Friday, January 29, 2010

ခိုင်မြဲသော....ကြီုးတစ်ချောင်း

ငါ့ ..နှသားကစီးဆင်းလာတဲ့ 
အချစ်ရေစီးချောင်းလေးဟာ
မင့် နှလုံးသား စမ်းချောင်းလေးထဲ မှာ
ပေါင်းဆုံခဲ့ တာကြောင့် 
ယိုင်ရွဲ့ ရွဲ့ ကြိုးတံတားလေးကို
တည်ဆောက်ခဲ့ ။

လိုက်ခဲ့ ပါတော့ 
ပန်းရနံ့ တို့ သင်းရာ
မြူခိုးရယ် လျှံလျှံတက်
နှင်းမှုန်ဖွဲဖွဲ တွေ အောက်မှာ
မင်းမပျောက်အောင်
လက်တွဲ ထားပါ့ မယ်။

နာရီလက်တံများရယ် ရွေ့ ခဲ့ ပြီ
မင်းရဲ့ ချစ်ချင်း ဒီမျိုးစေ့ 
ရင်မှာနစ်မြုပ် ပေမယ့် 
ဆောင်းဦး နှောင်းလို့ 
မိုးဦးကျခဲ့ ရင်
မိုးစက်လေးတွေနဲ့  အတူ
သူတို့ 
ပြန်နိုးထကျဦး မှာပါ။

မုန်းစိတ်ရယ် မတည်
စိမ့် စမ်းကြည်ရာ
မင်း ..နဲ့ .ငါ
သံယောဇဉ် နှောင်ကြိုးမျှင်ကို
ကမ္ဘာပျက်တောင်
မပြတ်နိုင်အောင်
မြတ်နိုးမှုကို အရင်းတည်လို့ 
ခိုင်မြဲအောင်...ချည်မယ်.........ကွာ....



( မုန်း..ဝူးးးးးတစ်သက်လုံးးးးးးးးး)

No comments:

Post a Comment