, 2010

ဝန်ခံချက်

အမှန်ပြောရရင်
ငါ မင်းကိုမမုန်းပါဘူး
အိပ်မက်တခုအတွက်
နှလုံးသားတခုကို
စတေးဖို့ ဆုံးဖြတ်ခဲ့တာ
မမှားခဲ့ပါဘူးလို့
ကိုယ့်ကိုယ်ကို
အကြိမ်ကြိမ်နှစ်သိမ့်ရင်း
ဖြူစင်တဲ့ မေတ္တာတရား
ထာဝရသိမ်းဆည်းထားသူပါ...။

No comments:

Post a Comment