မောင်
မောင် ရဲ့ မျက်ဝန်းက
ကြင်နာတဲ့ အကြည့်
ခဏလောက်ဖြစ်ဖြစ်
လိုချင်တယ်။
မောင်
မောင့် ဘေးနားမှာ
မောင့်လက်ကို ဆွဲကိုင်ပြီး
အမြဲထာဝရလည်း
ရှိနေချင်တယ်။
မောင်
မောင့် မျက်နှာကို ငေးကြည့်
မောင် မသိလည်း
အချစ်တွေက
အစဉ်ထာဝရ
မောင့် အတွက်ပဲဆိုတာ
ယုံပေးပါကွယ်။
မျက်ဝန်းအိမ်၌
ဖွဲ့တည်ရစ်သော
အချစ်ထပ်တူ မြတ်နိုးသူအား
အမုန်းပျိုးမယူ
အပြုံး ပျက်သုန်းသည်ထိ
တစ်သက်ဆုံးတိုင်
မယိုင်လဲတဲ့ အချစ်နဲ့
ချစ်နေချင်တယ်။
မောင့် ကို ချစ်သလို
ဘယ်အရာကိုမှ ချစ်၍မရ
ချစ်ခြင်း၏ နှလုံးသားကို
အချင်းချင်းတူသည့် အသည်းကသာ
ကောင်းစွာခံစားနိုင်မည်သာ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment