မင်းရဲ့အကြည့်ခပ်ပါးပါးလေးကြောင့်လည်း ငါ့နှလုံးသားဟာစောင်ခြုံစရာမလိုလောက်အောင်နွေးသွားဖူးတယ် .... ပရိယာယ်ကြွယ်ဝနေတဲ့ မင်းအသံတွေကြားမှာလည်း ငါကာလများစွာနစ်မျောဖူးတယ် ....
မုသားတွေခိုဝင်နေတဲ့ မင်းရဲ့စကားတွေလည်း ငါ့အတွက်တော့အလွန်တရာမှ နားဝင်ချိုတဲ့ ပုံပြင်ကဗျာတစ်ပုဒ်လိုဖြစ်ခဲ့ဖူးတယ် ....
မင်းရဲ့နှလုံးသား ငါခေါင်းအုံးကြည့်မိလို့လည်း အိပ်ပျက်ညတွေသောင်တင်ခဲ့ဖူးတယ် ...
ကမ်းမမြင် လမ်းမမြင်ပါပဲ ...
မင်းရက်စက်မယ်ဆိုတာကိုလည်း ...သိနေပြန်တယ် ...ဒါပေမယ့်ချစ်သူရယ်
မင်းအတွက်ကိုဘာမဆို အလိုလိုကို မငြိုငြင်တတ်ခဲ့တာ ...မြင်တတ်အောင်တော့ကြည့်ပေးပါ ..
ချစ်ပြီးမှ မုန်းရမယ်ဆိုတော့လည်း ..........
ဘုရားရေ ! အဲဒါမှ ပြသာနာ ကျွန်မမှမမုန်းတတ်တာချစ်သူရယ်......
Subscribe to:
Post Comments (Atom)
No comments:
Post a Comment